Monday 2 April 2012








 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်းအား ဂုဏ်ပြုပွဲအခမ်းအနား...
Posted: 02 Apr 2012 07:04 AM PDT

















ယနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလရပ်ကွက် ပြည်သူများမှ မင်္ဂလာတောင်ညွန့်မြို့နယ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် မဖြူဖြူသင်းအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ် ဂုဏ်ပြု ခဲ့ကြပါတယ်..။

ရပ်ကွက်နေ ပြည်သူများမှ ရွေးကောက်ပွဲ အောင်နိုင်ပွဲ အထိမ်းအမှတ် လာရောက်သူများအား စတုဒီတာကျွေးမွေး ဧည့်ခံခဲ့ကြ
ပါတယ်..။
ဓာတ်ပုံ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (ဓာတ်ပုံ၊ ရုပ်သံ)
Posted: 02 Apr 2012 02:03 AM PDT


































ယနေ့ မနက်(၁၁)နာရီက ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ
 ထောင်ချီတဲ့ ပြည်သူလူထုအား ကျေးဇူးတင် အမှာစကားနဲ့ အတူ တခြားအဖွဲ့အစည်းတွေ စိတ်အနှောင့်အယှက် ဖြစ်စေမယ့်
 အပြုအမူ အပြောအဆိုကို မလုပ်ကိုင်ကြဖို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်..။
ဓာတ်ပုံ AP,Getty Images,Reuters

မနေ့က အဖွဲ့ချုပ်ရုံးရှေ့က ပြည်သူတွေရဲ့ အပျော်တွေ (VOA ရုပ်သံ)

 (ရုပ်သံ)
Posted: 01 Apr 2012 10:22 PM PDT
ဓာတ်ပုံ ဒီမိုကောင်းကင်၊ ဒီမိုဝေယံ

ဧပြီ(၁)ရက်နေ့က အဖွဲ့ချုပ်ရုံးရှေ့ ညပိုင်းမြင်ကွင်း from Demo Waiyan on Vimeo.
 
 
 
 
 
 
 
 
 
 
 
 
 
 
ဧပြီလ(၁)ရက်နေ့က ရွှေဂုံတိုင်အဖွဲ့ချုပ် ရုံးရှေ့ ညဘက်ပိုင်းမှာ ပျော်ရွှင်နေကြတဲ့ လူထုပရိသတ်.
.. (Ah Ba Yah)ရုပ်သံဖိုင်


ဧပြီလ(၁)ရက်နေ့က ရွှေဂုံတိုင်အဖွဲ့ချုပ် ရုံးရှေ့ ပျော်ရွှင်နေကြတဲ့ လူထုပရိသတ်...Burma VJ (ရုပ်သံဖိုင်)
. လားရှိုးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက်ရေတွက်လျှက်ရှိကြောင်း သိရှိရ
Posted: 01 Apr 2012 08:25 PM PDT
(ဓာတ်ပုံ) ဒီမိုကောင်းကင်၊ ဒီမိုဝေယံ















အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၄၃နေရာမှာ အနိုင်ရရှိကြောင်း အတည်ပြုချက် ရယူနိုင်ပြီဖြစ်ကြောင်းနှင့် လားရှိုး
အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တခုသာ မဲဆက်လက် ရေတွက်လျှက်ရှိကြောင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေး
မန်နေဂျာ ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။

အန်ကယ်တို့ ၄၃နေရာမှာ အနိုင်ရရှိတာကို အတည်ပြုချက် ရယူနိုင်ပါပြီ။ နောက်ဆုံးတခု လားရှိုး အမျိုးသားလွှတ်တော်
တခုပဲ မဲဆက်လက် ရေတွက်နေပါတယ်..။ လက်ရှိအနေအထားမှာ ကျားဖြူပါတီနဲ့  အပြိုင်ရေတွက်နေပြီး အန်ကယ်တို့
 NLDက မဲအသာရရှိနေပါတယ်...။ မကြာခင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးမှာ စကားပြောဖို့ ရောက်ရှိလာပါမယ်..။
အဖွဲ့ချုပ်ရုံးရှေ့မှာ ပရိသတ်တွေနဲ့အတူ သတင်းထောက်တွေလည်း အတော်များများ ရောက်ရှိနေပါတယ်လို့ ပြောဆိုသွားပါတယ်..။ (ရန်ကုန် မနက်၉နာရီခွဲ အချိန် ဆက်သွယ်မေးမြန်းချက်) ဖြစ်ပါတယ်..။

ဒီနေ့မနက် ၈နာရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်သည့်
 ရန်ကုန်တိုင်း ၆နေရာစလုံးမှာ အနိုင်ရရှိကြောင်းကို ကြေငြာချက် ထုတ်ပြန်ပေးပါတယ်...။

၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ် (၄၈)နေရာ ပြုလုပ်ရန် စီစဉ်ထားပြီးမှ ကချင်ပြည်နယ်အတွင်း (၃)နေရာမှာ
 နယ်မြေ လုံခြုံရေးဟူသော အကြောင်းပြချက်ဖြင့်  မဲဆန္ဒနယ် (၄၅)နေရာမှာသာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ စစ်ကိုင်းတိုင်း
 မဲဆန္ဒနယ်အမှတ်(၇) (ဗန်းမောက်-ကောလင်း- ၀န်းသို- ပင်လယ်ဘူး) အမျိုးသား လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစောလှိုင်အား နိုင်ငံသားဥပဒေနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခံခဲ့ရပြီး
 ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တဲ့အတွက်ကြောင့် ၄၄နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်..။
သတင်း ဒီမိုဝေယံ
Posted: 01 Apr 2012 11:02 AM PDT
















ယနေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့မှာ မဲအနိုင် အရှုံးစာရင်း လာရောက်
ကြည့်ရှုကြတဲ့ ပရိသတ်များ..




















ဓာတ်ပုံများ ဒီမိုကောင်းကင်

ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီဟုဆို
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၄၅ မိနစ်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
 NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း
 NLD ရုံးချုပ်မှ သိရသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး
 သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
nldledfont7

တဘက်သား အနှောင့်အယှက်မဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို
ဖတ်ကြားပြနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးကို ဧပြီလ ၁ ရက်
၂ဝ၁၂ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) သိက္ခာရှိသည့် အောင်နိုင်မှုဖြစ်စေရန်
အတွက် တဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ထိခိုက်နိုင်သည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ
မပြုလုပ်ရန် အဖွဲ့ချုပ်ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။

၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း
 NLD ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး
သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့လာသဖြင့် ယခုကဲ့သို့
ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
Posted: 01 Apr 2012 07:33 AM PDT
ကျေးဇူးပါ အမေစု.. (Getty Images)
သို့သော်လည်း တဘက်အဖွဲ့အစည်း၏ စိတ်ထိခိုက် စိတ်မကောင်းဖြစ်စေမည့် အပြောအဆို အမူအရာများ လုံးဝ ရှောင်ရှားကြရမည်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment