Saturday, 31 March 2012



 *လူညံ့


       တနေ့တုန်းက မိဘတယောက် ဟာသူ့သမီးကို စာမေးပွဲ အမှတ်နည်းလို့ဆိုပြီး
 ကြိမ်ဖြင့် ရိုက်ပြီး ဆုံးမ နေသည်။  ကျောင်းသူလေးဟာရှက်လည်းရှက်
 ကြောက်လည်းကြောက်သွားသည်။ အဲဒီလို ဆူလိုက်  ရိုက်လိုက်လို့ပြီး
 ညံ့သွားတာတွေကို ကျနော်ခဏခဏတွေ့နေရသည်။ အဲဒီကျောင်းသူလေးရဲ့ဖြစ်၇ပ်
 ကိုကြည့်ပြီး `ညံ့ခြင်း´ `တော်ခြင်း´ အကြောင်းကို စဉ်းစားနေမိသည်။
        တကယ်တော့ ဒီနေ့လူငယ်တွေတော်ကြပါသည်။ ဗဟုသုတလည်း ကြွယ်ဝကြပါသည်။ ဒါပေမယ့် သူတို့တော်နေတာကို ကျနော်တို့လူကြီးတွေသတိမပြုမိကြ။
 သူတို့တော်နေကြတာဟာ ကျနော်တို့တော်စေချင်သလို တော်နေကြတာမဟုတ်ကြ။  ဒါကြောင့်
 သူတို့နဲ့ ကျနော်တို့ရဲ့ အကြားမှာ ပဋိပက္ခတွေ အမြဲဖြစ်နေကြရသည်။

       ချားလ်ဒါဝင်ရဲ့ အကြောင်းပြောပြချင်သည်။ သူ့ကို လူတိုင်းသိကြသည်။ လူကို
 မျောက်ကဆင်းသက်လာတယ်လို့ ရဲရဲ ၀ံ့ဝံ့ တင်ပြပြောဆိုသွားခဲ့တဲ့
 ပညာရှင်တယောက်ဖြစ်သည်။ သူရဲ့ ငယ်ဘ၀မှာ ထင်ရှားတဲ့ အဖြစ်အပျက် တခုရှိခဲ့ဖူးသည်။
 သူဟာ ငယ်စဉ်တုန်းက ခရစ်ယာန်ဘုန်းကြီးကျောင်းမှာနေရသည်။ ကျောင်းနေပြီး
၂နှစ်လောက်ကြာတဲ့အခါ ကျောင်းရုံးခန်းထဲတွင် သူ့ကိုကျောင်းအုပ်ကြီးနဲ့
 သူ့ရဲ့ဖခင် က ဆူသည်။ ရိုက်သည်။ သူ့ကို ၇ိုက်ပြီး တဲ့အခါ သူက ဆရာနဲ့ အဖေကို
 မေးတဲံပြောတဲ့ စကားများသည် ကျနော်တို့အားလုံး အတွက် တွေးစရာလေးတွေ၇ှိနေသည်။
 သူကမေးသည်။
 ``ဆရာကြီးနဲ့ အဖေခင်ဗျား၊ ကျနော့်ကို ဘာကြောင့်ရိုက်နေကြတာတုံး´´  သူ့အဖေက
 ပြန်ပြောသည်။ `` ဘာလို့ အရိုက်ခံရမှန်း မသိလောက်အောင်ကို ညံ့လှချေလား
 ငါ့သားရာ´´
 ဆရာက ၀င်ပြောသည်၊`` မင်း...ဒီကျောင်းမှာနေတာ ၂နှစ်ရှိနေပြီ ဒီစာ၂မျက်နှာရအောင်
 မင်းမကျက်နိုင်ဘူး..ဒါကြောင့် မင်းကို ငါတို့ ဆူနေတာ
 ရိုက်နေရတာ...မင်းတော်တော်ညံ့တဲ့အကောင်ပဲ တုံးတဲ့အ တဲ့ကောင်ပဲ´´
 ``ကျနော်မသိလို့မေးပါရစေခင်ဗျ၊ ညံ့တယ် တုံးတယ်ဆိုတာ ဘာလဲဗျ၊ ကျနော့ကို
 ၇ှင်းပြစမ်းပါ။´´ အဲဒီအချိန်မှာ သူ့အဖေဟာ အလွန်ကို ဒေါသထွက်သွားသည်။ သူ့သားကို
 ကြည့်ပြီးတော့တော်တော်ကို စိတ်ဓါတ်ကျသွားသည်။ ဒေါနဲ့ မောနဲ့ ပြန်ဖြေလိုက်သည်။
 ``မင်းဒီစာ၂မျက်နှာကို ဒီလောက်အကြာကြီး သင်ပေးတာတောင် အလွတ်မရဘူး
 အဲဒါညံ့တာပေါ့ကွာ။´´  ချားလ်ဟာ သူ့အဖေရဲ့မျက်နှာကို ပြန်ပြီးကြည့်လိုက်သည်။
 ဆရာကိုလည်း ရဲ၇ဲကြီးကြည့်လိုက်သည်။ ပြီးတော့ သူ့ပါးစပ်ကနေပြီး
 စကားတခွန်းဆိုလိုက်သည်။  ``လတ်စသတ်တော့ ညံ့တယ်ဆိုတာ အဖေတို့ ဆရာတို့
 ဖြစ်စေချင်တာ လုပ်မမေးနိုင်လို့ ပြောတာကိုး။´´ သူ့အဖေဟာ ဒေါသကြီးနဲ့
 ပြန်အော်လိုက်တယ်။ ``ဟုတ်တယ်ကွ။ မင်း တော်တော်ညံ့တဲ့ တုံးတဲ့ကောင်ပဲ´´
 ချားဟာ ချက်ချင်းဆိုသလိုဘဲ အဖေနဲ့ ဆရာကို ပြန်ပြောလိုက်သည်။
 ``ဒါဆိုရင် အဖေနဲ့ ဆရာလည်း ညံ့တာဘဲ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဖြစ်ချင်တာကို
လုပ်မပေးနိုင်ကြဘူး  ကျနော့် ကိုလည်း နားလည်ဖို့ လည်း မကြိုးစားဘူး...အဖေတို့
 ကျနော့ကို နားမလည်းပါဘူး ညံ့တယ်ဆိုတာ အဖေတို့ ဆရာတို့ အကြိုက်ကို မလိုက်လို့
 ကျနော့ ကိုစွပ်စွဲတဲ့ စကားပဲ။ ဒီလိုဆိုရင် အဖေတို့ ဆရာတို့က ကျနော့်အကြိုက်ကို
 မလိုက်တဲ့ အတွက် ကျနော့အတွက်တော့ အဖေနဲ့ ဆရာဟာ လူညံ့ပဲ´´
 ဒီလိုနဲ့ ချားလ် တယောက် ငယ်ငယ်ရွယ်၇ွယ်နဲ့ ကျောင်းထုတ်ခံခဲ့ရပါသည်။
 ကျောင်းထွက်လိုက်ရတဲ့ ချားလ်ဟာ တော်လား ညံ့လားဆိုတာ စဉ်းစားကြည့်ရအောင်။
 ဒီကနေ့ လူတိုင်းနီးပါး ချားလ်ကို သိကြသည်။ ချားလ် ကို ညံ့တယ်လို့ ပြောခဲ့တဲ့
 သူရဲ့ ဖခင်နဲ့ ဆရာ ကို ဘယ်သူမှ မသိကြပါ။

 *    တကယ်တော့ ...လူတယောက်က တခြားလူတယောက်ကို ညံ့တယ်လို့ ပြောတိုင်း
 အပြောခံ၇တဲ့ သူဟာ စိတ်ဓါတ်မကျသင့်ပါ။ ညံ့တယ်ဆိုတာ သူ့အကြိုက်မလိုက်လို့
 စွပ်စွဲပြောဆိုတဲ့ စကားလုံးမျှသာဖြစ်သည်။ မိဘတယောက်ဟာ ကိုယ့်သားသမီးကို ခဏခဏ
 ညံ့တယ်လို့မပြောသင့်ပါ။ ညံ့တယ်လို့ အပြောခံ၇တဲ့ ကလေးတယောက်ဟာ သူ့ကို
 သူတကယ်ညံ့တယ်ထင်သွားပြီး လူဆိုးတယောက်ဖြစ်သွားနိုင်သည်။ တကယ်တော့...
 မိဘအကြိုက် ကိုမလိုက်တော့တဲ့ အတွက် ညံ့တယ်လို့ပြောဆိုခံနေရတဲ့ သားသမီးတွေ
 လောကမှာ အများကြီး၇ှိပါသည်။ ဒီလိုပါပဲ ...ဆရာတယောက်ဟာ ကိုယ့်တပည့်ကို
 ညံ့တယ်လို့ မမြင်သင့်ပါ။ မပြောသင့်ပါ။ ကျနော်တို့ ကိုယ်တိုင်လည်း သူတို့
 အ၇ွယ်တုန်းက ဘယ်လောက်များတော်ခဲ့ကြလိုလဲဗျ။ ကျောင်းသားတယောက် ဟာ
 အမှတ်နည်းတိုင်း လူညံ့တယောက် မဟုတ်ပါ။ အမှတ်များတိုင်းလည်း တကယ်တော် နေတယ်လို့
 တထစ်ချသတ်မှတ်လို့မရပါ။ *
        ကျနော်တို့ ပတ်ဝန်းကျင်မှာ မိဘနဲ့ သားသမီး ဆရာနဲ့ တပည့် အပေးအယူမတည့်
 ကြလို့ တယောက်ကို တယောက် အပြန်အလှန် ညံ့တယ်လို့ စွပ်စွဲနေတတ်ကြသည်။  အဲဒီလို
 စွပ်စွဲနေရုံနဲ့ နှစ်ဖက်စလုံး တော်မလာနိုင်ပါ။ တယောက်ကို
 တယောက်နားလည်အောင်ကြိုးစားဖို့က ပိုပြီးအဓိကကျပါသည်။ နားလည်မှုလွဲကြရင်းနဲ့
 သူ့ကြောင့် ကိုယ့်ဘ၀ပျက်ဆီး ကိုယ့်ကြောင့် သူ့ဘ၀ပျက်စီး ၊ ကိုယ့်ကြောင့်
သူ့ဘ၀နစ်မွန်း တတ်ပါတယ်။ ကြည့်တတ်ရင် မြင်တွေ့နိုင်ပါတယ်။

    တကယ့်လူညံ့ကို ကျနော် ကတော့ ဒီလိုတွေးမိသည်။* လောဘကြီးတဲ့ သူဟာ
 လောဘကြီးလွန်းတဲ့ စိတ်ကြောင့် တဖြည်းဖြည်းနဲ့ လူညံ့ဖြစ်သွားတတ်သည်။ ဒီလိုဘဲ
 ဒေါသကြီးတဲ့ သူ၊ အတ္တကြီးတဲ့ သူ၊ မာနကြီးတဲ့ သူ၊  ဘ၀င်မြင့်တဲ့ သူဟာ အဲဒီ ဒေါသ၊
 အတ္တ၊ မာနနဲ့ ဘ၀င်မြင့်တဲ့ စိတ်ကြောင့် သူ့ဘ၀ဟာ တဖြည်းဖြည်းချင်း
 လူညံ့ဖြစ်မှန်းမသိဖြစ်လာတတ်သည်။ လူတယောက်ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာနနည်းသလား
များသလား ဆိုတာကို ကြည့်ရုံနဲ့ သူဟာ လူတော်တယောက်လား လူညံ့တယောက်လားဆိုတာ
 အလွယ်တကူခွဲခြားသိနိုင်ပါသည်။

 ဘာဘဲပြောပြော လူတယောက်ဟာ ငယ်ငယ်တုန်းက ညံ့တာသိပ်ပြီး အရေးမကြီးပါဘူး။  သူ့ကို
 တော်လာအောင်ြ ပုပြင်ပေးနိုင်တဲ့ မိဘရှိတယ်။ ဆရာရှိတယ်။ စာပေတွေ၇ှိတယ်။
 သူကိုယ်တိုင်လည်း လူညံ့တယောက်မဖြစ်ချင်တဲ့ မခံချင်စိတ်ရှိသည်။ ဒါကြောင့်
 တော်အောင် ကြိုးစားရင်းနဲ့ လူ့ဘ၀မှာ လူတော်တယောက်ဖြစ်လာနိုင်သည်။ *

 ငယ်တုန်း ညံ့တယ်ဆိုတာ ဖြူစင်တဲ့ ညံ့ဖျင်းခြင်းမျိုးဖြစ်သည်။ ကြီးမှ
 ညံ့တယ်ဆိုတာတော့ ရှက်စရာကောင်းသည်။ လောကအတွင်လည်းအလွန်နစ်နာသည်။
အခု ကျနော့ အသက် ၅၀ ကျော်ပြီ....

ဦးဘုန်း(ဓါတု)
သံစဉ်များနှင့် ကမ္ဘာစာအုပ်မှ ကူးယူဖေါ်ပြသည်။



No comments:

Post a Comment