Posted: 15 Apr 2012 06:42 AM PDT
လောကဓံကို ကြံ့ကြံ့ခံရင်း လောလောဆယ် ဆရာတော်သတင်း သုံးနေတဲ့ မှော်ဘီတဲကျောင်း..
ရွှေညဝါသင်တန်းနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် အဆောက်အဦးများ ပြန်လည် တည်ဆောက်မည်
နွေရာသီ ဓမ္မာစရိယနှင့် အဘိဓမ္မ္မာ ရွှေညဝါဆရာဖြစ်သင်တန်းကြီး (၁၁)ကြိမ်မြှောက်ဆက်လက်၍
ဖွင့်လှစ်ရန်နှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကြီးကို နေရာအသစ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သင်တောရိုးကျေးရွာ၌ အမြဲတမ်းဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် စာသင်ဆောင်/ ဘွဲ့နှင်းသဘင်ခန်းမနှင့် လိုအပ်သော အဆောက်အဦးများကို ရွှေညဝါဆရာတော်မှ ဦးဆောင်ကာ ပြန်လည် တည်ဆောက်မည် ဖြစ်ပါသည်။
အထက်ပါ အဆောက်အဦးများ၏ ခန့်မှန်းခြေ တန်ဖိုးပမာဏမှာ ကျပ်-သိန်းပေါင်း (၁၅၀၀၀)
သောင်းငါးထောင်ကျော် ကုန်ကျခံ ဆောက်လုပ်သွားမည် ဖြစ်ပါကြောင်း ပြည်တွင်း/ပြည်ပ ဗုဒ္ဓဘာသာနွယ်ဝင် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား အသိပေးအပ်ပါသည်။
ဆက်သွယ်ရန် လိပ်စာ
ဦးသူရိယ( ရွှေညဝါ)
ဖုန်းး +၉၅၉- ၀၉၈၆၂၁၃၃၂ (မြန်မာ)
+၆၆ ၀၉၀၀၁၃၇၁၇၉ (ထိုင်း)
E-mail: shwenyawar@gmail.com
Ven.Indobhasa (ရွှေညဝါ)
မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ဒု-ဥက္ကဋ္ဌ)
ဖုန်း ၀၈၇၅၀၀၉၅၇၆ E-mail: ven.indobhasa528@gmail.com
|
Posted: 14 Apr 2012 11:57 AM PDT
ပန်းတနော်မြို့သူ၊ မြို့သားများအား တရားဥပဒေမဲ့ ခြိမ်းခြောက်ငွေကောက်ခံနေခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် လွန်ခဲ့သော နှစ်လခန့်မှစ၍ လျှပ်စစ်မီးလင်းရေး
ကော်မတီဟူသော အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာပြီး မီတာတစ်လုံးလျှင် ကျပ်ငွေနှစ်ထောင်နှုန်း ကောက်ခံခဲ့ပါသည်။ ပန်းတနော်မြို့တွင်လျှပ်စစ်မီတာ ၁၆၀၀ လုံးခန့်ရှိကြောင်း သိရပါသည်။
၂၄နာရီလျှပ်စစ်မီးရရှိရေးဟု ရိုက်နှိပ်ထားသော အလှူငွေဖြတ်ပိုင်းဖြင့် မီတာတစ်လုံးလျှင် ၁၅၀
ကျပ်မထည့် မနေရစံနစ်ဖြင့် ကောက်ခံ လာခဲ့သည်မှာ ၁၀နှစ်ခန့်ရှိပြီဖြစ်ပြီး လွန်ခဲ့သော နှစ်လမှစတင်၍ ၃၀၀ ကျပ်နှုန်းဖြင့် တိုင်းမြှင့်ကောက်ခံလျက်ရှိပါသည်။
၁၂-၄-၂၀၁၂ နေ့တွင် လက်ရှိအသုံးပြုနေသော transformer ပျက်စီးသွားပါသဖြင့် နောက်
ထပ်ရရှိလာမည့် အသစ်တစ်လုံးအတွက် လျှပ်စစ်မီတာရှိသော အိမ်တစ်အိမ်လျှင် ငွေကျပ်တစ်သောင်း ပေးဆောင် ကြရမည်ဖြစ်ပြီး။ အကယ်၍ မပေးဆောင်ပါက လျှပ်စစ်မီးကို ယာယီဖြတ်တောက်ထားမည် ဖြစ်ကြောင်း မီးလင်းရေး ကော်မတီဟုဆိုသော အဖွဲ့မှ လော်စပီကာဖြင့် လိုက်လံ ခြိမ်းခြောက် ဟစ်အော် ခဲ့သဖြင့် မြို့နေလူထုမှာ များစွာ စိတ်မချမ်းမသာ ဖြစ်နေရပါသည်။ ငွေကျပ်တစ်သောင်း မပေးဆောင် နိုင်သော ဝန်ထမ်းများ၊ ပင်စင်စားများ၊ ဆင်းရဲသား လက်လုပ်လက်စားများမှာ အနိုင်အထက်ပြုကျင့်ခံရပြီး အများအိမ်တွေ မီးလင်း နေချိန်တွင် ငြိုးငယ်စွာဖြင့် အမှောင်ထဲတွင် နေရမည့် အရေးဖြစ်ပါသည်။
ထို့ပြင် တည်ဆဲဥပဒေများအရ ထိုကဲ့သို့ ခြိမ်းခြောက်ငွေတောင်းခံခြင်းမှာ ထောင်ဒဏ်
၇လအထိ အပြစ် ပေးနိုင်လောက်အောင် ပြစ်မှုမြောက်ကြောင်းကိုလည်း ဆိုထားပါသည်။ သို့သော်လည်း ထိုမီးလင်းရေး ကော်မတီလူကြီး ဆိုသူများမှ တိုင်ချင်ရာကိုတိုင် ငါတို့ရှင်းနိုင်တယ်ဟု ဆက်လက်ပြောဆို ခြိမ်းခြောက်လျှက် ရှိပါသည်။ထို့ကြောင့် ထိုကဲ့သို့သော တရားဥပဒေမဲ့ လူမိုက်ဆန်ဆန် ခြိမ်းခြောက် ငွေတောင်း ခံနေခြင်းများကို အမြန်တားဆီးပေးပါရန် သက်ဆိုင်ရာပုဂ္ဂိုလ် များသို့ မေတ္တာရပ်ခံ တင်ပြလိုက်ပါသည်။ ကျွန်တော်တို့ ပန်းတနော် မြို့သူ မြို့ သားများမတရားသဖြင့် ခံစားနေရမှုများကို နိုင်ငံတော် သမ္မတကြီးနှင့် တကွ သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေရန် တင်ပြလိုက်ရပါသည်။ မြန်မာပြည်သူ/သားများ အားလုံး မတရား ဖိနှိပ် အနိုင် ကျင့် ခံရခြင်းမှ ကင်းဝေးပါစေကြောင်း မရဲ တရဲ ဆုတောင်းနေမိပါတယ်။
ပန်းတနော်သား..
|
Posted: 14 Apr 2012 11:26 AM PDT
ဓာတ်ပုံ သားသားလေး
ယနေ့ သင်္ကြန်အကြတ်နေ့ တက္ကသိုလ် ရိပ်သာလမ်းမှ အမေစုနဲ့ ပြည်သူ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် BGအဖွဲ့ရဲ့ ဖျော်ဖြေမှုမြင်ကွင်း.. (ရုပ်သံ ကိုနေမျိုးဇင် ဖေ့စ်ဘွတ်..) ညီငယ်ဇေယျာမှ ပြန်လည် စုစည်းတင်ပြသည်..။ |
Posted: 14 Apr 2012 08:44 AM PDT
၁၄.၄.၂၀၁၂သင်္ကြန်အကြတ်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကူညီမှု လမ်းကြောင်းများအား
နေ့စဉ်နေ့တိုင်း နံနက် (၈း၃၀) နာရီအချိန်မှစ၍ ကူညီဖေးမသင်္ဂြိုလ်ပေးမှုများ လုပ်ကိုင်ပေးသည့်အနက် နံနက် (၁၁း၀၀) နာရီအချိန်၌ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ရပ်ကွက် ဇဋိလ (၁)လမ်းနေ ဒေါ်စိန်ညွန့် အသက်(၈၆)နှစ်၏ နာရေးလမ်းကြောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့် အသင်းသား/သူများ သွားရောက်၍ ဒေါ်စိန်ညွန့်၏ ရုပ်အလောင်းအား ရေဝေးသုဿာန်သို့ ကူညီဖေးမ ကုသိုလ်ယူကာ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့သည်။ ယနေ့သင်္ကြန်အကြတ်နေ့ တစ်နေ့တာ နာရေးကူညီမှုစုစုပေါင်း (၃၆) ကြောင်းအား ကူညီဖေးမပေးရာတွင် ရဲမှုခင်းဆိုင်ရာ လမ်းဘေး သေဆုံးမှုလမ်းကြောင်း (၃) ကြောင်းပါဝင်ခဲ့သည်။
နေ့စဉ်နေ့တိုင်း ပရိဒေ၀သောက အပူမီးများနှင့်သာ ကြုံကြိုက်တွေ့ဆုံနေရသည့် နာရေးကူညီမှုအသင်း
(ရန်ကုန်)၏ အသင်းသူ/သားများ၊ ဝန်ထမ်းများအဖို့ ယနေ့သင်္ကြန်အကြတ်နေ့ နေ့လည် (၁း၀၀)နာရီအချိန် ခန့်တွင် အပူမီးများ ခေတ္တခဏပျယ်ပျောက်သွားမှုနှင့် ကြုံကြိုက်ခဲ့ရတော့သည်။ အကြောင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ BG သွေးလှူအဖွဲ့၏ အလှပြဖျော်ဖြေရေး မော်တော်ယာဉ်ကြီးသည် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၀င်ရောက်ခဲ့ကာ ဖျော်ဖြေသီဆိုမှုတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့်ြ ဖစ်သည်။ "တို့တိုင်းဌာနီNLD၊ ဒေါင်းပျိုမာတာပိတောက်ဋိကာ၊ ခွပ်ဒေါင်းပြဌာန်းသစ်၊ ခွပ်ဒေါင်းသင်္ကြန်၊ အိုးဝေတွန်သံ၊ BG သင်္ကြန်အိုးဝေသံ၊ ကြည်မြစိမ်းစိုခွပ်ဒေါင်းပျို" စသည့်သီချင်းများအပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားတို့၏ တောင်းဆိုချက်ကြောင့် "ခွပ်ဒေါင်းပြန်လာပြီ" သီချင်းအား မြိုင်ဆိုင်သီဆိုကပြဖျော်ဖြေခဲ့ကြ သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ၀န်ထမ်းများသည်လည်း ၀မ်းသာကြည်နူး စွာဖြင့် ၀င်ရောက်ကပြကြသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားဦးဋ္ဌေးလွင်မှ ဂုဏ်ပြုငွေ (တစ်သောင်း)ကျပ်၊
အသင်းသူမပြားလီမှ ဂုဏ်ပြုငွေ(နှစ်သောင်း)ကျပ်၊ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့မှ (ငါးသောင်း)ကျပ်အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ(တစ်သိန်း)ကျပ်တို့အား ချီးမြှင့်ပေးကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် BG သွေးလှူအဖွဲ့ အလှပြ ဖျော်ဖြေရေးအဖွဲ့သား/ သူအယောက်(၄၀)ကျော် တို့အား ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ထိုသို့သီဆိုဖျော်ဖြေမှုအား အသင်းသား/သူများ၊ ၀န်ထမ်းများအပြင် ပြင်ပမှ ဧည့်ပရိသတ်များပါ လာရောက် အားပေးကြည့်ရှုခဲ့ကြသည်။ BG သွေးလှူအဖွဲ့ အလှပြဖျော်ဖြေရေးမော်တော် ယာဉ် ထွက်ခွာသွားစဉ်၌ အဖွဲ့သား/သူများ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/ သူများ တို့သည် BGအဖွဲ့သား/သူများတို့အား သင်္ကြန်ရေပက်ဖျန်းလောင်းခဲ့သည်။
နေ့လည် (၃း၀၀)နာရီအချိန်တွင် နာရေးကူညီမှုလုပ်ငန်းများအားနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ
အသင်းသူ/သားများ၊ ၀န်ထမ်းများတို့သည် လုပ်ကိုင်ဆဲ အလုပ်တာဝန်များအား ဆက်လက်လုပ်ကိုင် ပေးဆပ်နေစဉ် (၈၈)ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်၍ (၈၈)ကျောင်းသားများအဖွဲ့၏ သင်္ကြန်သံချပ်အဖွဲ့သားများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ ထပ်မံ ရောက်ရှိလာကြပြန်သည်။ (၈၈) ကျောင်းသားများ၏ မဟာသင်္ကြန်သံချပ် အဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကိုမင်းကိုနိုင် အကျဉ်းထောင်ထဲတွင် ရေးစပ်ခဲ့သည့်သီချင်းများဖြင့် အဖွဲ့လိုက် သီဆိုဖျော်ဖြေခဲ့ရာ မမြင်မကြားရသည်မှာ နှစ်ပေါင်း(၂၀/၃၀)နှစ်ခန့် ရှိပြီဖြစ်သော သင်္ကြန်သံချပ်များဖြင့် (၈၈)အမျိုးသမီးအဖွဲ့၊ (၈၈)အမျိုးသားအဖွဲ့များမှ "မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့"နှင့် ပူးပေါင်းဖျော်ဖြေခဲ့ကြသည်။
(၈၈)ကျောင်းသားများ၏မဟာသင်္ကြန်သံချပ်အဖွဲ့အားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဂုဏ်ပြုငွေ
(တစ်သိန်း)၊ ဥက္ကဋ္ဌဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုငွေ(တစ်သိန်း)၊ ဒုဥက္ကဋ္ဌ- ဒေါ်သန်းမြင့်အောင်မှ ဂုဏ်ပြုငွေ(သုံးသောင်း)ကျပ်တို့အားဂုဏ်ပြုချီးမြှင့်ပေးအပ် ကာဒေါ်ရွှေဇီးကွက်နှင့် (၈၈)ကျောင်းသားအဖွဲ့တို့သည် အပြန်အလှန် သင်္ကြန်ရေပက်ဖျန်းလောင်းကာနေ့လည် စာရွှေရင်အေး၊ သာကူတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်ရက်သည် အခြားသောမဟာသင်္ကြန်နှစ်များနှင့်
မတူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် မြန်မာပြည်သူ/သားများအတွက် မင်္ဂလာအရှိဆုံး မဟာသင်္ကြန် နှစ်ထူးနှစ်မြတ် ဖြစ်စေခဲ့တော့သည်။ အများပြည်သူလူထုတခဲနက် ထောက်ခံအားပေးမှုကို ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှုရရိှသော နှစ်ဖြစ်သလို အကျဉ်းကျနိုင်ငံရေး အကျဉ်းသားမျာြး ဖစ်သော (၈၈)ကျောင်းသားများ ပြန်လည် လွတ်မြောက်လာသော နှစ်လည်းဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း (၃၀) ခန့်မမြင်ရသည်မှာကြာပြီဖြစ်သော သံချပ်အဖွဲ့များ ပြန်လည်ပေါ်ပေါက်လာသော နှစ်သစ် လည်းဖြစ်ပေသည်။ နာရေးကူညီမှုအသင်း(ရန်ကန်)၏ နေ့စဉ်မွန်းကြပ်မှုများ၊ လှောင်ပိတ်မှုများနှင့် ကျွန်တော်တို့အား ကူးစက်လွှမ်းခြုံခြင်း ခံနေရသော ရောဂါဝေဒနာရှင်တို့၏ အပူမီးများ၊ နာရေးရှင်တို့၏ နာရေးပရိဒေ၀ အပူမီးများအားယခုကဲ့သို့ ခဏတာအတွင်း ပြေပျောက် အေးချမ်းမှုကို လာရောက် ဆေးကြောပေးကြသော NLD၊BG သွေးလှူအဖွဲ့၏ ဖျော်ဖြေသီဆိုရေးအဖွဲ့နှင့် (၈၈)ကျောင်းသားများ မဟာသင်္ကြန်သံချပ်အဖွဲ့တို့အား ၀မ်းမြောက်ဝမ်းသာ ပီတိဖြစ်ကာ ကျေးဇူး အထူးတင်ရှိပါတော့သည်။
ထို့ကြောင့် ကျွန်တော်တို့ လူမှုရေးသမားများသည် အများပြည်သူတို့၏ သောကအပူမီးများကို လိုက်လံ ငြိမ်းသတ်
ပေးနေရသကဲ့သို့ မိမိတို့တွင်စွဲကပ်နေသော သောကအပူမီးများအားလည်း ယခုကဲ့သို့ပြန်လည်၍ ငြိမ်းအေးစေသော အချိန်အခိုက်အတန့် အတွင်းတွင် ငြိမ်းအေးစေခြင်းသည် NLD၊ BG သွေးလှူအဖွဲ့၏ သီဆိုဖျော်ဖြေမှု အလှပြ မော်တော်ယာဉ် အဖွဲ့သားများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သော ဥက္ကဋ္ဌဦးကျော်သူ၏ "ဒေါင်းဆိုတာ … ခွပ်ချိန်တန် ခွပ် ၊ ကချိန်တန် ကရတယ် " ဟူသော စကားပမာပင် ဖြစ်တော့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment