Monday 13 February 2012









ကိုထွန်းအောင်ကျော်( မကဒတ ဥက္ကဌဟောင်း) ရဲ့...
Zaw Zaw Hlaing 2:25pm Feb 13
ကိုထွန်းအောင်ကျော်( မကဒတ ဥက္ကဌဟောင်း) ရဲ့ ဆန်းစစ်ချက်...။

ABSDF မြောက်ပိုင်းအရေးကိစ္စကိုဆန်းစစ်ခြင်း။

ABSDF မြောက်ပိုင်းတွင်ဗဟိုဥက္ကဌကိုထွန်းအောင်ကျော်အပါအဝင်အဖွဲ့ဝင်၃၀ ကျော်ကိုညှင်းပန်းနှိပ်စက်ပြီး လူ မဆန်စွာ သတ်ဖြတ်ခဲ့ကြသည့် အပြင်လူ ၇၀ ကျော် ကိုရက်ရှည်လများနှိပ်စက်ညှင်းပန်းခဲ့ကြသည့် အဓိက တရားခံ မြောက်ပိုင်းခေါင်းဆောင်များဖြစ်သော ရော်နယ်အောင်နိုင်(ထိုင်း)၊ မျိုးဝင်း (သေဆုံး)၊ သံချောင်း (ထောင်တွင်း) တို့နှင့် တောင်ပိုင်းဗဟို မှ မြောက်ပိုင်းသတ်ဖြတ်မှုကိုလုံးဝတာဝန် ယူသဘောတူခဲ့သည့် ဥက္ကဌ ဒေါက်တာနိုင်အောင်နှင့်ဦးဆောင်ဗဟိုကော်မီတီဝင် များဖြစ်သောဗဟိုရောက်မြောက်ပိုင်းကိုယ်စားလှယ် ကိုလှဌေး (ယခုအိန္ဒိယ အေဘီဦးစီး)နှင့်နိုင်အောင် ဖက်ဗဟိုကော်မီတီဝင်များ အနေနှင့်တာဝန်ယူဖြေရှင်းရမည် မှာသာဓကထင်းရှားစွာရှိနေပေသည်။

လက်ရှိကိုသံခဲဦးဆောင်နေသောABSDF ဗဟိုကော်မီတီကို ၊ မန္တလေးတွင်ပြု လုပ်မည်ဖြစ်သောအောင်းမေ့ ဘွယ် အခန်းအနားသို့၊ ဝမ်းနည်းကြောင်သဝဏ်လွှာ အချိန်မှီပို့ပေးရန်တိုက်တွန်းခဲ့သော်လည်းလက်ရှိဗဟိုခေါင်းဆောင်များမှမပို့ပေးဘဲ နေခဲ့ကြသည်၊ အေဘီဗဟိုကော်မီတီထဲတွင်မြောက်ပိုင်းကိစ္စသည်အကြီးအကျယ်မှားယွင်းမှု ဖြစ်သည်ကိုလက်ခံကြသူများရှိသော်လည်းအဓိကအာဏာချုပ်ကိုင်ထားသူတချို့ကဒေါက်တာနိုင်အောင်ဖက် ခြမ်းဗဟိုတွင်သဘောတူပါဝင်ဆုံးဖြတ်ခဲ့ကြသူများဖြစ်ခဲ့သဖြင့် မိမိတို့မှားမှန်းသိလျက်လုပ် သင့်သည်ကိုမလုပ် ဘဲအမှားကိုပြင်ရန်သတ္တိမရှိဘဲမြောက်ပိုင်းကိစ္စ္စကိုမြေမြုပ်သဂြိုင်္ရန်ဆိတ်ဆိတ်နေခဲ့ကြသည်ကိုတွေ့ရသည်မှာဝမ်းနည်းစရာဖြစ်သည် ။

ကျွနုပ်အနေနှင့်မကဒတကိုသမိုင်းမညစ်စေချင်သည့်စေတနာဖြင့်တိုက်တွန်းခဲ့သော်ငြားလည်းလက်ရှိမကဒတ ခေါင်းဆောင်တချို့၏ ဒေါက်တာနိုင်အောင်၏စားကြွင်းစားကျန်များစားထားသည့်အပင်းမှရုန်းမထွက်နိုင်ဘဲ ကိုယ်ပါ ရောပါမည့်ဘေးမှလွတ်ရန်၊ ကိုနိုင်အောင်မညိုညင်စေရန် မန္တလေးအထိမ်းအမှတ်ပွဲကိုစာ ထုတ်ပြန် ပေးရေးမလုပ်ဘဲပျက်ကွက်ခဲ့ကြလေသည်။

မြောက်ပိုင်းကိစ္စကိုဆန်းစစ်လျှင်-

၁။ မြောက်ပိုင်းခေါင်းဆောင်အမည်ခံရာဇဝတ်ကောင်များဖြစ်သော ရော်နယ်အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း တို့သည်တရားခံများ၊ တာဝန်အရှိဆုံးသူများဖြစ်ကြောင်းမီးမောင်းထိုးပြထားသည်။

၂။ နိုင်အောင်ဗဟိုမှထုတ်သည့်စာတွင်အတိအလင်းမြောက်ပိုင်းလုပ်ရပ်ကိုထောက်ခံအတည့်ပြုထားခဲ့ပြီး၊ အတွင်းရေးမှူးကိုအောင်ထူးမှထိုသူများသည်သူလျှိများဖြစ်ကြောင်းလုံးဝတာဝန်ယူကြောင်းလက်မှတ်ရေးထုတ် ပြန်ခဲ့သည်။

၃။ ထို့အပြင်ဒေါက်တာနိုင်အောင်ကိုသန်းဝင်းကိုပေးပို့သည့်အီးမေးတွင်ကိုမိုးသီးကနှစ်ခြမ်းမကွဲခင်သူလျှိများကို သတ်မိန့်ပေးခဲ့သည့်အထောက်အထားရှိသည်ဟုဆိုသည်။

(က) သို့ရာတွင်ယနေ့အထိထိုအထောက်အထားကို၊ ကိုနိုင်အောင်မှထုတ်ပြန်ပေးခြင်းမရှိချေ။

(ခ) မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုသည်မိုးသီး-နိုင်အောင်နှစ်ခြမ်းကွဲသည့်အချိန်အထိမဖြစ်သေး၊ နှစ်ခြမ်းကွဲစဉ်၊ မြောက်ပိုင်းကိုယ်စားလှယ်ကိုလှဌေးကမြောက်ပိုင်းသည်ကိုနိုင်အောင်ဖက်ခြမ်းတွင် ပြတ်ပြတ်သားသား ရပ်တည်ကြောင်းကြေငြာပြီးကိုနိုင်အောင်တို့ဖက်သို့ပူးပေါင်းသွားခဲ့သည်။

(ဂ) ကိုနိုင်အောင်မြောက်ပိုင်းသို့ကချင်ကျော်ကျော်တို့နှင့်သွားရောက်ြ့ပီးမြောက်ပိုင်းထောက်ခံမှုကိုရယူအောင်ပွဲ ခံခဲ့သည့် အချိန်အထိ၊ မြောက်ပိုင်းတွင်လူသတ်မှုမဖြစ်သေး။

(ဃ) ကိုနိုင်အောင်ကိုယ်တိုင်ကိုယ်ကျအကျဉ်းသားများကိုစစ်ဆေးပြီးတချို့ကိုကိုယ်ထိလက်ရောက်ရိုက်နှက် စစ်ဆေးသွားခဲ့သည် ကိုလွတ်လာသူများ၏ တိကျခိုင်လုံသောထွက်ချက်ရှိနေခဲ့သည်။

(င) ကိုနိုင်အောင်တို့နှင့်တူပါလာသောကချင်ကျော်ကျော်က ၊ကိုနိုင်အောင်တို့ပြန်သည့်အခါ ကချင်တွင်ကျန်ခဲ့ပြီး သေဒါဏ်ကျခံရသူများထဲတွင်ပါဝင်နေသည့်နန်းခင်ထွေးကြည်ကိုသေဒါဏ်ချမှတ်ထားခြင်းအပေါ်အပြင်းအထန်ကန့်ကွက်ခဲ့သဖြင့်နန်းခင်ထွေးကြည်သေဒါဏ်မှလက်မတင်လေးလွတ်မြောက်သွားခဲ့ရပြီးအဖြစ်မှန်များကိုထုတ်ဖေါ်ခွင့်ရခဲ့ခြင်းဖြစ်သဖြင့်ကချင်ကျော်ကျော်ကိုကျေးဇူးတင်ရပေသည်။

(စ) မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ ကိုမိုးသီးဖက်ခြမ်းမှလူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်ကြောင်းဗြောင်စာထုတ် ခဲ့ခြင်းသက်သေခိုင်လုံစွာရှိနေခဲ့သည်ကိုအားလုံးသိရှိဖတ်ရှုပြီးဖြစ်သည်။ ထိုကြောင့်မိုးသီးဖက်ခြမ်းသည်မြောက် ပိုင်းလူသတ်မှုနှင့်မပတ်သက်ကြောင်းသိနိုင်သည်။

ကျွနုပ်သည် ကိုနိုင်အောင်အုပ်စု၊ ကိုမိုးသီးအုပ်စု ဘယ်အုပ်စုကိုမှဘက်လိုက်မည်မဟုတ်၊ ကျွနုပ်စိတ်ဝင်စား သည်မှာကိုယ်စတင်၍နေ့မအိပ်ညမအိပ်ပျိုးထောင်ပေးခဲ့သောမကဒတကျောင်းသားတပ်မတော်ကြီးကိုခုတုံး လုပ်ခါ ကိုယ်နေရာရရေး၊ အာဏာရရေးတို့ကိုအဆင်ချင်တုံတရားမရှိဘဲသွေးစွန်းထင်းစေခဲ့သူများကိုဖေါ်ထုတ် ပြီးအရေးယူနိုင်ရေး၊ အနာဂါတ်မြန်မာ့နိုင်ငံရေးတွင်ဝင်မရှုပ်နိုင်ရေးတို့ကိုသာရည်ရွယ်ပါသည်။ ဘယ်သူ့ကိုသာစေဘယ်သူ့ကိုနာစေမရှိပါ။

ရန်ကုန်တွင်မြောက်ပိုင်းအောင်းမေ့ခြင်းအခမ်းအနားသို့မင်းကိုနိုင်တို့၈၈မျိုးဆက်များတက်ရောက်အားပေးခဲ့သလို၊ ဖေဖေါ်ဝါရီ ၁၂ ရက် မန္တလေးတွင်ပြုလုပ်သောအခမ်းအနားသို့ကိုမြအေးနှင့်၈၈မျိုးဆက်များတကူးတက တက်ရောက်ပြီးကိုမြအေးမှ " ကိုထွန်းအောင်ကျော်နဲ့ကိုမောင်မောင်ကြွယ်တို့ဟာကျောင်းသားတွေဖြစ်တယ် ဆို တာကျွန်တော့အသက်နဲ့ထပ်ပြီးအာမခံရဲပါတယ်" လို့ပြောတာကိုကြည့်ရင်မြောက်ပိုင်းကိစ္စဟာကျောင်းသားတွေ ကသူလျှိုတွေကိုသတ်တာမဟုတ်ဘဲ၊ သူလျှိုတွေအာဏာရူးတွေကကျောင်းသားတွေကိုသတ်တာ လိုဖြစ်နေတာ ကိုတွေ့ရမှာဖြစ်တယ်။

လက်ရှိABSDF ဗဟိုမှာမသန်ရှင်းတဲ့သူတွေပါနေတယ်၊ မြောက်ပိုင်းအောင်းမေ့ဘွယ်အထိမ်းအမှတ်ပွဲကို ဝမ်း နည်းကြောင်းသဝဏ်လွှာပို့ရမှာကိုလက်တွန့်နေတဲ့ဗဟိုကော်မီတီဟာအမဲစက်စွန်းနေတာကိုဆေးကြောဘို့မ လုပ်ဘဲနွံ့ထဲကိုထပ်နှစ်လိုက်သလိုခံစားရတယ်၊ အောက်ခြေရဲဘော်တွေကိုမကြည့်ဘဲ၊ ငါတို့လုပ်ချင်တာလုပ် မယ်ဘယ်သူ့မှဂရုမစိုက်ဘူး၊ အဖွဲ့အစည်းနံမည်ပျက်ချင်ပျက်ပစေ၊ ငါတို့မှားခဲ့တာ၊ငါ့ဆရာတွေမှားခဲ့တာမပေါ် အောင်ဖုံးမယ်ဆိုတဲ့ တပါးကျွန်စိတ်ဓါတ်ဟာ မဆလ၊ နဝတ တပ်တွေမှာရှိသလိုဒီမိုကရေစီရေးတိုက်ပွဲဝင်နေ တယ်ဆိုတဲ့ မကဒတထဲမှာလဲရှိနေတာဝမ်းနည်းစွာတွေ့နေရပြီ။ ဒါကြောင့်မကဒတကနေမြောက်ပိုင်းကိစ္စကို စုံ စမ်းဘို့ကော်မီရှင်ဖွဲ့တယ်ဆိုတာလဲ၊ ဒေါသထွက်နေတဲ့ပြည်သူတွေကိုခေတ္တငြိမ်ဆေးများကြွေးပြီးနှစ်သိမ့်လိုက် သလားလို့သံသယရှိတယ်။

တချို့က ABSDF ကိုတိုက်ခိုက်ဘို့မြောက်ပိုင်းကိစ္စကိုဘန်းပြနေတာ၊ ABSDF ကိုဖျက်သိမ်းဖို့တောင်ပြောလာကြ ပြီဆိုပြီးညာသံပေးဒီလိုဖေါ်ထုတ်မှုကိုမလိုလားအပ်ဘူး၊အချိန်မကျသေးဘူးဆိုပြီး၊ ABSDF နဲ့ အဖြစ်မှန်ဖေါ်ထုတ် ရေးကိုရင်နာလွန်းလို့ ကြိုးစားနေတဲ့သူတွေနဲ့လှည့်ရန်တိုက်ပေးဘို့အကွက်ဆင်လာကြတယ်။ အဲဒီလိုအော်နေ ကြသူတွေကိုကြည့်လိုက်တော့ကိုနိုင်အောင့်တပည့်တပန်းတွေဖြစ်နေတာကိုတွေ့ရတော့သိပ်မအံ့သြမိပါဘူး အဖွဲ့နဲ့ပေးအပ် ထားတဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးပြစ်မှုကျူးလွန်သူတွေကိုဖေါ်ထုတ်နေတဲ့သူတယောက် အနေနဲ့တခုအာမခံနိုင်တာက ငါဟာABSDF ကိုပျက်အောင်လုပ်နေတာမဟုတ်ဘူး၊ ကိုယ့်ရဲ့ဥာဏ်စွမ်းရှိသမျှ နဲ့တတ်နိုင်သမျှ ကြိုးစားကာကွယ်ပေးနေတာဖြစ်တယ်၊ လက်ရှိဗဟိုကော်မီတီရဲ့ဦးဆောင်မှုမကောင်း ရင် ငါတို့ဘယ်လောက် အားပေးအားပေးပျက်မှာဘဲ၊ ဗဟိုအနေနဲ့အမှန်တရားကိုကြောခိုင်း၊ ပြည်သူတွေရဲဘော် တွေရဲ့လိုလားချက်တွေ ကိုမျက်ကွယ်ပြု၊ လုပ်သင့်တာကိုသတ္တိရှိရှိမလုပ်ဘဲတွေဝေနေရင် ပြည်သူကကြောခိုင်း တာကိုခံရမှာဘဲ။ ABSDF ဗဟိုမှာသဝဏ်လွှာပို့ဘို့ကိစ္စကိုဘာကြောင့်မလုပ်တာလဲ? ဘယ်သူ့မှာတာဝန်ရှိလဲ? သိရရင်သိပ်ကောင်းမယ်၊ အခုသမိုင်းဆေးတဲ့အချိန်ရောက်ပြီ၊ ဘယ်သူကသန့်ရှင်းကြောင်းစစ်တမ်းထုတ်ဖို့လိုပြီ။

ထွန်းအောင်ကျော်
View Post on Facebook · Edit Email Settings · Reply to this email to add a comment.



No comments:

Post a Comment