Tuesday 27 March 2012

မဇ္ဈိမအလင်းအင်္ဂလိပ်စာသင်တန်း ပညာဒါနကျောင်း အမှတ်စဉ် ၂ဖွင့်လှစ်ပွဲ အခမ်းအနား



နာဂစ် မုန်တိုင်းရဲ့ရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီးတဲ့နောက် ပြန်လည် ထူထောင်ဖို့အတွက် ကိုယ့်အား ကိုယ်ကိုး ကြိုးပမ်းခဲ့ကြရတဲ့
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က လူငယ်တွေအတွက် မဇ္ဈိမအလင်းလို့ အမည်ပေးထားတဲ့ အင်္ဂလိပ်စာသင်တန်း ပညာဒါနကျောင်း အမှတ်စဉ် ၂
ဖွင့်လှစ်ပွဲ အခမ်းအနားကို မတ်လ ၂၄ ရက်နေ့က ကိုးနဝင်း ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို ပွင့်လင်းလူ့အဖွဲ့အစည်း
ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မီဒီယာတွေ၊ ကျောင်းသူ ကျောင်းသား မြို့ခံပြည်သူလူထု
အယောက် ၅၀၀ ဝန်းကျင်ခန့် လာရောက် ခဲ့ကြပါတယ်။ နေ့လယ် ၁း၀၀ နာရီ အချိန်မှာတော့ ကိုးနဝင်း ပရိယတ္တိ စာသင်တိုက်မှာ လပွတ္တာမြို့မှာရှိတဲ့
လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ပညာရေး၊ လူမှုရေးစတဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်စေမယ့် ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး
တိုင်ပင် ဆွေးနွေးမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကို လပွတ္တာမြို့နယ်အတွင်းက ဒညင်းကုန်း ကျေးရွာအုပ်စု၊ ဆားကျင်း ကျေးရွာအုပ်စုတို့မှ
လယ်သမားတွေ ရောက်ရှိလာကြပြီး အတင်းအဓမ္မ စီမံကိန်း သီးနှံတွေ စိုက်ပျိုးနေရမှု၊ လယ်ယာမြေ အခက်အခဲ စတာတွေနဲ့ ပတ်သတ်ပြီး အခက်
အခဲတွေကို ပြောပြ ခဲ့ကြပါတယ်။

No comments:

Post a Comment