Friday, 24 February 2012









ကလကါနောက်က သမိုင်းတွေ

ငါတို့  ဘာတွေများမှားခဲ့ကြလဲ
ငါတို့  ဘာတွေများလုပ်ခဲ့ကြလဲ
ငါတို့  ဘာတွေများမျှော်လင့်ခဲ့ကြလဲ
ငါတို့  ဘာတွေများမှန်ခဲ့ကြလဲ . . .

သူ့ဟာသူ ဘာမှဖြစ်မလာတဲ့ လောကကြီးပါ
တယောက်ကို တယောက်လက်ညိုးထိုး
တစ်ယောက်ကိုတစ်ယောက် အပြစ်ဖို့
တစ်ယောက်ကို တယောက် မြင်နေလို့
အဲ့လို အဲ့လို နဲ့
ပြောခဲ့ဆိုခဲ့ ကြတာလဲ ကြာပါပြီ . . .

သမိုင်းဆိုတာ ဘယ်တော့မှ ပျောက်ပျက်မသွားဘူး
မင်းသားဖြစ်ဖြစ်
လူကြမ်းဖြစ်ဖြစ်
သမိုင်းတကွေ့  မှာ
အဟုတ်ဇွတ်နှစ်ခဲ့ကြရမှာပါ
ဘေးထိုင် ဘုပြော ဘိုင်ကျ
အဲ့လူတွေအတွက်တော့ နောင်တပဲ ရှိတယ် . . .

မှန်တယ်ထင်ရာကို လက်ခံပါ
မှားတယ်ထင်တာကို ဆန့်  ကျင်ပါ
မှန်ရာကိုလက်ခံသူဆိုပြီး မာန်မပွားနဲ့
မှားတာကို ဆန့် ကျင်သူဆိုပြီး ဇွတ်မရမ်းနဲ့
ကလကါကြီးနောက်မှာလည်း ခဗျားတို့ မသိရတဲ့
ကြေကွဲဖွယ်ဇတ်လမ်းတွေရှိရဲ့ . . .

ဖြည်းဖြည်းချင်း
ဖြည်းဖြည်းချင်း
သမိုင်းထဲ နစ်မြုပ်သွားတဲ့ ရက်စွဲတွေအတွက်
ကဗျာနဲ့ပဲ မှတ်တမ်းတင်နိုင်ခဲ့တယ် . . .

-

 မာဃလုလင်

No comments:

Post a Comment