Monday 2 April 2012







Posted: 02 Apr 2012 12:32 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ ၄၄ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာတွင်အနိုင်ရရှိထား
ပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) အတွက် ရလဒ်များပေါ်ထွက်လာခြင်းမရှိသေး
သဖြင့် မည်သူနိုင်မည်ကို အတိအကျမသိရှိရသေးပေ။ အဆိုပါမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သူများမှာ ပြည်ခိုင်ဖြိုးမှ
 ဒေါ်နန်းကိန်ဖောင်းတစ်၊ အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ကျားဖြူပါတီမှ ဦးစိ...ုင်းစံမင်း၊ ကိုးကန့်ပါတီမှ ဦးလော်ဆင်ကွမ်း၊
 လားဟူပါတီမှ ဦးယောသပ်တို့ဖြစ်ကြသည်။ ယမန်နေ့ညနေပိုင်းအထိ ပြည်ခိုင်ဖြိုးပါတီက လားရှိုး၊ သိန်းနီ၊ မိုင်းရယ်သုံးမြို့
နယ်ပေါင်းတွင် မဲအသာရရှိနေသော်လည်း စစ်တပ်အတွင်းမှ စည်းကမ်းနှင့်မကိုက်ညီသော ကြိုတင်မဲ ကိုးရာကျော်ကို
ခရိုင်ကော်မရှင်မှ ပယ်ချခဲ့ပြီးနောက်ပိုင်းတွင် ကျားဖြူနှင့် အန်အယ်လ်ဒီပါတီတို့နှစ်ခုသာ ရှေ့တန်းတက်လာခဲ့ကြသည်။
ယမန်နေ့ ည ၁၀ နာရီအထိ လားရှိုးမြို့တွင် အန်အယ်လ်ဒီမှ ကျားဖြူပါတီအား မဲတစ်သောင်းကျော်ဖြင့် အပြတ်အသတ်
အနိုင်ရရှိထားခဲ့သည်။ တဆက်တည်းပင် ကျားဖြူပါတီသည် လားရှိုးမြို့နယ်တွင် ၁၄၃၈၆ မဲရရှိခဲ့ပြီး သိန်းနီမြို့နယ်တွင်
၅၆၃၄ မဲရရှိထားကာ မိုင်းရယ်မြို့နယ်တွင် ၉၀၅၀ ဖြင့်အသာစီးရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်း ၂၉၀၇၀ မဲရရှိနေပြီဖြစ်သည်။
 သို့သော် ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရောက်ရှိလာသော စာရင်းများအရ တန့်ယန်းတွင် ကျားဖြူပါတီက ၁၁၂၂၃
မဲရရှိသွားပြီး ကွမ်းလုံမြို့နယ်တွင် ၁၄၃၃ မဲရရှိခဲ့သဖြင့် စုစုပေါင်း ၄၁၇၂၆ မဲရရှိသွားခဲ့ပြီဖြစ်သည်။
NLD ပါတီသည် လားရှိုးမြို့နယ်တွင် ၃၄၇၃၇ မဲရရှိကာ လားရှိုးမြို့နယ်အတွက် အပြတ်အသတ်အနိုင်ရရှိနေပြီဖြစ်သော်လည်း ကျန်မြို့လေးမြို့တွင် ကျားဖြူနှင့် ပြည်ခိုင်ဖြိုးပါတီတို့ထက် မဲရရှိမှုနည်းပါးနေသည်။ သိန်းနီမြို့တွင် ၂၃၆၃ မဲရရှိခဲ့ပြီး မိုင်းရယ်မြို့
တွင် ၁၉၇၁ မဲသာရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်းမှာ ယမန့်နေ့ည ၁၀ နာရီအထိ ၃၉၀၇၁ မဲရရှိနေပြီဖြစ်သည်။
 ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရရှိသည့် မဲစာရင်းများအရ အန်အယ်လ်ဒီပါတီက ၃၉၆၆ မဲသာရရှိပြီး ကွမ်းလုံမြို့နယ်
တွင် ၅၁၆၃ မဲရရှိခဲ့သည်။ ထို့ကြောင့် အန်အယ်လ်ဒီပါတီ၏ ယနေ့နောက်ဆုံး မဲရရှိစာရင်းမှာ ၄၈၂၀၀ ဖြစ်သည်။
သို့ဖြစ်၍ လက်ရှိအခြေအနေရ အန်အယ်လ်ဒီပါတီမှာ ကျားဖြူပါတီထက် မဲအသာရရှိနေခဲ့သည်။ သို့သော် လားရှိုးမြို့နယ်အတွင်း ရောက်ရှိမလာသေးသော မဲများမှာ လားရှိုးမြို့နှင့် မိုင်သုံးဆယ်ခန့်ကွာဝေးသော ကျေးရွာ
၂၀ ခန့်ရှိနေသေးပြီး တန့်ယန်းမြို့နယ်တွင်လည်း ကျေးရွာ ၉ ခုခန့်ကျန်ရှိနေသောကြောင့် ယင်းကျေးရွာများမှ ရောက်ရှိလာမည့်
မဲစာရင်းများကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီမှာလည်း ကျားဖြူ၊ အန်အယ်လ်ဒီတို့နှင့် မဲရရှိမှု ကွာဟချက်ကြီးမားစွာမရှိသည့်အတွက် ယင်းပါတီ၏ အေုခအနေကိုလည်း ခန့်မှန်းမရဘဲဖြစ်နေသည်။ အဆိုပါကျေးရွာများမှ မဲစာရင်းများကိုထပ်ပေါင်း၍ ကျားဖြူမှ ဦးစိုင်းစံမင်းနှင့် အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ဒေါ်နန်း
ကိန်ဖောင်းတစ်တို့ မည်သူအနိုင်ရရှိမည်ကို ယနေ့ညနေ ၅ နာရီကျော်တွင် အကြမ်းဖျင်းခန့်မှန်းနိုင် ကောင်းလိမ့်မည်ဖြစ်သော်
လည်း အတိအကျအဖြေရလဒ်ကိုမူ လေးရက်ခန့်စောင့်စားကြရဦးမည်ဖြစ်သည်ဟု သိရသည်။

7Day News Journal

Posted: 01 Apr 2012 04:52 PM PDT

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်။

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ။
ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း။
ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း။

ဘာပဲပြောပြော... ဒီလူလေးဦးကိုတော့ လေးစားသွားပါပြီ။ အင်မတိအင်မတန် ခက်ခဲလွန်းတဲ့ အစိုးရမင်းတို့ဌာနီကို အနိုင်
ယူခဲ့ကြတယ်။ မမျှော်မှန်းရဲတဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ကြတယ်။ အများက မရနိုင်ဘူးလို့ ထင်ထားတဲ့ ပန်းတိုင်ကို
 လှမ်းကိုင်နိုင်ခဲ့ကြတယ်။ ပုဂံခေတ်က စစ်သည်လေးသိန်းအားနဲ့ ညီမျှတဲ့ ရာဇ၀င် သူရဲကောင်းလေးဦးကို သတိရမိပါတယ်။
 ကျနော်ရိုက်လာခဲ့တဲ့ သူတို့ပုံလေးပုံနဲ့တကွ ဂုဏ်ပြုလိုက်ပါတယ်။

နပြည်တော် ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများ၏ ဆန္ဒမဲ ရလဒ်များ

ဇမ္ဗူသီရိ မြို့ နယ်

မဲဆန္ဒရှင်ဦးရေ - ၅၃၂၆၁ ဦး
မဲပေးသူ - ၄၂၇၂၂ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးဝင်းဌေး ) - ၁၇၇၉၆ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( ဒေါ် စန္ဒာမင်း ) - ၂၃၂၈၅ မဲ

ဒက္ခိဏ သီရိမြို့ နယ်
...
မဲဆန္ဒရှင်ဦးရေ - ၁၆၉၃၁ ဦး
မဲပေးသူ - ၁၂၇၀၈ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးမောင်ရှိန် ) - ၄၂၄၅ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( ဦးနိုင်ငံလင်း ) - ၇၄၉၁ မဲ

ဥတ္တရသီရိမြို့ နယ်

မဲဆန္ဒရှင်ဦးရေ - ၃၇၈၇၈ ဦး
မဲပေးသူ - ၂၇၆၈၃ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးလှသိန်းဆွေ ) - ၉၀၉၂ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( ဦးမင်းသူ ) - ၁၅၁၇၈ မဲ
တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ ( ဦးကြည်မြင့် ) - ၁၂၄၂ မဲ

ပုဗ္ဗသီရိမြို့ နယ်

မဲဆန္ဒရှင်ဦးရေ - ၅၆၉၄၁ ဦး
မဲပေးသူ - ၄၆၂၅၁ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးသာဌေး ) - ၁၉၁၇၀ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ( ဦးဖြိုးဇေယျာသော် ) - ၂၃၆၅၁ မဲ
တစ်သီးပုဂ္ဂလ ( ဦးမြင့်လွင်သန်း ) - ၅၅၇ မဲ

ဓာတ်ပုံ-ဥက္ကာကိုကို -

Posted: 01 Apr 2012 10:35 AM PDT


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်မှာ ကြားဖြတ် ရွေးကောက်ပွဲ မဲစာရင်းများကို ရုံးချုပ်ရှေ့LED ဆိုင်းဘုတ်ဖြင့်
အနိုင် အရှုံးကြေညာနေရာ နှစ် ၂၀ ကြာ အောင်ပွဲကို မျှော်လင့် နေကြသည့် ပြည်သူများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ သောင်းသောင်း
 ဖျဖျ လာရောက်ကြည့်ရှု အားပေးနေကြတာ ဖြစ်ပါသည်။

မနက် ၁၂ နာရီ ၄၅ မိနစ် လမ်းထောင့်တွင် ဟစ်ကြွေးနေသူ လူငယ်များအား NLD ပါတီ အဖွဲ့သားများမှ အမေစု၏ သတိပေးလက်ကမ်းစာစောင်များအား လိုက်လံဝေငှပြီး အိမ်ပြန်ကြဖို့ နှိုးဆော်ခဲ့ပါတယ်။ အမေစုကို ချစ်ရင်ပြန်ကြမယ်၊ သိက္ခာရှိရှိ အောင်ပွဲခံကြမယ် လို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်တွန်းရင်း ပြန်သွားကြပါတယ်။ အချို့ကလည်း ကြောက်
လို့ပြန်တာ မဟုတ်ဘူး၊ အမေစုကိုချစ်လို့ ပြန်တာ လို့ ဟစ်ကြွေးပြီး ပြန်သွားကြပါတယ်။ အားလုံးပြ...န်သွားပြီးတဲ့နောက် လမ်းမပေါ် ပြန့်ကျဲနေသော ပုလင်းကွဲများကို လက်ကမ်းစာစောင်ဝေခဲ့သူ သုံးဦးမှ လိုက်လံကောက်ယူ ရှင်းလင်းပေးနေသည်ကို လေးစားဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ အခုလို ထိန်းသိမ်းပေးသော အမေစုနှင့် NLD ပါတီမှ အဖွဲ့သားများ၏ နိုင်ငံကြီးသားပီသသော လုပ်ရပ်များကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့်အတွက် အလွန် ကျေနပ်ပီ
တိဖြစ်မိပါသည်။ (dnyein lin)
Burma vj media network

Posted: 01 Apr 2012 09:29 AM PDT


မြန်မာပြည်တွင်းမှာကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဂျပန်ရောက် မြန်မာနိုင်ငံသူ/သား ၃၁၄ ဦးသာ
 မဲပေးခွင့်ရကြောင်းသိရသည်။ ဂျပန်တွင် မြန်မာနိုင်ငံသူ/သား ၇,၈၉၂ ဦးရှိသော်လည်း အများစုမှာ မဲပေးခွင့်မရကြပေ။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးမှ သံမှူးဦးကောင်းစံလွင်က "ကျနော်ဒီမှာ(ဂျပန်မှာ)ရောက်ရှိနေတဲ့ မြန်မာတွေထဲက ကျနော်တို့နဲ့ဆက်သွယ်ထားတဲ့လူတွေ၊ သူတို့နဲ့အကျုံးဝင်တဲ့မြို့နယ်တွေ
ပါတဲ့သူတွေဆီကို ကျနော်တို့က ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့အကြောင်း
ကြားပါတယ်။ အားလုံးပေါင်း ၃၁၄ ယောက်ပါ။ သူတို့ကလည်း မဲပေးမယ်လို့အကြောင်းပြန်လာတဲ့အတွက် ကျနော်တို့က
 ကြိုတင်မဲပေးနိုင်တဲ့ ပုံစံ ၁၅ ဆိုတာကို ပြန်ပို့ပေးပါတယ်။ ဒါတွေကို ကျနော်တို့က ပြည်တွင်းမှာရှိတဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံပို့ပေးပါတယ်။ ဒါကြောင့် မဲပေးခွင့်ရတာပါ။ ကျန်တဲ့လူတွေ၊ ဒီမှာရောက်ရှိနေပေမယ့်
ကျနော်တို့ဆီကို မဆက်သွယ်တဲ့လူတွေ၊အသိပေးအကြောင်း မကြားတဲ့လူတွေ ကိုတော့ ကျနော်တို့က လိပ်စာလည်းမသိတဲ့
အတွက် ဘာမှဆောင်ရွက်ပေးနိုင်ခွင့်မရဘူးဖြစ်နေပါတယ်ဟု" ယခုလိုဖြေကြားသွားခဲ့သည်။

ယနေ့ကျင်းပနေသည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မိမိတို့နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း များ ကို
 ဆန္ဒမဲပေးခွင့်ရဖို့အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသား တစ်ရာကျော်ခန့် မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်များ ကိုင်ဆောင်ကာ မဲပေးဖို့ကြိုးစားခဲ့ပေမယ့် တစ်စုံတစ်ဦးမှ မရရှိခဲ့ကြပေ။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုတစ်
ခုဖြစ်ကြောင်း ဆန္ဒမဲပေးဖို့လာသူတစ်ဦးမှဆိုသည်။ မဲပေးခွင့်ရသူ ၃၁၄ ဦး၏ ကြိုတင်မဲကို မြန်မာသံရုံးမှ မတ်လ ၁၈ ရက်နေ့တွင်ကောက်ယူခဲ့သည်ဟု သိရသည်။

သတင်း။ ။ မောင်ရှင်
Video..maungwto

Posted: 01 Apr 2012 07:34 AM PDT

အောင်ပွဲရတဲ့နေ့မှာဘဲ အများပြည်သူတွေကို NLDအောင်ပွဲဆိုပြီးတော့ လုပ်မပေးဖို့ ၊လုပ်မပေးဖို့ဆိုတာ မလုပ်စေချင်လို့
မဟုတ်ပါဘူး ပထမဦးဆုံး ဒီမိုကရေစီရဲ့ အောင်မြင်တဲ့ခြေလှမ်းတလှမ်းပါ.. အများပြည်သူရဲ့လက်ညိုးအထိုးကို မခံချင်လို့ပါ.အများပြည်သူဆိုတာ ကိုယ့်ကိုမလိုတဲ့သူတွေ ရှိပါတယ်.အဲဒီလို ကိုယ့်ကိုမလိုတဲ့အဖွဲ့အစည်းက NLDမင်းတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောင်မြင်မှုဆိုတာ ဒီလို ဆူဆူပူပူလားကွလို့ အပြောခံရမှာကြောက်တဲ့အတွက်
အပြောခံရမှာကို ကြိုတင်စိုးရိမ်တဲ့အတွက် အောင်ပွဲရလာခဲ့ရင် အောင်ပွဲကို ဟိုတယ်တခုမှာသို့မဟုတ်စားသောက်ဆိုင်တခုမှာ
 သို့မဟုတ် အထင်ကရနေရာတခုမှာ ထင်ထင်ရှားရှားမလုပ်ဖို့ ကျနော်က NLDဘက်က အားပေးတဲ့သူတယောက်အနေနဲ့
အကြံပြုချင်ပါတယ်.

အဲင်္ဒိလိုလုပ်လိုက်လို့ရှိရင် မတော်တဆအမှားဖြစ်သွားခဲ့ရင်၊ လူငယ်ဆိုတာအမှား ဖြစ်တတ်ပါတယ်. လူငယ်တွေရဲ့မတော်တဆအမှားဖြစ်သွားခဲ့ရင် တမင်လုပ်တဲ့အမှားလို့ထင်သွားမှာကြောက်လို့ပါ.ဆိုကြပါစို့
 ဘောလုံးပွဲတခုမှာ၂ဘက်အသင်းမှာ တဘက်ကနိုင်သွားခဲ့ရင်တို့နိုင်ပြီလို့ ကြွေးကြော်လို့ရပေမဲ့ ဒီဥစ္စာကတော့ နိုင်ငံတော်ရဲ့အရေးဖြစ်နေတဲ့အတွက် ပြဿနာအဖြစ်မခံနိုင်ပါဘူး..

နိုင်ငံတော်ရဲ့အရေးဖြစ်တဲ့အတွက် ပြဿနာလုံးဝမတက်စေချင်လို့ ..နိုင်တယ်ဆိုတာအောင်ပွဲဖြစ်ပြီးသွားပါပြီ နိုင်တယ်ဆိုတည်းက အောင်ပြီးသွားပါပြီ ထူးပြီးအောင်ပွဲလုပ်စရာမလိုတော့ပါဘူး.

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment