Sunday, 26 February 2012



" ဒီနေ့ အတွက် ကျမ်းစာ (၁) "
တချို့တွေက ပညာရှိယောင်ဆောင်တယ်
တချို့တွေက ပညာမဲ့ယောင်ဆောင်တယ်
တချို့တွေက အကုန်သိချင်ယောင်ဆောင်တယ်
တချို့တွေက ဘမှမသိချင်ယောင်ဆောင်တယ်
သေချာတာကတော့
အားလုံးဟာ အနည်းငယ်စီတော့
အယောင်ဆောင်နေကြရတယ် . . .
ဘယ်သူ့မှာ ဘာရှိသလဲ
ကိုယ့်မှာရော ဘယ်ရှိသလဲ
အဖြေက ရိုးရှင်းပေမယ့်
တခါတလေ ကိုယ့်မှာ ဘာရှိမှန်းမသိပေမယ့်
သူ့မှာ ဘာရှိမှန်း ကိုယ်သိတယ် . . .
မလိမ်ချင်ပါဘူး
မလိမ်တတ်ပါဘူးလို့ ဖွင့်ဟပြောတတ်သူတွေကိုရှောင်ပါ မိတ်ဆွေ
သူတို့ ဟာ တကယ်မလိမ်တတ်တာမဟုတ်ပါပဲ
သူတို့ ဟာ မလိမ်တတ်ချင်ယောင်ဆောင်တာများတယ်
ဘယ်သူသိနိုင်ပါ့မလဲ . . .
ရိုးရိုးရှင်းရှင်းနေထိုင်ပါတဲ့
ဒါပေမယ့် ဒါပေမယ့်လည်း
ရှုပ်ရှုပ်ထွေးထွေးနေထိုင်ဖို့က လွယ်ကူတယ်
ရိုးရိုးရှင်းရှင်းနေထိုင်ဖို့ က ခက်ခဲတယ်
ဘယ်သူမှ စိတ်ရှုတ်ထွေးမခံနိုင်တာသေချာပေမယ့်
တချို့ လူတွေက စိတ်ရှုပ်ရတာကိုမှ အရသာတွေ့တယ် . . .
လူမိုက်တွေက
ငြိမ်းချမ်းရေးတေးကိုဆိုကြတဲ့အခါ
လူလိမ်မာတွေက
စစ်ချီတေးကို ရွတ်ကြရတယ်
ဆန့်ကျင်ဘက်ဆိုတာ
တခါတလေတော့လည်း
ပြောင်းပြန်ဖြစ်တတ်ပါရဲ့ . . .
 မာဃလုလင်

No comments:

Post a Comment