You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
Saturday, 28 April 2012
Friday, 27 April 2012
ကဗျာရေးတယ်ဆိုတာ
ကဗျာရေးတယ်ဆိုတာ
နှလုံးသားက အနာဖေးကိုခွာချရတာ
ဦးနှောက်ကို အရေညှစ်ရတာ
ကိုယ့်စိတ်ထဲက ကောင်းမှု့မကောင်းမှု့တွေကို
အမှန်မြင်အောင်ကြည့်ရတာ
စိတ်ကူးစိတ်သန်းတွေကို စာသားအဖြစ်ပြောင်းရတာ
အဲ့ဒီအထိ ရှင်းတယ်
ရှုပ်တာက နောက်ပိုင်းမှာ . . .
ရေးချင်လို့ ရေးတယ်မလား
ရေးပြီး ရင် ပြီးပြီမလား
အခုက အဲ့လိုမဟုတ်
ရေးပြီးရင် မှတ်ကျောက်တင်ခံချင်ရတာနဲ့
ခံစားမှု့ ရသတွေ မျှဝေချင်ရတာနဲ့
စာပေနယ်မှာ ထင်ပေါ်ချင်ရတာနဲ့
ဘာဖြစ်ချင်ရတာနဲ့ ညာဖြစ်ချင်ရတာနဲ့ . . .
အမျိုးအစားဟာ သာမညဖြစ်ပြီး
ကဗျာဟာ အဓိက လို့ခံယူထားတယ်
ကလပ်စစ်တွေ မော်ဒန်တွေ ကို
ဒီကဗျာဆရာ သိပ်နားမလည်ပါ
စိတ်ကူးနဲ့ခံစားချက်ကိုတော့
စာသားအဖြစ် ကောင်းကောင်းပြောင်းတတ်တယ်
လေးချိုး ရေးရေး ဒွေးချိုး ရေးရေး
စေတနာမပါတဲ့ ကဗျာဆရာဟာ
ခွေး ဖြစ်မှာ အသေအချာပါပဲ . . .
ကဗျာရေးတတ်ပေမယ့်
ကဗျာမရွတ်တတ်ပါ
မရွတ်တတ်ဘူးဆိုတာထက်
သူများတကာ ရွတ်ပုံနဲ့ ဒီကဗျာဆရာရွတ်ပုံနဲ့မတူ
အဲ့ဒါထက်ပိုဆိုးတာက
ကိုယ်ရေးတဲ့ကဗျာကို ကိုယ်ရွတ်တိုင်း
အူတူတူ ဖြစ်ဖြစ်ကျန်ခဲ့တယ်
အပြင်းစားမော်ဒန်လို့ ဆိုကြတဲ့
နိမိတ်ပြ ခေတ်ရှေ့ပြေးကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသလို . . .
သေချာတာကတော့
ကဗျာရေးတယ်ဆိုတာ ရင်ဘတ်နဲ့ဦးနှောက်ပေါင်းစပ်ချိန်ရောက်တဲ့အခါ
ရေးပြီးရုံနဲ့မပြီး . . .
ကဗျာရေးတယ်ဆိုတာ
နှလုံးသားက အနာဖေးကိုခွာချရတာ
ဦးနှောက်ကို အရေညှစ်ရတာ
ကိုယ့်စိတ်ထဲက ကောင်းမှု့မကောင်းမှု့တွေကို
အမှန်မြင်အောင်ကြည့်ရတာ
စိတ်ကူးစိတ်သန်းတွေကို စာသားအဖြစ်ပြောင်းရတာ
အဲ့ဒီအထိ ရှင်းတယ်
ရှုပ်တာက နောက်ပိုင်းမှာ . . .
ရေးချင်လို့ ရေးတယ်မလား
ရေးပြီး ရင် ပြီးပြီမလား
အခုက အဲ့လိုမဟုတ်
ရေးပြီးရင် မှတ်ကျောက်တင်ခံချင်ရတာနဲ့
ခံစားမှု့ ရသတွေ မျှဝေချင်ရတာနဲ့
စာပေနယ်မှာ ထင်ပေါ်ချင်ရတာနဲ့
ဘာဖြစ်ချင်ရတာနဲ့ ညာဖြစ်ချင်ရတာနဲ့ . . .
အမျိုးအစားဟာ သာမညဖြစ်ပြီး
ကဗျာဟာ အဓိက လို့ခံယူထားတယ်
ကလပ်စစ်တွေ မော်ဒန်တွေ ကို
ဒီကဗျာဆရာ သိပ်နားမလည်ပါ
စိတ်ကူးနဲ့ခံစားချက်ကိုတော့
စာသားအဖြစ် ကောင်းကောင်းပြောင်းတတ်တယ်
လေးချိုး ရေးရေး ဒွေးချိုး ရေးရေး
စေတနာမပါတဲ့ ကဗျာဆရာဟာ
ခွေး ဖြစ်မှာ အသေအချာပါပဲ . . .
ကဗျာရေးတတ်ပေမယ့်
ကဗျာမရွတ်တတ်ပါ
မရွတ်တတ်ဘူးဆိုတာထက်
သူများတကာ ရွတ်ပုံနဲ့ ဒီကဗျာဆရာရွတ်ပုံနဲ့မတူ
အဲ့ဒါထက်ပိုဆိုးတာက
ကိုယ်ရေးတဲ့ကဗျာကို ကိုယ်ရွတ်တိုင်း
အူတူတူ ဖြစ်ဖြစ်ကျန်ခဲ့တယ်
အပြင်းစားမော်ဒန်လို့ ဆိုကြတဲ့
နိမိတ်ပြ ခေတ်ရှေ့ပြေးကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသလို . . .
သေချာတာကတော့
ကဗျာရေးတယ်ဆိုတာ ရင်ဘတ်နဲ့ဦးနှောက်ပေါင်းစပ်ချိန်ရောက်တဲ့အခါ
ရေးပြီးရုံနဲ့မပြီး . . .
--
Nay Myo Zin's
ပြောမထွက်တဲ့ စကား...
မနက် ရ နာရီခွဲကျော်ကျော်ဘဲ၇ှိသေးသည် ကိုစံရိုးတို့အိမ်မှာ ရန်ဖြစ်နေကြပြီ။ ကိုစံရိုးက အရက်မူးပြီး အိမ်ကိုပြန်လာသည်။ တညလုံးမူးနေတာ ဘယ်နေရာမှာမူးတာလဲတော့ မသိဘူး။ မနက်အစောကြီးမှ အိမ်ကိုပြန်ေ၇ာက်တော့သည်။ တအိမ်လုံးက ကိုစံရိုးကို မကြည်ဖြူကြ။ ကိုစံရိုးမှာ သားသမီး ၃ယောက်ရှိသည်။ အကြီးဆုံးသားသည် ကုမ္မဏီမှ ၀န်ထမ်း။ အလတ်မနှင့် အငယ်မက တက္ကသိုလ်ကျောင်းသူကြီးတွေ။ ကိုစံ၇ိုးက ဓါတ်ဆီတိုင်မှာ ပန့်ကိုင်တဲ့ အလုပ်လုပ်သည်။ ဓါတ်ဆီ ဆိုင်တွေကို ပု၈္ဂလိက လွဲလိုက်တော့ ကိုစံရိုး အလုပ်ပြုတ်တော့သည်။ အလုပ်လက်မဲ့ ဖြစ်နေတာ ၂လလောက်ရှိပြီ။ ၀င်ငွေမရှိတဲ့ ဖခင်ဆိုတော့ အိမ်နှင့် သိပ်ပြီ အဆင်မပြေ။ အရက်သောက်တဲံ အကျင့်ကလည်း ပျောက်လို့မ၇။
``အဖေ...ခင်ဗျားဗျာ...အရက်သောက်၇င်အိမ်ပြန်မလာနဲ့´´
``အဖေနော်... သမီးတို့က ၇ှက်တယ်။ အဖေအရက်သောက်နေရင် သမီးတိုနဲ့ မနေနဲ့´´
``ကိုစံရိုး..ရှင့်မျက်နှာ ကျမ မကြည့်ချင်ဘူး ရှင်က အလုပ်လည်းမရှိ။ ၀င်ငွေလည်းမ၇ှိ။ အရက်ကလည်း သောက်လိုက်သေးတယ်။ ကျမတို့ မိသားစု ကို ဒုက္ခ္ခ္ခ မပေးပါနဲ့´´
ကိုစံရိုးက နာမည်နှင့်လိုက်အောင် ရိုးသည်။ အေးသည်။ ရတဲ့ ၀င်ငွေနှင့် မိသားစုကို လုပ်ကိုင်ကျွေးမွေးသူဖြစ်သည်။ ဒါပေမယ့် အခုတော့ အလုပ်လက်မဲ့ဖြစ်နေပြီ။ သူ့လုပ်အားနှင့် သူ့ချွေးနှင့် သူ့မိသားစုကို ချစ်နေသူဖြစ်သည်။ ခုတော့ တအိမ်လုံးက သူ့ကို မကြည်ဖြူကြ။ မနေ့က ည ကိုစံရိုး ကျနော့အိမ်ကိုေ၇ာက်လာသည်။
``ကိုစံ၇ိုး...အရက်တွေသောက်နေတယ်ဆို´´
``ဟုတ်တယ်´´
``ဘာဖြစ်လို့လဲဗျာ... မနက် မနက်ဆိုရင် ခင်ဗျားတို့ အိမ်က ကျက်သေ၇မရှိဘူး။ အော်ကြ ဟစ်ကြ ငိုကြ ယိုကြနဲ့။´´
``ကျုပ်က သောက်ချင်လို့ သောက်တာမဟုတ်ဘူး ကျုပ်ကို ကျုပ်သားသမီး တွေက နားမလည်လို့ ကျုပ်မိန်းမက ကျုပ်ကို ကိုယ်ချင်းစာစိတ်မရှိလို့ စိတ်ညစ်ပြီး သောက်တာ အလုပ်ကလည်း ရှာလို့မရဘူး´´
``ဒီနေ့တော့ ခင်ဗျား မသောက်ပါလားဗျ။´´
``ဟုတ်တယ် ကျုပ် ခင်ဗျားနဲ့ စကားပြောချင်လို့ မသောက်ဘဲလာခဲ့တာ။ အရက်သောက်ထားတဲ့ ပါးစပ်နဲ့ ပြောရင် ကျုပ်စကားတွေ တန်ဖိုးမဲ့ မှာစိုးလို့ပါ´´
ဒီလိုနှင့် အိမ်ေ၇ှ့က စိန်ပန်းပင်ကြီးအောက်မှာ စကားတွေပြောဖြစ်ကြတော့သည်။ ´´ကျုပ်တို့ ဖခင်တွေက သားသမီးတွေကို ဘယ်တော့မှ ပြောမထွက်တဲ့ စကားရှိတယ်။ ကျုပ်ပြောပြမယ်´´ ကိုစံရိုးပြောတဲ့ စကားတွေက သားသမီးတွေအတွက် မှတ်သားထိုက်သည်။ သူ့ရင်ဘတ်ကြီးနှင့် ရင်းရ်ျ ပြောသည့် စကားများဖြစ်သည်။ သူသည် ၈တန်း မျှသာ ကျောင်းနေဖူးသူဖြစ်သည်။ သို့သော် ဖခင်တယောက်ဋ္ဌ် ခံစားချက်နှင့် မေတ္တာတရားသည် အားလုံးတူတူ ပင်ဖြစ်မည်ဟု ကျနော်ထင်သည်။ သူ့စကားများ ကျနော်ရင်နှင့်အမျှ ခံစားခဲ့ရသည်။ သူပြောတာတွေကို ကျနော် ကတဆင့်ဖောက်သည်ချပြသူသာဖြစ်သည်။
``သားသမီးတွေအိမ်ပြန်လာတိုင်း ကျုပ်က ဧည့်ခန်းထဲမှာထိုင်နေတယ်။ သူ့အမေကို မမြင်တော့ အမေေ၇ာလို့ မေးကြတယ်။ သူ့အမေငုတ်တုတ်ထိုင်နေတဲ့ အခါကျတော့ အဖေေ၇ာလို့ မမေးကြဘူး ကျုပ်ခံစားရတယ်ဗျာ´´
xxx xxx xxx xxx xxxx
``မတွေးမိကြလို့ပါ။ သားသမီးတွေကကျောင်းလိုက်ပို့ပေးတဲ့ သူတို့အမေကိုတော့ ချစ်လိုက်ကြတာ။ ကျုပ်ကကျောင်းကိုလိုက်မပို့ပေးနိုင်ဘူး...ဒီတော့ သူတို့ကို မချစ်ဘူးလို့ထင်နေကြေ၇ားး ကျုပ်ကလည်း အလုပ်ကို အစောကြီးသွားရတယ်လေ။ ဘယ်လိုလုပ်ပြီး ပို့ချိန်ရမှာလဲ။ ဒီတော့ ကျုပ်ပြောချင်တယ် ။ ဒီမယ်....သားတို့ သမီးတို့ မင်းတို့ကျောင်းသွားဖို့စီးနေတဲ့ စက်ဘီးက ဒီကောင်ကြီး ၀ယ်ပေးတာပါ။ ခက်တယ်ဗျာ။ မကြည့်တတ် မမြင်တတ်တဲ့သူတွေကို ကြည့်တတ်မြင်တတ်အောင်ပြောရတာ ကိုယ်ရည်သွေးသလိုဖြစ်ဖြစ်နေတယ် သူတို့ကို မပြောချင်ဘူးဗျာ။ ´´
xxx xxx xxx xxx xxx
``ဒီမယ် သေချာစဉ်းစားကြည့်ကြစမ်းပါ။ သားသမီးတွေရဲ့ ပါးစပ်ထဲကို ထမ်းခွံ့ကျွေးတဲ့ အမေ။ ထမင်းပန်ကန်ထဲကို ထမ်းခူးပေးတဲ့ အမေ။ မီးဖိုချောင်ထဲက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ အမေ။ သူတို့အမေကိုတော့ သူတို့ချစ်လိုက်ကြတာ။ ချစ်ကြမှာပေါ့ သူတို့အမေ အလုပ်လုပ်နေတာကို မြင်ရတာကိုး။ အဲဒီထမင်းတွေဖြစ်လာဖို့ ကျုပ်တို့ဘယ်လောက်ထိသူတို့ ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့မတွေးမိဘူးဗျ။ ကျုပ်တို့ ဖခင်တွေက ယောကျားသားတွေပါ။ မာနရှိတယ်။ သတ္တိရှိတယ်။ မဟုတ်ရင်မ ခံဘူးဒါပေမယ့် သားကျွေးမှု မယားကျွေးမှု အတွက် ကျုပ်တို့ရဲ့ အလုပ်ရှင်က ကျုပ်တို့အပေါ်မှာ ဘယ်လိုဆက်ဆံ ဆက်ဆံ ဘယ်လို ဗိုလ်ကျကျ သားသမီးတွေရဲ့ မျက်နှာကို ငဲ့ပြီး ယောက်ျားမာနကို ချိုးနှိမ်ခဲ့တယ်။ ယောကျာ်းသတ္တိ ကိုမျိုချထားရတယ်ဗျ။ ကျုပ်လည်း ကျုပ်သားသမီးတွေကို ချစ်တာပေါ့။ သူတို့အမေချစ်တာထက် မလျော့ဘူး ပိုရင်သာပိုမယ်။ ဒါပေမယ့် ကျုပ်တို့လို အဖေတွေရဲ့ အချစ်ကို ဘယ်သားသမီးကမှ မခံစားတတ်ပါဘူးဗျာ´´
xxx xxx xxx xxx xxx
``သားသမီးဆိုတာ ရေချိုးပေးတဲ့ အမေကို သာချစ်တတ်ကြတာပါဗျာ။ စဥ့်အိုးထဲ ရေအပြည့်ထည့်ထမ်းပေးထားတဲ့ ကျုပ်တို့ဖခင်တွေကိုတော့ ချစ်ရကောင်းမှန်းမသိကြပါဘူး။ သူတို့ အမေကလည်း သင်မပေးဘူးဗျ၊။´´
xxx xxx xxx xxx xxx
``ဒီလိုဘဲ သရက်သီးခူးကျွေးတဲ့သူတို့အမေကိုတော့ ကျေးဇူးတင်လိုက်ကြတာ။ ချစ်လိုက်ကြတာ။ ဒီသရက်ပင်ကို မိုးထဲလေထဲ ရွံ့ထဲ ဗါက်ထဲမှာ အအေးမိခံပြီး စိုက်ပျိုးပေးခဲ့တဲ့ ကျုပ်တို့လို ဖခင်တွေရဲ့ နှလုံးသားကိုတော့ နားမလည်ကြဘူး မမြင်ကြဘူး မြင်တတ်အောင် အမေကလည်း မပြောကြဘူး´´
xxx xxx xxx xxx xxx
`` သားသမီးဆိုတာ သူတို့ အမေရဲ့ နို့ဖိုးကိုသာမြင်လွယ်ကြတာပါဗျာ။ ကျုပ်...ချွေးဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ တသက်လုံးစို့နေတဲ့ ချွေးကို နို့လောက်မချိုမြိန်ဘူးလို့ ထင်တတ်ကြတယ်ဗျာ။´´
`` သားသမီးဆိုတာ သူတို့ အမေရဲ့ နို့ဖိုးကိုသာမြင်လွယ်ကြတာပါဗျာ။ ကျုပ်...ချွေးဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ တသက်လုံးစို့နေတဲ့ ချွေးကို နို့လောက်မချိုမြိန်ဘူးလို့ ထင်တတ်ကြတယ်ဗျာ။´´
xxx xxx xxx xxx xxx
``ထီးမိုးပေးတဲ့ အမေ့ရဲ့မေတ္တာကိုတော့ ချက်ချင်းသိတတ်လိုက်ကြတာ။ လုံခြုံနွေးထွေးတဲ့ ဘ၀ကို ဖန်တီးပေးနေတဲ့ ဖခင်တစ်ယောက်၇ဲ့ ချစ်ခြင်းနဲ့ မေတ္တာကိုတော့ မသိကြ၊ မမြင်ကြဘူး။ ၀မ်းနည်းတယ်ဗျာ...´´
``သားသမီးတွေက ခက်တယ်ဗျ။ သောက်ရေအိုးထဲက ရေအေးအေးကို ခပ်ပြီးတိုက်တဲ့ အမေ့ကို တော့ ချစ်ကြတယ်။ အဲဒီေုသာက်ရေအိုးကို ရေအပြည့် ဖြည့်ပေးထားတာ ကျုပ်တို့ အဖေတွေပါဗျ။ ဒီလို ပြောရမှာရှက်တယ်ဗျာ။ ဘယ်သားသမီးကိုမှ ကျုပ်တို့အဖေတွေက ဒီလိုကြီး မပြောချင်ဘူး´´
``ပန်းပန်ပေးတဲ့ မိခင်ရဲ့ အချစ်ကို သာ ခံစားတတ်ကြတာပါ။ ပန်းပင်ကို ပျိုးပြီး ပန်းကလေးတွေ ပွင့်လာအောင်ေ၇လောင်းပေါင်းသင်းပေးနေတဲ့ ကျူပ်တို့လို ဖခင်တွေရဲ့ အချစ်ကိုတော့ သူတို့လေးတွေ မခံစားတတ်ကြပါဘူး။ သိစေချင်တယ်ဗျာ´´
xxx xxx xxx xxx xxx
``သားသမီးတွေက ခက်တယ်ဗျ။ သောက်ရေအိုးထဲက ရေအေးအေးကို ခပ်ပြီးတိုက်တဲ့ အမေ့ကို တော့ ချစ်ကြတယ်။ အဲဒီေုသာက်ရေအိုးကို ရေအပြည့် ဖြည့်ပေးထားတာ ကျုပ်တို့ အဖေတွေပါဗျ။ ဒီလို ပြောရမှာရှက်တယ်ဗျာ။ ဘယ်သားသမီးကိုမှ ကျုပ်တို့အဖေတွေက ဒီလိုကြီး မပြောချင်ဘူး´´
xxx xxx xxx xxx
``ပန်းပန်ပေးတဲ့ မိခင်ရဲ့ အချစ်ကို သာ ခံစားတတ်ကြတာပါ။ ပန်းပင်ကို ပျိုးပြီး ပန်းကလေးတွေ ပွင့်လာအောင်ေ၇လောင်းပေါင်းသင်းပေးနေတဲ့ ကျူပ်တို့လို ဖခင်တွေရဲ့ အချစ်ကိုတော့ သူတို့လေးတွေ မခံစားတတ်ကြပါဘူး။ သိစေချင်တယ်ဗျာ´´
xxx xxx xxx xxx
``ဘီယာတစ်ခွက် အရက်တပတ်နဲ့ ကျုပ်ရဲ့ မေတ္တာကို တန်ဖိုးမဲ့သွားအောင် ကျုပ်မိန်းမက သားသမီးတွေကို သွေးထိုးပေးတတ်တယ်ဗျ။ ကျုပ်မှာလည်း အပေါင်း နဲ့ အသင်းနဲ့။ တစ်ခါတလေလည်း အလိုက်အထိုက်ဆိုတာ ရှိတာပေါ့။ ကျုပ်ဘာဘဲလုပ်လုပ် ကျုပ်သားသမီးနဲ့ ကျုပ်မိန်းမအတွက် စဉ်းစားခဲ့တာချည်းပဲ။ သူတို့က ဒါတွေထည့်ပြီး မတွက်ကြပါဘူးဗျာ။ အိမ်ရှင်မ တွေက သူတို့ ပြောချင်တဲ့ သားသမီးတွေကို တိုက်ရိုက်မပြောဘူးဗျ။ သားသမီးတွေကို သွေးထိုးပေးတယ်။ သားသမီးတွေက တဆင့် ပြောခိုင်းတယ်။ ဒီလိုနဲံ သားသမီးတွေက ကျုပ်ကို မုန်းသွားကြေ၇ာ။ မုန်းအောင်သင်ပေးနေတာတော့မဟုတ်ဘူး။ မချစ်တတ်အောင် သင်ပေးသလိုဖြစ်နေတော့တယ် ´´
xxx xxx xxx xxx
မိကောင်းဖခင်``မိကောင်းဖခင်ဆိုတဲ့ စကားကို အိမ်က မိန်းမတွေသဘောပေါက်သင့်တယ်။ မြန်မာစကားက အဓိပ္မါယ်လေးနက်တယ်။ မိကောင်းဖခင်ဆိုတာ အမိကောင်းမှ အဖကို ခင်တယ် လို့ဆိုတယ်။ အဖကို မခင်တွယ်တဲ့ သားသမီးဖြစ်နေရှု အဲဒီသားသမီးရဲ့ မိခင် မကောင်းလို့ပဲ။ အခု ကျုပ်သားသမီးတွေက ကျုပ်ကို ချစ်ရကောင်းမှန်းမသိကြဘူး။ အမိ မကောင်းတော့ အဖကို မခင်ဘူး။ မချစ်ဘူးပေါ့ ဗျာ။ ကျုပ်လည်း ကျုပ်သားသမီးတွေရဲ့ အချစ်ကို ခံချင်တာပါပဲဗျ´´
xxx xxx xxx xxx
`ကိုစံရိုး´ ပြောချင်တာ ပြောခွင့်ရလို့ ကျေနပ်သွားရှာသည်။ သူပြောတဲ့ စကားတွေဟာ ကျနော်ပြောချင်နေတဲ့ စကားတွေပါပဲ။ အိမ်ရှင်မတွေ၊ သားသမီးတွေ ဖတ်မိကြပါစေလို့သာ...
ဦးဘုန်း(ဓါတု)
Posted: 25 Apr 2012 11:24 PM PDT
လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ်.. ဒင်းတိုရဲ့ သဘောသဘာဝပဲလို့ ဆိုရမလားပဲ..။ လောလောဆယ်တော့ အဖွဲ့ချုပ် လွှတ်တော် တက်ရေး မတက်ရေး သတင်းအခြေအနေတွေ လိုက်လံမေးမြန်း စုံစမ်း၊ ကိုယ့်ထက်နားလည်တဲ့ တတ်ကျွမ်းတဲ့သူတွေ ရေးသားနေတာတွေပဲ လိုက်ဖတ်ဖြစ်၊ နားထောင်ဖြစ်နေပါတယ်...။ မြင်နေမိတာကတော့ ၂၀၁၂ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီ ခွက်ခွက်လန် ရှုံးတော့ ဘယ်သူကြောင့် ဘယ်ဝါ့ကြောင့် မီဒီယာအားနည်းလို့ ကြောင့် ဘာကြောင့်၊ ညာကြောင့် အကြောင်းပေါင...်းစုံကို ဖြေရှင်းလိုက်ရတာအမောပေါ့။ ယခုထက်ထိ မိမိအခြေအနေမှန်ကို မသုံးသပ် နိုင်သေးတာကတော့ မြင်တဲ့အတိုင်းပေါ့။ အဖွဲ့ချုပ် လွှတ်တော်တတ်နိုင်ရေး အတွက် မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာလည်း ကြံ့ဖွံ့အမတ်တွေ ငါ့စကားနွားရ အငြိုးအတေး ကြီးစွာ ပြောဆို ချေပနေတာကတော့ ကစားပွဲမှာ ရှုံးတဲ့ ကလေးတွေလို ရှုံးမဲမဲနေတာကို ကြည့်နေရသလိုပါပဲ။
မှတ်မိကြဦးမှာပါ.. ယခုနှစ် လွတ်လပ်ရေးနေ့ အခါသမယက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုပြီး အားလုံးက မျှော်လင့်ချက်တကြီးနဲ့ စောင့်စားနေကြတဲ့ အချိန်၊ အမှတ်ယူရမယ့်အချိန်မှာ အမှတ်မယူပဲ လွတ်မပေးတော့ မြို့မေတ္တာခံယူပြီး အားလုံး မေတ္တာပို့လိုက် ကြတာ ကမ်းကုန်ပေါ့။ မြို့မေတ္တာခံယူပြီး နောက်တပတ်ကျော် အကြာမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးလိုက်ရတာပဲလေ။ ဒီလိုပဲ မြို့မေတ္တာ မခံယူရရင် စားမဝင် အိပ်မပျော်များ ဖြစ်နေသလားပဲ...။ ထိုနည်းတူ KNUက ဖဒိုမန်းငြိမ်းမောင် ကိစ္စမှာလည်း ကတိကဝက်တွေ ပေးပြီး ပြန်လွှတ်မယ် လုပ်ပြီးမှ ဖမ်းပြ နှစ်ရှည်ထောင်ဒဏ်တွေ အမိန့်တွေချပြပေါ့။ ကရင်ပြည်သူတွေ ယုံကြည်မှုတွေ ပျက်ပြယ်သွားအောင် လုပ်နေလေသလား ထင်ရအောင် ကပြအသုံးတော်ခံပြီးမှ ပြန်လွတ်ပေးလိုက်တာလည်း မှတ်မိဦးမှာပါ..။
ယခုလည်း အဖွဲ့ချုပ် လွှတ်တော် တက်ရောက်နိုင်ဖို့ စာသားပြင်ဆင်နိုင်ရေးအတွက် ပြည်သူတွေ အင်မတန်မှ မျှော်လင့်တောင့်တနေတဲ့ ဒီလိုအချိန်မှာ သဘောထားကြီးကြီးနဲ့ လုပ်ဆောင်ပြ၊ အမှတ်ယူပြမယ်ဆိုရင် မုန့်ဟင်းခါးကျွေး၊ လမ်းခင်းပေးစရာ မလိုအောင် ထောက်ခံမှုရဦးမှာပါ.. ခုတော့ ထပ်ပြီး လူထုမေတ္တာ တမင်ခံယူနေပြန် ပါရောလား။ ထို့အတူ ကြံ့ဖွံ့အမတ်တွေလည်း မီဒီယာမှာ လူကြမ်းအဖြစ် တဦးနဲ့ တဦး မရိုးရအောင် ကပြ အသုံးတော်ခံနေလေရဲ့။ နိုင်ငံတကာနဲ့ ကမ္ဘာကို ကတိကဝက်တွေ ပေးထားပြီးသားပါ...။ ရှေ့တိုးဘို့သာ လုပ်ဆောင်ရမှာပါ...။ အကြွေးတွေလည်း လျှော်ပစ်နိုင်ခဲ့ပြီလေ။ နောက်ဆုံးမှာတော့ လူကြမ်းတွေကြားမှာ သမ္မတဦးသိန်းစိန် မင်းသားအဖြစ် အကယ်ဒမီယူမယ့် အခန်းကတော့ မကြာမှီ ရောက်ရှိလာတော့မှာ မလွှဲမသွေပါပဲဗျာ...။
လွမ်းခန်းတွေ ရောက်ရင် USDP မျက်ရည်ဝဲမယ်..
(ရှုထောင့် တခုကနေ မြင်တာလေးကို ရေးမိပါတယ်...)
ဒီမိုဝေယံ
|
Posted: 25 Apr 2012 10:53 AM PDT
by Maung Wuntha on Thursday, April 26, 2012 at 1:31am
ဒီချုပ်အမတ်များ အနေနဲ့ ကတိသစ္စာပြုရတဲ့ စာသားကို ပြင်မနေဘဲ လွှတ်တော်ထဲဝင်ကြဖို့ စာရေးဆရာမောင်ဝံသက ပြောကြားတယ်လို့ ၂၅ ဧပြီ DVB ရုပ်သံသတင်းမှာ သတင်းကြေညာသူ ကိုသန်းဝင်းထွဋ်က ကြေညာသွားပါတယ်။
မောင်ဝံသက ဘယ်သတင်းထောက်ကို ဘယ်နေ့က ဘယ်နေရာမှာ ပြောတယ်ဆိုတာလဲ လုံးဝမပါဘဲ ဗလာချီကြေညာသွားတာ ဖြစ်ပါတယ်။ ကျွန်တော် DVB ကိုရော တစ်ခြား ဘယ်သတင်းဌာနကိုမှ အဲသလို လုံးဝမပြောခဲ့ပါ။ ဘာကြောင့်ခုလို ဗလာချီ သတင်းကြေညာသွားတယ်ဆိုတာကို ကျွန်တော် နားမလည်ပါ။ တကယ်က ကျွန်တော့် face book မှာပဲ ၂၄ ဧပြီညက ရေးတင်လိုက်တာပါ။ ထောက်ခံသူ မထောက်ခံသူ ထင်မြင်ချက်ရေးသူတွေ အတော်များပါတယ်။ ကျွန်တော်ရေးတဲ့ထဲမှာ DVB လိုရာဆွဲ ပြောသွားသလို ဒီချုပ်တွေ လွှတ်တော်ထဲ ဒီအတိုင်းဝင်သွားဖို့ဆိုတာမျိုး လုံးဝမပါပါ။ ရွေးချယ်စရာနည်းလမ်းတွေကို အောက်ပါအတိုင်း ရေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ သတင်းသမားချင်း စာနာထောက်ထားတယ်ဆိုရင် DVB အနေနဲ့ ကျွန်တော့်အာဘော်အမှန်ကို ပြင်ဆင်ချက်အဖြစ် ပြန်လည် လွှင့်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။
(မောင်ဝံသ) ကျွန်တော်ရေးခဲ့တဲ့ စာသားတွေ Face book မှာ ရှိနေတုန်းပါ။ လိမ်လို့ မရပါဘူး။
အောက်ပါအတိုင်း ဖြစ်ပါတယ်။ နှစ်ဘက်စလုံးက တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စပါ။
(၁) ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမယ်ဆိုတာကို လေးစားလိုက်နာပါမယ်ဆိုတဲ့ စကားရပ်နဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ ဒီတော့ ဒီစကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ပေးမယ်ဆိုရင် ကန့်ကွက်မည့်သူ မရှိတန်ပါဘူး။ ဆိုလိုတာက ဒီစကားရပ် ပြင်ဆင်ပေးရေးကို အစိုးရက လက်ခံထားပြီးသားဖြစ်ပါတယ်။
(၂) သို့သော် အခြေခံဥပဒေမှာ ကတိသစ္စာပြု စာသားကို ပြင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ သူတို့လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ၂၀%က အဆိုပြု၊ ၇၅%ကထောက်ခံ၊ ပြင်ဆင်ချက်ကို အတည်ပြု။ (ဒီချုပ်မ၀င်လာခင် ပြင်ပေးပြီး ကြိုဆိုတဲ့နည်း။)
(၃) ဒီချုပ်တွေ မ၀င်လာခင် အဲသလို ပြင်ဆင်ပေးပြီး ကြိုဆိုလိုက်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တစ်ရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင်အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတစ်ခု ဖြစ်လာမှာပါ။
(၄) အဲသလို မလုပ်ချင်ဘူးဆိုရင်လည်း နိုင်ငံတော်သမ္မတကဖြစ်စေ၊ လွှတ်တော်ဥက္ကဌများကဖြစ်စေ၊ ဒီချုပ်အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက်တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျွန်တော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်။ (ပြင်ဆင်ရေးကတိပေးပြီး ၀င်လာစေတဲ့နည်း။)
(၅) ယနေ့တိုင်းပြည်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ နောက်ကြောင်းပြန်မလှည့်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နှစ် ၂၀ ကျော် ကြုံခဲ့ကြပြီပဲ။ နောက်ဆုံးတော့ တိုင်းပြည်ပဲ နာရတာပါ။ ပြီးခဲ့တဲ့ အပတ်က Messenger ဂျာနယ်မှာ ``အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးမျိုးနဲ့ သွားကြမှာလဲ´´ခေါင်းစဉ်နဲ့ ကျွန်တော် ဆောင်းပါးရေးခဲ့ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားက မြေဇာပင် ပြည်သူတွေပဲ နစ်နာရမယ်ဆိုတဲ့ အမြင်ကနေ ရေးခဲ့တာပါ။ အခု စာသားပြင်ရေး ပြသနာ မပေါ်ခင် စောစောကတည်းက ၁၃၊ ၄၊ ၂၀၁၂ရက်စွဲနဲ့ အဲဒီရှုထောင့်က စိုးရိမ်ပြီး ရေးခဲ့တာပါ။
ဆရာမောင်ဝံသ ဖေ့စ်ဘွတ်ခ်မှ..
|
Posted: 25 Apr 2012 09:04 AM PDT
ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ၀ါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ရှိ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်၌ အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပိတ်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ယင်းနေအိမ်သည် အရက်ပုလင်းများ၊ အရက်ဆီပေပါများ၊ နိုင်ငံခြားဖြစ် အရက်များကို လှောင်ထားသော နေအိမ် ဖြစ်ပါသည်။
ထိုအိမ်မှ မီးစတင် လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားချိန်မှာ ညနေ (၆) နာရီ (၁၀) မိနစ်ခန့် တွင် လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုတွင် အနီးနားပတ်ဝန်းကျင်မှ အိမ်ခြေ (၈) လုံးနှင့် သင်္ဘောဆိပ်ဟောင်း ဆိုင်ခန်း (၁၁) ခန်း လောင်ကျွမ်းသွားရာ ည (၁၀) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီမှ မီးလောင်နေသည်ကို ကိုဝင်းဦး (ခ) ကိုစာကလေးမှ မီးလောင်မှုဖြစ်ပွားရာတွင် ၀င်ရောက် ငြိမ်းသတ်ခဲ့ပါသည်။ မီးငြိမ်းသတ် ပေးရာတွင် ကူညီခဲ့သော ကိုဝင်းဦး(ခ) ကိုစာကလေးသည် ၎င်းဘေးနားတွင် ရှိသော အရက်ဆီပေပါမှ မီးစွဲလောင်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။ ကိုဝင်းဦး(ခ) ကိုစာကလေးအား ၀ါးခယ်မမြို့ နယ်ဆေးရုံတွင် လေးရက် ကုသခဲ့သော်လည်း ဒဏ်ရာမသက်သာ၍ ပုသိမ်မှ နာရေးကူညီမှုကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားခဲ့ပါသည်။
ယခုအခါ ကိုဝင်းဦး (ခ) ကိုစာကလေးသည် ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်လူနာဌာန အမှတ် (၅၊၆)၊ အခန်း (၉)၊ အခန်း (၁၀) တွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရပါသည်။ မီးလောင်ရာမှာ ဝင်ရောက် ကူညီငြိမ်းသတ်ခဲ့တဲ့ ကိုဝင်းဦးအား ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်မှ တာဝန်ယူကုသပေးခြင်း မရှိသေးပါ။ ထိုသို့ မီးလောင်သွားခဲ့သော်လည်း ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေး၊ တိုက်နယ်စခန်းမှုးတို့မှ အစ မီးစတင် လောင်ကျွမ်းခဲ့သော နေအိမ်မှ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်အား အရေးယူခြင်းမျိုးကို မရှိခဲ့ပါ။ မီးလောင်ကျွမ်းခြင်း ခံခဲ့ရသော နေအိမ်များမှ ကျိတ်မနိုင် ခဲမရ ဖြစ်ခဲ့ရပါသည်။ ထို့ အတူ ၀ိုင်းဝန်းကူညီသူ ထိခိုက်ဒဏ်ရာ ရရှိမှုအားလည်း မီးလောင်ကျွမ်းရမှု တရားခံဖြစ်သူ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်နှင့် သက်ဆိုင်ရာမှ တာဝန်ယူ ဆေးကုသပေးခြင်း မပြု လျစ်လျူရှုနေမှုသည်လည်း မတရားသောလုပ်ရပ် ဖြစ်ပါသည်။ အရက်သိုလှောင်ရောင်းချ စီးပွားရေးရှင် ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်နှင့် ငွေကြေးရယူကာ မီးလောင်မှုအား လုံးဝအရေးယူခြင်း မရှိဘဲ နှုတ်ပိတ်နေသော ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေး၊ ရွှေလောင်း တိုက်နယ်စခန်းမှုးတို့၏ လုပ်ရပ်အားလည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမ္မတကြီးများ သိရှိစေရန် တိုင်ကြားအပ်ပါသည်။
မီးလောင်ကျွမ်းခြင်းခံခဲ့ရသော ပြည်သူများ၊
(ရွှေလောင်းတိုက်နယ်၊၀ါးခယ်မမြို့ နယ်)။
|
Posted: 25 Apr 2012 08:37 AM PDT
BG သွေးအကူအညီ ပေးရေးနှင့် ပညာဒါနကျောင်းသို့ ကွန်ပြူတာတစ်စုံ လာရောက်လှူဒါန်းပေးသော ကိုတင်ထက်ကိုကို(USA)နှင့် မနော်လေးရီတို့အား BG ပညာဒါနကျောင်းမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအပ်ပါသည်။
သင်္ကြန်တွင်း ဖျော်ဖြေပေးခဲ့သော BG အလှပြယာဉ်နှင့် ဖျော်ဖြေရေးအဖွဲ့အား အလှူငွေ 50,000 ကျပ်တိတိ လှူဒါန်းပေးခဲ့သော အန်တီဒေါ်စုစုကြည်နှင့် ရုံးသူရုံးသားများအား BG ပညာဒါနကျောင်းမှ ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ဂုဏ်ပြုအပ်ပါသည်။
BG သွေးအကူအညီ ပေးရေးအဖွဲ့..
|
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
Posted: 24 Apr 2012 09:58 AM PDT
ကလေးမြို့ Over Sea ဖုန်းဆိုင်မှ ပြည်သူများအား နှစ်သိန်းတန် ဖုန်းများအား လိမ်လည် ရောင်းချနေခြင်း
အကြောင်းအရာမှာ ကလေးမြို့နယ်တွင် နှစ်သိန်းတန်ဖုန်းများရောင်းချရာမှာ ကလေးမျြို့တွင်သာရပြီး နယ်များအသုံးပြု၍ မရသည်ကို ကလေးမြို့ရှိ Over Sea ဖုန်းအရောင်းဆိုင်မှ မသိနားမလည်သူ ပြည်သူများအား အသုံးပြုလို့ ကြောင်း ပြောဆို ရောင်းချနေပါသည်။ ယခုအချိန်မှာ ကလေးမြို့တွင်သာ အသုံးပြုလိုရပြီး ကျန်မြို့နယ်များအား အသုံးပြု ဆက်သွယ်၍ မရပါ။ သို့ပါသော်လည်း Over Sea ဆိုင်မှ အသုံးပြု၍ ရကြောင်း လိမ်ညာပြီး ရောင်းချနေတာကို ဆရာတို့ အနေဖြင့် သတင်းဌာနများအား ပေးပို့ပြီး ကြေညာပေးစေလိုပါသည်။ ကလေးမြို့မှ အပ အားလုံးသော ပြည်သူများဖုန်း ဆယ်သွယ်မရတဲ့ အတွက်ကြောင့်အတိ ဒုက္ခရောက်နေကြပါသည်..။ ထို့အတွက်ကြောင့် သတင်းဋ္ဌာနများမှ မေးမြန်း တင်ပြပေးပါရန် အသိပေးအပ်ပါသည်..။
ကလေးက ဖုန်းကိုင်ပြီး ဖုန်းဆက်မရတဲ့ ကလေးမြို့သား
အကာအကွယ် မဲ့နေသော မြ၀တီမြို့ ရွှေမြန်မာမော်တော်ယာဉ်အသင်း
လွန်ခဲ့သော မြန်မာ နှစ်ဆန်း(၂)ရက်နေ့ (၁၈-၄-၂၀၁၂)ရက်နေ့မှ စကာ မြ၀တီ-မဲဆောက် သွားလာနေသော ရွှေမြန်မာမော်တော်ယာဉ်နှင့် ကလို့ထူးပေါ မော်တော်ယာဉ်များကို မဲဆောက်မြို့ အတွင်းမလာရန် မဲဆောက်မော်တော်ယဉ်အဖွဲ့မှ လိုက်လံ တားမြစ်ပိတ်ပင်လိုက်ပါသည်။ မြ၀တီက သွားသော မော်တော်ကားများကို မဲဆောက်မြို့အတွင်း မရပ်နားရန် မဲဆောက်ကားသမားများက အုပ်စုဖွဲ့၍ ဒါး၊ ဒုတ် နှင့် လက်နက်များ ကိုင်ဆောင်ကာ မြန်မာမော်တော်များကို ခြိမ်းခြောက်လျှက်ရှိနေပါသည်။ (၂၀-၄-၂၀၁၂)ရက်နေ့ကပင် မဲဆောက်မြို့အတွင်း ထိုင်းနှင့်မြန်မာ ယဉ်မောင်းများ အခြေတင်ပြသနာဖြစ်ကာ ဒါးထောက်ခြင်းမှ စကာ ရိုက်ပွဲများဖြစ်ခဲ့ပါသည်။
မြ၀တီမှ မော်တော်ယဉ်များ မဲဆောက်ဖက် သွားရောက်ခြင်းကို မဲဆောက်ကားသမားများအဖွဲ့က စော်ကားမောင်းထုတ်နေသော်လည်း၊ မဲဆောက်ဖက်မှ ကုန်ကားများသည် ချစ်ကြည်ရေးတံတား ကျော်လွန်ကာ ကုန်သွယ်ရေးဇုန်အထိ ကားကြီးကားငယ် ကုန်ပစ္စည်းများ ပို့ဆောင်သွားလာနေသူကို ဘယ်သူမှ မလာနဲ့လို့ ပြောမည့်သူမရှိ ဖြစ်နေသလို ချစ်ကြည်ရေးတံတားမှ တာဝန်ကျနေသူတွေက ခွင့်ပြု လွှတ်ပေးနေလျှက်ရှိပါသည်။
တာဝန်ကျနေသော ၀န်ထမ်းများ အနေဖြင့် ကိုယ်နှင့်မဆိုင်သော်ငြားလည်း ထိုင်းလူမျိုးများက မြန်မာလူမျိုး များကို စော်ကားနေသည်ကို လျစ်လျှူမရှုသင့်ဘူးလို့ ထင်ပါသည်။ တိုင်းပြည်နဲ့လူမျိုးကို ချစ်သည့်စိတ်ဟာ ၀န်ထမ်းတွေမှာ ပို၍ပင်ပျင်း ပြမည်ဟု ထင်ပါသည်။ သာမာန် မြ၀တီပြည်သူ တစ်ဦးအနေဖြင့် မြန်မာဖက်က မော်တော်ကားသမားများကို စော်ကား အနိုင်ကျင့်နေတာကို မခံမရပ်နိုင်ဖြစ်နေသော်လည်း ချစ်ကြည်ရေးတံတားမှာ နေ့စဉ် တာဝန်ကျ ၀န်ထမ်းတွေဟာ မသိဟန်ဆောင် နေတာ တွေ့ရ၍ အလွန်ပင် ၀မ်းနည်းဖွယ် ကောင်းလှပါသည်။ ၄င်းဝန်ထမ်းတွေ မိန်းမထမီများ ၀တ်ထားဖို့ ကောင်းသည်ဟု စိတ်အတွင်းမှ တွေးထင်မိပါသည်။
၂၀၀၈-ခုနှစ်က ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ပါသည်။ မြန်မာအာဏာပိုင်မှ မြန်မာကားတွေ ထိုင်းဖက်လာတာ မကြိုက်ရင် ထိုင်းဖက်က ကားတွေ မြန်မာဖက်မလာနဲ့ ပိတ်တယ်ဆိုပြီး ပြတ်ပြတ်သားသား လုပ်လိုက်တဲ့အတွက် ထိုင်းအကျိုးစီးပွား အလွန်ထိခိုက်မည့်ဖြစ်လို့ ထိုင်းနယ်ခြားကော်မတီကနေ ပြန်လည်ညှိနှိုင်း အောက်ကျို့ခံခဲ့ရပါသည်။ ယခုတော့ မြန်မာဖက်က မော်တော်ကားသမားတွေဟာ အကာအကွယ်မဲ့ နေရတဲ့ အတွက် စိတ်မကောင်းဖြစ်မိသလို ထိုင်းဖက်က နိုင်ထက်စီးနင်း စော်ကားနေတာ တွေ့ရလို့ မခံမရပ်နိုင် ဖြစ်မိပါသည်။
ကြာလျှင် (၂)နိုင်ငံ ချစ်ကြည်ရေးဆိုတာလည်း အမှိုက်ကစကာ ပြသဒ်အထိမီးလောင် လာနိုင်ပါသည်။ မြ၀တီမှာ တာဝန်ကျတဲ့ ၀န်ထမ်းတွေ ဘာလုပ်နေလည်း သတ္တိနည်းနေပြီးလား။ ပါးစပ်အဆင်ပြေဖို့ တစ်ခုထည်း မကြည့်ပါနဲ့ ပြတ်ပြတ်သားသား ပြည်သူကို ကာကွယ်ပေးပါလို့ တိုက်တွန်းလိုပါသည်။
(မြ၀တီသားလေး)
ကြံ့ခိုင်ရေးပါတီမှ မရှိဆင်းရဲသားများအား ထုတ်ချေးမည့် ငွေများအား အလွှဲသုံးစား လုပ်နေခြင်း.
ရန်ကုန်တိုင်း ဖော့ကန်ရပ်ကွက်တွင်..
ကြံ့ခိုင်ရေးမှ ပြည်သူများအား ထုတ်ချေးမည့် ငွေများအား ကြံ့ခိုင်ဖွံ့ရေးမြို့နယ် အလုပ်အမှုဆောင် ဦးသန်းဇော်(သိန်း၇၀)၊ ဦးရဲထွဋ်မှ(၇၅သိန်း၊ ဖော့ကန်ရပ်ကွက် သူရလမ်းနေ မျှစ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သန်းအေးမှ(သိန်း၈၀) ယူထားပြီး။ ပါတီဝင်တွေကို(၅သိန်း)သာ ထုတ်ချေးထားပြီး ကျန်ငွေ များကိုသူ၏ မျှစ်လုပ်ငန်းမှာ အသုံးပြုနေပါသည်။ ၎င်းငွေများကို မြို့နယ်ပါတီဝင် အတွင်းရေးမှူးဦးတင့်လွင်မှ အတိုးနူန်းပိုရသည့်အတွက် တာဝန်ယူ ထုတ်ပေးခဲ့ပါသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ မရှိဆင်းရဲသား ပြည်သူများအတွက် ထုပ်ချေးခဲ့တာဖြစ်တယ်။ ၎င်းတို့ကိုယ်ကျိုးအတွက် ထုတ်ချေးတာမဟုတ်ပါဘူး။
၎င်းကြံ့ခိုင်းရေးတွင် အကြံပေး(၄)ဦးခန့်ထားသည်ဟုသိရပါသည်။ ၎င်းတို့မှာ 1. ဦးသိန်းဟန် 2. ဦးအောင်ဝင်း 3. ဦးမောင်မောင်နိုင် 4. ဦးလှဝင်း တို့ဖြစ်ကြပါသည်။ အဆိုပါ ကိစ္စအား အများသိစေရန် တင်ပြလိုက်ရပါတယ်.။
|
Posted: 24 Apr 2012 08:47 AM PDT
ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိဦးဆောင်၍ ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ကရုဏာ နာရေးကူညီမူအသင်းအတွက် လူနာတင်ယာဉ်တစ်စီးနှင့် နာရေးတင်ယာဉ်တစ်စီးတို့ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့ ပြီးခဲ့တဲ့ အပတ်က ပေးအပ် လှူဒါန်းခဲ့ပါသည်။ မင်းတပ်မြို့နယ်အတွင်း ဗုဒ္ဓဘာသာဝင်များရော၊ ခရစ်ယန်ဘာသာဝင်များပါ ၀မ်းသာနေကြပါတယ်။
သို့သော်လည်း ၎င်းယာဉ်နှစ်စီးကို လူမျိုးဘာသာမရွေး ကူညီနိုင်ရန်အတွက် ဆရာတော်ဘုရားကြီးမှ မင်းတပ်မြို့  ခရိုင်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူ ခွင့်ပြုချက်ရထားပြီး ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်းမှ လက်မခံသည့်အတွက် ဆရာတော်နှင့်တကွ ဒါယိကာ ဒါယိကာမများအားလုံး စိတ်မကောင်းဖြစ်နေကြရပါသည်။ ဆေးရုံမှ အခြားဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများအားလုံးလည်း အံ့သြ စိတ်မကောင်း ဖြစ်နေကြပါတယ်။ ဗုဒ္ဓဘာသာဝင် ခေတ်ပညာတတ် ဆရာဝန်ကြီး တစ်ဦးရဲ့ အယူသီးမူ၊ ပရဟိတစိတ် ခေါင်းပါးမှုများကို သက်ဆိုင်ရာမှ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးပါရန် တင်ပြအပ်ပါသည်။
မင်းတပ်မြို့ သားတစ်ဦး
|
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA |
Subscribe to:
Posts (Atom)