ဖိနပ်တစ်ရန်
မိတ်ဆွေတစ်ယောက်ရဲ့ အလှူကို သွားရင်း ကျနော် ဖိနပ်တဖက်ပျောက်ပါတယ်....သူရဲ့ အလှူက အလွန်ကြီးကျယ်ခမ်းနားပါတယ်။ မန္တလေးမြို့ ၆၈လမ်းက ၀ိဇိတာရုံဘုန်းကြီးကျောင်းမှာ ပြုလုပ်ခြင်းဖြစ်ပါတယ်...သူရဲ့အလှူမှာ အလှူရှင်ကိုယ်တိုင် ချက်ပြုတ်တဲ့ ဟင်းလျာများနဲ့ ထမင်းကျွေးဧည့်ခံပါတယ်...အလှူရဲ့ ထုံးစံအတိုင်းအချိုပွဲတွေ လက်ဖက်ပွဲတွေေ၇ခဲမုန့်တွေ ပါလိုက်သေးတယ်....
ဓမ္မာရုံအ၀င်ဝမှာ ဖိနပ်ထည့်တဲ့ စင်တခုရှိပါတယ်...ကျနော်က ကျနော့ဖိနပ်ကို အဲဒီဖိနပ်ထည့်တဲ့ စင်ထဲမှာ အသေအချာထည့်ထားခဲ့ပါတယ်...အလှူ၇ှင်က သူငယ်ချင်းဖြစ်နေတော့ သူရဲ့ အလှူပွဲမှာ အချိန်ကြာကြာနေပေးဖို့ပြောပါတယ်...လာတဲ့ ဧည့်သည်တွေကိုလည်း သူ့ကိုယ်စား ဧည့်ခံပေးရပါတယ်...လာတဲ့ ဧည့်သည်တွေထဲမှာ စီးပွားေ၇းလုပ်ငန်းရှင်တွေလည်းပါတယ်...ဌာနဆိုင်ရာက အရာ၇ှိတွေလည်းပါတယ်...စာပေပညာ၇ှင်တွေလည်း ပါတယ်...ကျောင်းဆရာ ဆရာမတွေလည်းပါတယ် ကျနော်က လာသမျှ ဧည့်သည်တွေကို ဧည့်ခံပေးရင်းနဲ့ အလှူပွဲ အခမ်းအနားေ၇စက်ချပြီးမှ ပြန်လာခဲ့၇ပါတယ်...
ပြန်တော့မယ်လုပ်မှ ဖိနပ်ကို သတိရမိတယ်.....ဖိနပ်စင်ထဲမှာ ကျနော့ဖိနပ်က တဖက်ဘဲကျန်တော့တယ်။ ဒီတော့ ကျနော့ဖိနပ်ကို မှားစီးသွားတာလည်းမဖြစ်နိုင်ဘုးူ ....ဖိနပ်အကောင်းနဲ့ မကောင်းတာကို လဲစီးသွားတာလဲ မဖြစ်နိုင်ဘူး....ကျနော့်ဖိနပ်ကို ခိုးယူသွားတာလဲမဖြစ်နိုင်ဘူး...တကယ်လို့မှားစီးတယ်ဆိုရင် ကျနော့်ဖိနပ်နဲ့ အ၇ွယ်တူ ခပ်ဆင်ဆင်ဖိနပ်တဖက်ကျန်ခဲ့မှာပါ...ကျနော့်ဖိနပ်တဖက်ပျောက်တာကို အလှူ၇ှင်သူငယ်ချင်းက သိတော့ တော်တော်အားနာသွားတယ်....သူ့ဖိနပ်ကို စီးသွားဖို့ ကျနော့်ကို ပြောပါသေးတယ်....ကျနော်ကလည်း သူ့ကို ပြန်ပြီးအားနာနေမိတယ်....ဖိနပ်ပျောက်တာသိပ်ပြီးဆန်းကြယ်လှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး...လူအများနဲ့ ပြုလုပ်ရတဲ့ ဒီပွဲမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ရပ်ပါ...ဒီလိုဖြစ်တတ်ပါတယ်...
ဖိနပ်ဆိုတာ...ဘယ်ဘက်နဲ့ ညာဘက်ပြည့်စုံမှ စီးလို့ရတာမျိုးပါ....ဖိနပ်တဖက်ပျောက်သွားပြီဆိုတော့ ကျန်တဲ့ ဖိနပ်တစ်ဖက်က အသုံးမ၀င်တော့ဘူး...ပျောက်သွားတဲ့ ဖိနပ်တစ်ဖက်ကို သံယောဇဉ်တွယ်နေလို့လည်း အပိုပဲ...ကျန်တဲ့ ဖိနပ်တဖက်ကို မြင်ပြန်တော့လည်း ပျောက်သွားတဲ့ ဖိနပ်ကို ရှာချင်တဲ့ စိတ်ကဖြစ်လာပြန်တယ်....ကျနော်က ပျောက်သွားတဲ့ ဖိနပ်တဖက်ကို၇ှာနေရင် အလှူ၇ှင်က စိတ်ကောင်းမှာ မဟုတ်ဘူး....ဒါကြောင့်ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားမိတယ်....အဲဒီအချိန်မှာ ကျနော်ဖတ်မှတ်ခဲ့ဖူးတဲ့ မဟတ္တမဂန္ဒီ ရဲ့ နည်းကို သတိရလိုက်တယ်....သူရဲ့ေ၇ှာင်တခင်ဖြစ်လာတဲ့ ဥာဏ်နဲ့ အတွေးကို ကျနော်သဘောကျတယ်....ဒါကြောင့် ကျနော်လည်း မဟတ္တမဂန္ဒီ နည်းကို သုံးလိုက်တယ် ....ကျန်တဲ့ ဖိနပ်ကို ထားခဲ့ပြီး ခြေဗလာနဲ့ ဆိုင်ကယ.်ကိုစီးလို့ ပြန်လာခဲ့တယ.်....
ဆိုင်ကယ်စီးရင်း ကျနော်တွေးမိတာလေး ပြောပြပါရစေ... ဖိနပ်ဆိုတာ ဘယ်ဘက်နဲ့ ညာဘက် ၇ှိတယ်...နှစ်ဖက်မတူဘူး....တကယ့်ကို ပြောင်းပြန်ကြီးပါ.....တကယ့်ကို ဆန့်ကျင်ဘက်ကြီးပါ....ဒါပေမယ့် ဘယ်ဘက်နဲ့ ညာဘက်ရှိမှ စီးလို့ရတယ်...ဘယ်ဘက်မရှိရင် ညာဘက်လည်း အသုံးမ၀င်ဘူး....ဒီလိုပါပဲ ညာဘက်မရှိတော့ရင် ဘယ်ဘက်ဟာ အသုံးမကျတော့ပြန်ပါဘူး...ဘယ်ဘက်နဲ့ ညာဘက်ဟာ ဆန့်ကျင်ဘက်တွေဖြစ်ပြီး တစ်ခုရဲ့ တန်ဖိုးကို ကျန်တစ်ခုက ထောက်ပံ့ပေးနေတယ်.....ဘယ်ဘက်ဖိနပ်ကြောင့် ညာဘက်ဖိနပ်က တန်ဖိုးရှိနေသလို ညာဘက်ကြောင့် ဘယ်ဘက်ဖိနပ်ဟာ အဓိပါယ်ရှိနေခြင်းဖြစ်တယ်...
ဘယ်ဘက်ဖိနပ်ပြတ်သွားရင် ညာဘက်ဖိနပ်ကို ဘယ်သူကများသိမ်းထားကြလို့လဲ..ဒီလိုပဲ ညာဘက်ဖိနပ်ပျောက်သွားရင်လည်း ဘယ်ဘက်ဖိနပ်ကို ဘယ်သူများ အမှတ်တရ သိမ်းတဲ့ လူရှိလို့လဲ...ဖိနပ်ဆိုတာ ဘယ်ညာပြည့်စုံမှ တန်ဖိုးရှိတာပါ...(ခြွင်းချက်တခုတော့၇ှိတာပေါ့ဗျာ...ချစ်သူပျောက်ကို ရှာတဲ့ စင်ဒရယ်လားပုံပြင်မှာတော့ ပျောက်နေတဲ့ ဖိနပ်တစ်ဖက်နဲ့ အချစ်ဇာတ်လမ်းကို ဖန်တီးခဲ့ဖူးတယ်)
ဒီလိုနဲ့ ဆက်ပြီးတွေးမိတ.ယ်...ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့ အခါ ဖိနပ်တစ်ရန်လို အမြင်မျိုးနဲ့ ဆက်ဆံသင့်တယ်....သူနဲ့ ကိုယ်ဟာ ဆန့်ကျင်ဘက် အမြင်ဖြစ်နေပြီဆိုရင် ဖိနပ်တစ်ရန်ကို သဘောထားလိုက်တာ မကောင်းပေဘုးလားဗျာ...သူရဲ့ မတူညီတဲ့ အမြင်ကြောင့် ကိုယ်ရဲ့ အမြင်ဟာ ပိုပြီးတန်ဖိုးရှိသွားနိုင်သလို ကိုယ်ရဲ့ အမြင်ကြောင့် လည်း သူရဲ့ အမြင်ဟာတန်ဖိုးရှိနေနိုင်ပါတယ်...
သူရဲ့ အယူအဆတွေဟာ ကိုယ်ရဲ့ အယူအဆဟာ ဖိနပ်တစ်ရန်လိုပဲ အပြန်အလှန်တန်ဖိုးကို ဖြစ်စေနိုင်တယ်ဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်....ငါ့အမြင်နဲ့ မတူတိုင်း မှားတယ်လို့ ပြောလို့မရပါဘူး... သူ့အမြင်နဲ့ ခြားနားနေတိုင်းလည်း ကိုယ့်အမြင်ကို ဖျက်မဆီးပစ်သင့်ဘူး...တက.ယ်တော့ ဆန့်ကျင်ခြင်းဟာ တန်ဖိုးတစ်ခု ဖြစ်တယ်ဆိုတာ သိထားသင့်တယ်....
တခါတလေ ကိုယ်က အမှန်ကို လုပ်နေသူ။ စည်းကမ်းအတိုင်းဆက်ဆံတဲ့ သူ၊ စာအုပ်ကြီးသမား၊ တိကျမှ ကြိုက်တယ်ဆိုပြီး တဖက်လူကို မဆက်ဆံသင့်ဘူး။ တစ်ဖက်မှာလည်း ဖွင့်ပြောဖို့ မလွယ်တဲ့ အခက်အခဲ တွေရှိနေနို်င်တယ.်ဆိုတာ တွေးသင့်တယ်...
အမှန်တရားဆိုတာ ဘာလဲ??? ကိုယ်ထင်တာကို မှန်တယ်လို့ ပြောတတ်တာ လူ.သဘာဝပဲ။ ဒါကြောင့် သူမမှားသလို၊ ကိုယ်လည်းမမှားဘူးဆိုတဲ့ အမြင်ရှိသင့်တယ်....ကိုယ်လည်း မှန်နိုင်သလို သူလည်း မှန်နိုင်တယ်ဆိုတာ လက်ခံသင့်တယ်...အဖြေ ဆိုတာ တခုတည်းမရှိပါဘူးးး
အနက်ေ၇ာင်ရဲ့ ဆန့်ကျင်ဘက်က ဘာလဲ... အဖြူေ၇ာင် တစ်ခုတည်းမဟုတ်ပါဘူး ကျန်တဲ့ အရောင်တွေလည်း ဖြစ်နိုင်ပါတယ်... ဒါကြောင့် လောကကြီးကို ဖိနပ်တစ်ရန်လို မြင်သင့်တယ်...
ကျနော်တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ...ဆန့်ကျင်ဘက်ရဲ့ အလှတ၇ားတွေ တွေ့နိုင်ပါတယ်... နေ့ဆိုတာ ညရှိလို့ဖြစ်လာတာပါ... ညရဲ့ တန်ဖိုးဟာလည်း နေ့၇ဲ့ အထောက်အပံ့ကြောင့် ရှိနေရတာပါ....
အလင်းဆိုတာ အမှောင်ကြောင့် ဖြစ်နေရတဲ့ တန်ဖိုးတစ်ခုပါ....အဖို နဲ့ အမရှိလို့ လောကကြီးတည်မြဲနေတာပါ... တကယ်တော့ ဆန့်ကျင်ဘက်ဆိုတာ သဘာဝတရားကြီးတည်မြဲဖို့ အတွက် အပြန်အလှန် အမှီပြုနေတဲ့ လျှို့ဝှက်ချက်တစ်ခုပါ...
ဖိနပ်တဖက်ပျောက်ဖူးကြမှာပါ...
ဖိနပ်တဖက် ပြတ်ဖူးကြမှာပါ...
ကျန်တဲ့ ဖိနပ်တဖက်ကိုလည်း လွင့်ပစ်ခဲ့ ကြဖူးမှာပါ... ဒါပေမယ့်
ဖိနပ်နှစ်ဖက်ရဲ့ ဆန့်ကျင်နေမှုတန်ဖိုးကို ကျနော်တို့ မတွေးမိခဲ့ ကြပါဘူး...
ကျနော်တို့ နေ့တိုင်းဖိနပ်စီးနေကြပါတယ်
ဘယ်ဘက် ဖိနပ် နှစ်ဖက်စီးတဲ့ သူရှိလို့ လား...ဒီလိုပါပဲ...ညာဖက်ဖိနပ်နှစ်ဖက်နဲ့ လမ်းလျောက်သူရှိလို့လား...ဖိနပ်ကိုတော့ ဘယ်ဘက်နဲ့ ညာဘက်ရှိမှ စီးနေကြတယ်...ဖိနပ်တဖက် ပြတ်ဖူးကြမှာပါ...
ကျန်တဲ့ ဖိနပ်တဖက်ကိုလည်း လွင့်ပစ်ခဲ့ ကြဖူးမှာပါ... ဒါပေမယ့်
ဖိနပ်နှစ်ဖက်ရဲ့ ဆန့်ကျင်နေမှုတန်ဖိုးကို ကျနော်တို့ မတွေးမိခဲ့ ကြပါဘူး...
ကျနော်တို့ နေ့တိုင်းဖိနပ်စီးနေကြပါတယ်
လောကကြီးရဲ့ ဆန့်ကျင်ဘက်အလှတ၇ားတွေကို လည်း ဖိနပ်စီးသလို မြင်ကြည့်ကြစေချင်တယ်...ကိုယ့်ရဲ့ အမြင်တစ်ခုတည်းနဲ့ လောကကြီးကို တည်ဆောက်လို့မရပါဘူး...ဆန့်ကျင်ဘက်အမြင်တွေရဲ့ တန်ဖိုးကို သိပြီးလောကကြီးကို တည်ဆောက်တာ ပိုမကောင်းဘူးလားဗျာ....
ခံစားချက်ချင်းမတူလို့ ဝေးနေကြတဲ့ ချစ်သူတွေ...အမြင်ချင်းမတူလို့ ကွဲကွာနေကြရတဲ့ ညီအစ်ကိုတွေ၊ ခံယူချက်ချင်းမတူလို့ သံယောဇဉ်ရှိလျက်နဲ့ လက်မတွဲဖြစ်ကြတဲ့ မိတ်ဆွေတွေ...ဆန့်ကျင်ဘက်ရဲ့တန်ဖိုးကို ဖိနပ်တစ်ရန်လို သဘောထားပြီး အတူတူလက်တွဲလို့လိုရာခရီးကိုေ၇ာက်အောင် ပျော်ပျော်ကြီးသွားကြပါစို့ခင်ဗျား...
ဦးဘုန်း(ဓါတု)
အဖေ့အိမ် စာအုပ်မှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment