Tuesday 29 May 2012





Posted: 29 May 2012 12:13 AM PDT
photo.. eleven media group


အိန္ဒိယဟာ အရင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်ပြောင်တင်းတင်း မထောက်ခံဘဲ အစိုးရနဲ့သာ နိုင်သလောက် အဆင်ပြေအောင် ပေါင်းသင်းခဲ့ပါတယ်။ အခုတော့ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယ ၀န်ကြီးချုပ်အဖြစ် ရန်ကုန်ကို ရောက်လာတဲ့ မစ္စတာ မန်း မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပါတယ်။ အိန္ဒိယက ကျောင်းသားတွေ အပါအ၀င် အိန္ဒိယ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို မြင်ပါသလဲ။ နားဆင်နိုင်ပါတယ်။
အိန္ဒိယဟာ အရင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်ပြောင်တင်းတင်း မထောက်ခံဘဲ အစိုးရနဲ့သာ နိုင်သလောက် အဆင်ပြေအောင် ပေါင်းသင်းခဲ့ပါတယ်။ အခုတော့ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယ ၀န်ကြီးချုပ်အဖြစ် ရန်ကုန်ကို ရောက်လာတဲ့ မစ္စတာ မန်း မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပါတယ်။ အိန္ဒိယက ကျောင်းသားတွေ အပါအ၀င် အိန္ဒိယ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို မြင်ပါသလဲ။ နားဆင်နိုင်ပါတယ်။

မှတ်ချက်. .အိန္ဒိယ ၀န်ကြီးချုပ်နဲ့တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF သို့တက်ရောက်ရန် ယနေ့ညပိုင်း ၇း၄၅ နာရီမှာ TG-306 နဲ့ ထွက်ခွာမှာဖြစ်ပြီး ဘန်ကောက်လေဆိပ်သို့ ည ၉ နာရီမှာ လေယာဉ်စိုက်ရောက်မှာ ဖြစ်ပါတယ်။

Posted: 28 May 2012 11:56 PM PDT



NAY ZAW

Posted: 28 May 2012 09:16 AM PDT



DVB entertainment
သတ္တိကောင်းပုံ ပြိုင်ကြတာများ...အမေရိကန်က ဘရိတ်မပါတဲ့ကားတစီးအပါအ၀င် ကားအစင်း ၁၀ စီးကို လူ ၁၀ ယောက်ကို မောင်းခိုင်းလိုက်တယ်.. အဖြေက ၁ ယောက် ဆေးရုံပေါ်ရောက် ၉ ယောက် လူနာ သွားကြည့်ကြတယ်..
အဲ ဗမာတွေကြတော့အစိုးရသတင်းပေးတယောက်ပါတဲ့ လူ၁၀ယောက်ထဲမှာ အစိုးရမကောင်းကြောင်းတွေ ထိုင်ပြောကြတယ် .. အဖြေက ၉ ယောက်ကို ၁ ယောက် ထောင်ဝင်စာ လာတွေ့ ရတာပေါ့.. (အဖမ်းခံရမယ် သိသိကြီးနဲ့  မကြောက်မရွံ့  သတ္တိရှိကြတာ ..)

19-5-2012 ကမာရွတ်မြို့ နယ် (၁) ရပ်ကွက် ပရဟိတလူငယ်တွေ ဦးဆောင်ကျင်းပတဲ့ ပထမအကြိမ် စာပေဟောပြောပွဲမှာ နိုင်ငံသား ဆိုတာနဲ့ ပတ်သက်လို့  အကျယ်တ၀င့်ဆွေးနွေးတင်ပြခဲ့တဲ့ ဆရာ မောင်သူရ ခေါ် ဇာဂနာရဲ့  ဆွေးနွေးတင်ပြမှု အပိုင်း ၁ ပါ..ကျန်တဲ့ ၂ ပိုင်းကိုလဲ ဆက်လက် ဖေါ်ပြပေးပါ့မယ်..။

Posted: 28 May 2012 08:40 AM PDT
Letterfrom Burma: Flowers in her hair 2
၁၉၄၁ ခုနှစ်ကုန်ပိုင်းလောက်မှာ ကမ္ဘာစစ်ကြီးဟာ မြန်မာနိုင်ငံကိုရှေ့ရှုရောက်ရှိလာခဲ့ပါတယ်။ အရှေ့ တောင်အာရှကို ဂျပန်စစ်တပ်ကဖြတ်သန်းလာတာနဲ့အမျှ ရန်ကုန်မြို့ဟာလဲညလယ်တွေမှာမကြာခဏ ဗုံးကြဲခံလာရပါတယ်။ ကျွန်မမိခင်ရဲ့ အန္တရာယ်ရင်ဆိုင်နေရတဲ့ကြားထဲ မပူမပန်လှုပ်ရှားနေမှုကြောင့် လုပ်ဖော်ကိုင်ဘက် သူနာပြု ဆရာမတွေရဲ့ အထင်ကြီးမှုနဲ့စိတ်အနှောက်အယှက်ဖြစ်မှုကို ခံရပါတယ်။ ဗုံးခိုကျင်းထဲမသွားခင် သူ ဟာ မရမက သေသပ်လှပစွာ ဝတ်စားခြယ်မှုန်းနေတတ်ပါတယ်။ လုံခြုံစိတ်ချရမဲ့နေရာကို မျက်ရည်စက်လက် သုတ်သီးသုတ်ပြာသွားနေကြတဲ့သူငယ်ချင်းတွေက သူမ ရဲ့အရူးထ အမူအရာကို မြည်တွန်တောက်တီးလုပ်ကြပါတယ်။ သူကတော့ "တကယ်လို့ သေသွားရင်လဲ လှလှပပ အဆင်းနဲ့ပဲ သေသွားချင်တယ်" လို့ ပေါ့ပေါ့ပါးပါးပဲ ပြန်တုန့်ပြန်ခဲ့ပါတယ်။

အဆုံးစွန်ကြိုးပမ်းရုန်းကန်နေရတဲ့အခြေအနေတွေအောက်မှာတောင် စံနှုန်းများကိုဆုပ်ကိုင်ထားလိုတဲ့ မေမေ့ရဲ့ဆုံးဖြတ်ချက်ကို ဒီအချက်ကဖော်ညွှန်းနေခဲ့တာပါ။ သူမရဲ့နောက်ဆုံးနေ့များအထိ ခေါင်းမူး ခြင်းရဲ့ အားကုန်ခမ်းနွမ်းနယ်မှုများကို မကြာခဏ မေမေခံစားနေခဲ့ပါတယ်။ လက်တွေ့မှာခံစားနိုင်စွမ်း မရှိနိုင်တဲ့ အချိန်မှာတော့ မေမေဟာ မနက်ပိုင်းမှာ အိပ်ရာကထပြီး၊ မျက်နှာသစ်၊ အဝတ်အစားလဲ၊ ခေါင်းကို သပ်ယပ်စွာ ဖြီးသင် ထုံးဖွဲ့ကာ မျက်နှာမှာ သနပ်ခါးလိမ်းခြယ်သလျက် တနေကုန် အိပ်တော့ တာပါပဲ။ ဘဝမှာကြုံတွေ့လာမဲ့စိန်ခေါ်မှုများကို သူမရဲ့သတ္တိနဲ့ဂုဏ်သိက္ခာတို့က တွန်းလှန်ပစ်နိုင်ဘို့ကို ပဲ ဆန္ဒပြုခဲ့ပါတယ်။
၁၉၄၁ ခုနှစ်မှာ ဗြိတိသျှတွေ ရန်ကုန်မှစတင်ဆုတ်ခွါသွားစဉ် ရန်ကုန်ဆေးရုံကြီးမှလူနာများကို ရေ ကြောင်းမှ တဆင့် ကာလကတ္တား(ခိုးလ်ကတ္တား)သို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ပြောင်းရွှေ့ပေးခံရသူ များကို စေတနာ့ဝန်ထမ်းအဖော်ပြုလိုက်ပါမဲ့သူနာပြုများတွင် မေမေလဲပါဝင်ခဲ့ပါတယ်။ ဂျပန်စစ်တပ် ရောက်မလာခင် မြန်မာပြည်ကလွတ်မြောက်သွားလိုသူ သင်္ဘောပေါ်ပါ ဆေးဝန်ထမ်းအများစုဟာ မြန်မာနိုင်ငံသားများ မဟုတ်ကြပါ။ သူတို့ရဲ့စိုးရိမ်ကြောက်ရွံ့မှုများကို မေမေက စာနာနားလည်ပေးခဲ့ ပါတယ်။ အိန္ဒိယမှာပဲ စစ်အတွင်းနေထိုင်မယ်ဆိုတဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလဲ မဝေဘန်ခဲ့ပါဘူး။ မေ မေကတော့ သူ့နိုင်ငံရဲ့ကံကြမ္မာကိုပဲမျှဝေခံစားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ကာလကတ္တားရဲ့ရှုခင်း များကိုကြည့်ခဲ့ရတဲ့ ပူပင်ကြောင့်ကြမှုကင်းတဲ့ ရက်သတ္တပတ် အနည်းငယ်ကြာ ပြီးနောက် မြန်မာနိုင်ငံ ကို နောက်ဆုံးသင်္ဘောဖြင့် မေမေပြန်လာခဲ့ပါတယ်။ ဆေးရုံတွေအားလုံး ပိတ်ထားတဲ့ အတွက် မြောင်းမြကို ပြန်လာခဲ့ပါတယ်။ ဒါကတော့ ဝမ်းနည်းကြေကွဲဘွယ် အိမ်အပြန်ဖြစ်ခဲ့ပါတော့တယ်။ မေမေမရှိခင်အချိန်အတွင်းမှာ သူ့မိခင်ဟာ အဆုတ်အအေးပတ်ရောဂါ နမိုးနီးယားနဲ့ ကွယ်လွန်သွားခဲ့ တာကြောင့်ပါ။

မေမေဟာ အလဟဿ ဝမ်းနည်းပူဆွေးမှုကို အချိန်ကြာရှည်စွာ ယစ်မူးနေသူတဦးမဟုတ်ခဲ့ပါ။ မေမေ ဟာ ငယ်ရွယ်ပြီး ကြ့ကြံ့ခံနိုင်ရည်ရှိသူဖြစ်ပါတယ်။ စစ်ကလဲဖြစ်ပွါးနေပါတယ်။ ပြည်သူလူထုလဲ ခံစား နေကြရပါ တယ်။ ခံစားနေမှုများမှ လျော့ပါးပျောက်ကွယ်အောင်ဆောင်ရွက်ပေးရမှာက သူ့ရဲ့ အသက် မွေးကြောင်း မဟုတ်ပါလား။ နိုင်ငံတဝှမ်းလုံးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ အထူးတလည်လိုအပ်နေ လျက်ပါ။ ရန်ကုန် မြို့မှာ စစ်အတွင်း အခြေခံအုပ်ချုပ်ရေးကို ထူထောင်ပြီးပြီးခြင်း ဆရာဝန်တစုဟာ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်ဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွမ်းကျင်သူများခေါ်ဆိုလိုက်တဲ့အခါ မေမေ ဟာချက်ခြင်းပဲ စာရင်းပေး တုန့်ပြန် လိုက်ခဲ့ပါတယ်။ စိတ်ဒုံးဒုံးချလျက် ကျန်းမာရေးဝန်ဆောင်မှုပေးမဲ့ ရဲဝံ့သတ္တိရှိလှတဲ့အဖွဲ့မှာ သူနာပြုချုပ်အဖြစ် ပါဝင်တာဝန်ယူခဲ့ပါတယ်။

၁၉၄၂ ခုနှစ် ဆေးရုံကိုရောက်ရှိလာတဲ့ လူနာတွေအထဲမှာ ကျွန်မဖေဖေလဲပါလာခဲ့ပါတယ်။ သူဟာ ဂျပန်တွေ နဲ့ အတူ မြန်မာနိုင်ငံအတွင်းချီတက်လာခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ ငယ်ရွယ်တဲ့ စစ်သေနာပတိချုပ် ဖြစ်ပါတယ်။ သူဟာ ကြမ်းတမ်းမှု၊ အစာရေစာချို့တဲ့မှုနဲ့ ငှက်ဖျားရောဂါကြောင့် ပင်ပန်းနွမ်းနယ် လျက်ရှိနေပါတယ်။ သူဟာ စိတ်လှုပ်ရှားနေပြီး၊ အံကြိတ်ကာ ကတ်တီးကတ်ဖဲ့ခေါင်းမာ စွာ ချဉ်းကပ်ရန်ခက်ခဲသူဖြစ်နေပါတယ်။ ဖေဖေ့အတွက်တာဝန်ချထားပေးတဲ့ သူနာပြုငယ်ဟာ သူ့ လူနာဟာ ကြောက်စရာကောင်းပြီး ပေကတ်ကတ်နိုင်ကြောင်းတွေ့မြင်လာခဲ့ပါတယ်။ အမှန်ပါပဲ။ ယခုလို ထင်ရှားပြီး ခက်ခဲတဲ့အမျိုးသားတယောက်ကို ကိုင်တွယ် ဆက်ဆံနိုင်စွမ်းမှုဟာ သူနာပြုချုပ် ဆီမှာပဲရှိနိုင်ပါတယ်။ ဒါကြောင့် မေမေက လွှဲပြောင်းယူခဲ့ပါတယ်။ ဖေဖေကလဲ အပြည့်အဝနဲ့ အမြဲ တမ်းအဖြစ် လွှဲပြောင်းပေးခြင်း မျိုးပဲ ဖြစ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေမေလက်ထပ်ချိန်မှာ အသက် ၂၀ နှောင်းပိုင်းအတွင်းမှာပါ။ ကိုယ်ဟန်ကြော့ရှင်းလျက် ယုံကြည် ချက်ခိုင်မာစွာ ကောင်းမွန်တဲ့ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်ချမ်းမြေ့မှုများဖြင့် လန်းဆန်းနေပါတယ်။ မေမေဟာ အလှကြီးလို့တော့ မဆိုသာပါဘူး။ ဘဲဥပုံမျက်နှာပေါက်၊ ကျယ်ပြန့်တဲ့မျက်ခုံးနဲ့ ကြီးမားပြီး အရည်လဲ့တဲ့ မျက်ဝန်း၊ ပင်ကိုယ်ဟန်ပန် အာရုံနဲ့ ချစ်မွေး တို့ကြောင့် မေမေဟာ ထူးထူးခြားခြား ဆွဲ ဆောင်မှုရှိသူတဦးဖြစ်ပါတယ်။ ကျွန်မဘခင်ကိုတွေ့ မြင်ရတဲ့အထိတော့ မေမေဟာ သူ့လုပ်ငန်းမှာပဲ အာရုံဝင်နှစ်မြုပ်နေလျက်ပါ။ လက်ထပ်ရေးကိစ္စကို အလေးထား ပုံမပေါ်ပါဘူး။ မေမေ့ရဲ့အိမ်ထောင် သည်ဘဝကိုဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူနာပြုငယ်များက စိတ်အား ထက်သန်စွာ မကြိုဆိုခဲ့ကြ ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ မျိုးချစ်ပုဂ္ဂိုလ်တဦး သူရဲကောင်းတဦးဖြစ်တာတော့ မှန်ပါတယ်။ ဒါပေ မင့် မျိုးချစ်ပုဂ္ဂိုလ် သူရဲကောင်းတွေဟာ လင်သားကောင်းတွေတော့ သေချာပေါက် မဖြစ်တတ်ပါဘူး။ တကယ်လို့ သူဟာ မယားကိုရိုက်နှက်နှိပ်စက်တတ်သူဖြစ်ရင်ကော။ "မပူကြပါနဲ့လေ…တို့ကို သူရိုက် ရင် သူ့ကိုထားရစ်ခဲ့ပြီး သူနာပြုပဲ ပြန်လာလုပ်မှာပါ"လို့ မေမေကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်အငယ်များကို ပြောခဲ့ပါတယ်။

ဆရာဝန်များဟာလဲ မေမေလက်ထပ်မဲ့ကိစ္စကို အားလုံးက အတူတကွမပျော်ရွှင်ကြပါ။ ဗိုလ်ချုပ်ကို သူတို့ အမှန်တကယ်လေးစားကြပါတယ်။ ဗိုလ်ချုပ်အနေနဲ့ မယားကောင်းကိုရထိုက်ကြောင်းလဲ သံသယ မရှိကြပါ။ ဒါပေမင့် အရည်အချင်းအရှိဆုံး အထက်တန်းသူနာပြုတဦး ဆုံးရှုံးရမဲ့အရေးမှာ ကတော့ ကျေနပ်ဝမ်းသာစရာတော့မဟုတ်လှပါ။ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးကတော့ အဘိုး အတန်ဆုံးခွဲစိတ်ခန်းလက်ထောက်တဦး ဆုံးရှုံးရပြီလို့ ညည်းတွားခဲ့ပါတယ်။ တူညီတဲ့အရည်အချင်းနဲ့ ယုံကြည်စိတ်ချရမဲ့ အစားထိုးနိုင်သူတဦးကိုတွေ့ဘို့ဆိုတာ အလွန်ခဲယဉ်းကြောင်းလဲ တတွတ်တွတ် ပြောခဲ့ပါတယ်။ ကျွန်မမိဘများရဲ့ မင်္ဂလာပွဲမတိုင်ခင်ညမှာ လေယာဉ်ဗုံးကြဲဒဏ်ကြောင့် ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုလုပ်ရပါတယ်။ သူနာပြုများအဆောင်မှာနေဆဲဖြစ်တဲ့မေမေဟာ အိပ်ရာမှထပြီး ခွဲစိတ်ခန်း ဝင်ကူခဲ့ရပါတယ်။ ခွဲစိတ်မှုပြီးသွားတော့ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးက "သူကတော့ သူနာပြုတွေအနက် စံတင်လောက်သူပါပဲ။ လက်ထပ်ရက်မတိုင်ခင်ညမှာတောင် ဉာဉ့်နက်နက် အချိန် တွင် ခွဲစိတ်ခန်းဝင်ပေးရသေးတယ်နော်"လို့မှတ်ချက်ချခဲ့ပါသေးတယ်။ ဆရာဝန်ကြီးကပဲ မေမေရဲ့ ဘဝသစ်ရဲ့ပထမနေ့ကို ရင်မဆိုင်ရမီ သွားအိပ်စေခဲ့ပါတယ်။

ကျွန်မဘခင် အသတ်မခံရမီအထိ ကျွန်မမိဘများမှာ အိမ်ထောင်ရေးသက်တမ်း ၅ နှစ် မပြည့်ခဲ့ပါ။ ကျွန်မမိခင် က ရိုးရိုးလေးပဲ ကျွန်မကိုပြောခဲ့ပါတယ်၊ သူတို့ဇနီးမောင်နှံနှစ်ဦး အလွန်ပျော်ရွှင်စွာပဲ အတူတကွပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်…တဲ့။ သူတို့ပျော်ရွှင်စွာနေထိုင်ကောင်း နေထိုင်ခဲ့ပေမင့် လွယ်ကူမှုမရှိတဲ့ သို့မဟုတ် ငြိမ်းအေးမှုမရှိ တဲ့အချိန်များလဲ ရှိခဲ့ပါတယ်…တဲ့။ ကျွန်မဖေဖေဟာ စစ်အတွင်းတပ်မတော်ရဲ့အကြီးအကဲဖြစ်ရုံသာမက နောက်ဆုံးအထိ လွတ်လပ်ရေးလှုပ်ရှားမှု ရဲ့ အဦးဆုံးခေါင်းဆောင်ဖြစ်ပါတယ်။ ဖေဖေ့ရဲ့ဘဝဟာ ကြမ်းတမ်းကာ အန္တရယ်များလှပါတယ်။ မေမေ ကတော့ ကြေကွဲဘွယ်အဆုံးသတ်ခဲ့ရတဲ့အထိ မျှဝေခံစားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

၂၀၁၂ ခု မေ ၂၇

မိုင်အိနိချိနေ့စဉ်၊ ဂျပန်

[၂၀၁၂ မေ ၂၇ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter

from Burma: Flowers in her hair 2
ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။]

မောင်မောင်လှကြိုင်

၂၀၁၂-မေ-၂၈

Posted: 28 May 2012 08:22 AM PDT
The Former Political Prisoners List in Um Pi Em Refugee Camp
သို့ /
ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ရန်ကုန်မြို့  နေ့ စွဲ- ၂၈-၅-၂၀၁၂
အကြောင်းအရာ။ ။ထိုင်းနိုင်ငံတခ်ခရိုင် ဖုတ်ဖရမြို့ နယ် အုန်းပြန်ကရင်ဒုက္ခသည်စခန်းတွင် ရောက်ရှိခိုလှုံနေသောမြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်း(၄၈)ဦးမှဒုက္ခသည်စခန်းများ၏ လက်ရှိအခြေအနေကိုသိရှိနိုင်ပါရန် တင်ပြအစီရင်ခံခြင်း။

လေးစားရပါသော အန်တီစုခင်ဗျား

ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင် ကျင်းပမည့် (World Economic Forum) အစည်းဝေးသို့ တက်ရောက် ပြီး နောက် ၂၀၁၂ ဇွန်လ (၂) ရက်နေ့ တွင် မယ်လဒုက္ခသည်စခန်းသို လာရောက်မည့်အစီအစဉ်ကို
သိရှိရ ပါသဖြင့် ထိုင်းနိုင်ငံ တခ်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း(၃)ခု၏ လက်ရှိအခြေအနေကို အကျဉ်းအား ဖြင့် သိရှိနိုင်ရန်တင်ပြအစီရင်ခံအပ်ပါသည်။ အဆိုပါစခန်း(၃)ခုမှာ မယ်လ၊အုန်းပြန်နှင့် နိုးဖိုးဒုက္ခသည်စခန်း တို့ ဖြစ်ကြပြီး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူ လူဟောင်းများ (Registered Refugees) နှင့် ဒုက္ခသည် အဖြစ် အသိအမှတ်မပြုခံရသေးသူ လူသစ်(Unregistered Refugees) ဟု သတ်မှတ်ထားသော နှစ်မျိုးနှစ်စားသော ဒုက္ခသသည်များ အခြေချနေထိုင်ကြပါသည်။

ကရင်ဒုက္ခသည်များမှာ အများစုဖြစ်ပြီး ကျန်တိုင်းရင်းသားများလည်း လူနည်းစုအဖြစ်ရှိနေကြပါသည်။
မယ်လဒုက္ခသည်စခန်းမဲဆောက်မြို့ မြောက်ဘက်ကီလိုမီတာ (၄၀)ခန့် အကွာတွင်တည်ရှိပြီး ဒုက္ခသည်ဦးရေ (၃၀,၀၀၀)ခိုလှုံနေပြီး လူဟောင်း (၁၂,၀၀၀) နှင့် လူသစ်ဦးရေ ( ၁၈,၀၀၀) ခန့် ရှိကြောင်းခန့် မှန်းခြေအရသိရှိရပါသည်။ အကြီးဆုံးစခန်းဖြစ်ပြီးတည်ရှိခဲ့သည်မှာ (၂၀) နှစ်ခန့် ရှိပြီဖြစ်ပါသည်။ UNHCR နှင့်ထိုင်းအာဏာပိုင်တို့ မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုသည့်(Refugee Status Process) ကို ၂၀၀၅ ခုနှစ်က နောက်ဆုံးပြုလုပ် ခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှ ဒုက္ခသည်စခန်းသိုရောက်ရှိလာသူများမှာ လူသစ် (Unregistered) များဖြစ်ကြပါသည်။

အုန်းပြန်ဒုက္ခသည်စခန်း
မဲဆောက်မြို့ တောင်ဘက်ကီလိုမီတာ (၈၀) အကွာ ပေ (၃၀၀၀) ကျော်မြင့်သော တောင်တန်းပေါ်တွင်
တည်ရှိ ပြီး လူဦးရေ (၁၇,၀၀၀) ခန့် ခိုလှုံနေခါ လူဟောင်း (၁၁,၀၀၀) နှင့် လူသစ် (၆,၀၀၀) ခန့် ရှိကြောင်း ခန့် မှန်းခြေအရသိရှိရပါ သည်။ ရာသီဥတုဆိုးရွားသော တောင်ထိပ်တောင်စောင်းပေါ်တွင် တည်ရှိသည့်နေထိုင်သွားလာမှုပင်ပန်းခက်ခဲသော စခန်းတစ်ခု ဖြစ်ပြီး လွန်ခဲ့သော(၁၁)နှစ်ကတည်ထောင်ခဲ့ ပါသည်။ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကို ၂၀၀၆ ခုနှစ် နှစ်ဆန်းတွင် UNHCR နှင့် ထိုင်းအစိုးရတို့ မှ နောက်ဆုံးပြုလုပ်ပေးခဲ့ပါသည်။

၂၀၀၆ခုနှစ်နောက်ပိုင်းမှရောက်ရှိခိုလှုံလာသူအားလုံးသည်လူသစ်များဖြစ်ကြပါသည်။ လွန်ခဲ့သော (၃) လခန့် 
ကဤစခန်းတွင်မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၅၀၀) ကျော်မီးသင့်ခဲ့ပါသည်။

နို့ ဖိုးဒုက္ခသည်စခန်း
မဲဆောက်မြို့ တောင်ဘက် ကီလိုမီတာ (၁၆၀) အကွာကြာအင်းဆိပ်ကြီး နယ်စပ်တွင်တည်ရှိပြီး လူဦးရေ(၁၂,၀၀၀) ခန် ခိုလှုံနေခါ လူဟောင်း (၄၀၀၀) နှင့် လူသစ် (၈,၀၀၀) ခန့် ရှိကြောင်း ခန့် မှန်းခြေအရ သိရှိရပါသည်။
(Refugee Status Process) ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကို ၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်နှစ်ဆန်းပိုင်းတွင် UNHCR နှင့် ထိုင်းအစိုးရမှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုရေး(Refugee Status) အတွက်ပဏာမစုံစမ်းစီ စစ်ခြင်း (Pre-Screening Process) ကို လုပ်ဆောင်ခဲ့ပါသည်။ သို့ ဖြစ်၍နို့ဖိုးဒုက္ခသည်စခန်းမှာလူဟောင်းဒုက္ခသည်နှင့်ပဏမစုံစမ်းစီစစ်ခြင်းပြီးထားသည့်လူသစ်ဒုက္ခသည်များနေထိုင်သည့် စခန်းဖြစ်ပါသည်။

အထက်ဖော်ပြပါစခန်း (၃) ခုတွင်မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ နှင့်မိသားစုဝင်များသည်
အကြောင်းအားလျော်စွာ ရောက်ရှိခိုလှုံနေကြရပါသည်။၂၀၀၇ခုနှစ်ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလများ ၌လည်း ၎င်း၊၂၀၀၈ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကာလနှင့် နာဂစ်မုန်တိုင်း လွန်ကာလများ၌၎င်း၊ ၂၀၁၀ ရွေးကောက်ပွဲအကြိုနှင့်အပြီးကာလများ၌၎င်း၊နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သတ်မှုများကြောင့် အာဏာပိုင်အဖွဲ့ စည်းများ၊ ထောက်လှမ်းရေးအဖွဲ့ အစည်းများ၏ စုံစမ်းစစ်ဆေး ဖမ်းဆီးအရေးယူ ခြင်းခံရပြီး နှစ်ရှည်ထောင်ဒဏ်များကျခံရနိုင်သည့် အခြေအနေများကို ရှောင်ရှားနိုင် ရန် မိသားစုနှင့်အတူ (သို့မဟုတ်)တစ်ကိုယ်တည်းကိုယ်လွှတ်ရုံးရှောင်ရှားပြီးမှ မိသားစုဝင်များကနောက်မှ လိုက်ပါ၍ ပေါင်းစည်းခြင်းဖြင့် ရောက်ရှိလာခဲ့ကြသူများဖြစ်ကြပါသည်။ တစ်ဘက်နိုင်ငံသို့ ရောက်ရှိပြီးနောက် မဲဆောက်မြို့ တွင်ဦးစွာခိုအောင်းခဲ့ကြပြီး မိမိနှင့်သက်ဆိုင်သည့် အဝေးရောက်ပါတီနှင့်အဖွဲ့ အစည်းမျာနှင့်၎င်း ၊ UNHCR /AAPP စသည့်အဖွဲ့ အစည်းများနှင့်၎င်း အကူအညီရယူရန်ဆက်သွယ်ခဲ့ကြရပါသည်။ မိမိတို့ 
နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုများ မှာ မဲဆောက်မြို့ ၌နေထိုင်ရာတွင် ထိုင်းရဲတို့ မှဖမ်းဆီးမိပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရပါက လွန်စွာအန္တရာယ်ကြီးသောကြောင့် UNHCR / AAPP စသည့်အဖွဲ့ အစည်းတို့ ကညွှန်ကြားကူညီစီစဉ်ဆောင်ရွက်ပေးသည့်အတိုင်း လှုံခြုံစိတ်ချရသည့် ဒုက္ခသည် စခန်းများသို့ မဲဆောက်မှရွှေ့ ပြောင်းပြီးရောက်ရှိခိုလှုံနေထိုင်ခဲ့ကြသည်မှာ နှစ်နှစ်ကျော် သုံးနှစ်မှ ငါးနှစ်အထိရှိနေကြပြီ ဖြစ်ပါ သည်။ စခန်းသုံးခုတွင်လက်ရှိအချိန်၌ခိုလှုံနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။
မယ်လစခန်း - (၁) ဦးနှင့်မိသားစု (လူဟောင်း- Registered Refugee ဖြစ်ပါသည်။)
အုန်းပြန်စခန်း- (၄၈) ဦးနှင့်မိသားစုများ (လူသစ်များ- all Unregiatered Refugees ဖြစ်ပါသည်။)
နို့ ဖိုးစခန်း - (၁၂) ဦးနှင့်မိသားစုများ (လူသစ်များ- Pre-Screening Completed Unregistered Refugeesဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ မယ်လစခန်းတွင် နည်းပါးရခြင်းမှာ ထိုစခန်း၏လူနေမှုစရိတ်စက
အလွန်ကြီး မြင့်မှုကြောင့် UNHCR နှင့် AAPP တို့ မှနိုင်ငံရေးအကျဉ်းသားဟောင်းအများစုကို အုန်းပြန်နှင့်နို့ ဖိုးစခန်းတို့ သာဝင်ရောက် ခိုလှုံ ရန် အကြံပေးညွှန်ကြားမှုကြောင့် ဖြစ်ပါသည်။ လူသစ်ဒုက္ခသည်များသည် လူဟောင်းဒုက္ခသည်များကဲ့သို့ ပင် TBBC (Thai Burma Border Consortium) မှထောက်ပံ့သည့် ရိက္ခာ(Food Ration)ဆန်၊ဆီနှင့်မီးသွေးများရရှိကြပါသည်။
လက်ရှိအခြေအနေ
အုန်းပြန်စခန်း (၄၈) ဦးနှင့် နို့ ဖိုးစခန်း (၁၂) ဦးပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း (၆၀) ဦးနှင့်မိသားစုဝင်တိုသည်ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရေသေးသောလူသစ် (Unregistered Refugees) များဖြစ်ကြပါသည်။ ကရင်ရွေပြောင်းဒုက္ခသည်များနှင့်လည်းပတ်သက်မှုမရှိခြင်းကြောင့် မကြာမီအချိန်တွင်ဖြစ်လာနိုင်သည့်မြန်မာနိုင်ငံကရင်ပြည်နယ်နယ်စပ်တွင် ကရင်အဖွဲ့ အစည်းတို့ ၏ ပြန်လည်နေရာချထားခြင်းအစီအစဉ်များနှင့်လည်းသက်ဆိုင်မှုရှိမည်မဟုတ်ပါ။

အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့် ကဲ့သို့ ကြေငြာချက်များကို လက်ရှိအစိုးရမှ ထုတ်ပြန်၍ခေါ်ယူခြင်းမပြုသည့် အတွက် ဂုဏ်သိက္ခာရှိစွာ မြန်မာနိုင်ငံသို့ ပြန်နိုင်မည့်အခြေအနေမှာလည်း မရှိဖြစ်နေပါသည်။
မြန်မာနိုင်ငံနှင့်နှစ်ရှည်လကြာကွဲကွာနေသူများဖြစ်၍ ပြန် လည်အခြေချရာတွင်လည်းများစွာသော
အခက်အခဲများရှိနေမှာဖြစ်ပါသည်။ ပင်ပန်းဆင်းရဲစွာ ဒုက္ခသည်စခန်းများတွင်နေထိုင် နေကြရ၍ မိသားစုဝင်တို့ ၏ပညာရေး၊ကျန်းမာရေး၊လူမှုရေး ဆုံးရှုံးမှုများစွာရှိနေပြီး အနာဂတ်ပျောက်ဆုံးနေကြပါသည်။

အထူးသဖြင့်နိုင်ငံရေးအကျဉ်းသားဟောင်းများသည် မြန်မာနိုင်ငံ၌
စစ်မှန်သောဒီမိုကရေစီ မရရှိလျှင်
စစ်မှန်သောလူ့ အခွင့်အရေးမရှိလျှင်
စစ်အာဏာရှင်စနစ်အမြစ်မပြတ်လျှင်
အမိနိုင်ငံသို့ ပြန်ရန်လွန်စွာခက်ခဲနေကြသူများ
ဖြစ်ကြပါသည်။ သို့ ဖြစ်ပါ၍ မြန်မာနိုင်ငံသို့ ပြန်၍မရသေးသည့်အခြေအနေတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများကို UNHCR နှင့် ထိုင်းအစိုးရတို့ မှသီးခြားဒုက္ခသည် POC Status(Refugee Status for Person of Concern) အဖြစ်အသိအမှတ်ပြု၍ လုံခြုံစိတ်ချသည်ရသည့် အချိန်အတိုင်းအတာတစ်ခု အထိထိုင်းနိုင်ငံတွင် ဆက်လက်ခိုလှုံနေထိုင်ခွင့်ရရှိနိုင် ရန် ကူညီဆောင်ရွက်ပေးစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကြုံတောင့်ကြုံခဲနှစ်
(၂၀)အတွင်းပထမဆုံးပြည်ပခရီးစဉ်တွင်ထိုင်းနိုင်ငံခေါင်းဆောင်များ၊နိုင်ငံတကာခေါင်းဆောင်များ၊နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် တွေ့ ဆုံရာတွင်ထိုင်းနိုင်ငံရောက်ရွေ့ပြောင်းဒုက္ခသည်များ၊ ရွေပြောင်းအလုပ်သမားများ နှင့် အခြေအနေခြင်းမတူညီသည့် ဒုက္ခသည်စခန်းရောက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏အရေးကိစ္စကို အကောင်းမွန်ဆုံးကြိုးပမ်း ဆောင်ရွက်ပေးပါ ရန် မေတ္တာရပ်ခံအပ်ပါသည်။ သင့်လျော်မည့်ညွှန်ကြားလမ်းညွှန်မှု
များကိုလည်း အကြံပြုပေးပါရန် တောင်းခံအပ်ပါသည်။ ပြည်သူများအတွက် အမိနိုင်ငံဒီမိုကရေစီ အလျှင်အမြန် ရရှိစေရန်ဦးဆောင်ထမ်းရွက်နိုင်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အားကိုးယုံကြည်စွာဖြင့်
နိုင်ငံရေးအကျဉ်းသားဟောင်းများ
အုန်းပြန်ဒုက္ခသည်စခန်း
မှတ်ချက် ။ စာကြွင်း၊ UNHCR သည်နိုင်ငံရေးအကျဉ်းသားဟောင်းများကို
ယခင်က POC Status ဖြင့်ဒုက္ခုသည်အဖြစ်အသိအမှတ်ပြုခဲ့ပါသည်။
သက်ဆင်အစိုးရလက်ထက်တွင် UNHCR ၏လုပ်ပိုင်ခွင့်ကိုရပ်ဆိုင်းခဲ့ပါသည်။

Posted: 28 May 2012 07:52 AM PDT
ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမ္ဘာ့စံချိန်သစ်များကို ထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာစံချိန်သစ်များအားလုံးကို မြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။

ဤသည်ကိုက ကမ္ဘာစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ....

( ၁ ) အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် ထင်ရှားစွာမြင်တွေ့နိုင်သောတစ်ခုထဲသာရှိသော နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။မီးများ ထိန်ထိန်လင်းနေသော ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့် အခြားနိုင်ငံများကိုကျော်လွန်ပြီး အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ဂုဏ်ယူဖွယ်ရာ ထင်ရှားစွာမြင်တွေ့ရခြင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၂ ) ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်အဖြစ် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ၀န်ကြီးရာထူးများအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ဝင်ငွေအလွန်ကောင်းပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့ရပြီး ၊ တာဝန်လည်းယူစရာမလိုသော ကြောင့် ဤလိုအလုပ်မျိုး တခြားနိုင်ငံများတွင် မရှိသောကြောင့် ယခုနှစ်ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၃ ) ပြဿနာများအား အလွန်လျှင်မြန်စွာဖြင့် အကောင်းဆုံးဖြေရှင်းပေးနိုင်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။လျှပ်စစ်ဓာတ်အား လွန်စွာနည်းပါးစွာရရှိမှုကြောင့် ပြည်သူများမှ ဖယောင်းတိုင်များထွန်းညှိပြီး အစိုးရမင်းများသတိပြုမိစေရန် ငြိမ်းချမ်းစွာလှည့်လည်ပြီး မိမိတို့၏ဆန္ဒများအားဖော်ထုတ်ခဲ့သောကြောင့်လျှပ်စစ်ဓာတ်အားပေးရေးဌာနသည် အလွန်လျှင်မြန်စွာဖြင့် သတင်းစာရှင်းလင်းပွဲအားပြုလုပ်ပြီးတာဝန်ရှိသူ အရာရှိတစ်ဦးမှ ၎င်းတို့မှာ လျှပ်စစ်ဓာတ်အား တကယ်မရှိ၍ မပေးနိုင်ခြင်းသာ ဖြစ်ပါကြောင်း လျှပ်စစ်ဓာတ်အား ရရှိလိုပါက ( မိုးနတ်မင်း ) ထံတွင်သာ ဆုတောင်းကြရန်ဟု ပြောကြားရှင်းလင်း၍ ပြဿနာ ထိရောက်လျှင်မြန်စွာ ဖြေရှင်းပေးလိုက်ရာ ပြည်သူများမှာ မိမိတို့၏ အထက်တွင် အားကိုးစရာအစိုးရအရာရှိမင်းများသာရှိသည်ဟု ထင်ရာမှ၊ ယခုမူ အစိုးရမင်းများ၏ အထက်တွင် ( မိုးနတ်မင်းကြီး )ရှိနေသေးကြောင်း သိရ၍ အားတက်သွားပြီး ( မိုးနတ်မင်း ) ထံ ထပ်မံတိုင်တည် ဆုတောင်းရာ ၊ပြည်သူများ၏ ဆန္ဒ ပြင်းပြမှုကြောင့် မိုးနတ်မင်းမှာ မနေသာတော့လောက်အောင် မိမိထိုင်ရာ ကျောက်ဖျာတင်းမာလာ၍ မိမိ၏ခုံနေရာလေး ပျောက်မည်စိုး၍ ငါကိုယ်တော်လည်း အမြန်သတင်းစာ ရှင်းလင်းပွဲ လုပ်မှ ဖြစ်တော်မူတော့မည်ဟု နှလုံးပိုက်ပြီးသကာလ online သတင်းစာရှင်းလင်းပွဲလုပ်ရန် online ပေါ်တက်၍ မိမိ၏ facebook acconunt အားဖွင့်ရာ internet connection မှာ ကမ္ဘာ့အမြင့်ဆုံးမျှော်စင် ( ၁၀ ) လုံး၏ foundation များချိတ်ဆွဲထားသည့်အလား ယခင်နေ့များထက်ပင် ပို၍လွန်စွာလေးလံနေပြီး ( မိုးနတ်မင်း )လည်းလွန်စွာ စိတ်ပျက်ပြီး internet connection ကောင်းလာရန်လည်း မိမိကိုယ်တိုင် ( မိုးနတ်မင်း ) ဖြစ်နေသော ကြောင့် ဘယ်သူ့ဆီတိုင်တည်ဆုတောင်းရမှန်း မသိဖြစ်နေစဉ် မိဘအလစ်တွင် ချစ်သူနှင့်ခိုးတွေ့ရန် ခဏလစ်ထွက်လာသည့် မိန်းကလေးနှယ် connection မှာလည်းဝုန်းကနဲဆိုပြီး အနည်းငယ်လေး မြန်လာတုန်း ( မိုးနတ်မင်း )လည်း အမြန်ပင် သတင်းစာရှင်းလင်းပွဲလေးအား လုပ်လိုက်ရသည်။ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံမှာ " မင်းတို့တောင့်တလွန်းလို့ငါကိုယ်ထင်ပြရတာကွ။

မင်းတို့ဘာသာမင်းတို့ လျှပ်စစ်ဓာတ်အားတွေပိုလျှံတယ်ဆိုပြီးနိုင်ငံခြားကို စွမ်းအင်တွေ၊ ဓာတ်ငွေ့တွေရောင်းစားခဲ့ပြီးခုမှ ငါ့ဘာလို့လာတောင့်တနေရတာလဲ????? " ဟု internet connection ကိုကြောက်၍ တိုတို တုတ်တုတ်online သတင်းစာ ရှင်းလင်းပွဲလုပ်၍ ပြည်သူများဖြေရှင်းပေးခဲ့ရ သော ကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။


( ၄ ) ကမ္ဘာပေါ်တွင် ပါဝါမျက်မှန်များ၊ နားကြားကိရိယာများ အများဆုံးတပ်သင့်သော အဖွဲ့များအဖြစ်သော်လည်းကောင်း၊ မိမိတို့ပြည်သူများပါ် စာနာသနားကြင်နာတတ်သောသူများ အဖြစ်သော်လည်းကောင်း မြန်မာနိုင်ငံမှ အစိုးရဌာနများ၊ ရဲအရာရှိများ၊၎င်းတို့နှင့် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအား ရွေးချယ်လိုက်ရသည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။အထက်ပါအဖွဲ့အစည်းများသည် အလုပ်အလွန်လုပ်သောကြောင့် အလုပ်၏ပင်ပန်းမှုဒဏ်ကိုခံရပြီး မျက်စိများမှုန်၊ နားများလေးသွားသောကြောင့်လားမသိ။ ၎င်းတို့အဖွဲ့အစည်းများ၊ ၎င်းတို့အောက်ရှိ အဖွဲ့အစည်းများ၊၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများ၊ လူများသည် ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ဆိုင်များတွင်းသို့ အုပ်စုလိုက်ဝင်ရောက် ရမ်းကား၊ နှောင့်ယှက်ဖျက်ဆီးသည်များကို ပြည်သူများမှ တိုင်ကြားသော်လည်း၊ လူပေါင်းများစွာမှသိရှိသော်လည်း၊အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ လူပုဂိုလ်များသည်၎င်းတို့ မသိပါ၊ မမြင်ပါ၊ မကြားပါဟုပြောကြားဖြေရှင်းခြင်း၊သာမာန်ရန်ဖြစ်မှုပါဟုပြောကြားပြီး မသိချင်ယောင်ဆောင် နေ သည်ကိုတွေ့ရှိရခြင်း။

သာမာန်ရိုးရိုးပြည်သူပြည်သားများကိုမူ၊ အာဏာရှင်များ၊ ၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများမှလည်းကောင်း ၊အနိုင်ကျင့်၊ ဖိနှိပ်နှိပ်စက်သည့်ဒဏ်ကို မခံနိုင်၍အဆုံး ပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကိုမူ ဆူပူနှောင့်ယှက်ဖျက်ဆီးသူများဟုသော် လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများဟူ၍လည်းကောင်း ကင်ပွန်းတပ်၊ ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်၊ ပေါင်းစုံတပ်ပြီးသကာလ ကိုယ့်နိုင်ငံမှ တပ်စရာပုဒ်မကုန်သွား၍ ဤလောက်နဲ့အားမရသေးပဲ အခြားနိုင်ငံမှ ပုဒ်မများပါငှားရမ်းပြီးထပ်တပ်လို့ရပါက ထပ်တပ်ပြီး ဖမ်းရင်ကောင်းမလားဟုစဉ်းစားသေးသော်လည်း၊ ကိုယ့်နိုင်ငံသားမို့ ညှာလိုက်ပါ့မယ့်ဆိုပြီး ကိုယ့်နိုင်ငံတွင်သာရှိသော ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်လောက် ဖြင့် သာ ဖမ်းဆီးသည်ကိုထောက်ချင့်ခြင်းအားဖြင့်အထက်ပါအဖွဲ့အစည်းများသည် ပါဝါမျက်မှန်များ၊ နားကြားကိရိယာများအများဆုံးတပ်သင့်သောအဖွဲ့အစည်းများအဖြစ်သော်လည်းကောင်း၊မိမိတို့ပြည်သူများအပေါ် စာနာသနားကြင်နာတတ်သောသူများအဖြစ်သော်လည်းကောင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၅ ) ကမ္ဘာပေါ်တွင် မျှတသောတရားစီရင်ရေးစနစ်ရှိသော နိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ မကြာသေးမီကဖြစ်ပွါးခဲ့သော နာမည်ကြီးမင်းသမီးတစ်ဦးမှ သတင်းထောက်တစ်ယောက်အား လူပုံအလယ်တွင် ပါးရိုက်ခဲ့သောဖြစ်ရပ်အားအမှုဖွင့်ရာ ပါးရိုက်ခဲ့သောဖြစ်စဉ်တွင်လူသက်သေများရှိသော်လည်း တရားစီရင်ရေးအား ပိုမိုတိကျစေရန်ကြိုးပမ်းသည့် အနေဖြင့် ဤလောက်နှင့်လက်မခံနိုင်ပဲ ပိုမိုတိကျစေရန် ဆေးစာယူခိုင်းရာ ဆေးရုံသို့ရောက်သောအခါ
ဒဏ်ရာမရှိ၍ ဆေးစာမရမှာစိုးရိမ်သောကြောင့် ကိုယ့်ပါးကိုယ်ပဲပြန်ရိုက်ပြီးဆေးစာယူရင်ကောင်းမလား၊ ဒါမှမဟုတ် မိမိပါးကိုရိုက်ခဲ့သော မင်းသမီးကိုပဲ တောင်းတောင်းပန်ပန်နဲ့ဆေးရုံသို့ပင့်ဖိတ်ပြီး ဆေးစာရေး ပေးမည့် တာဝန်ရှိသူရှေ့မှောက်တွင်ဆေးစာရအောင် ထပ်ရိုက်ခိုင်းရမလားမသိအောင် ခေါင်းစားသွားစေ အောင် အလွန်တရာ စေ့စပ်သေချာသော မှုခင်းစစ်ဆေးပုံကြောင့်သော်လည်းကောင်း၊ဆေးစာရရှိ၍ တရားရုံးသို့ရောက်ရှိသော အခါတွင်လည်း ဤလိုအမှုကိုပင် တရားရေးမဏ္ဍိုင်လွဲချော်မည်စိုးရိမ်သောကြောင့် တစ်နှစ်ကျော်အောင် အသေးစိတ်တိတိကျကျမလွဲမချော်ရလေအောင်စစ်ဆေးပြီး သကာလ
တရားစီရင်ရေး စနစ်၏အလွန်တရာကောင်းမွန်မှု၊ ဥပဒေများ၏ မျှတမှန်ကန်မှုတို့ ကြောင့် တရားခံသည် မည်သို့မျှမငြင်းနိုင်တော့ပဲ ဥပဒေ၏ဆုံးမအရေးယူခြင်းကိုခံရပြီး ( ဒဏ်ငွေ တစ်ထောင် ) အားပိုးစိုးပက်စက် ပေးဆောင်စေကာ နှောင်းလူများ ဤသို့မလုပ်နိုင်စေရန် စံပြစီရင်ထုံးအနေဖြင့် အမိန့်ချမှတ်ခဲ့ပြီး ဥပဒေ၏ အထက်တွင်ဘယ်သူမှမရှိဟူသော ဆောင်ပုဒ်အတိုင်း ဖော်ဆောင် အကောင်အထည် ဖော်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၆ ) ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာနိုင်ငံတွင် ရောင်းချနေသော phone များ၊ ကားများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို မြန်မာပြည်တွင်ရောင်းချနေသောဈေးနှုန်းဖြင့် တခြားကမ္ဘာ့နိုင်ငံများတွင် သွားရောက်ရောင်းချပါက ဘယ်သူမှဝယ်ယူနိုင်မည်မဟုတ်ပေ။ ဤသို့တခြားနိုင်ငံတွင် မည်သူမျှမ၀ယ်ယူနိုင်သော ဈေးနှုန်းဖြင့်ရောင်းချမှုကို မြန်မာနိုင်ငံသားများသည် ၀ယ်ယူနိုင်သောကြောင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအားရွေးချယ်လိုက် ရခြင်းဖြစ်သည်။

( ၇ ) မြန်မာနိုင်ငံသည် ကမ္ဘာ့အတော်ဆုံး၊ အကျွမ်းကျင်ဆုံး စီးပွါးရေးသမားများပေါ်ထွက်ရာ နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသော အကြောင်းအရင်း။ ။အခြားနိုင်ငံများတွင် တစ်ရာ၊ တစ်ထောင်လောက်သာ ရနိုင်သော ပစ္စည်းများ၊ ဘယ်သူမှမ၀ယ်မည်စိုး၍ သုံးစွဲသူများကို အောက်ကျနောက်ကျခံပြီး မိမိပစ္စည်းသုံးအောင် အလကားပေးပြီး မနည်းရုံးကန်ယှဉ်ပြိုင်နေရခြင်းတို့ဖြင့် မိမိတို့လုပ်ငန်းလည်ပတ်အောင်မနည်း လုပ်နေရ သော်လည်း၊ မြန်မာနိုင်ငံတွင်မူ ထိပ်ပိုင်းတာဝန်ရှိသူအချို့နှင့် စီးပွါးရေး လုပ်ငန်းရှင်ကြီးအချို့သည် အခြားနိုင်ငံများတွင် တစ်ရာ၊ တစ်ထောင်လောက်သာရနိုင်သော ပစ္စည်းများကို မိမိတို့နိုင်ငံတွင် အဆပေါင်း သောင်း နဲ့ချီရအောင်ရောင်းပြသွားပြီး၊ စားသုံးသူများမှလည်း ဤပစ္စည်းများကို မျက်နှာငယ်လေးများဖြင့် အဟောက်ခံ၊ အဟစ်ခံ တိုးဝှေ့ဝယ်ယူရပြီး ရောင်းချသူများ၏ ခြေသလုံးဖက်ပြီး မ၀ယ်ယူရသည်ကိုပင် ၎င်းတို့မှ သဘောထားကြီးမားလှပေသည်ဟုအောင့်မေ့ကျေးဇူးအထူးတငရှိပြီး ၀ယ်ယူရလေအောင် မိမိတို့၏စီးပွါးရေးပညာဘယ်လောက်ကျွမ်းကျင်ကြောင်းကိုပြသသွားပြီး၊အခြား ကမ္ဘာ့နိုင်ငံများမှ မျက်လုံး အပြူးသား နဲ့ အံ့သြ မှင်တက်ပြီး လေးစားသွားရလောက်အောင် ပြသနိုင်သောကြောင့် နိုဘယ်လ်ဆု ပေးရေးအဖွဲ့သည် မြန်မာ့စီးပွါးရေးလုပ်ငန်းရှင်ကြီးများအား ( စီးပွါးရေး နိုဘယ်လ်ဆု ) ပင်ပေးရင်ကောင်းမလားဟု နိုဘယ်လ်ဆု ပေးရေးအဖွဲ့ကိုပင်ခေါင်းစားအောင် ပြုလုပ်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။


( ၈ )စွန့်ပစ်အမှိုက် ပစ္စည်းများအား အလေအလွင့်မရှိရလေအောင် ကမ္ဘာပေါ်တွင် အကောင်းဆုံးစီမံခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။တချို့သော နိုင်ငံများသည် မိမိနိုင်ငံတွင်ထားရှိပါက အန္တရာယ်ရှိသောကြောင့်လည်းကောင်း၊ စွန့်ပစ်စရာနေရာမရှိသောကြောင့်သော်လည်းကောင်း၊ အမှိုက်အဖြစ် ဖျက်ဆီးလိုက်ပါကလည်းတစ်ပြားမှမရပဲဆုံးရှုံးမည့်အတူတူ ၊ဘယ်နိုင်ငံမှမယူသော ၎င်းတို့နိုင်ငံ၏ အမှိုက်များ အား ၊အလကားလည်းစွန့်ပစ်ပြီးသားလည်းဖြစ်၊ ပိုက်ဆံလဲရ တစ်ပြားရရ၊ တစ်ပဲရရဆိုပြီးမြန်မာနိုင်ငံသို့ တင်ပို့လိုက်ရာ မြန်မာအစိုးရ အဖွဲ့ဝင်အချို့နှင့် လုပ်ငန်းရှင်အချို့သည် ဤအမှိုက်များအား သိသိကြီးနှင့် သော်လည်းကောင်း၊ မသိလိုက် မသိဘာသာသော်လည်းကောင်း ပြည်တွင်းတွင် အလေအလွင့်မရှိရလေအောင် စနစ်တကျ စီမံခန့်ခွဲပြီး အလေအလွင့်မရှိ ရောင်းချနိုင်သောကြောင့် စွန့်ပစ်အမှိုက် ပစ္စည်းများအားအကောင်းဆုံးစီမံခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ရွေးချယ်လိုက်ရခြင်းဖြစ်သည်။


( ၉ ) မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧည့်သည်များနေပျော်ရာ၊ ဧည့်သည်အများဆုံးနေထိုင်ရာ နိုင်ငံအဖြစ်လည်းကောင်း၊ ကမ္ဘာပေါ်တွင် ဤလုပ်ငန်းမှ နိုင်ငံ့ဝင်ငွေအများဆုံးရှာဖွေပေးရာ နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာနိုင်ငံသားများသည် နိုင်ငံသားဆိုသော်လည်း အခြားပြည်နယ်၊ တိုင်းမဆိုထားနဲ့ဦး၊ ဟိုဘက်လမ်းနှင့် ဒီဘက်လမ်းညအိပ်ညနေသွားနေလျှင်ပင် ဧည့်စာရင်းတိုင်ရပေသည်။

ဤသို့ကြောင့် မြန်မာနိုင်ငံသားများသည် နိုင်ငံသားဆိုသော်လည်းဧည့်သည်များဖြစ်နေသောကြောင့် ဧည့်သည်အများဆုံးနေထိုင်ရာ တိုင်းပြည်ဖြစ်ခြင်းထိုကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအား အားကိုး စရာမလိုပဲ ဧည့်စာရင်းတိုင်ကြားခ ၀င်ငွေဖြင့်ပင် တိုင်းပြည်အားအခွန် ၀င်ငွေအား တိုးပွါးအာင် ပြုလုပ် ပေးနိုင် သောကြောင့်အခြားဒီမိုကရေစီနိုင်ငံများ အတုယူ လေ့လာနိုင်စေရန် ဧည့်သည်အများဆုံး နေထိုင်ရာ နိုင်ငံအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၁၀ ) ကမ္ဘာပေါ်တွင် အပြောနှင့်အလုပ်ညီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်အရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာပြည်၏ ကျန်းမာရေး ဌာနမှ ၎င်းတို့ကျန်းမာရေးဌာနသည် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနကဲ့သို့မဟုတ်ပဲ အပြောနှင့်အလုပ်ညီသော ဌာနဖြစ်ကြောင်း ၊ဤသည်အား အတည်ပြုပေးပါရန် ဖိတ်ခေါ်သောကြောင့်ကျွန်ုပ်တို့၏ ကမ္ဘာ့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့သည် နိုင်ငံပိုင်ဆေးရုံများ၊ ကျန်းမာရေးဌာနများသို့ ရုပ်ဖျက်ပြီးသွားရောက်စစ်ဆေးရာ တကယ်ပင် အပြောနှင့်အလုပ်ညီသော ၀န်ကြီးဌာနအဖြစ် ကျွန်ုပ်တို့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့မှကန့်ကွက်သူမရှိ ချက်ချင်း အသိအမှတ်ပြုလိုက်ရပေသည်။မပြု၍ မဖြစ်ပေ။

၎င်းတို့၏ ကျန်းမာရေးဝန်ကြီးဌာနဆောင်ပုဒ်ဖြစ်သော ( " စရိတ်မျှပေး ကျန်းမာရေး " ) ပေါ်လစီကို အောက်ခြေ၀န်ထမ်းမှစပြီး အထက်ဆုံးပုဂိုလ်အထိ လွန်စွာလိုက်နာကျင့်သုံးသောကြောင့် ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့မှာ် အပြန်လေယာဉ်ခကိုပင် သံရုံးမှချေးသွားရသောကြောင့်ပင်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည်ကျန်းမာရေးဌာနများ၊ ဆေးရုံဆေးပေးခန်းများသို့ဝင်ရောက်ရာ ( " စရိတ်မျှပေး ကျန်းမာရေး " )ဆိုသော ဆောင်ပုဒ်အတိုင်း
ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည် တံခါးပေါက်စောင့်ဝန်ထမ်းမှစပြီး အပေါ်ဆုံးအကြီးဆုံးပုဂိုလ်အထိ မိမိတို့တွင်ပါလာသော( ဒင်္ဂါးပြား )လေးများအား မျှပြီးပေးခဲ့ရသောကြောင့် ဖြစ်သည်။ ဆေးရုံမှ ပြန်ထွက်ခ မတောင်းသည်ကိုပင် ကျေးဇူးတင်ခဲ့ရသေးသည်။

ထိုကြောင့်မြန်မာပြည်၏ ကျန်းမာရေး ဌာနများ၊ ဆေးရုံဆေးခန်းများ၊ ကျန်းမာရေး ၀န်ကြီးဌာနအား အပြောနှင့်အလုပ်ညီသော ဌာနအဖြစ် တညီတညွှတ်တည်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

ဤသို့ ဂုဏ်ယူစရာကောင်းသော စံချိန်များ ဆက်လက်ထိန်းသိမ်းနိုင်ရန၊် စံချိန်များ ဒီထက်ပိုမို၍ တိုးတက်စေရန် မြန်မာနိုင်ငံရှိ အထက်ပါ စံချိန်ရှင်များသည် ဆက်လက်၍်ကြိုးပမ်းလျှက် ရှိသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ချီးမြှင့်သော ဆုများအားလုံးကို သိမ်းပိုက်သွားနိုင်သောကြောင့် မြန်မာနိုင်ငံသည် ဤစံချိန်များရရှိအောင် မည်သို့ကြိုးစားအားထုတ်ထားသည်ကို လေ့လာရအောင် အခြားနိုင်ငံများမှ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များ၊ NGO များ၊ ပညာရှင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်ရန်ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment