Tuesday 20 March 2012






Posted: 19 Mar 2012 02:55 PM PDT
မြ၀တီမြို့ အာဇာနည်ကျောက်တိုင်နှင့် ကျောက်တိုင်မြေ ရောင်းစားခံရခြင်း

မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူအပေါင်းတိုဟာ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့ ရောက်တိုင်း လူကြီးလူငယ် ရဟန်း မရွေး နှလုံးသားထဲမှာ ရင်နင့်ပူဆွေးဝမ်းနည်းမှုတွေ အလိုအလျှောက် ဖြစ်ပေါ်လာကြပါတယ်။ ကျဆုံးခဲ့သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကို အောင်းမေ့ဖွယ် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူတွေဟာ အာဇာနည်ကျောက်တိုင်မှာ လွမ်းသူပန်းခွေများချကာ အလေးပြု ကြပါတယ်။ ကျနော်တို့ မြ၀တီမြို့မှာတော့ ခေတ်အဆက်ဆက် ရှိပြီးဖြစ်တဲ့ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဗလီရှေ့ အာဇာနည်ကျောက်တိုင်နှင့် ကျောက်တိုင်မြေဟာ မသမာသူ အာဏာရှင်ဖြစ်ခဲ့တဲ့ ယခင် ကရင်ပယက ဗိုလ်မှူးကြီးစောခင်စိုးနဲ့ မြ၀တီခရိုင် ခယကအဖွဲ့ တို့ဟာ မြ၀တီမြို့နေ ပြည်သူကို ဂုတ်သွေးစုတ်နေတဲ့ ပြည်သူ့ချဉ်ဖတ် ဖြစ်တဲ့ တရုတ်အမျိုးသမီး ဒေါ်သင်းသင်မြတ် ဆိုသူကို ရောင်းစားလိုက်ပါတယ်။

ဒေါ်သင်းသင်းမြတ် ဆိုသူဟာ အာဇာနည်ကျောက်တိုင်နှင့် ကျောက်တိုင်မြေကို ပိုင်ဆိုင်သွားပြီ ဖြစ်တဲ့အတွက် ညနက်သန်းခေါင် အချိန်တွင် တပည့်လက်သားများကို စေခိုင်းကာ အာဇာနည် ကျောက်တိုင်ကို ဖျက်ဆီးခိုင်းပါတယ်။ အနီးအနားမှာရှိတဲ့ ပြည်သူတွေဟာ အာဇာနည်ကျောက်တိုင်ကို လာရောက်ဖြိုခွင်း ဖျက်ဆီးမှာဆိုးလို့ ယနေ့အချိန်အထိ အိပ်မပျော်ကြပဲ ထိန်းသိမ်း စောင့်ရှောက် နေကြရပါတယ်။ ကျောက်တိုင်ရှေ့မှာရှိတဲ့ ဗလီက သူတွေလည်း သူတို့ရှေ့မှာ ၀က်ကောင် လိုက်သတ်ပြီး တရုတ်နှစ်ကူးမှာကို ကြောက်နေကြရပါတယ်။

မြ၀တီမြို့ ပြည်သူတွေကတော့ ပြည်သူတွေရဲ့ အမှတ်တရ နေရာကို ထာဝရ ထိန်းသိမ်းစောင့်ရှောက် စေချင်ကြပါတယ်။ အာဏာပိုင်တွေကတော့ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို ဖျောက်ချင်လို့ ခိုးဝှက်ကါ တိတ်တဆိတ် ရောင်းစားခဲ့တာပါ။ တရုတ်လူမျိုး ဒေါ်သင်းသင်းမြတ် ကလည်း အာဏာပိုင်တွေရဲ့ အလိုကျ ၀ယ်ယူပေးခဲ့ရတယ်လို့ အမြဲပြောကြပါတယ်။

ဒေါ်သင်းသင်းမြတ် ဆိုသူဟာ န၀တ၊ နအဖ လက်ထက်က စပြီး စစ်တိုင်းမှူး၊ တပ်မမှူး၊ ဗျုဟာမှူး နှင့် ကရင်ပြည်နယ် ပယက၊ မြ၀တီခယကနှင့် မယက ဆိုတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းကာ မှောင်ခိုစီးပွားရေး လုပ်ကိုင်ရင်း တရားမ၀င်ချမ်းသာလာပါတယ်။ ဒေါ်သင်းသင်းမြတ်ရဲ့ နောက်ကွယ်မှာ ထိုင်းလူမျိုး တရုတ်တဦးဟာ ကြိုးကိုင်ထားလျှက်ရှိပါတယ်။ နအဖ စစ်တိုင်းမှူးတွေ၊ အာဏာပိုင်တွေဟာ ဒေါ်သင်းသင်းမြတ်ရဲ့ ပေးတာကျွေးတာ စားနေတဲ့အတွက် ဒေါ်သင်းသင်းမြတ် အလိုကျ လိုက်လုပ်ပေးနေရပါတယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလတိုင်း ထိုင်း-မြန်မာ စက်ဘီးစီးပြိုင်ပွဲ ဆိုပြီး ထိုင်းလူမျိုးတွေ လူတစ်ထောင်ကျော် မြ၀တီမြို့နယ် ကုန်သွယ်ရေးဇုန်အထိ ချစ်ကြည်ရေး ခေါင်းစဉ် တပ်ထားသော စက်ဘီးစီးပွဲတော်ကို လေ့လာနိုင်ပါတယ်။ ဒီလို ထိုင်း-မြန်မာ ချစ်ကြည်ရေး စက်ဘီးစီးပြိုင်ပွဲဆိုတာ နိုင်ငံတော်က မသိရှိပါဘူး။ တရုတ်ပေါက်ဖော်က ထိုင်းနဲ့ မြန်မာ တကယ်ပဲ ချစ်ကြည် ရင်းနှီးစေချင်တာလားလို့ မေးစရာဖြစ်လာပါတယ်။

မြ၀တီမြို့ကိုပဲ ထိုင်းတွေလာရောက် စက်ဘီးစီးလည်ကြတယ်၊ မြန်မာဖက်က မဲဆောက်မြို့အထိ စက်ဘီးစီးခွင့် တစ်ကြိမ်တစ်ခါမျှ ပြုလုပ်ပေးခဲ့တာရှိပါသလား ဆိုတဲ့ မေးခွန်းကိုလည်း ထပ်မံမေးရမှာ ဖြစ်ပါတယ်။ အဲဒီလို စက်ဘီးစီးပွဲတော်မှာ မြန်မာကျောင်းသား ခလေးတွေ (၂၀၀)ကျော်ကတော့ ထိုင်းလူမျိုးတွေ မြ၀တီဖက်ရောက်မှ ထိုင်းလူမျိုးနောက်မှ လိုက်ပြီး ကပ်ကာ စက်ဘီးစီးရပါတယ်။ စက်ဘီးစီးရင်း ထိုင်းလူမျိုးတွေကို တိုက်မိလို့ ထိမိခိုက်မိရင်တော့ ဒေါ်သင်းသင်းမြတ် အပြောအဆို မလွတ်ပါဘူး။ ဒေါ်သင်းသင်းမြတ်က ကျောင်းသားတွေကို မြန်မာတွေ စည်းကမ်းမရှိကြဘူး၊ အဆင့်မရှိကြဘူးလို့ နှိမ်ပြောတဲ့ ပြောဆိုသံကို စက်ဘီးစီးသူ ကျောင်းသားများထံမှ ကြားရပါတယ်။ ဒီလိုဖြစ်ရပ်တွေကို မြ၀တီအာဏာပိုင်တွေက တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့ စိတ်ရှိရှိနဲ့ ဒေါ်သင်းသင်းမြတ် ဖက်က ကာကွယ်ကာ မသိဟန်ဆောင် နေကြပါတယ်။

ဒေါ်သင်းသင်းမြတ်ဟာ ၎င်း၏ အကျိုးစီးပွားအတွက် အာဏာပိုင်တွေရှေ့မှာ တိုင်းပြည်နဲ့လူမျိုးကို အရမ်းချစ်ပါတယ်ဆိုတဲ့ စကားကို အမြဲသုံးနှုန်းပါတယ်။ နေပြည်တော် ကုန်သည်ကြီးများ အစည်းအဝေးမှာလည်း သူဟာ ကိုယ့်ဒေသကို ဖွင့်ဖြိုး စေချင်တယ်ပေါ့။ ဒါကြောင့် သူကြိုးစား ဆောင်ရွက်ပေးနေတာဆိုပြီး မြန်မာတွေအများစုကြားမှာ ကြွားဝါတတ်ပါတယ်။ အာဏာပိုင်တွေဟာ ငွေမျက်နှာကြောင့် သူ့စကားကို ယုံကြပေမဲ့ မြ၀တီမြို့ ပြည်သူတွေကတော့  ဒေါ်သင်းသင်းမြတ် စကားကို ဘယ်သောအခါမှ မယုံကြည်ကြပါ။ သွေးသားနဲ့ တည်ဆောက်ထား မြန်မာပြည်သူတွေကို ဒေါ်သင်းသင်းမြတ်က မြန်မာပြည်သူတွေ အတွက်ပါ ကြိုးစားနေပါတယ်ဆိုတာ အနောက်ဖက်က နေထွက်လာမှ ယုံကြည်ကြမယ် ဆိုတာ သိစေချင်ပါတယ်။ တစ်ကယ်တော့ အာဏာပိုင်တွေနဲ့ပေါင်းပြီး မြို့ခံပြည်သူတွေကို နင်းချေတက်ခဲ့တာပါပဲ။ အာဏာပိုင်တွေနဲ့ပေါင်းပြီး နေစရာမရှိတဲ့ ပြည်သူတွေ မောင်းထုတ်ခြင်း၊ အဖွဲ့အစည်းနံမည်တွေကို အသုံးချ ခုတုန်းလုပ် စီးပွားရှာခြင်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပေါ်မှာ မှတ်ပုံတင်ခြင်းမရှိပဲ တရားမ၀င် မော်တော်ယာဉ် ဖြတ်သန်းသွားလာခြင်း ပြုလုပ်နေခြင်းဟာ ပြည်သူတွေက ကြည့်နေကြတာပါ။

ယခုအခါလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ အကျိုးတူပူးပေါင်းကာ မြ၀တီမြို့ (၂၄)နာရီ မီးလင်းရေးလုပ်ငန်းကို ပိုင်ဆိုင်သွားပြီး ဆိုကာ ကြွေးကျော်လျှက် လျှပ်စစ်တစ်ယူနစ်ကို (၄ . ၅) ဘတ်ကနေ ( ၅ . ၅) ဘတ်အထိ ထပ်မံတိုးမြှင့် ကောက်ခံတော့မယ်လို့ သိရှိရပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း ရဲ့ ဆင်းရဲနွမ်းပါးပပျောက်ရေးဆိုတာ အများပြည်သူလူထုကို မလုပ်ပေးနိုင်ပေမဲ့ တစ်ဦးတစ်ယောက်သော ဒေါ်သင်းသင်းမြတ် (တရုတ်) မိသားစု အတွက်တော့ ချမ်းသာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ လျှပ်စစ်တစ်ယူနစ်ကို (၅ . ၅)ဘတ် အထိ တိုးမြှင့်ကောက်ခံမှာဖြစ်သလို အိမ်တွေမှာအသုံးပြုနေတဲ့ လျှပ်စစ်မီတာတွေကိုလည်း သက်တမ်းကြာပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ကီလိုဝပ်လျော့နည်းတဲ့ မီတာတွေ ပြောင်းတတ်မှာဖြစ်ပါတယ်။ မီတာယူနစ်တွေ ခိုးကာ အာဏာပိုင်တွေနဲ့ ပေါင်းစားကြမယ်ဆိုတဲ့ လုပ်ကွက်ကိုလည်း ပြည်သူတွေသိနေကြပါတယ်။

ဒေါ်သင်းသင်းမြတ် ဆိုသူဟာ ဘယ်အာဏာပိုင်လာလာ သူလက်က ပြေးမလွတ်ပါဘူး။ သူအိတ်ထဲကောက် ထည့်ထား လိုက်တာပါဘဲ။ သူ့နောက်ကွယ်မှာ ထိုင်းတရုတ်လူမျိုးတွေ ရှိနေတာကြောင့် ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်းဟာ ထိုင်းလူမျိုးကို စီးပွားရေးသမားကို အလွန်ပင်မုန်းတီးသည် ဆိုသော်လည်း သွယ်ဝိုက်သောအားဖြင့် ထိုင်းတရုတ်လူမျိုးတွေရဲ့ အလိုကျ သူလုပ်ပေးနေရတယ်လို့ စောင့်ကြည့် လေ့လာသူတွေရဲ့ ဝေဖန်မှုတွေ ရှိနေကြောင်း သိရှိရပါတယ်။


(စာရေးသူ- မြ၀တီသားလေးစစ်စစ်)
Posted: 19 Mar 2012 02:23 PM PDT
"စစ်ကိုင်း NLD မှရေးသား သီဆိုဂုဏ်ပြုတဲ့ ကျွန်တော်တို့ အားလုံးရဲ့ အမေတဲ့...
 (ဓာတ်ပုံ NLD Information Department)

Vote NLD Animationနဲ့ သီချင်းအသံဖိုင်အတွက် စစ်ကိုင်းNLD အား လေးစားဂုဏ်ယူ ကျေးဇူးအထူးတင်ပါသည်..။
Posted: 19 Mar 2012 01:04 PM PDT
မတ်လ (၁၇)ရက်နေ့က မြန်မာစစ်တပ်မှ စစ်ထရပ်ကား(၅)စီးနဲ့ အစိုးရဋ္ဌာန ကားမျိုးစုံ ရောက်ရှိလာပြီး မြစ်ဆုံဆည်စီမံကိန်း ဝန်းကျင်မှာ ပြန်လည် အခြေချနေထိုင်ဖို့ ပြန်လည်ရောက်ရှိလာတဲ့ မူလတန်ဖဲ ရွာသားများအား အတင်းအကြပ် ချိန်းခြောက် နှင်ထုတ်ခဲ့ပြီး တားမြစ် ဧရိယာ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါတယ်..။ ပြီးခဲ့တဲ့ လပိုင်းများက ရပ်ဆိုင်းသွားပြီ ဆိုတဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် အတင်းအကြပ် ပြောင်းရွှေ့ခံထားရပြီး တရုတ်ကုမ္ပဏီတွေ ဆောက်လုပ်ပေးထားတဲ့ အောင်မြေသာ စံပြကျေးရွာများမှ မူလ အခြေချ တန်ဖဲရွာသားများဟာ မိမိနေရပ်မှာ ပြန်လည် လုပ်ကိုင်စားသောက် အခြေချ နေထိုင်ဖို့ပြန်လည် ရောက်ရှိလာကြပါတယ်..။ အစိုးရမှ ပြန်လည်ရောက်ရှိလာတဲ့ ဒေသခံ တန်ဖဲရွာသားများအား မတ်လ(၁၇)ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ပြောင်းရွှေ့ပေးဖို့ ကြေငြာခဲ့ပါတယ်..။ ထို့အတွက်ကြောင့် တန်ဖဲရွာသားများမှ ကချင်ဝန်ကြီးချုပ်ထံ အသနားခံစာအား ပူးတွဲပါစာမှာ ကြည့်ရှူနိုင်ပါတယ်..။ (KDNG)ရဲ့သတင်း ထုတ်ပြန် ကြေငြာချက်ပါ..။
မြစ်ဆုံဆည် စီမံကိန်း အုပ်ချုပ်ရေးဋ္ဌာန မတ်လ(၄)ရက်နေ့ မြင်ကွင်း

ပြီးခဲ့တဲ့ (၂၀၁၁) စက်တင်ဘာ (၃၀)ရက်နေ့ကမြစ်ဆုံဆည် စီမံကိန်းအား ရပ်ဆိုင်းကြောင်း နိုင်ငံတော် သမ္မတမှ ကြေငြာခဲ့ပါတယ်..။
ဒီမိုဝေယံမှ စုံစမ်းသိရှိထားတဲ့ သတင်း၊ ဓာတ်ပုံများအရ လက်ရှိမြစ်ဆုံဆည် စီမံကိန်း အတွင်း တရုတ်ဝန်ထမ်းများနဲ့ အတူ မြန်မာဝန်ထမ်းအချို့ ဆက်လက်တာဝန် ထမ်းဆောင်လျှက်ရှိပြီး ပြီးခဲ့တဲ့ မတ်လ(၃)ရက်နေ့က တရုတ်ဝန်ထမ်းများ စက်ယန္တယားများအား လာရောက်စစ်ဆေးပြီး ဝန်ထမ်းများ ထပ်မံရောက်ရှိနေကြောင်း သိရှိရပါတယ်..။

ထို့အတူ ပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်း ကလည်း တရုတ်အစိုးရမှ မြစ်ဆုံဆည်စီမံကိန်းအား ပြန်လည်စတင်ရန် ဖိအားပေးခဲ့ပါတယ်..။ မြစ်ဆုံဆည်အား ရပ်ဆိုင်းထားပေမယ့် မြစ်ညာဒေသမှ ချီဖွေရေအား လျှပ်စစ်စီမံကိန်းအား ဆက်လက် လုပ်ကိုင် ဆောင်ရွက်နေပါတယ်..။
တရုတ် ကုမ္ပဏီတွေ တည်ဆောက်ပေးထားတဲ့ အောင်မြေသာ စံပြကျေးရွာနဲ့
လက်ရှိ ပကတိအခြေအနေ ဖတ်ရှူကြည့်ကြပါ..
မြစ်ဆုံဆည် ဝန်းကျင် ဋ္ဌာနေတန်ဖဲရွာသားများမှ ကချင်ဝန်ကြီးချုပ်ထံ တင်ပြတဲ့ အသနားခံစာ..

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL U

No comments:

Post a Comment