Tuesday 29 May 2012

ဒီမိုကရေစီလှုပ်ရှားမှု

- “တိုင်းပြည်ဂုဏ်ငယ်အောင်သာ-လုပ်တတ်တဲ့-ကယ်ပါ သူတောင်းစား အမတ်များ-
ဂနွသာရ (8888) ရဟန်းပျို ခေါင်းဆောင်
--၂၈-၅-၂၀၁၂

ဗမာပြည်တပြည်လုံးအတိုင်းအတာ အထိ ဆန္ဒ-ပြနေမူ့ အပေါ် သုံးသပ်မူ့ တွေနဲ့ ဆုံးဖြတ်မူ့ တွေ ဝေဖန်မူ့ တွေကို နားထောင်ရင်းက အတိတ်က မြန်မာပြည် အကြောင်းကို ပြန်တွေး မိပါတယ်။
စာရေးသူ ရဟန်းပျိုဘဝ-8888အကြို ဆေးရုံကြီးရှေ့-ဟောပြောပွဲမှာ စင်ပေါ်တက်ခဲ့တယ် ။

အဓိကအားဖြင့်-ဟောပြောပွဲမှာ လူအဆင့်တန်းကွဲပြာမူ့ ကိုဟောခဲ့ပါတယ် နိုင်ငံတော်မှာ အကြီးအကဲဆို သူတွေဟာ- သူတို့ မိသားစုတွေအတွက် အပွန်းအပဲ့ ဒါဏ်ရာ လေးများ ရရုံနဲ့ခြင်လေး တကေါင် တလေ ကိုက်ရုံနဲ့ အထူး ဆေးခန်းတွေမှာ အထူးကုသ ကြရတယ်၊


ရာထူုကြီးကြီးမိသားစုဝင်တွေ နိုင်ငံရပ်ခြားမှာ ပြည်သူ့  ဘဏ္ဍာငွေတွေနဲ့ ဆေးကုသမူ့ ခံယူတတ်ကြပါတယ်၊
ကျုပ်တို့ အလုပ်သမားတွေ ဆင်းရဲကြရတဲ့သူတွေ (မချမ်းသာသင့်ပဲ ချမ်းသာနေတဲ့ သူတွေကြားမှာ-ဆင်းရဲကြရတဲ့ သူတွေဆိုတာ- မဆင်းရဲသင့်ပဲ ဆင်းရဲုကရတဲ့သူတွေကို အဓိကဆိုလိုတာပါ)
လယ်သမားတွေမှာ သေအံလုလုဒါဏ်ရာ အနာတရဖြစ်ရင် ဆေးမကုသနိုင်ပဲသေ ကြရတယ်၊

အစိုးရဆိုသော သူတွေ သူတို့ အသိုင်းအဝိုင်း ကြားမှာ မီးတွေထိန်ထိန် 24နာရီ လုံးလုံး လင်းနေပေမဲ့- အလုပ်သမားတွေ- ဆင်းရဲသူတွေ လယ်ရာလုပ်ကိုင် စားသောက်ကြရတဲ့သူတွေရဲ့  ဘဝတွေမှာ ဆီးမီးခွက်လေး နေဝင်မိုးချုပ် အချိန်မှာတောင် မှန်မှန် မထွန်းနိုင်ကြဘူး-
အဲ့ဒါ တရားသလား မတရားဘူးလား- ဒါပဲလေ။



ဒီတော့-မရားတာကို ငုံခံမလား တွန်းလှန်မလား?
အဲ့ဒါ8888-ကါလရဲ့ ကြွေးကြော်သံ ဖြစ်ခဲ့ပါတယ်။
ဘာဖြစ်လို့ -ဒီအချိန်အထိ ဒီေုကွးကြော်သံတွေ မရပ်စဲသေးသလဲ မရပ်နိုင်သလဲ ရှင်းရှင်းလေးပါ။
တရားမျှတ လွတ်လပ်ခြင်းမရှိသေးလို့ ပါပဲ တရားမျှတခြင်း မရှိသေးသရွေတော့ ဒီမိုကရေစီ ဆိုသော အသံမိုးသို့ လျှံတက် ကုန်းအော် နေလျက်က ဆင်းရဲဒုက္ခက ထဲမှာနစ်နေကြ ရပါအုန်းမည်။

ဆန္ဒ-ထုတ်ဖေါ်ကြတာနိုင်ငံတကါမှာလဲ ရှိနေတာပဲလို့  စာရေးသူက မေးလာတဲ့ သူငယ်ချင်းတွေကို -ကိုယ်သိ သလောက် နားလည် သလောက်တော့ ပြောပြဖြစ် ပါတယ်-

ကမ္ဘာကြီးရဲ့  နိုင်ငံတိုင်းမှာ. ဆန္ဒ-ပြမူ့ တွေဟာ တိုင်းပြည် အုပ်ချုပ်သူ တွေရဲ့- အကေါင်းအဆိုး အပေါ်မှာ မူတည်နေပါတယ်၊
အုပ်ချုပ်သူတွေလ ညံ့ဖျင်းရင် လင့်ဟင်းရင် ဒါဖေါ်ထုပ်ကြရမှာက ပြည်သူတွေ ရဲ့ တာဝန် တရပ်ပါပဲ-

ဒီကိစွ့တွေကို ပြေလယ်အောင် မဆောင်ရွက်ပဲ-တစိတ်ရှိဖမ်းချုပ် တဆိတ်ရှိ ခြိမ်းခြောက် နေလို့ ကတော့ ဘယ်တော့မှ မပြေသလို့  ဘယ်တော့မှလဲ။
ငြိမ်းချမ်းသာယာလိမ့်မည် မဟုတ်ဆိုတာ-စာရေးသူအနေနဲ့ ရဲရဲကြီး ပြောနိုင်ပါတယ်။


ဒီကိစွ့နဲ့ ပါတ်သက်လို့ ဆန္ဒ-ပြသူတွေကို အဓိက လိုက်နှောက်ယှက်နေတဲ့ ရဲဝန်ထမ်းတွေ အောက်ခြေဌာန ဆိုင်ရာ ဝန်ထမ်း တွေကို -စာရေးသူက ပြောချင်ပါတယ်။

ငတုံးငအတွေ ဖြစ်နေုကတာကိုပါ မီးမလင်းတဲ့ အိမ်တွေထဲမှာ သူတို့ လဲပဲ ပါတာပဲ-
တကယ်ဆို ဒီဆန္ဒပြမူ့ အောင်မြင်ရင် သူတို့ အတွက်လဲ ကျေနပ်ဝမ်းသာစရာတခုရယ်ပါ-
ဒီငတုံးတွေဟာ မသာပါးစပ် ထဲက ငွေကိုသာယူရဲပေမဲ့ သူတို့ အဘတွေ ဂုတ်သွေး ခွစုပ် နေတာကိုတော့- နားမလည် တတ်ကြဘူး ။
သူတို့ ဘဝတွေအရောင် မတောက်တာ ဘာကြောင့်လဲဆိုတာ သိဘို့ ကေါင်းပါပြီ-စာရေးသူရဲ့ စေတနာတခုပါ။



စာရေးသူရဲ့ခံယူချက်ထဲမှာ-ဒီမိုကရေစီဆိုသော အရာသည်-ပြည်သူ လူထုက-တရားမျှတစွာ တောင်းဆို မူတွေကို အကေါင်အထည် ဖေါ်ဆောင်ပေးခြင်း ဖြစ်သည်ဟု ယုံကြည်ပါသည်၊
ယခုတလော-လူထုကားနဲ့ နိုင်ငံရေးလောကကြားမှာ- မရှင်းလင်းတာတွေ ဖြစ်ပေါ် လာတာတွေ့ ရတယ်။။

အမြင်မတူတာ- အဓိပွါယ်လွဲတာလေးတွေဟာ-ထင်ဟပ်လာတယ်။
ဒါကလဲ- စိတ်မရှည်စွာ ဖြစ်ရပ်လေးတွေကစလာတာဆိုပေမဲ့ ကြီးထွားလာတတ်ပါတယ်-
အချိန်ယူ နာလည်မူ့ ဖလှယ်ရင်း-လုပ်ကိုင်သွားကြရင်တော့ ဘာမှမဖြစ်လောက်ပါဘူး။
ပြည်သူတွေထဲက -ရိုးသားတဲ့စကါးတွေကို နားလည်အောင်ကြိုးစားဘို့ လိုပါ လိမ့်မယ်။

မြန်မာပြည်မှာ ပညာရေးအဆင့်အတန်းနိမ့်လို့ မြန်မာပြည်က ဘွဲ့ ရတွေကို နိုင်ငံတကါက အထင်မကြီးကြပေမဲ့ -ပြည်သူထံက ဘဝအတွေ့ အုကုံ ဆင်းရဲဒုက္ခတွေနဲ့  အရင်းတည်ပြီး ရရှိလာတဲ့ ဘဝတက္ကသိုလ် ပညာရပ်များရဲ့ -ဗဟုသုတအထွေထွေကိုတော့ နိုင်ငံတကါက လေးစား အသိအမှတ်ပြုကြ ပါတယ်။

ဒီအချက်ကိုလဲ နိုင်ငံရေးသမာုးကီးတွေ သတိထားသင့်သလို အောက်ခြေ လူတန်းစားများဘဝ- အလုပ်သမား လယ်သမားများရဲ့  ဘဝတွေကို အဓိကသရုပ်ဖေါ် လုပ်ဆောင် ပးခြင်းဖြင့် ဒီမိုကရေစီဆိုသော-အနှစ်ကို-တည်မြဲ ဘို့ လိုအပ်ပါတယ်။

ရှင်းရှင်းပြောရရင်-ဦးနုကီးရဲ့ ဒီမိုကရေစီကိုေုကာက်ရွန့် ခဲ့လေသော - ဗိုလ်နေဝင်းတို့ ရဲ့ အာဏါရှင် စနှစ်ကို ရွန့် မုန်းတီးခဲ့လေသော- နဝတ၊နအဖ-စစ်ဘီလူးခေတ်ကိုကြောက်အား ပိုခဲ့သောပြည်သူတွေဟာ-အလွှာအသီးသီးမှာ ရှိနေဆဲလို့ စာရေးသူကတော့ ထင်မြင်ယူဆမိပါတယ်၊
ခြုံပြောရရင်တော့ သခင်သန်းထွန်းတို့ခေတ်က စ လက်နှက်ကိုင် အဖွဲ့ စည်းတွေကြား လောက်စာလုံးပမာအလှိမ့်ခံ ပြည်သူတွေခမျာအဖေအရင်းအမေအရင်ဆိုတာကိုတောင်ေုကာက်လန့် နေရတဲ့ကါလအတွင်းရောက်ခဲ့လေသောဘဝကို နားလည်ထားရှိပြီး ဒီမိုကရေစီ ပန်းတိုင်အရောက် ဆက်လျှောက်ဘို့ ပါပဲ။


လက်ရှိအနေအထားမှာ မြန်မာပြည်က လက်ရှိ အမက်တွေကို ပြောလိုပါတယ်-



အမတ်အဖြစ်နဲ့ လွှတ်တော်တတ်ပြီး အမတ်အရည်အချင်းမရှိ-ရုံတင်မက မြင့်မြတ်တဲ့စိတ် အမျိုးသား လူမျိုးဂုဏ် သိက္ခါကိုပါ ။
မစောင့်ထိန်းနိုင်ပဲ ဦးရွှေမန်းတို့ ဆိုရင် ဘယ်နိုင်ငံ ရောက်ရောက် တခြားနိုင်ငံတွေက အမတ်တွေကို ခေါင်းဆောင်တွေကို ကျနော်တို့ ကို ကူညီပါ ။
ကျနော်တို့  ကိုကယ်ပါဆိုတဲ့စကါးကလွဲလို့ ကျန်တာဘာကိုမှ မပြောမဆိုတတ်ပဲ ကယ်ပါသူတောင်းစားဖြစ်နေတာ စာရေးသူ အလွန်အလွန်ပဲ ရှက်မိပါတယ်။
အမျိုးသားရေးဂုဏ် တိုင်းပြည်ဂုဏ် လူ သိက္ခါကင်းမဲ့စွာလုပ်ဆောင်မူ့ ကို ရပ်တန့် စေချင်ပါတယ် ၊
တွေးစရာ မလိုအောင် ရှင်းနေတာက မြန်မာ စစ်သားဆိုတာ-လူသတ်ရဲတာကလွဲလို့  နိုင်ငံရေး မလုပ်တတ်တာပါပဲ ။

တိုင်းပြည်လူထုတို့ ရဲ့ ဘဝ တရားမျှတတဲ့ အခွင့်ရေးရဘို့ -ကြီးပွါးတိုးတက်ဘို့ အရေးလုပ်ဆောင် ရာမှာ-အတိုက်အခံပဲဖြစ်ဖြစ်-အတိုက်အခံ မဟုတ်သူတွေပဲ ဖြစ်ဖြစ် ကိုယ်စားလှယ်တွေ အမတ်တွေအားလုံးမှာ တာဝန်ရှိတာပါပဲ ။
ထိုင်အာရိုက်ဘို့ သက်သက် ပြည်သူ့ ဘ္ပာငွေလစာကို ထိုင်ဖြုံးရုံသက်သက်ဆိုရင်တော့ ကယ်ပါယူပါ ကူညီပါဆိုစကါးနဲ့  ကိုယ်ကယ်ပါ- မကယ်ပါတွေပဲ ဖြစ်ကုန်တော့မယ်။

တကယ့်အကူအညီတောင်းရမှာက ဆင်းရဲသား အလုပ်သမားလယ်သမားပြည်သူ တွေဆီက တောင်းရမှာပါ -
ပြည်သူတွေဘဝကို တကယ်နားလယ်အောင် လုပ်နိုင်မှ နားလည်ပြီးရင်တကယ်စေတနာ အရင်းခံဖြစ်မှ ဝိုင်းလုပ်ဝိုင်းစား ပြည်သူတွေနဲ့ တသားထဲဖြစ်ဘို့ အရေးကြီးပါတယ်။

တရားဥပဒေ စိုးမိုးရေး လူ့ အခွင့်ရေးအကောင်အထည်ဖေါ်ရာတွင် ထိုဥပဒေနဲ့ထိုအခွင့်အရေး လုပ်ငန်းမျာကို ကျေးရွာရပ်ကွက် ဆင်းရဲနွမ်းပါးသူ အလုပ်သမား လယ်သမား တွေကြားမှာ ကျယ်ကျယ်ပျံ့ ပျံ့ အထူးကျိုးစား ဖေါ်ဆောင်နိုင်မှ ဒီမိုကရေစီသို့ ဦးတည်သွားနိုင်ပါမည်၊


ထိုပြည်သူတွေ အသင့်အသင့် ပြေလည်လာအောင် လုပ်ဆောင်ပေးရင်-အရေးယူဆောင်ရွက်ခြင်းထက်-နာလည်မူ့ ယူ စည်းရုံးနိုင်ခဲ့ရင် ပြည်သူတွေနဲ့ တသားထဲ ဖြစ်မယ်ဆိုတာ ရဲရဲကြီးအာမခံတယ်။
ကိုဇာဂနာပြောသလို အသက်ကို ပေါင်ထားဝန့် တယ်။
. ဗိုက်စာလို့ အော်ငိုတဲ့ကလေးကို ရိုက်ပြီးတိက်ခိုင်းလို့ မရနိုင်ပါ-
ကျနော်တို့ ကို ကူညီပါလို နိုင်ငံတကါမှာ လိုက်ပြီး ကယ်ပါလုပ်မဲ့အစား တကယ်တော့ ပြည်သူတွေကို ရှိခိုးတောင်းပန် တာက မွန်မြတ်ပါလိမ့်မယ် ဆိုတာပြောချင် ပါတယ်။

ထပ်လောင်းရေးသားချင်တာက ခေါင်းဆောင်မူ့ ဘဝတွေကိုဦးစားမပေးပဲဦဆောင်မူ့ ဘဝကိုပိုမိုဦစားပေးလုပ်ဘို့ လိုနေပါသည်။
နေရာတိုင်းမှာဦးဆောင်လုပ်သူတွေက ပြည်သူတွေနဲ့ ပိုမိုနီး ကပ်ဆက်စပ်လုပ်ဆောင်နိုင်ကြတာကို တွေ့ ရမှာပါ၊

ပမာတင်ပြရရင်ကိုဇာဂနာ၊ ကိုမင်းကိုနိုင် ၊ကိုကိုကြီး၊ ကိုဌေးကြွယ် အစရှိသော လူထုအတွင်းမှာသာ အချိန်ကုန်စေခဲ့ပြီး ပြဿနာ အဝဝကို ဖြေရှင်းဆောင်ရွက်သလို မူးကြီး-မတ်ကြီး-သေနာပတိ-သမတကြီးတို့ စိတ်ကေါင်း စိတ်ရှည်ထားပြီး ထိုနည်းတူစွာ လုပ်ဆောင်နိုင်ရန် အထူးလိုအပ်ပါသည်။

ထိုသို့လုပ်ဆောင်နိုင်ရင် ရန်ညိုးတွေကိုတောင်ပျောက်သွားနိုင်ပါတယ်။
နောက်ဆုံးထားရေးသားလိုတာက-ပြည်သူကေါင်းနင်းထားသော ခြေထောက်တွေကို နဲနဲစမ်း ကြွလိုက်ကြည့်ပါ။


ညီညွတ်ရေးဆိုတာ ကောင်းပါတယ်။
ညီညွတ်ဖို့သာခက်တာပါ။
ညီညွတ်နိုင်ကြပါစေ။
ပြေလည်သွားပါလိမ့်မည်။

ဂနွသာရ(8888)ရဟန်းပျိုခေါင်းဆောင်

(ဟစ်တိုင်မှကူးယူဖေါ်ပြပါသည်)

-------------------------------------------------------------------------------

No comments:

Post a Comment