Tuesday 20 March 2012
Posted: 19 Mar 2012 11:51 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားလည်သလို သုံးသပ်တင်ပြချင်စိတ် ရှိခဲ့သည်။
မအားမလပ်သေး၍ လှည့်မကြည့်နိုင်ခဲ့ပါ။ သို့သော် စိတ်က မိန့်ခွန်းဆီသို့သာ ရောက်နေသဖြင့် သည်မိန့်ခွန်းကို အစအဆုံး
 ပြန်ဖတ်ကြည့်ပြီး လူပြိန်းတစ်ဦး နားလည်သလို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းသာ ဖြစ်သည်။ မတ်လ (၁၅)ရက်နေ့ထုတ်မြန်မာ့
အလင်းသတင်းစာ ၌ ဖော်ပြသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို မူတည်သည်။
တရားဥပဒေစိုးမိုးရေး
ရှေးဦးစွာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ခြင်း၏ အဓိက အကြောင်းအချက်များ
 ဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို တင်ပြသည်။
တရားဥပဒေစိုးမိုးရေးကို ဖွင့်ဆိုရာမှာ ပြည်သူများကို ဖိနှိပ်သည့်ဥပဒေကို ဖျက်သိမ်းပြီး ပြည်သူများကို အကာအကွယ်ပေး
မည့်ဥပဒေကို ပြဌာန်းရန်၊ တရားစီရင်ရေးစနစ် လွတ်လပ်စွာ ထားပြီး သမာသမတ်ကျစေရန်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ပေး
ရန်နှင့် အထောက်အကူပြုမည့် ကွန်ယက်များ တိုးချဲ့ပေးရန်တို့ပင် ဖြစ်သည်။
တရားဥပဒေစိုးမိုးဖို့ အစိုးရတိုင်းက ကြိုးစားကြသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့ (နဝတ)တုန်းက
လည်း ကြိုးစားခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီ (နအဖ) တုန်းကလည်း ကြိုးစားခဲ့သည်ပင်
 ဖြစ်သည်။ သို့သော် အဆိုပါစစ်အစိုးရတို့၏ ကြိုးစားချက်များနှင့် ကွဲပြားကြောင်း သိစေချင်၍ တရားဥပဒေစိုးမိုးရေးကို
အကောင်အထည်ဖော်သည့်နေရာတွင် မတရားသည့်၊ ပြည်သူများကို ဖိနှိပ်သည့် ဥပဒေများ မဖြစ်စေဘဲ တရားမျှတသည့်
ဥပဒေ၊ ပြည်သူများကို အကာအကွယ် ပေးသည့်ဥပဒေများသာ ဖြစ်စေချင်ကြောင်းကို အတိအလင်း ဖော်ပြသည်။
တရားမျှတသည့်ဥပဒေ၊ ပြည်သူများကို အကာအကွယ်ပေးသည့်ဥပဒေရှိရုံမျှဖြင့် မလုံလောက်ပုံ၊ တရားစီရင်ရေးစနစ်က
 လွတ်လပ်စွာ ရပ်တည်မှသာလျှင် သမာသမတ်ကျနိုင်ပုံကိုလည်း ထောက်ပြသည်။ လက်ရှိပြည်ထောင်စုတရားစီရင်ရေး
စနစ်ကို ချိန်ထိုးချင်လျှင် ယမန်နေ့များ၌ ချမှတ်ခဲ့သော ဖဒိုးမန်းငြိမ်မောင်အမှုတစ်ခုတည်းဖြင့် လုံလောက်သည်။
 ပြည်ထောင်စုတရားစီရင်ရေးစနစ်ဆိုသည်မှာ မြန်မာ့အစိုးရအတွက် ဆော့စရာအရုပ်မျှသာ ဖြစ်သည်။ ဤအချက်ကို
သိရှိ၍လည်း တရားစီရင်ရေးစနစ်နှင့် အုပ်ချုပ်ရေးစနစ်တို့ကို ထောက်ပြဖို့ လွတ်လပ်သည့် သတင်းစာနယ်ဇင်းများနှင့်
 လူမှုဥပဒေအခြေပြုကွန်ယက်များ လိုအပ်ပုံကို တင်ပြသည်။
ပြည်တွင်းငြိမ်းချမ်းရေး
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရှေးဦးစွာ ပြည်တွင်းစစ်က လွတ်လပ်ရေးဖွားဖက်တော်ဖြစ်ပုံ၊ လက်နက်အား
ကိုးဖြေရှင်းခဲ့ပုံ၊ ပြည်တွင်းစစ်ကြောင့် စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာရပုံ၊ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်လျှင်
 နိုင်ငံဖွံ့ဖြိုးဖို့ မဖြစ်ပုံကို ပြောသည်။ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့ ပထမအဆင့်အနေဖြင့် တနိုင်ငံလုံးအပစ်ရပ်ရန်၊
 ဒုတိယအဆင့်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်၊ တတိယအဆင့်အနေဖြင့် ပင်လုံအခြေခံမူနှင့်အညီ ပြည်ထောင်
စုစစ်စစ်ကို တည်ထောင်ရန်၊ တိုင်းရင်းသားများက ပြည်ထောင်စုမှ ခွဲမထွက်ရန် အဆိုပြုသည်။
ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် အဆင့်(၃)ဆင့်မှာ သမ္မတသိန်းစိန်၏ ပြည်ထောင်စုအခြေပြမိန့်ခွန်းပါ အဆင့်(၃)
ဆင့်နှင့် ထပ်တူဖြစ်သည်။ အချိန်သတ်မှတ်ချက်ကြောင့် သမ္မတသိန်းစိန်၏ မိန့်ခွန်းက ပို၍ ပြည့်စုံသည်။ သမ္မတသိန်းစိန်နှ
င့်ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြည်တွင်းငြိမ်းချမ်းရေးတွင် အမြင်တူညီကြသည်။ သူတို့နှစ်ဦးစလုံးက တိုင်းရင်းသား
အရေးကို ဦးစားပေးမည်ဟုဆိုသဖြင့် တိုင်းရင်းသားများအနေဖြင့် အားရကျေနပ်စရာ ဖြစ်သည်။ သို့သော် တိုင်းရင်းသားဒေ
သများတွင် ဖြစ်ပွားနေသော ပစ်ခတ်မှုများကို ခေါင်းဆောင်နှစ်ဦးတို့က ဖြေရှင်းပေးနိုင်ခြင်းမရှိ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
လက်ရှိ ၂၀၀၈-ခုဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူနိုင်ပုံ၊ ပြင်ရမည့်အချက်များကို ပြည်သူတို့အား
 အသိပေးခဲ့ပြီဖြစ်ပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စုစည်းညွတ်စွာ အတူတကွ ပြင်ရပုံ၊ မြန်မာ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
များမှာ တပ်မတော်က မပါမဖြစ် ပါရပုံတို့ကို ပြသည်။ ပြင်ရမည့်အချက်များတွင် လွှတ်တော်ရှိတပ်မတော်သားကိုယ်စားလှယ်
 (၂၅)ရာခိုင်နှုန်းကို ထုံးစံအတိုင်း ထည့်သွင်းထားသည်။ ဖခင်တည်ထောင်ထားသည့်တပ်မတော်ဖြစ်သဖြင့် သူ့ကို ကူညီဖို့
ခွင့်ပန်သည်။
အထွေထွေတင်ပြချက်များ
အထက်ဖော်ပြပါ အရေးကြီးအချက်(၃)ချက်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံခြားရေးပေါ်လစီကိုလည်း
တင်ပြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နောက်မှာ နိုင်ငံတကာအစိုးရများရှိနေပုံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
 အောင်နိုင်ခဲ့လျှင် နိုင်ငံတကာအကူအညီများ ဝင်လာနိုင်ပုံကို မသိမသာ မက်လုံးပေးသည်။ သည့်နောက်မှာ စီးပွားရေးမူဝါဒ
ကို ပြောသည်။ မြန်မာ့စီးပွားရေးသည် ဥပဒေစိုးမိုးမှုကို အခြေခံပြီး တည်ငြိမ်မှု၊ လွတ်လပ်မှု၊ လူမှုရေးမျှတမှုတို့နှင့် ဟန်ချက်ညီညီ
 ဖွံ့ဖြိုးနေရမည်ဟု ဆိုသည်။ လူမျိုးစုံ တန်းတူအလုပ်လုပ်ခွင့် ရရေး၊ အလုပ်လက်မဲ့နှင့် ဘတ်ဂျက်လိုငွေပြ ပြဿနာဖြေရှင်းရေး၊
 ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောသည်။
စီးပွားရေးရေးရာကို တင်ပြပြီး ပညာရေးကိစ္စကို ဆက်ပြောသည်။ မူလတန်းပညာကို အခမဲ့သင်ယူနိုင်ရေး၊ တိုင်းရင်းသားဒေ
သတွေမှာ တိုင်းရင်းသားဘာသာစကားများဖြင့် သင်ယူနိုင်ရေး၊ အလယ်တန်း၊ အထက်တန်း၊ သက်မွေးဝမ်းကျောင်းသင်တန်း၊
 မသန်မစွမ်းများအတွက် အထူးပညာသင်တန်းကျောင်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာ ဖွင့်ပေးရေးတို့ကို တင်ပြသည်။
 ကမ္ဘာအဆင့်မီပညာရေးစနစ်ဖြစ်ဖို့နှင့် ပညာရေးဝန်ထမ်းများ ထိုက်သင့်သည့်လစာ ရရှိဖို့ကိုလည်း အဆိုပြုသည်။
စီးပွားရေးနောက် ကျန်းမာရေးကိစ္စကို ပြောသည်။ ပြည်သူတိုင်း တတ်နိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုကို ချပြသည်။
 ဆေးပညာသုတေသနများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုပုံကို တင်ပြသည်။ ထို့နောက် လယ်သမားရေးရာနှင့်
အလုပ်သမားရေးရာတို့ကို ပြောသည်။ နောက်ဆုံး လူငယ်ပိုင်းနှင့် အမျိုးသမီးပိုင်း ကို လေးလေးနက်နက် တင်ပြသည်။
သုံးသပ်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်နေသလို နိုင်ငံတကာနှင့်လည်း
 ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံလို၊ အားကိုးလိုပုံ ရသည်။ အမျိုးသားဒီမိုကရေစီချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်
သည့်နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက စုစည်းညီညွတ်စွာ ပူးပေါင်းပါဝင်ကြမည်ဟု မျှော်လင့်ထားပုံရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့် သမ္မတသိန်းစိန်တို့၏ မိန့်ခွန်းတို့ကို နှိုင်းယှဉ်ပြီး အနည်းငယ် သုံးသပ်ရလျှင် စီးပွားရေး၊
 ပညာရေး၊ ကျန်းမာရေးတို့မှာ လုံးဝနီးပါး အမြင်တူကြသည်။ လူငယ်များနှင့်အမျိုးသမီးအရေးမှာလည်း ပဋိပက္ခဖြစ်ဖွယ် မမြင်။
 လယ်သမားအရေးနှင့်အလုပ်သမားအရေးမှာ အနည်းငယ် ကွဲလွဲချက်များ ရှိသည်။
တရားဥပဒေစိုးမိုးရေးတွင် အတန်အသင့်၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အတိုင်းအတာတစ်ခုအထိ ပူးပေါင်းေ
ဆာင်ရွက်နိုင်ကြမည်ဖြစ်သည်။ ပြဿနာရှိမည့်အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသာ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ
ဥပဒေပြင်ဆင်ရေးမှာ ပြဿနာရှိခဲ့လျှင် ကျန်သည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းတို့သည်လည်း စင်း
လုံးချောတော့မည်မဟုတ်။
ထို့ကြောင့် သမ္မတသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းကို
လွှတ်တော်မှ ဖယ်ရှားရေးကို ဆောင်ရွက်နိုင်ကြမည်မဟုတ်၊ တိုင်းရင်းသားတို့ တောင့်တနေသည့် ပြည်နယ်ပေါင်းစုံ
 ပြည်ထောင်စုစစ်စစ်မူကိုလည်း ထူထောင်နိုင်ကြမည်မဟုတ်၊ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းအခြားလုပ်ငန်း
စဉ်များကိုမူ နိုင်ငံတကာအကြိုက် လိုက်လျောပေးနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်မိသည်။
Ven Ravika
Posted: 19 Mar 2012 09:27 PM PDT
Photo..မာမီထား
ဧရာဝတီတိုင်း၊မြောင်းမြို့နယ် ၊ ရှမ်းရေကျော်ကျေးရွှုာ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကျေးရွာအုပ်စု ရုံးတွင် မတ်လ
 ၁၆ ရက်နေ့ညက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီနှင့် ဒေါ်အောင်
ဆန်းစုကြည်ပုံပါသော ပိုစတာများ ဓါးဖြင့် ခုတ်ဖြတ် ဖျက်ဆီးခံရပါသည်။
အခင်းဖြစ်ပွားရာနေရာသို့ နောက်တစ်နေ့ နေ့လည်တွင် မန်းဂျော်နီ ကိုယ်တိုင် သွားရောက် ကြည့်ရှု့စစ်ဆေးပြီး မြောင်းမြမြို
့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေးအဖွဲ့မှ တာဝန်ရှိသူများဖြစ်သော ဦးမောင်ဖုန်း၊ ဦးမောင်ပြုံး၊
 ဦးဇော်ဇော်၊ ဦးဂျော့ တို့လည်း အတူလိုက်ပါသွားကြ၍ အဖြစ်အပျက် အသေးစိတ်အား ဆက်လက်စုံစမ်းနေကြောင်း၊
 သက်ဆိုင်ရာ မြို့နယ်အောင်နိုင်ရေးအဖွဲ့နှင့် ဥပဒေ အကြံပေးအဖွဲ့ တို့မှ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး သက်ဆိုင်ရာ
 မြို့နယ် ရဲစခန်းသို့ တိုင်ကြားရန် ပြင်ဆင်နေကြောင်း သိရပါသည်။
"ဒါပြည်သူတွေကို ကြောက်လန့်အောင်လုပ်တာပဲ၊ ဒါပေမဲ့ အဲဒီကပြည်သူတွေကိုတော့ စိတ်ရှည်သည်းခံပြီး ဆက်
လက်အောင်ပွဲဝင်နိုင်အောင် ဆက်ပြီး ကြိုးစားပေးကြပါ၊ ဘာတုန့်ပြန်မှုမှ မလုပ်ပါနဲ့" ဟု မန်းဂျော်နီ မှ ရွာသားများကို
 ပြောကြားသွားကြောင်း သိရသည်။ ဆက်လက်ပြီး "ဥပဒေကြောင်းအရ ဆက်ပြီးရင်ဆိုင်သွားမယ်၊ လောလော ဆယ်
 တိုင်ချက်ဖွင့်ဖို့ ပြင်ဆင်ထားတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခဏခဏ ပြောနေတဲ့ တရားဥဒေ
 စိုးမိုးမှု မရှိသေးဘူးဆိုတာ ပြတာပဲ။ ဒါကြာင့် တရားဥပဒေ စိုးမိုးမှု ရှိတယ်ဆိုတာ ပြချင်ယင် ဒီကိစ္စကို ဖော်ထုတ်
 အရေးယူပေးဖို့ လိုပါတယ် " ဟုမန်ဂျော်နီက ပြောကြားကြောင်း သိရပါသည်။
သတင်း။။ National League for Democracy
Posted: 19 Mar 2012 10:32 AM PDT
ဒေါက်တာမန်း
၂ဝဝ၉ ခုနှစ် ဧပြီလကုန်မှာ နောက်တနှစ် သက်တမ်းတိုးတဲ့ အီးယူဒဏ်ခတ်မှုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်
 တရုတ်နိုင်ငံ ကူမင်း ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းကိုပါ ဒဏ်ခတ်ထားတဲ့ စစ်အစိုးရခေါင်းဆောင် တွေရဲ့ မိသားစုဝင်
 ၅ဝဝ ကျော် စာရင်းမှာ ထဲ့သွင်းထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ထားတဲ့နေရာမှာ
-မြန်မာစစ်ခေါင်းဆောင်တွေကို ဗီဇာထုတ်မပေးခြင်း၊
-မြန်မာစစ်သံမှူးတွေကို နှင်ထုတ်ခြင်း လက်နက်မရောင်းခြင်း
-အီးယူနိုင်ငံတွေမှာရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို ထိမ်းချုပ်ထားခြင်း၊
-အီးယူကို အထည်အလိပ်တင်သွင်းခွန်လျော့ပေးတဲ့ ယေဘုယျအကောက်ခွန်ကင်းလွတ်ခွင့်ပိတ်ပင်ခြင်းစတဲ့ နည်းတွေနဲ့
ဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။
ဦးဇော်ဖြိုးဝင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး ဒေါ်သန္တာရွှေနဲ့ အိမ်ထောင်ကျပီးကထဲက အီးယူ ဒဏ်ခတ်စာရင်းမှာ
 ထည့်သွင်းခဲ့တာပါ၊ ခုဆိုရင် ဦးဇော်ဖြိုးဝင်းဟာ တရုတ်နိုင်ငံ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ ကောင်စစ်ဝန်ချုပ်ဖြစ်နေ
တဲ့အတွက် တရုတ်နိုင်ငံက ဘဏ်တွေမှာ အမေရိကန်ဒေါ်လာ ငွေစာရင်းဖွင့်ခွင့်မရ ဖြစ်နေပါတယ်။ ဒေါ်လာငွေစာရင်းဖွင့်မ
ရတာကတော့ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ဒဏ်ခတ်မှုကြောင့် ဖြစ်ပါတယ်
အီးယူဒဏ်ခတ်စာရင်းကို ပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေပါသလို စက်မှုတစ်ဝန်ကြီး ဦးအောင်သောင်းအပြင်
သူမိသားစုဝင်တွေ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါ ဒဏ်ခတ်စာရင်းမှာ ထဲ့ထားတာ တွေ့ရပါတယ်။
ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ
 ဦးနေအောင်၊ ဦးအောင်သောင်းရဲ့သားလဲဖြစ် အိုင်ဂျီအီးကုမ္ပဏီဒါရိုက်တာလဲဖြစ် ဒု ဗိုလ်ချုပ်မှူးကြိးမောင်အေးသမက်လဲဖြစ်တဲ့
 ဗိုလ်မှူးပြည့်အောင်၊ ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊ ဦးအောင်သောင်း
သမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်း မိသားစုပိုင်တဲ့ အောင်ရီဖြိုးကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေ
ပါ ၂ဝဝ၉ ခုနှစ် အီးယူ ဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်၊
မြန်မာစစ်အစိုးရ ဗိုလ်ချုပ်တွေနဲ့ နောက်လိုက်တွေ စီးပွားရေးအထိနာအောင် တင်းကျပ်တဲ့ ဒဏ်ခတ်မှုတွေချမှတ်ဘို့ အီးယူကို
 တွန်းအားပေးတော့မယ်လို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ထုတ်ဖော်ပြောဆိုပါ
တယ်
အီးယူဒဏ်ခတ်မှုဟာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်နဲ့ ဆန့်ကျင်သလား
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းပြောတဲ့ စကားကို တိတိကျကျ ပြောရရင် မြန်မာစစ်
အစိုးရ စီးပွားရေးအကျိုးစီးပွားကို ပစ်မှတ်ထားတဲ့ တင်းကျပ်တဲ့ ဒဏ်ခတ်မှုအသစ်တွေ ကျန်တော်တို့ ချမှတ်သင့်တယ်-ဒိကိစ္စနဲ့
 ပတ်သက်ပီး အီးယူက တင်းတင်းကျပ်ကျပ်အရေးယူနိုင်အောင် ကျန်တော်တို့ တွန်းအားပေးမယ်-ဒီဒဏ်ခတ်မှုမျိုးဟာ
 မြန်မာဗိုလ်ချုပ်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ စီးပွားရေးကို ထိခိုက်စေမှာ ဖြစ်တယ်လို့ ပြောဆိုသွားတာပါ။
ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းပြောသလို အီးယူက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်တာ တကယ်ဖြစ်မဖြစ်
 အတိအကျ မသိရသေးပေမဲ့ မြန်မာစစ်အစိုးရအပေါ် အီးယူက လက်ရှိ ဒဏ်ခတ်ထားတဲ့ ပြဌာန်းမှုတွေ ထိထိရောက်ရောက်
မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့လိုက်ပါပေးနေတဲ့ အမေရိကန်ရှေ့နေ Mr Jared Genser နဲ့ နယူးရောက်
 ဥပဒေတက္ကသိုလ် နိုင်ငံတကာဥပဒေ ပါမောက္ခ Mr Robert Howse တို့က ယူဆပါတယ်၊
ဒီအကြောင်းအသေးစိတ်ကို မြန်မာနိုင်ငံအပေါ် အီးယူက ကုန်သွယ်ရေးဒဏ်ခတ်မှုဟာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ရဲ့
 ကုန်သွယ်ရေး ဥပဒေတွေနဲ့ ကိုက်ညီသလားဆိုတဲ့ စာတမ်းမှာ ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်
မြန်မာစစ်အစိုးရအပေါ် ပိုပီးတင်းကျပ်တဲ့ ဒဏ်ခတ်မှုမျိုးလုပ်ရေးကိစ္စနဲ့ ပတ်သက်ပီး အီးယူမှာ အခြေအတင်ဆွေးနွေးတဲ့အခါ
 ဒီလိုဒဏ်ခတ်မှုမျိုးက WTO နဲ့ သဘောတူထားတဲ့ ကုန်သွယ်ရေးသဘော တူညီချက်တွေကို အီးယူအဖွဲံဝင်နို်င်ငံတွေက
 ချိုးဖောက်ရာ ကျလေမလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အီးယူဒဏ်ခတ်မှုဟာ WTO ကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ ကိုက်ညီတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က အကျယ်တဝင့်ရှင်းပြထားပါတယ်။
၂ဝဝ၇ ခု နိုဝင်ဘာလမတိုင်ခင်က မြန်မာစစ်အစိုးရအပေါ် အီးယူ ဒဏ်ခတ်မှုတွေ ပြန်ကြည့်ရင် ထိရောက်မှုနည်းနေပါတယ်
-ဥပမာ မြန်မာစစ်အစိုးရ စစ်သံမှူးတွေကို အီးယူနိုင်ငံတွေက နှင်ထုတ်ဘို့ ဒဏ်ခတ်မှုချမှတ်ထားတယ်ဆိုပေမဲ့ မြန်မာနိုင်ငံသံ
အမတ်ကြီးအဆင့်ကိုတော့ အီးယူက လက်ခံထားတဲ့အချက် ဖြစ်တယ်လို့ စာတမ်းမှာ ထောက်ပြထားပါတယ်။ နောက်တချက်က
 မြန်မာစစ်အစိုးရက တရုတ် ရုရှားနဲ့ အိန္နိယဆီကနေ လက်နက်တွေရနေတာမို့ အီးယူက မြန်မာစစ်အစိုးရအပေါ် လက်နက်
မရောင်းရေး ပိတ်ဆို့တာလဲ မထိရောက်ဘူးလို့ ပြောပါတယ်၊
မြန်မာစစ်ခေါင်းဆောင်တွေကို အီးယူက ဗီဇာပိတ်ဒဏ်ခတ်ထားပေမဲ့ နိုင်ငံတကာညီလာခံတွေ အစိုးရအဖွဲ့များဆိုင်ရာ
အစည်းအဝေးတွေကျတော့ စစ်ခေါင်းဆောင်တွေကို တက်ခွင့်ပေးထားတဲ့ ခြွင်းချက်တွေရှိပါတယ်၊ ဒါကြောင့် မြန်မာ
စစ်ခေါင်းဆောင်တွေ ဥရောပကို အပမ်းဖြေခရီး မလာနိုင်အောင် လောက်သာ အီးယူရဲ့ ဗီဇာပိတ်ဆို့မှုက တတ်နိုင်တယ်လို့
 ဝေဖန်ထားပါတယ်။
မြန်မာနိုင်ငံအပေါ် အီးယူရဲ့ ရင်းနှီးမြုတ်နှံမှုပိတ်တဲ့အပိုင်းကိုကြည့်ရင် အစိုးရပိုင် အချိုရည်ကုမ္ပဏီတွေ၊ သတ္တူတွင်းတွေစတဲ့
မပြောပလောက်တဲ့ လုပ်ငန်းတွေသာများနေပီး မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေလုပ်ငန်း MOGE ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊
 မြန်မာ့သစ်လုပ်ငန်းစတဲ့ အကြီးစား အစိုးရလုပ်ငန်းတွေမပါဘဲ ဖြစ်နေပါတယ် ဒါကြောင့်လဲ အီးယူကုမ္ပဏီတွေက စစ်အစိုးရပိုင်
တဲ့ အဲဒီလုပ်ငန်းတွေကို ငွေဆက်ပံ့ပိုးနေနိုင်တာဖြစ်တယ်-အီးယူအဖွဲ့ဝင် ပြင်သစ်ပိုင် Total ရေနံကုမ္ပဏီတခုထဲကတင်
 MOGE ကို တနှစ် ဒေါ်လာသန်း ၄၅ဝ လောက် ရင်းနှီးနေပါတယ်။
အီးယူရဲ့ တချိုံ ဒဏ်ခတ်မှုတွေကျတော့လဲ စစ်အစိုးရက အီးယူနဲ့ အဆက်အသွယ်မရှိတဲ့အတွက် အလဟသ ဖြစ်နေပါတယ်
-ဥပမာ-ဥရောပမှာရှိတဲ့ မြန်မာစစ်အစိုးရ အရာရှိတွေရဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်ရေးဆိုတဲ့နေရာမှာ ဥရောပမှာ စစ်အစိုးရအရာ
ရှီတွေရဲ့ ပိုင်ဆိုင်မှုက မရှိသလောက်ဖြစ်နေလို့ပါလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ
 Mr Howse တို့က ထောက်ပြထားပါတယ်
ဒီချို့ယွင်းချက်တွေကို အီယူရဲ့ ၂ဝဝ၇ ခုနှစ် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ ပြင်ဆင်လိုက်တဲ့အတွက် သစ် ကျောက်သံပတ္တမြား
 အထည်အလိပ်စတဲ့ မြန်မာထွက်ကုန်တွေပါတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရအနေနဲ့ တနှစ်ကို ဒေါ်လာ
 သန်း ၄ဝဝကျော်ဘို့ နစ်နာသွားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်ဒဏ်ခတ်မှုအတိုင်းအတာက စစ်အစိုးရအကျိုးစီးပွား ထိခိုက်လောက်အောင်
 ပြင်းထန်ခဲ့ပါတယ်၊ ၂ဝဝ၃ ခုနှစ် အမေရိကန်စီးပွားရေး ဒဏ်ခတ်မှုက ပြန်တွက်ရင် အဲဒီနှစ်မှာ အမေရိကန်ဘဏ်တွေက
 မြန်မာပိုင်ဆိုင်မှု ဒေါ်လာ ၃သိန်း ၂သောင်ဘိုး ထိန်းချုပ်နိုင်ခဲ့ပီး ၂ဝဝ၄ ခုနှစ်မှာ ဒေါ်လာ ၁၃သန်းဘိုးရှိတဲ့ မြန်မာကုမ္ပဏီတွေနဲ့
 ငွေပေးငွေယူလုပ်မှုကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထိန်းချုပ်ခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့တွေက မြန်မာစစ်အစိုးရကို ငွေမချေးအောင် အမေရိကန်က သြဇာသုံးထားတဲ့
အတွက် စစ်အစိုးရအနေနဲ့တနှစ်ကို ဒေါ်လာ သန်းတရာကျော်ဘိုး နိုင်ငံတကာ အကူအညီတွေ နစ်နာသွားစေခဲ့ပါတယ်။
၂ဝဝ၃ ခုကစပီး မြန်မာသွင်းကုန်တွေကို အမေရိကန်က လက်မခံဘဲပိတ်ဆို့ထားခဲ့ပေမဲ့ မြန်မာစစ်အစိုးရဟာ ဒီကိစ္စနဲ့
 ပတ်သက်ပီး WTO ကိုတိုင်တန်းတာမျိုး တခါမှ မလုပ်ခဲ့တာ တွေ့ရပါတယ်၊ အဲသလို မြန်မာစစ်အစိုးရက WTO ပဋိပက္ခဖြေရှင်းေ
ရးအဖွဲ့ကို တိုင်ကြားခဲ့ရင်လဲ စစ်အစိုးရရဲ့ လု့အခွင့်အရေး ချိုးဖောက်မှုတွေပါ WTO ပဋိပက္ခဖြေရှင်းရေးအဖွဲ့က စစ်ဆေးရတော့
မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ထောက်ပြထားပါ
တယ်။
အီးယူဟာ ၁၉၉၈ ခုနှစ်တုံးကလဲ အမေရိကန်နိုင်ငံ မက်ဆာချုးဆက်ပြည်နယ်ရဲ့ မက်ဆာချုးဆက် မြန်မာနိုင်ငံဥပဒေဟာ
 WTO စည်းမျဥိးနဲမညီဘူးဆိုပီး WTO မှာ တရားစွဲခဲ့ပါတယ်၊ ဒီဥပဒေဟာ မြန်မာနိုင်ငံနဲ့ စီးပွားလုပ်နေတဲ့ မက်ဆာချုးဆက်ြ
ပည်နယ်က နိုင်ငံခြားကုမ္ပဏီတွေကို ပြည်နယ်အစိုးရအဖွဲ့အားလုံးက စီးပွားရေးအဆက်ဖြတ်ရေး ဥပဒေဖြစ်ပါတယ်။
 ဒါကိုကြည့်ရင် အီးယူဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုကို ဘယ်လောက် သဲကြီးမဲကြီး တိုက်ဘို့ ချဉ်းကပ်ခဲ့သလဲ
ထင်ရှားတဲ့ သက်သေဖြစ်တယ်လို့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ယူဆပါတယ်။
နိဂုံးပိုင်းမတော့ အီးယူက မြန်မာစစ်အစိုးရအပေါ် ကုန်သွယ်ရေး ဒဏ်ခတ်မှုတွေ ထပ်ပီး တင်းကျပ်မယ်ဆိုရင် WTO
စည်းမျဉိး ဥပဒေတွေနဲ့ ကိုက်ညီတယ်ဆိုတဲ့အကြောင်းကို Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ဥပဒေရှုထောင့်
ကနေ အသေးစိတ်ရှင်းပြထားပါတယ်။
ဦးသိန်းစိန်အစိုးရတက်ပြီး အီးယူဒဏ်ခတ်မှုတချို့ကို ပြန်လျှော့ပေး
မြန်မာနိုင်ငံအပေါ် အီးယူဒဏ်ခတ်ပိတ်ဆို့မှုတချိုံကို ပြန်ရုတ်သိမ်းတဲ့နေရာမှာ အစိုးရသစ်ထဲက ဒုသမတ စိုင်းမောက်ခမ်းအပြင်
ကူအညီတွေကို သုံးသပ်မဲ့အဖွဲံအစည်းတွေထဲမှာ အန်အယ်ဒီရဲ့ အခန်းကဏ္ဍကိုပါ ပြန်လည် ထဲ့သွင်းပေးခဲ့တာတွေ့ရပါတယ်။
ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ်တက်လာပီးနောက်ပိုင်း ၂၀၁၁ ခုနှစ်အတွက် မြန်မာအစိုးရအပေါ်
 အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြင်ဆင်သက်တမ်းတိုးတဲ့နေရာမှာ အရပ်သားဝန်ကြီး ၄ ဦးနဲ့ အရပ်သားဒုဝန်ကြီး ၁၈
 ဥိးကို အီးယူ ဒဏ်ခတ်မှုကနေ ယာယီ တနှစ် ကင်းလွတ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်
တနှစ်ကင်းလွတ်ခွင့်ပေးတဲ့ ဒဏ်ခတ်မှု အမျိုးအစားတွေကတော့ အီးယူနိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်ထားတာ
 ရုတ်သိမ်းတဲ့အချက်နဲ့ အဲဒီဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားတာ ဖွင့်ပေးတဲ့အချက်တွေဘဲ ဖြစ်ပါတယ်။ ဒါပြင်
 မြန်မာနိုင်ငံကို အဆင့်မြင့် အီးယူကိုယ်စားလှယ်တွေ သွားရောက်ရေး ပိတ်ပင်ထားတာကိုလဲ ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်ထိ
 ရုတ်သိမ်းပေးထားပါတယ်။
အီးယူဒဏ်ခတ်မှုကနေ ယာယီ တနှစ်ကင်းလွတ်ခွင့်ရတဲ့ အရပ်သားဝန်ကြီး ၄ ဦးကတော့ ကျန်းမာရေးဝန်ကြီး ဒေါက်တာေ
ဖသက်ခင် ပညာရေးဝန်ကြီး ဒေါက်တာမြအေး အားကစားဝန်ကြီးဌာနနဲ့ ဟိုတယ် ခရီးသွားလာရေးဝန်ကြီးဌာန ၂ ခုလုံး
တွဲကိုင်ထားတဲ့ ၀န်ကြှီး ဦးတင့်ဆန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့ ဖြစ်ပါတယ်။ ဒုဝန်ကြီး ၁၈ ဦးကလဲ
 အရပ်သားတွေချည်း ဖြစ်ပါတယ်။
ထူးခြားတာက အီးယူဒဏ်ခတ်မှုကနေ ယာယီ တနှစ်ကင်းလွတ်ခွင့်ရတဲ့ စာရင်းမှာ ဒုသမတ စိုင်းမောက်ခမ်းနဲ့
ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းတို့လဲ ပါဝင်တာ တွေ့ရပါတယ်။
ဆိုလိုတာက အရပ်သားလို့ အီးယူက ယူဆတဲ့ ဒုသမတ စိုင်းမောက်ခမ်းရယ် ၀န်ကြီး ၄ ဥင်္ီးရယ် ဒုဝန်ကြီး ၁၈ ဦးရယ်
 ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကလွဲရင် ပြည်ထောင်စုအစိုးရတဖွဲ့လုံးက ၀န်ကြီး ဒုဝန်ကြီးတွေအပြင်
 ပြည်နယ်တိုင်းဒေသကြီး အသီးသီးက ၀န်ကြီးချုပ်သစ်အားလုံးကိုလဲ အီးယူက ခါတိုင်းဒဏ်ခတ်သလို နောက်တနှစ်
 ဆက်ဒဏ်ခတ်ထားတဲ့စာရင်းမှာ ထဲ့ထားတယ်။ ဒါပေမဲ့ ဒဏ်ခတ်မှုကနေ တနှစ် ကင်းလွတ်ခွင့်ရသူတွေရဲ့ အခြေအနေကိုလဲ
 ကင်းလွတ်ခွင့် တနှစ်ကာလအတွင်း ဆက်ပီး သုံးသပ်သွားမယ်လို့ အီးယူက တိတိကျကျ ရှင်းထားပါတယ်။
ဦးသိန်းစိန်ရဲ့ အစိုးရသစ်ထဲမှာ စစ်တပ်နဲ့ မပတ်သက်သူတွေနဲ့ အီးယူအကျိုးစီးပွားအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့
 ဆွေးနွေးရာမှာ အဓိကကျသူတွေကို ဒဏ်ခတ်မှုကနေ တနှစ်ကင်းလွတ်ခွင့်ပေးရတဲ့အကြောင်းက အရပ်ဘက်အုပ်ချုပ်မှု
 အနာဂတ်မှာတိုးတက်လာအောင် အားပေးဘို့အချက်-ဒီမိုကရေစီရေး ခိုင်မာဘို့နဲ့ လူ့အခွင့်အရေး လေးစား
ဘို့အချက်တွေကြောင့်ဖြစ်တယ်လို့ ၂၀၁၁ ခုနှစ် မြန်မာအပေါ် အီးယူဒဏ်ခတ်စာရင်းမှာ အီးယူကောင်စီက ရှင်းလင်းထားပါတယ်။
ဒါကြောင့်လဲ ဒီနှစ်အတွက် အီးယူဒဏ်ခတ်ထားတဲ့ အသေးစိတ် စာရင်းထုတ်ပြန်ရာမှာ ထိပ်ဆုံးကနေ အရင်မရှိခဲ့ဘူးတဲ့
 ယခင် နအဖအဖွဲံဝင်ဟောင်းများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲံ မိသားစု-ဒုဗိုလ်ချုပ်ကြီး မောင်အေးနဲ
့ မိသားစု စတဲ့သူတွေကို အီးယူက ဆက်လက်ဒဏ်ခတ်ထားတဲ့ပြင် ကာကွယ်ရေးဦးစီးချုပ်သစ် ဗ်ုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ
့ဇနီးကိုလဲ နောက်တိုး ဒဏ်ခတ်စာရင်းမှာ ထဲ့ထားပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် စစ်တိုင်းမှူးနဲ့ ဒုစစ်တိုင်းမှုးအသစ်တွေ
ကိုလဲ ဒဏ်ခတ်ထားသလို နေပြည်တော်တိုင်းမှုးဆိုရင် ဇနီးဖြစ်သူ ဒေါ်စန်းစန်းရီကိုပါ ဒဏ်ခတ်ထားပါတယ်။
အကျဉ်းဦးစီးဌာန အကြီးအကဲတွေ ရဲတပ်ဖွဲ့အကြီးအကဲတွေပါ အီးယူက ဒဏ်ခတ်ထားတဲ့ပြင် အစိုးရစီးပွားရေးပေါ်လစီနဲ့
 တခြားစစ်အစိုးရနဲ ပတ်သက်နေသူတွေထံက အကျိုးအမြတ်ရသူစာရင်းမှာ ဦးတေဇ-ဦးအောင်ကိုဝင်း-ဦးထွန်းမြင့်နိုင်ခေါ်
 စတီဗင်လော ဦးလောစစ်ဟန် ဦးခင်ရွှေစတဲ့ အစိုးရနဲ့ နီးစပ်တဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုလဲ အသေးစိတ်
ထဲ့သွင်းထားပါတယ်။ (ဦးတေဇသား ကိုပြည့်ဖြိုးတေဇကတော့ လန်ဒန်ရှေ့နေတွေငှားပီး အီးယူကိုတရားစွဲတာ ၂၀၁၂ ခု
 မတ်လ ၁၃ ရက်နေ့မှာ အနိုင်ရတဲ့အတွက် ဒဏ်ခတ်စာရင်းက လွတ်သွားပြီဖြစ်ပါတယ်)။
အရပ်စကားနဲ့ပြောရရင် အီးယူအနေနဲ့ တနှစ်ပီးတနှစ် သက်တမ်းတိုးလာတဲ့ ၂၀၁၀ ခုနှစ်က မြန်မာအပေါ် အီယူဒဏ်ခတ်
ပိတ်ဆို့မှုကို ၂၀၁၁ ခုနှစ်အတွက် ပြန်လည်သုံးသပ်ပီး တနှစ်ထပ်ပီး တိုးတာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အီးယူအနေနဲ့ အစိုးရ
သစ်အပေါ် သူ့ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်သွားမှာဖြစ်တယ်ဆိုပီး မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် David Lipman က
 ပြောပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံ အစိုးရအဖွဲ့ထဲ အရပ်သားများများပါလာတဲ့ လက္ခဏာရပ်က တိုင်းပြည်အတွက် အလွန်လိုအပ်နေတဲ့
 ပေါ်လစီသစ်တွေ ချမှတ်ရာမှာ အထောက်အကူဖြစ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အုပ်ချုပ်မှုဆိုင်ရာ တိုးတက်မှုအပေါ်
 အားပေး တုံ့ပြန်လိုတဲ့ ဆန္ဒရှိတဲ့အကြောင်း အီးယူက ထပ်လောင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့အီးယူကောင်းစီ ကြေငြာချက်မှာ
လဲ ဖော်ပြထားပါတယ်။
ဒါပြင် အီးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက လုပ်ငန်းအမျိုးမျိုး ကုမ္ပဏီများစာရင်းကိုကြည့်ရင် ၂၀၁၁ ခုနှစ်စာရင်းမှာ
 ကုမ္မဏီ ၁၀၉၇ ခုသာ ရှိတော့တာမို့ မနှစ်ကစာရင်းထက် ကုမ္မဏီ ၁၁၀ လျော့သွားတာတွေ့ရတဲ့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေ
အပေါ် ဒဏ်ခတ်မှုကိုလဲ သိသိသာသာ လျှော့ပေးလာတဲ့သဘောရှိပါတယ်။
ဟိုတုံးကဆိုရင် မြန်မာနိုင်ငံက သစ်လုံး သစ်ထုတ်ကုန်တွေ ရွေ ကြေးနီစတဲ့ သယံဇာတတွေ ကျောက်သံပတ္တမြားတွေကို
အီးယူအဖွဲ့နိုင်ငံတွေကို ၀ယ်ယူ သယ်ပို့ တင်သွင်းခွင့် အီးယူဆန်ရှင်က ပိတ်ထားပေမဲ့ ၂၀၁၁ ခုနှစ် အီးယူဒဏ်ခတ်မှု ပြင်
ဆင်ချက်မှာ လူလူချင်းစာနာတဲ့ စီမံကိန်းတွေ အစီအစဉ်တွေအတွက်တော့ အကျုံးမ၀င်စေရလို့ ပြောင်းလဲ သတ်မှတ်
တာတွေ့ရပါတယ်။
ဆိုလိုတာက မြန်မာနိုင်ငံတွင်း လူလူချင်းစာနာတဲ့ အကူအညီတွေကို အီးယူဘက်က မြှင့်တင်လိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
အထူးသဖြင့် လူလူချင်းစာနာတဲ့အကူအညီဆိုင်ရာ စီမံကိန်းတွေ အစီအစဉ်တွေ သတ်မှတ်တဲ့ကိစ္စ သုံးသပ်တဲ့ကိစ္စတွေမှာ
 အန်အယ်ဒီအပါအ၀င် ဒီမိုကရေစီအုပ်စုတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်သင့်တယ်ဆူိုတဲ့အချက်ကို ဒီနှစ်
ဒဏ်ခတ်မှု ပြင်ဆင်ချက်မှာ အသားပေးထားတာ တွေ့ရပါတယ်။
ခုလိုမျိုး အရပ်သားဝန်ကြီး ဒုဝန်ကြီးတွေကို ဒဏ်ခတ်မှုကနေ တနှစ် ကင်းလွတ်ခွင့်ပေးတဲ့ အီးယူပေါ်လစီဟာ
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံကို ပိုပီး ထိတွေ့ဆက်ဆံရမယ်ဆိုတဲ့ ပေါ်လစီနဲ့လဲ ကိုက်ညီတယ်လို့ လန်ဒန်မြို့ထုတ်
 Financial Times သတင်းစာ အယ်ဒီတာ့အာဘော်ကနေ ထောက်ခံထားပါတယ်။
လာမဲ့ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ဖြစ်ရင် ဒဏ်ခတ်တာတွေ လျှော့ပေါ့ဘို
့ စဉ်းစားမယ်လို့ အီးယူက ပြောတဲ့အတွက် စောင့်ကြည့်ရမှာဖြစ်တယ်။
swe swe kyi facebookမှ
Posted: 19 Mar 2012 09:40 AM PDT
ကြားဖြတ်ရွေးကောက် ပွဲနေ့တွင်မဲရုံတွင်းသို့ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စား လှယ်လောင်း၏
 ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စား လှယ်များနှင့် မဲရုံအကူကိုယ် စားလှယ်များ မဲရုံတွင်းသို့ဗွီဒီယိုကင် မရာ၊ ကင်မရာ၊ ဟမ်းဖုန်း
ကင်မရာများ ဖြင့်မှတ်တမ်း ဓါတ်ပုံရိုက်ကူး ရန်ယူ ဆောင်ခွင့်မရှိ ကြောင်းမတ် (၁၄)ရက် စွဲဖြင့်ပြည်ထောင်စု ရွေးကောက်ပွဲကော်
 မရှင်ကထုတ်ပြန်ခဲ့ခြင်းကြောင့်မဲရုံ အပြည့်မဲရုံကိုယ်စားလှယ်မထားနိုင် သူများအတွက် ဥပဒေ နှင့် မကိုက်ညီ သည့်
 ကိစ္စရပ်များပေါ်ပေါက်လာပါက သက် သေပြရန် အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။
''ကျွန်တော်တို့ပါတီကို ဒီနေ့(၁၉ရက်နေ့) ပဲရောက်တယ်။အရင် တုန်းကတော့ ကြားရတာတော့ ကင်မရာတွေဘာ
 တွေယူခွင့်ရှိတယ် ဆိုပြီကြား နေရတယ်။ဒီနေ့ရုံးကို ပြည်ထောင်စု ကော်မရှင် ကစာရောက်မှပဲ ဘာကင်မရာ မှ
ယူဆောင်ခွင့် မရှိဘူး ဆိုတာသိရတယ်။ မဲရုံတွင်းမှာ မသမာမှု တစ်စုံတစ်ခု ဖြစ်ခဲ့ရင် ကျွန်တော်တို့အရင်အတွေ့အကြုံအရ
သက်သေတွေရဖို့ အလွန်ခက် ခဲခဲ့တယ်။ တစ်စုံတစ်ရာ ပြဿနာဖြစ် ခဲ့ရင် သက်သေ အဖြစ်မှတ်တမ်း ယူနိုင်မှ ခိုင်လုံတဲ့
 သက်သေပြနိုင် မှာပေါ့။ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း မဲရုံကိုယ်စား လှယ်တွေမထား နိုင်ခဲ့တော့ အခက်အခဲဖြစ်ကြတယ်။
 ဒီတစ်ခေါက်တော့ တက်နိုင် သလောက် မဲရုံ ကိုယ်စားလှယ် အပြည့်ထား နိုင်ဖိုUကြိုးစား သွားမယ်''ဟု အမျိုးသား
 ဒီမိုကရေစီအင်အားစု ပါတီ မှ ဒေါက်တာဝင်းနိုင်ကဆိုသည်။
အဆိုပါ အမိန့်ကြော်ငြာ စာမှာ-ရွေးကောက်ပွဲ ဥပဒေ-၄၈(ခ) (၆)အရ ကိုယ်စားလှယ်လောင်း များ၊ ကိုယ်စားလှယ်လောင်း
၏ကိုယ်စား လှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် မဲရုံအကူကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ လျှို့ဝှက်
 ဆန္ဒမဲ ပေးရာတွင် အနှောင့်အယှက် မဖြစ်စေ ရန်အတွက် မဲရုံတွင်းသို့ ဗွီဒိယိုကင်မ ရာ ၊ ကင်မရာ၊ ဟန်းဖုန်းကင်မရာများကို
ယူဆောင်ခွင့်မရှိကြောင်း နိုင်ငံရေး ပါတီများသို့ အကြောင်းကြား စာများပေး ပို့လာကြောင်းသိရသည်။
''နိုင်ငံရေး ပါတီတွေကို တော့ပို့ထားပြီးပါပြီ ။ မဲရုံတွင်းကို တရားဝင် ဝင်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်လောင်း၊
ကိုယ်စားလှယ်လောင်း ၏ကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ် နှင့် မဲရုံ အကူကိုယ်စားလှယ်တွေက မဲပေးတဲ့နေ့ မှာ
 မဲရုံအတွင်းကို ကင်မရာ၊ဗွီဒီယိုကင် မရာ၊ ဟမ်းဖုန်းကင် မရာတွေ ယူဆောင် ခွင့်မပြုပါဘူး။ အကယ်၍ ပြဿနာတစ်
 စုံတစ်ရာရှိခဲ့ရင် သက်သေအဖြစ်ပါတီ မဲရုံကိုယ်စားလှယ် အချင်းချင်းနဲ့ မဲဆန္ဒ ရှင်တွေ ကို သက်သေလုပ် သွားလို့ရ
 ပါတယ်''ဟုရန်ကုန်တိုင်း ဒေသကြီးကော် မရှင်အဖွဲ့ခွဲဥက္ကဌဦးကိုကိုကဆိုသည်။
Yangon times
Posted: 19 Mar 2012 09:07 AM PDT
မပေါက်ကွဲသေးသောစစ်ကျန်ဗုံးများ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ သခင်ဖိုးလှကြီးလမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ နန ရှိ
 သံရည်ကျိုစက်ရုံတွင် သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ထုခွဲဖျက်ဆီးရာမှ ပေါက်ကွဲမှုတစ်ရပ် ၁၉-၃-၂၀၁၂ ရက်
 ယနေ့ ၁၁ နာရီ ၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။
အလုပ်လုပ်ကိုင်နေတဲ့ ကလေး၃ဦး ဖြစ်သော စိုးမိုးသူ (ဘ) ဦးအောင်ငွေ ၁၆နှစ် နံသာလှိုင်ရွာ ၊ မြင်းခြံမြို့နယ်မှဖြစ်ပြီး
 နောက်တစ်ဦးမှာ ကိုမိုး (ဘ) ဦးမင်းစိုး ၁၉နှစ် နှင့် ချစ်ကောင်း (ဘ) ဦးတင်သွင် မိုးထောင်ရွာ ငါးဇွန်မြို့နယ်တို့ ၃ဦးစလုံးသေ
ဆုံးခဲ့ကြောင်းသိရှိရပါသည်။စိုးမိုးသူ နှင့် ကိုမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး ချစ်ကောင်းမှာတော့ ဆေးရုံကြီး
သို့ပို့ဆောင်ပြီး ညနေ၃နာရီတွင်သေဆုံးခဲ့ကြောင်းသိရသည်။အဆိုပါ တာဝေးပစ်ဗုံးအမျိုးစားကို သံတူနှင့်ထုရာမှပေါက်ကွဲခဲ့
တာဖြစ်ပြီး ကိုမိုးမှာ ဘယ်ခြေပြတ် ၊လက်နှစ်ဘက်ပျက် နှင့် ဗိုက်ပွင့်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ပြီးအလားတူ စိုးမင်းသူမှာ
လည်း ခြေ၂ဖက်ပျက် ဗိုက်ပွင့်ဒဏ်ရာနှင့် သေဆုံး သွားခဲ့ကြပါသည်။ချစ်ကောင်းမှာ ခြေ ၊ ဦးခေါင်းတို့တွက် ဒဏ်ရာများရရှိခဲ့ပြီး
 ဆေးရုံတွင်သေဆုံး သွားခဲ့ပါသည်။သေဆုံးသူများ၏အခင်းဖြစ်ရာအနီးတစ်ဝှိက်တွင် ခြောက်ပေါင်တူ ၁လက် နှင့်သံထည်ဟောင်း ရှော့ဘားများကိုလည်းတွေ့ရှိရပါသည်။ဆက်လက်၍တာဝန်ရှိသူများအခင်းဖြစ်ပွားရာနေရာသို
့ရောက်ရှိစစ်ဆေးရှာဖွေရာမှမပေါက်သေးသောဗုံး၂၃လုံးကိုလည်းတွေ့ရှိသိမ်းစီးရရှိခဲ့ပါသည်။ပေါက်ကွဲရခြင်းအကြောင်းကို
မူအသေးစိတ်ထပ်မံစုံစမ်းနေပြီး သူတို့၃ဦးမှာ အဟောင်းထည်များဖျက်ရန်အတွက် သံထည်များထုနှက်နေချိန် ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မှမျက်မြင်များ၏ပြောကြားချက်ကိုသိရှိခဲ့ရပါသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာစစ်အင်ဂျင်နီယာတပ်မှ ကျန်ရှိသည့် သံရည်ကျိုပစ္စည်းဟောင်း များကို ရှင်းလင်း
ရှာဖွေရာမှ စစ်ကျန်ဗုံးများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ ၄င်းတို့မှာ ဒလက်ပါဗုံး၊ ဒလက် မပါ ဗုံးနှင့် ကျည်ဟောင်းများ
 စုစုပေါင်း ၂၀ လုံးခန့်ဖြစ်သည်။
သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ကြိုတင်ဖြတ်တောက်ထုခွဲလေ့ရှိသည့်အတိုင်း ဖြတ်တောက်ထုခွဲနေရာမှ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု အခင်းဖြစ်ရာနေရာရှိ မျက်မြင်အချို့ကပြောသည်။ သက်ဆိုင်ရာခွင့်ပြုချက်ရသည်နှင့် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို လောကပါလ နာမှုကူညီရေးအသင်းမှ အသင်းသားများက ကောက်ယူခဲ့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ (စည်သူနိုင်၊ ရဲဘော်သူရိန်)
ရှာဖွေရာမှ ထပ်မံတွေ့ရှိရသော ဗုံးနှင့် ကျည်အချို့...။
CJ myanmar
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment