Monday 16 April 2012






Posted: 15 Apr 2012 10:57 PM PDT
မနေ့ညက ကိုမင်းကိုနိုင်နှင့် အဖွဲ့တိုက်ခိုက်ခံရမှု သတင်း

မနေ့က ညနေပိုင်းက သံလျင်သို့ သွားရောက် ဖျော်ဖြေခဲ့တဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈သံချပ်အဖွဲ့ဟာ အပြန်မှာ
 ကိုညီညီဦး (၁၉၈၉ သံလျင်ရေနံချက် စက်ရုံ ဖောက်ခွဲမှုဖြင့် မတရား စွပ်စွဲဖမ်းဆီးခံရပြီး
၂၀၁၂ မတ်လက ပြန်လည်လွတ်မြောက်လာသူ အဖွဲ့ချုပ်အဖွဲ့ဝင်)၏ မဏ္ဍပ်သို့ ဝင်ရောက် နှုတ်ဆက်ရန် သွားရောက်ခဲ့
သည်။ အဆိုပါသတင်းအား ၈၈အဖွဲ့အား တိုက်ခိုက်ရန် ကြိုးစားသူများမှ ကြိုတင် သိရှိခဲ့ပြီး ကိုမင်းကိုနိုင်တို့ အဖွဲ့
 ရောက်ရှိချိန်၌ လူ၇ဦးခန့် (၂ဦး ဝါးရင်းတုတ်ကိုင် ၅ဦးမှ အုတ်ခဲများကိုင်ကာ ၂ဦးကြံ့ဖွံ့အဖွဲ့အကျီင်္ ဝတ်ဆင်ထားသူ)
တို့မှ ဝင်ရောက်တိုက်ခိုက်ကြသည်..။ အဆိုပါဝင်ရောက် တိုက်ခိုက်မှုကြောင့် ကိုမင်းကိုနိုင်
တို့အဖွဲ့အား အလျင်အမြန် ပြန်ထွက်သွားခိုင်းခဲ့ပြီး သံလျင် အဖွဲ့ချုပ်ဝင်များမှ ပြန်လည်တားဆီးရာ အဖွဲ့ချုပ်အဖွဲ့ဝင်
 ၃ဦးခေါင်းကွဲ သွားခဲ့သည်..။

အဆိုပါအမှုအား ရဲစခန်း၌ တိုင်ချက်ဖွင့်ရာ တဦးဖမ်းဆီး ရရှိမိခဲ့သည်ဟု မနေ့ညက ဖြစ်ပျက်ခဲ့မှုအား
 တွေ့ရှိခဲ့ရသူ သံလျင် နိုင်ငံရေးလှုပ်ရှားသူ တဦးမှ ပြောဆိုပါတယ်...။ ယနေ့မနက်အထိ ကိုညီညီဦးအား အဆိုပါအဖြစ်
အပျက်နဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းရန် ကြိုးစားရာ အဆက်အသွယ် မရဖြစ်နေပါတယ်..။ ဆက်လက်
 စုံစမ်းရရှိပါက ထပ်မံဖော်ပြသွားပါမည်။

ဒီမိုဝေယံ
Posted: 15 Apr 2012 12:05 PM PDT


အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (BGအဖွဲ့)၏ အတာသင်္ကြန် လှည့်လည်ဖျော်ဖြေပွဲ (ရုပ်သံ)
ဧပြီလ (၁၂) ရက်နေ့၊ ၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် သင်္ကြန်အကြိုနေ့ည၌
ရန်ကုန် ပုဇွန်တောင်မြို့နယ်အတွင်းရှိ "ထူး" ရေခဲမုန့်ဆိုင်ရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(BG)ဖျော်ဖြေရေးအဖွဲ့၏ အတာသကြန် လှည့်လည်ဖျော်ဖြေပွဲ၌ "အမေဒေါ်စု
 ပြန်လာပြီ" သီချင်းနှင့် မြန်မာပြည်သူ ပြည်သားများသာမက အမေဒေါ်စုကို ချစ်မြတ်နိုးတဲ့ နိုင်ငံခြားသားများပါ
 ရွှင်လန်းစွာ ကခုန် ပျော်ရွှင်ခဲ့ကြပါသည်။

(ဗွီဒီယို - ယောသားလေး မင်းမင်း)၊ ကိုနစ်နေမန်း

အမေစုကို ချစ်တဲ့ နိုင်ငံခြားသားများ... from Demo Waiyan on Vimeo.

အဖွဲ့မှ မနက်ဖြန် သင်္ကြန်အတက်နေ့မှာလည်း အစီအစဉ်အတိုင်း ဆက်လက်ဖျော်ဖြေမည်...
Posted: 15 Apr 2012 11:11 AM PDT
၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့ ဖျော်ဖြေနေစဉ် 
(ဓာတ်ပုံ Burma VJ)
သံလျင်မှာ ကိုမင်းကိုနိုင်တို့ အဖွဲ့တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသားအဖွဲ့နဲ့ နီးစပ်
သူတဦး ထံဖုန်းဆက်သွယ်မေးမြန်းရာမှာ သိရှိရတာကတော့....

၈၈မျိုးဆက်ကျောင်းသားအဖွဲ့ သံလျင်မှ အပြန် သံလျင်တံတားပေါ်မှာ ခိုက်ရန်ဖြစ်ပွားနေတဲ့ လူအုပ်စုကို
 တွေ့ရှိခဲ့ရကြောင်းနဲ့ ကိုမင်းကိုနိုင်တို ညနေပိုင်းမှာ နေအိမ်သို့ ချောချောမောမော ပြန်လည် ရောက်ရှိကြောင်း
 ပြောဆိုပါတယ်..။ မနက်ဖြန်သင်္ကြန်အတက် နေ့မှာလည်း  မနက် ၇နာရီခွဲမှ စ၍
အစီအစဉ်အတိုင်း လှည့်လည် ဖျော်ဖြေမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

သံလျင်တံတားပေါ်မှာ ခိုက်ရန်ဖြစ်ပွားနေတဲ့ လူအုပ်စုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အဆိုပါ သတင်း
အနေအထားကို အတိအကျ မသိရှိရပေမယ့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ မသက်ဆိုင်ကြောင်း
 ပြောဆိုပါတယ်..။ မနက်ဖြန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ ဖျော်ဖြေတင်ဆက်မှာ
 ဖြစ်ကြောင်း သိရှိရပါတယ်..။

သံလျင်မှ ကိုညီညီဦးထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း အချိန်လင့်နေတဲ့အတွက် အဆက်အသွယ် မရရှိခဲ့ပါ..။

ဒီမိုဝေယံ
မှတ်တမ်း ဓာတ်ပုံများနှင့် အိုင်တီတိုကျိုရဲ့ သင်္ကြန်တေးသီချင်း ရုပ်သံ..
Posted: 15 Apr 2012 07:28 AM PDT
ယနေ့ ရာသီဥတု သာယာကြည်လင်တဲ့ တိုကျိုမြို့ရဲ့ အထင်ကရ Gin Za ရပ်ကွက်ရှိ Hibya ပန်းခြံမှာ အစဉ်အလာ
 မပြတ် (၂၁)ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်အား ကျင်းပပြုလုပ်ခဲ့ပါတယ်...။ နှစ်စဉ်နှစ်တိုင်း
 ဖျော်ဖြေပါဝင်နေကြ ဂီတဝါသနာရှင်များရဲ့ ဖျော်ဖြေမှုများ၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ယိမ်းများ၊ အစဉ်အလာမပြတ်
 တိုကျိုမြို့မှ နာမည်ကြီး မင်္ဂလာဒိုးအဖွဲ့တို့မှ ကြွရောက်လာသော ပရိသတ်များအား ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်
...။ အမိမြန်မာပြည် အမှတ်တရ မြန်မာ့ရိုးရာ အစားအသောက် ဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များနဲ့ စည်ကား
သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်...။ ယခုနှစ် ၂၁ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲအား မြန်မာ၊ ဂျပန်နှင့်
 နိုင်ငံအသီးသီးမှ ပရိသတ် ၁၀၀၀ကျော်ခန့် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်..။




အိုင်တီတိုကျိုသင်္ကြန်မှ သင်္ကြန်ချစ်တဲ့ ဂီတဝါသနာရှင်များရဲ့ ဖျော်ဖြေသီဆိုမှုများ.. ရုပ်သံ.... ကိုသော်၊ ကိုထွန်းလွင်၊ ကိတ္ထိမ၊
 ကိုအောင်သူ)
 တိုကျိုမြို့လယ် အထင်ကရ ဘုရင့်နန်းတော်၊ Ginza အရပ်မှာရှိတဲ့ ယနေ့ သင်္ကြန်ပွဲ ကျင်းပြုလုပ်ရာ
 Hibiya ပန်းခြံမြင်ကွင်း
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment