Sunday, 26 February 2012



                                                            ဒီနေ့အတွက် ကျမ်းစာ ( ၂ )

လူပိန်းမှာ ဦးနှောက်မရှိဘူုး ဘယ်သူပြောလဲ
သူမှာ ထုတ်မသုံးရသေးတဲ့
ဦးနှောက်အသစ်စက်စက် တလုံးရှိတယ်
တကယ်တော့ သူဟာ
ထုတ်မသုံးတာမဟုတ်ရပါဘူး
သုံးစွဲနည်းလမ်းညွန်ကို မဖတ်မိတာ . . .

ဂျို မပါတဲ့ အတွက်
အပင်ပန်းခံပြီး လူသား အမျိုးအစား
ခွဲခြားမနေတော့ပါဘူး
ပုံပြင်တပုဒ်ထဲကလို
အရမ်းဖြူစင်အေးမြတဲ့ ရသေ့နဲ့
ပူလောင်ကြမ်းကြုတ်တဲ့ မုဆိုး
တယောက်ထဲ ဖြစ်နေသလိုမျိုးဆိုတော့ . . .

လူသားတစ်ယောက်ရဲ့ တန်ဖိုးကို
မပိုင်းဖြတ်ချင်ပါနဲ့
စိန်ကောင်းကျောက်ကောင်းမဟုတ်ဘူးမလား
တန်ဖိုးရှိတာ မရှိတာ
မပြင်ပန်းကြည့်ရုံနဲ့
မမြင်သာပါဘူး . . .

ဘယ်လိုပဲပြောပြော
လူကောင်းဟာ လူကောင်းဖြစ်ပြီး
လူဆိုးဟာ လူကောင်းပဲ ဖြစ်တယ်
နားရှုပ်သွားလား
ကောင်းတယ်မကောင်းဘူးဆိုတာ
သေရေး ရှင်ရေးရောက်ရင်
မြင်သာ ထင်သာ ရှိပါတယ် . . .

အားလုံးမှာ
အသိုင်း အ၀ိုင်းရှိတယ်
သူသာတယ်
သူမြင့်မြတ်တယ် မတွေးပါနဲ့
အသိုင်း အ၀ိုင်းဆိုတာကတော့
မိတ်ဆွေ ရဲ့ လက်ရှိအနေအထားမှာပဲ
မူတည်ပါရဲ့
--

 မာဃလုလင်

No comments:

Post a Comment