Monday 2 April 2012



Posted: 02 Apr 2012 04:33 AM PDT








ယနေ့ညနေ (ဧပြီ ၂ ရက်) ၆ နာရီသတင်းနှင့် ည ၈ နာရီသတင်းများတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ရွေးကောက်ပွဲ
 ရလဒ်များကို ကြေညာပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရလဒ်များကြေညာပေးရာတွင် အပြီးသတ်ရေတွက်စိစစ်နေသော မဲဆန္ဒနယ် ၄၊ ၅ နေရာသာ ကျန်ရှိမည်ဖြစ်ပြီး အများစုပါဝင်
မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
 7Day News Journal

Posted: 02 Apr 2012 02:39 AM PDT
ဥရုကြိုးတံတား

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာ နဲ့ သဖန်းကုန်းရွာကြား ဥရုချောင်းကိုဖြတ်ပီး
 ဆောက်လုပ်ထားတဲ့ ဥရုတံတားကို အခုလ ဧပြီ (၁)ရက်နေ့ကစပီး
တံတားဖြတ်သန်းခ စတင်ကောက်ခံနေပါတယ်။

ဒီတံတားကို အားထားပီးတော့ နမ်တော-နောင်ပိုအောင် မှ ဟုမ္မလင်းသို့ နေ့စဉ်သွားလာနေ
ရတဲ့ အဓိကတံတားကြီးဖြစ်ပါတယ်။ ဒီဒေသက သွားလာရေးမှာ အဓိက အားဖြင့် ဆိုင်ကယ်
ကိုပဲ အများဆုံးအသုံပြုနေရပါတယ်။

သဖန်းကုန်းရွာနဲ့ နောင်ပိုအောင်စံပြကျေးရွာဆိုတာလည်း နှစ်ရွာတစ်ရွာလိုဖြစ်နေပီး
တစ်နေ့ကို ဆိုင်ကယ်တစ်စီးနဲ့အသွားပြန် (၅) ခေါက်လောက် လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ပညာရေးကိစ္စအတွက်ပါ
မသွားမဖြစ်သွားလာဖြတ်သန်းနေရတာဖြစ်
ပါတယ်။

အခု ဥရုတံတား လေလံအဖွဲ့က ဆိုင်ကယ်တစ်စီးကို ဖြတ်သန်းခ (၅၀၀)ကျပ်
ကောက်ခံနေပါတယ်။တစ်နေ့ကို (၅)ခေါက်ထက်မနည်းသွားလာနေရတဲ့ဒေသခံတွေ
ဟာ အသွားပြန်တစ်ခေါက်ဆိုရင်ပဲ (၁၀၀၀)ကျပ်ကုန်နေပီ (၅)ခေါက်ဆိုရင် (၅၀၀၀)ကျပ်
ကုန်နေပါပီ။

ဆိုင်ကယ်ဖြတ်သန်းခ ဈေးကြီးတာကြောင့် ဟိုဘက်ဒီဘက်သွားဖို့တောင် ဆိုင်ကယ်ဖြတ်
သန်းခ(၅၀၀)ကျပ်ဆိုတာကြီးက အပူတစ်ခုလိုဖြစ်နေတာကြောင့် ဒေသခံတွေ
တော်တော်လေးစိတ်ညစ်နေပါတယ်။

ဒီဥရုတံတားဖွင့်စကဆိုရင် ဆောက်လုပ်ရေးဝန်ကြီးမှ တံတားဖြတ်သန်းခ ကောက်ခံဖို့
မသင့်တဲ့ဒေသဆိုပီး တံတားကို အခမဲ့ဖြတ်သန်းစေခဲ့ပါတယ်။ ဥရုတံတားဖွင့်ပီး ၂၀၁၀
ခုနှစ် လောက်ကစကာ နောင်ပိုအောင်ဒေသဖွံ့ဖြိုးရေးရံပုံငွေအတွက်ဆိုပီး ကြံ့ဖွတ်ပါတီအမတ်ဦးခင်မောင်ဆွေမှ
 ဦးစီးပီး တံတားဖြတ်သန်းခကို စတင်ကောက်ခံ
ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း အခုလိုပဲ ဒေသခံတွေစိတ်ညစ်ခဲ့ရပါတယ်။အဓိကပြောချင်တာကတော့ အစိုးရအဖွဲ့မှ
 လေလံပေးထားတဲ့တံတားမှန်ရင်လည်း ဆိုင်ကယ်ဖြတ်သန်းခ တစ်စီး (၅၀၀)ကျပ်ကို ပြန်လည်ပီး ပြင်ဆင်ပေးဖို့
 ဒေသခံတွေနဲ့ထပ်တူ သမ္မတဦးသိန်းစိန်နဲ့တကွ
 သက်ဆိုင်သူများသိစေရန်တင်ပြအပ်ပါတယ်။                                                                                                                                                                                                                                                                                                                                                                                                                                                      ( နောင်ပိုအောင်စံပြကျေးရွာ ဒေသခံတစ်ဦး)
Myanmar News Now
Posted: 02 Apr 2012 02:22 AM PDT
ဘုရားသုံးဆူ













ဘုရားသုံးဆူမြို့နယ် အနန်းကွင်းကျေးရွာတွင် ဗျုဟာမှုး ဗိုလ်မှုကြီး အောင်နိုင်ဦးက ဦးစီးပြီး ခရီးသွားပြည် သူများအတွက်
 အခမဲ့ဆေးကုခန်းကို ပြီးခဲ့သည့် ရက်သတ္တပါတ်က ဖွင့်လှစ်ပေးခဲ့သည်။
လမ်းခရီးကြမ်းတမ်းသဖြင့် ခရီးသွားနေစဉ်တွင်း ဒါဏ်ရာရရှိသူများ၊ မူးမော၍ မကျန်းမမာဖြစ်နေသည့် ခရီးသွားများကို
အချိန်မှီကုသပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အခမဲ့ဆေးကုခန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဗျုဟာမှုး၏အဆိုကို စစ်ဘက်ဆိုင်ရာ
 ဆေးဝန်ထမ်း ဆရာဇေယျာလွင်က ပြောသည်။

ခရီးသွားဧည့်သည်များ ခရီးလမ်းအတွင်း ဆေးကုသမှုကြုံလာပါက အချိန်မှီကုပေးနိုင်ခဲ့သည်ဟု ဆရာ ဇေယျာလွင် က
 ပြောသည်။

"ခရီးသွားနေတဲ့သူတွေ ထိမိရှမိလို့ ဒါဏ်ရာ ရသွားတဲ့သူတွေ၊ ခေါင်းမူးခေါင်းကိုက်တာတွေ၊ ကျနော်တို့က တတ်နိုင်သလောက်
 အခမဲ့ ကုပေးပါတယ်" ဟု ဆရာ ဇေယျာလွင်က ပြောသည်။

အနန်းကွင်းကျေးရွာသည် သံဖြူဇရပ်မြို့မှ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ သွားသည့် ကားလမ်းမပေါ် တွင်ရှိသည်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်အတွက် သံဖြူဇရပ်မြို့မှလာသည့် ခရီးသွားတစ်ဦးက ဒါဏ်ရာအပြင်းအထန်ရရှိရာ ၄င်း
ဆရာဇေယျာလွင်မှ အချိန်မှီ ခွဲစိတ်ကုသပေးခဲ့သည်ဟု ဆေးခန်းအနီးရှိ ဈေးဆိုင်ခန်းပိုင်ရှင်က ပြောသည်။

လက်ရှိ အနန်းကွင်းကျေးရွာတွင် မြန်မာစစ်တပ်မှ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံ
 နည်းဗျူဟာ (၁) မှ အလှည့်ကျရှေ့တန်းစစ်ဗျူဟာရုံး အခြေစိုက်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့ ပြာသိုလပြည့်နေ့တွင် အနန်းကွင်းရွာ ဘုရားပွဲတော်ကျင်းပနေစဉ်အတွင်း ဗုံးပေါက်ကွဲ
မှုဖြစ်ပွားခဲ့ပြီး (၅၁) ဦး ထိခိုက်ဒဏ်ရာရရှိကာ ၄ ဦး သေဆုံးသွားခဲ့သည်။

သံဖြူဇရပ်မြို့ - အနန်းကွင်း - ဘုရားသုံးဆူမြို့ ကားလမ်းမတလျှောက်၏ သုံးပုံ နှစ်ပုံခန့်ကို ကေအဲန်ယူ တပ်မဟာ (၆) မှ
ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။

  မွန်အေဂျင်စီ
Posted: 02 Apr 2012 02:13 AM PDT























ကောမှူးမြို့နယ် ဝါသိင်္ခကျေးရွာ မှ ကြားဖြတ်ရွေးကောက်ပွဲ အကြိုညတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည် တည်းခိုခဲ့သည့် နေအိမ်။
သတင်း-ဓါတ်ပုံ ။   ။  ဘားမားဗီဂျေ

Posted: 02 Apr 2012 01:31 AM PDT
















အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရအောင်မဲပေးခဲ့ကြတဲ့ ပြည်သူ လူထုကို
 ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
ဒီကနေ့မနက်က ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်မှာ  (၅)မိနစ်ကြာမိန့်ခွန်း ပြောကြားရာမှာ  ပြည်သူ လူထုတွေ
 ထောက်ခံအားပေးတဲ့အတွက် အနိုင်ရရှိတာဖြစ်တဲ့ အကြောင်း အောင်ပွဲခံနေရုံနဲ့ မပြီးသေးဘဲ ရှေ့ဆက်ပြီး ဒီထက်
ပိုပြီးလုပ်ဆောင်စရာတွေ ရှိသေးတယ်လို့ ပြောပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ (၄၄)နေရာမှာ
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ( ၄၃) နေရာမှာ အနိုင်ရတယ်လို့  အန်အယ်လ်ဒီက ကြေညာထားပါတယ်။
 ရှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာတော့ မဲစာရင်းတွေ အပြည့်အစုံမရသေးလို့
 ရလဒ်မသိရသေးပါဘူး။

ဒီဗွီဘီ
Posted: 02 Apr 2012 01:29 AM PDT
ကော့မှူးမြို့ နယ် မဲရုံအသီးသီးက မဲရလဒ်များ ရေတွက်ပြီး စီးပြီးနောက် အတည်ပြုချက်အရ မီဒီယာများ
အနေနှင့်လည်း ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း များရဲ့ မဲရလဒ် များကို သိရှိခဲ့ရပြီး ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံး စိတ်ဝင်စားခဲ့ ကြပြီး ရွေးကောက်ပွဲ မတိုင်မီ ညမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တစ်ညအိပ်ခရီး
သွားခဲ့တဲ့ ၀ါးသင်္ခရွာလေးမှာလည်း မဲရုံ(၁)မှာ NLD က ၇၉၄မဲ၊ USDP က ၂၉မဲ ၊ ညီ/ငြိမ်းက ၄မဲ ၊ ပယ်မဲက
 ၁၂မဲ ရှိကြောင်းနှင့် မဲရုံ(၂)မှာ NLD က ၃၂၃မဲ၊ USDP က ၈၇မဲ ညီ/ငြိမ်းက ၄မဲ ၊ ပယ်မဲက ၁၆မဲ တို့ ရှိခဲ့ကြောင်း သိရပါတယ်။
Popular Myanmar News Journal
Posted: 02 Apr 2012 01:10 AM PDT

ဇမ္ဗူသီရိ မြို့ နယ်

မဲဆန္ဒရှင်ဦးရေ - ၅၃၂၆၁ ဦး
မဲပေးသူ - ၄၂၇၂၂ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးဝင်းဌေး ) - ၁၇၇၉၆ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( ဒေါ် စန္ဒာမင်း ) - ၂၃၂၈၅ မဲ

ဒက္ခိဏ သီရိမြို့ နယ်

















မဲဆန္ဒရှင်ဦးရေ - ၁၆၉၃၁ ဦး
မဲပေးသူ - ၁၂၇၀၈ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးမောင်ရှိန် ) - ၄၂၄၅ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( ဦးနိုင်ငံလင်း ) - ၇၄၉၁ မဲ

ဥတ္တရသီရိမြို့ နယ်

မဲဆန္ဒရှင်ဦးရေ - ၃၇၈၇၈ ဦး
မဲပေးသူ - ၂၇၆၈၃ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးလှသိန်းဆွေ ) - ၉၀၉၂ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( ဦးမင်းသူ ) - ၁၅၁၇၈ မဲ
တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ ( ဦးကြည်မြင့် ) - ၁၂၄၂ မဲ

ပုဗ္ဗသီရိမြို့ နယ်

မဲဆန္ဒရှင်ဦးရေ - ၅၆၉၄၁ ဦး
မဲပေးသူ - ၄၆၂၅၁ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးသာဌေး ) - ၁၉၁၇၀ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ( ဦးဖြိုးဇေယျာသော် ) - ၂၃၆၅၁ မဲ
တစ်သီးပုဂ္ဂလ ( ဦးမြင့်လွင်သန်း ) - ၅၅၇ မဲ

 The Voice Weekly
Posted: 02 Apr 2012 01:03 AM PDT

















ဧပြီလ ၂ ရက်နေ့  ၂၀၁၂
လူထုကို ကျေးဇူးတင်ကြောင်း ယနေ့ နံနက် ၁၁ နာရီက ရွှေဂုံတိုင်တွင်
 ဒေါ်အောင်ဆန်းစုကြည်ပြော။ (ရုပ်/သံ)The Voice Weekly မှ ရိုက်ကူးတင်ဆက်ထားတာပါ။











You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment