Thursday, 29 March 2012

စသုံးလုံးမှ နေ့ညမနား မတရားစစ်ဆေးတဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက်ကြောင့် မတ်လ (၂၄)ရက်နေ့က စသုံးလုံး ရုံးပေါ်မှ ခုန်ချ သတ်သေသွားသူ အသက်၂၀အရွယ် ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်ရဲ့ ရင့်နင့်ဖွယ်အဖြစ်အပျက်...
Posted: 26 Mar 2012 11:15 PM PDT
တရားလို မနန်းဝိုးဖန်းအား (စစစ)မှ  နေ့ည မနား တရားခံစစ် စစ်ဆေးခြင်းဒဏ်ကို မခံနိုင်တဲ့ အတွက်ကြောင့် (စစစ)ရုံးပေါ်မှ
 ခုန်ချ သတ်သေသွားသူ အသက်၂၀ အရွယ် ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန် ရဲ့ပုံပါ။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက် တွေများအားလည်း သတင်းဆက်မလိုက်ဖို့နဲ့
ဆက်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုပြီး (စစစ) အရာရှိတစ်ဦးက မချေမငံ ခြိမ်းခြောက်ပြောဆို
သွားကြောင်း ကြားသိရပါတယ်။
၂၁ရက် ၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး (၂၀)နှစ်
နန်းဝိုးဖန်၏ လှိုင်သာယာရဲစခန်းတွင် တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားထားသည့် ပုဒ်မ ၄၀၆ အမှုမှ တရားခံ
ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု ရန်ကုန်တိုင်းရဲမှူးကြီး မှပြောပါသည်။ (စစစ)မှ မဖြစ်မနေ သွားရောက်
 အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟု ပြောသဖြင့် ရှမ်းမလေး နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည်
၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ
မနန်ဝိုးဖန်အား တရားခံကိုကို၏ တိုင်ကြားချက်အပေါ် တရားခံသဖွယ် ၂၄.၃ ၂၀၁၂ ရက်နေ့အထိြ
မန်မာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်း မရှိသည့်အပေါ် ရက်စက်စွာ နေ့/ည မနား စစ်ဆေးကြပါသည်။

၂၄.၃.၂၀၁၂ နံနက်(၀၅း၀၀) အချိန်မှာ ရှမ်းမလေးနန်းဝိုးဖန်မှ ငယ်ရွယ်သူ တစ်ဦးအနေဖြင့် ခံနိုင်ရည်မရှိ၊ ထွက်ပေါက်မရှိ
 တော့ပဲ အရမ်းကြောက်တတ်တဲ့ ရှမ်းမလေးဟာ (စစစ)ဆိပ်ကမ်းသာလမ်း ရုံးဟောင်းကြီး၏ (၅)လွှာမှ
အစိမ်းရောင် ၀မ်းဆက်လေးနဲ့ လောကကြီးကို၊ (စစစ)အဖွဲ့ကြီး၊ ရဲတိုင်းမှူးကြီးနှင့် တရားခံကိုကိုတို့ ပျော်ရွှင်အောင်
 မိမိအသက်အား ရုပ်ပျက်ဆင်းပျက် နှုတ်ဆက်စတေး ပေးခဲ့သည့် ဖြစ်စဉ်လေးအား
ရှမ်းလူမျိုးများနှင့် ရှမ်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နှင့်
 မြန်မာပြည်သူများ၊ အမေကြီး ဒေါ်အောင်ဆန်းစုကြည်တို့ သိရှိခံစားပေးနိုင်ရန် ၀မ်းနည်းစွာဖြင့် ရင်မှာမချိစွာ
တင်ပြလိုက်ရပါသည်။
ရှမ်းမလေး နန်းဝိုးဖန်(၂၀)နှစ် ခုန်ချသတ်သေရာ ဆိပ်ကမ်းသာလမ်းရှိ (စစစ) ရုံး
ရှမ်းမလေး၏ အလောင်းအား ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တွင် သိုသိပ်စွာထားထားပြီး
အမြန်သဂြိုင်ရန်(စစစ)အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည်ဟု ကြားသိရသဖြင့် မိဘများစုံတဲ့ အထိစောင့်၍
 မိဘများမှကိုယ်တိုင် ရှမ်းမလေး၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ပေးကြပါရန် အများပြည်သူတို့အား
တင်ပြတောင်းဆို အပ်ပါသည်။


မြန်မာ့အရေး...
တရားလိုဖြစ်ပါရက်နဲ့ တရားခံစစ် စစ်ခံရပြီး သေဆုံးခဲ့ရတဲ့ ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်၏ ရင့်နင့်ဖွယ်
အဖြစ်အပျက်အား အမှုမှန်ပေါ်ပေါက်ရေး အတွက် ဝိုင်းဝန်းကူညီ ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။
Posted: 26 Mar 2012 12:38 PM PDT

(၂၄.၃.၁၂)က မော်လမြိုင်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်  ဝင်ရောက် အရွေးခံမည့် အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်ခင်ဋ္ဌေးကြွယ်နှင် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များမှ လယ်ကွင်းကိုဖြတ် ရိုးပြတ်ကိုကျော်ကာ မဲဆန္ဒရှင် ပြည်သူလူထုထံသို့ သွားရောက်ခဲ့ကြတဲ့ မော်ရွှေမြိုင်မှ ခွပ်ဒေါင်းတို့ရဲ့ အားမာန်ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ် မြင်ကွင်းတွေပါ..။


ကိုငယ်အား ကျေးဇူးတင်ပါသည်..။
Posted: 26 Mar 2012 12:00 PM PDT
တက္ကသိုလ်/ကောလိပ် မရှိသော တောင်ဇလပ်မြေသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ပညာရေးရန်ပုံငွေ လှူဒါန်းပေးအပ်..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်မှ မတ်လ (၁၉ /၂၀/ ၂၁) ရက်နေ့က ပြည်တောင်စု
တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ လှူဒါန်းမှု နောက်ဆုံးခရီးစဉ် အဖြစ် ချင်းပြည်နယ်တောင်ပိုင်း၊
မင်းတပ်မြိုနယ် အတွင်းရှိ အောက်ပါကျောင်းများသို့ ခွဲဝေလှူဒါန်းပေးနိုင်ရန်
 ငွေကျပ်သိန်း(၂၀)နှင့် ဗလာစာအုပ်ဒါဇင်(၂၅) ဘောလ်ပင်၊ ပေတန်များအား မင်းတပ်မြို့ တောင်ပုလု
 တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိထံသို့ ပညာရေးကွန်ရက်မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်
လှူဒါန်း ခဲ့ကြပါသည်။

(၁) တောင်ပုလု ပရိယတ္တိ၊ ပဋိပတ္တိ၊ပရဟိတကျောင်း ကျောင်းသားဦးရေ (၁၄၀) ယောက်၊ မင်းတပ်မြို့ 
(၂) ကျော့ထော်ကျေးရွာ( ဘ/က ) မူလတန်းကျောင်း ကျောင်းသားဦးရေ ( ၄၉ ) ယောက်၊ မင်းတပ်မြို့ 
(၃) ပန်းအော့ကျေးရွာ( ဘ/က ) မူလတန်းကျောင်း ကျောင်းသားဦးရေ ( ၆၅ ) ယောက်၊ မင်းတပ်မြို့ 
(၄) မကြန်အိမ်ကျေးရွာ( ဘ/က ) မူလတန်းကျောင်း ကျောင်းသားဦးရေ ( ၃၅ ) ယောက်၊ မင်းတပ်မြို့ 

ဆက်လက်၍ ချင်းပြည်နယ်မြောက်ပိုင်းသို့ လည်းအလှူငွေ ကျပ်ငွေသိန်း(၂၀) နှင့်ဗလာစာအုပ်၊ ဘောလ်ပင်၊
 ပေတံများအားလည်း ချင်းပြည်နယ်၊ အဖွဲ့ချုပ်မှတဆင့် ပေးပို့လှူဒါန်းသွားပါမည်။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖွဲ့ချုပ်ရဲ့ ပညာရေးရံပုံငွေ လှူဒါန်းဖို့အတွက် ပြည်နယ်နှင့်တိုင်း နေရာဒေသ အသီးသီးသို့ စွန့်စွန့်စားစား
 သွားရောက် လှူဒါန်းနေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်နှင့် အမေ့အိမ် ပညာသင်ကျောင်းမှ
 ဦးငယ်နဲ့ အဖွဲ့အား ဒီမိုဝေယံမှ လေးစားဂုဏ်ယူ မှတ်တမ်းတင်အပ်ပါသည်..။


Posted: 26 Mar 2012 11:32 AM PDT
မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည်ဆု

ပြည်ပရောက် မျိုးချစ်မြန်မာများစုပေါင်း ဖွဲ့စည်းထားသော Patriotic Award Committee မှ ပထမ ဦးဆုံးအကြိမ်
 ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အသက်၊ သွေး၊ ချွေး
ရင်းပြီး လုပ်ကိုင်နေကြသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်သော မျိုးချစ်ဂုဏ်ရည်ဆုပေးပွဲ
အခမ်းအနားအား ၂၆.၃.၂၀၁၂ ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေး
ကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

Patriotic Award Committee အား ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက်မှာ နိုင်ငံတကာရောက်
 မြန်မာများနှင့် စတင်ဖွဲ့စည်းခဲ့သည်။ ဆရာတော် အရှင်မေတ္တာစာရသည် ယင်းအဖွဲ့အစည်း၏ သြဝါဒစရိယ နှင့် နာယကဖြစ်သည်။Patriotic Award Committee သည် အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့၌ အခြေစိုက်
 တည်ရှိပြီး ပထမဦးဆုံးအကြိမ် မျိုးချစ်ဂုဏ်ရည်ဆုအား ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် နာရေးကူညီ
မှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်အား ချီးမြှင့်ပေးအပ်ခဲ့သည်။ ၈၈ ကျောင်းသားခေါင်း
 ဆောင်များအတွက် ဆုတံဆိပ်အား အချိန်မှီ ရရှိခဲ့သော်လည်း ဒေါ်ရွှေဇီးကွက်အတွက် ဆုတံဆိပ်အား
အချိန်မှီ မပေးအပ်နိုင်ကြောင်းနှင့် လပိုင်း (သို့) နောက်နှစ် အခမ်းအနားတွင် ချီးမြှင့်ပေးအပ်မည့်အကြောင်း
 အရှင်မေတ္တာစာရမှ မိန့်ကြားခဲ့သည်။ မျိုးချစ်ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့သည် အွန်လိုင်း
လူမှုကွန်ယက်မှ စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ မျိုးချစ်ဂုဏ်ရည်ဆုအား နိုင်ငံတကာရောက်
မျိုးချစ်မြန်မာများ မှ မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် ဝိုင်းဝန်းကူညီခဲ့ခြင်းဖြစ်သည်။ လူမျိုးခြား၊ ဘာသာခြားများလည်း ပါဝင်ခဲ့သည်။
ဆရာတော် အရှင်မေတ္တာစာရ၏ အမှာစကားအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော် သူမှ
ဖတ်ကြားရာတွင် မျိုးချစ်ဂုဏ်ရည်ဆုနှင့်ပတ်သက်၍ အမျိုးချစ်တာနှင့် တမျိုးသားလုံးကို ချစ်တာကို
မရောစေသင့်ကြောင်း၊ ကွဲကွဲပြားပြားသိသင့်ကြောင်း၊ ရှမ်း - မွန် - ရခိုင် - မြန်မာ - ကချင် - ကယား - ကရင်တို့ကို
 ချစ်တာဟာ တစ်သီးပုဂ္ဂလ လူမျိုးစွဲ၊ အမျိုးစွဲအား ချစ်တာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊
ဟိန္ဒူ၊ ဂျူး စသည့်ဘာသာတရားများကို ချစ်မြတ်နိုးခြင်းသည် တစ်သီးပုဂ္ဂလ အယူဝါဒများကို ချစ်မြတ်နိုးခြင်း
သာဖြစ်ကြောင်း၊ ယခုပေးအပ်ချီးမြှင့်သည့် မျိုးချစ်ဂုဏ်ရည်ဆုသည် ယင်းတို့နှင့် ပတ်သက်
ဆက်နွယ်မှုမရှိကြောင်း တမျိုးသားလုံးနှင့် သက်ဆိုင်သော ဆုတစ်ဆုဖြစ်ကြောင်း၊ အသက် - သွေး - ချွေး
 များနှင့် တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်သည့် ဆုဖြစ်ကြောင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည်
 မြတ်ဗုဒ္ဓ၏ လမ်းစဉ်အမှန်ပင်ဖြစ်ကြောင်း စသည့်စကားများကို အရှင်မေတ္တာစာရ ကိုယ်စား ဦးကျော်သူမှ ဖတ်ကြားသွားခဲ့သည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ၈၈ ကျောင်းသား ခေါင်းဆောင်များအား နာရေးကူညီမှုအသင်း(ရန်ကုန်)
 ဥက္ကဋ္ဌ ဦးကျော်သူမှ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း
(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား နာရေး
ကူညီမှုအသင်း(ရန်ကုန်) ရာသက်ပန်အသင်းသား တေးသံရှင် ကိုဆောင်းဦးလှိုင်မှ ဂုဏ်ပြုဆုငွေ ချီးမြှင့်
 ပေးခဲ့သည်။ ၈၈ ကျောင်းသားများ ဦးဆောင်ဖွင့်လှစ်ထားသော လေ့ကျင့်သင်ကြားရေးခန်းမအတွက် စားပွဲ ပါစာသင်ခုံ
 အလုံး (၂၀)အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့်
 လ/ထ အုပ်ချုပ်ရေးမှူး ဒေါ်စောသဉ္ဇာစိုး တို့မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်း ကိုနိုင်၊
 ကိုကိုကြီး၊ မမီးမီးတို့အား ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံရောက် ဦးသက်တင် ဇနီး
 ဒေါ်ရွှေပြည်စိုး (မိသားစု)တို့မှတဆင့် လှူဒါန်းထားသော လည်ကတုံးရှပ်အင်္ကျီနှင့် လုံချည် စုစုပေါင်း အစုံ
(၂၀) တို့အား ဆက်လက်လှူဒါန်းပေးခဲ့သည်။
ထို့နောက် ၈၈ ကျောင်းသားများအဖွဲ့ ကိုယ်စား ကိုမင်းကိုနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ရာတွင်
 "ယခုလို ပြည်ပမှ မျိုးချစ်မြန်မာများ၏ ချီးမြှင့်သော ဆုကိုရရှိခြင်းသည်။ မိမိတို့အတွက်
ခွန်အား တစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့ကာ ယခုအခမ်းအနားတွင် ရောက်ရှိနေသော ၈၈
 ကျောင်းသားတစ်ဦးရှိနေကြောင်း၊ ထိုသူအား မိမိတို့အနေဖြင့် ပြန်လည်၍ အသိ အမှတ်ပြုသောအားဖြင့်
 လည်ကတုံးရှပ်အင်္ကျီနှင့် ကချင်လုံချည်တစ်စုံအား ဂုဏ်ပြုလက်ဆောင်အဖြစ်
 ပြန်လည်ချီးမြှင့်လိုကြောင်း၊ ထိုသူမှာ ဆောင်းဦးလှိုင်ပင်ဖြစ်ကြောင်း" ပြောကြားခဲ့ပြီး ကိုဆောင်းဦးလှိုင်အား
လက်ဆောင်ပေးအပ် ချီးမြှင့်ခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ
မျိုးချစ်ဂုဏ်ရည်ဆု ဂုဏ်ပြုငွေချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ရာ
 "မိမိတို့ထက်ပိုမို၍ အနစ်နာခံ ပေးဆပ်ခဲ့သူများဖြစ်သော ၈၈ ကျောင်းသားအဖွဲ့နှင့် တပြိုင်နက်တည်း 
ချီးမြှင့်ခံရခြင်းအတွက် များစွာဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ မိမိတို့၏ ပေးဆပ်မှုများသည် ၈၈
 ကျောင်းသားများ အိပ်နေသလောက်သာ ရှိပါကြောင်း၊ ထို့ကြောင့် မိမိရရှိခဲ့သော ဂုဏ်ပြုဆုငွေထဲမှ ငွေ (၅) 
သိန်းကျပ်အား ၈၈ ကျောင်းသားအဖွဲ့အတွက် မိမိမှ ပြန်လည်လှူဒါန်း ပေးအပ်ပါကြောင်း" ပြောကြားခဲ့ရာ
အလှူငွေ (၅) သိန်းကျပ်တိတိအား ၈၈ ကျောင်းသားခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့ပြီး
 တက်ရောက်လာကြသော ဧည့်ပရိသတ်များ၊ ၈၈ ကျောင်းသားအဖွဲ့များနှင့် သတင်းမီဒီယာအဖွဲ့သားများအား
 ကော်ဖီနှင့် မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးကာ မျိုးချစ်ဂုဏ်ရည်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတော့သည်။


FFSS
Posted: 26 Mar 2012 10:21 AM PDT
လတ်တလော မြင်တွေ့ရတဲ့ မြစ်ဆုံဆည် စီမံကိန်း အဝေးမှ မြင်ကွင်းတခု..
လတ်တလော တရုတ်အာဏာပိုင်တွေနဲ့ သတင်းဋ္ဌာနများမှ မြစ်ဆုံဆည် စီမံကိန်းအား
 ပြန်လည်လုပ်ဆောင်ရန် ဖိအားပေးနေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပျော့ဖတ်နှင့်
စက္ကူလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးဖေကျော်ထင်မှ တရုတ်သမ္မတ ဟူကျင်တောင်ထံသို့
၂၀၁၂ခုနှစ် မတ်လ(၂၅)ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ ပေးစာဖြစ်ပါတယ်..။
၂၀၁၁ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့က မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးဖေကျော်ထင်မှ တရုတ်သမ္မတ ဟူကျင်တောင်ထံသို့ ပေးပို့တဲ့ ပေးစာအောက်မှာ ဖတ်ရှုနိုင်ပါတယ်..။
ကိုငယ်အား ကျေးဇူးတင်ပါသည်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment