Saturday, 12 May 2012






ရခိုင်နဲ့ ရိုဟင်ဂျာအရေးကို ဘေးထိုင်နေတဲ့ လူတွေထဲမှာ ကျနော်လည်းပါတယ်... ဘာ့ကြောင့်ဆိုတာတော့ ဒီမှာစာရင်းအရှည်ကြီးနဲ့ မပြောလိုတဲ့အတွက် တိုတိုနဲ့လိုရင်းပဲပြောပြမယ်... နေဝင်းလက်ထက်မှာ တိုင်းရင်းသားစာရင်းပြန်လည်ပြုစုတယ်ဆိုပြီး ဇယားတွေနှောက်လွန်းလို့ ဒီပြဿနာဒီလောက်အထိကြီးနေတာ... ရခိုင်မှာမွေး ရခိုင်မှာကြီးတဲ့လူဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ မုစ်လင်မ်ဆိုတာနဲ့ ရိုဟင်ဂျာဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မြန်မာပြည်ထဲဝင်ဖို့တောင်ခက်တယ်... အဓိကပြောချင်တာက နေဝင်းဖွရှုပ်လုပ်ခဲ့တဲ့ တိုင်းရင်းသားစာရင်းနောက်မှာ နှစ်၂၀လောက်နောက်ကျပြီးမှမွေးတဲ့ ကျနော်တို့အတွက် တိကျတဲ့အထောက်အထားဆိုတာ ယုံရခက်ကြီးပါဖြစ်နေတယ်... လက်ရှိအစိုးရရော ဘာ့ကြောင့် ဟိုတလောက ရိုဟင်ဂျာ ၃၀၀၀လား ၃၀၀၀၀လားပြန်လက်ခံမယ် ဘာညာဆိုပြီးအသံတွေထွက်လာတာလဲ... ရိုဟင်ဂျာကိစ္စက အစိုးရတွေ ပွင့်လင်းမြင်သာမှုမရှိလို့ လူထုကြားထဲရောက်လာတဲ့ပြဿနာ... ဒီနေ့ရိုဟင်ဂျာသမိုင်းဆိုပြီးတင်နေတာတွေရော ရခိုင်ဘက်က ရိုဟင်ဂျာမရှိဘူးဆိုပြီးတင်နေတာတွေရော လက်ရှိမြန်မာပြည်အစိုးရက ဘယ်လောက်အသိအမှတ်ပြုထားပြီးပြီလဲ... ဒီကနေ့ ရိုဟင်ဂျာပြဿနာကို လူထုကြားထဲမှာ ဖွထားပြီး အရေးမစိုက်ပဲ သေသေချာချာညှိနှိုင်းကိုင်တွယ်ခြင်းမရှိတာရော ဘယ်သူလဲ... တစ်ခုသိထားသင့်တာက ခေါင်မိုးမလုံလို့ မိုးယိုနေတာကို ကြမ်းပြင်ပေါ်ကရေကွက်လိုက်သုတ်နေရုံနဲ့ ပြီးမသွားဘူး... ရိုဟင်ဂျာကို တိုင်းရင်းသားစာရင်းထဲက နေဝင်းရဲ့အစိုးရကထုတ်ပြီး နယ်စပ်မှာ လာဘ်ယူပြီး လူတွေသွင်းခဲ့တာ ဘယ်အစိုးရလဲ... အစိုးရပိုင်းက သေသေချာချာတာဝန်ယူပြီး မဆောင်ရွက်သ၍ ဒီရိုဟင်ဂျာကိစ္စက လူထုတွေကြားမှာ တအုံ့နွေးနွေးနဲ့ ဇာတ်လမ်းရှည်နေဦးမှာပဲ.. ဒီအပိုင်းက ရိုဟင်ဂျာအကြောင်း သိပ်ပြောနေကြတဲ့လူတွေ ပါးစပ်ပိတ်နေကြတဲ့ အစိုးရအကြောင်း...

ဒုတိယတစ်ခုပြောချင်တာက ရိုဟင်ဂျာအကြောင်း ပြောရင်းနဲ့ မုစ်လင်မ်တွေကိုထိခိုက်တာများလာတဲ့အကြောင်း... ရိုဟင်ဂျာကို ထောက်ခံတဲ့လူထဲမှာလည်းမပါ ကန့်ကွက်တဲ့လူထဲမှာလည်း ကျနော်မပါတဲ့အကြောင်း အပေါ်မှာရှင်းပြတာလုံလောက်မယ်လို့ယူဆတယ်... ဘယ်သူမှသမိုင်းပညာရှင်မဟုတ်တဲ့အချိန်မှာ သမိုင်းပညာရှင်ပါဆိုသူတွေ ကိုယ်လိုချင်တဲ့အထောက်အထားတွေနဲ့လုပ်နေသမျှ ဒီကိစ္စကိုဝင်ပါမှာမဟုတ်ဘူး... ဒါပေမဲ့ နောက်ပိုင်းမှာ သတိထားမိလာတာတစ်ခုက ရိုဟင်ဂျာအကြောင်းကန့်ကွက်တဲ့လူမှန်သမျှ အစ္စလာမ်ဘာသာကို မသိနိုးနားထိခိုက်လာတာပဲ... အစကတော့ ကျနော်ဝင်မပြောပါဘူး... ဘာ့ကြောင့်လည်းဆိုတော့ သူတို့မှာ ထိခိုက်စေလိုတဲ့စိတ်ရှိလို့မဟုတ်ပဲ အမျိုးသားရေးပြောရင်းက ကိုယ်ပိုင်နိုင်မှုမရှိတဲ့ တခြားဘာသာအကြောင်းပြောတာမို့လို့ အတိုင်းအတာတစ်ရပ်အထိ ဝင်မပြောပဲနေလိုက်တယ်... အခုနောက်ပိုင်းမှာတော့ ပိုပြီးသိသာလာတယ်ထင်လို့ ဝင်ပြောရတော့မယ်... 

"ဆော်ဒီ ၊ ဘရူနိုင်းနဲ့ အစ္စလာမ်နိုင်ငံတွေကို အင်္ဂလိပ်တွေသိမ်းခဲ့တာပါပဲ ၊ ပို့ခဲ့တဲ့ ဘာသာခြား ဘုရင်တွေလဲရှိခဲ့မှာပဲ ( အတိအကျတော့မသိပါ ) ။ ဒါပေမယ့် အစ္စလာမ်နိုင်ငံတွေကိုယ်တိုင်က သူတို့မြေမှာ အခြားဘာသာတခုရဲ့ အဆောက်အအုံတွေဆောက်တာကို ခွင့်မပြုတာများပါတယ် ၊ ခွင့်ပြုခဲ့ရင်တောင် မြန်မာနိုင်ငံမှာမိတ်ဆွေတို့ကြုံရတာထက် ဆိုရွားတဲ့ ဘာသာရေးခွဲခြားမှု့ကို ကြုံရပါတယ်။"

ဒါကိုမာဃရေးတဲ့အထဲက စာပေါ့... ကျနော့မှာ ကျောင်းတက်တုန်းက ဘရူနိုင်းဘုရင်ရဲ့ စကာလားရှစ်နဲ့ ကျောင်းလာတက်တဲ့ သူငယ်ချင်း ၃ယောက်ရှိတယ်... ၃ယောက်စလုံး ဘရူနိုင်းနိုင်ငံသားဖြစ်ပေမဲ့ ၂ယောက်ကမုစ်လင်မ် ကျန်တဲ့တစ်ယောက်က Chinese လူမျိုးပေါ့... အဲ့ဒီ chinese က မုစ်လင်မ်မဟုတ်ပဲ ဗုဒ္ဓဘာသာဗျား... ဒီတော့ အစ္စလာမ်နိုင်ငံတွေကိုယ်တိုင် သူတို့မြေမှာ အခြားဘာသာတစ်ခုရဲ့ အဆောက်အအုံတွေဆောက်တာကို ခွင့်မပြုတာများတယ်ဆိုတာ လုံးလုံးလွဲတယ်လို့ ပြောပါရစေ... ခွင့်မပြုတာနည်းပါတယ်... မှတ်မှတ်ရရပြောရင် ဆော်ဒီတစ်နိုင်ငံပဲ ခွင့်မပြုတာ... ကျန်တဲ့ အာရဘ်မုစ်လင်မ်နိုင်ငံတွေမှာရော အာရဘ်မဟုတ်တဲ့ မုစ်လင်မ်နိုင်ငံတွေမှာရော ခွင့်ပြုသလို အဆောက်အဦးလည်းရှိပါတယ်... တစ်ချို့နိုင်ငံတွေမှာတော့ မြန်မာပြည်လောက်တောင် ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလို့ပြောရင်လက်ခံနိုင်ပေမဲ့ အများစုမဟုတ်ဘူးလို့ပြောချင်တယ်... မလေးရှားမှာဆိုရင် ထေရဝါဒရော မဟာယနပါ ဗုဒ္ဓသာသနိကအဆောက်အဦးတော်တော်လေးများများစားစားရှိပါတယ်... အရှေ့တောင်အာရှအတွင်းမှာဆိုရင် မုစ်လင်မ်နိုင်ငံလို့ပြောလို့ရတဲ့ နိုင်ငံ၃နိုင်ငံရှိတယ်... အဲ့ဒီနိုင်ငံတွေက မြန်မာနိုင်ငံက မုစ်လင်မ်အရေးကိုပြောဖို့အတွက် မြန်မာ့နိုင်ငံရေးကိုဝင်ရောက်စွက်ဖက်တာမျိုးတောင် မရှိခဲ့သေးဘူး... နောက်ထပ်ပြောချင်တာတစ်ခုက ကိုမာဃရဲ့ ရှေ့ကစာတွေမှာ ပါခဲ့တဲ့ ဘာသာရေးကခွင့်ပြုလို့ မိန်းမ၄ယောက်ယူတယ်ဆိုတဲ့ကိစ္စ... ကျနော့ကိုပြောပါဗျာ မိန်းမ၁ယောက်ပဲယူဖို့ ဒါမှမဟုတ် မိန်းမယူရမဲ့အရေအတွက်တိတိကျကျ ဖော်ပြထားတဲ့ဘာသာ... ဒါ့အပြင် မုစ်လင်မ်မှာ ယူပိုင်ခွင့်မရှိတဲ့ အိမ်ထောင်ဖက်ဆိုတာကိုလည်း ကိုမာဃလေ့လာစေချင်တယ်... မုစ်လင်မ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ မရီး/ခယ်မ ကိုယူလို့မရဘူးခင်ဗျ... အဲ့ဒါလည်း ဘာသာရေးအရတားမြစ်ထားတာ... အိမ်ထောင်ဘက်ဖက်ကနေတွက်မယ်ဆိုရင် မုစ်လင်မ်တစ်ယောက်က မိမိအိမ်ထောင်ဖက်၏ မိခင်၊ ဖခင်၊ မွေးပေါက်ဖော်အရင်းအချာ၊ ဖခင်(သို့)မိခင်တူသောမွေးပေါက်ဖော်၊ သား၊ သမီးအရင်းအချာ (မွေးစားသား၊ သမီးမပါ) ကိုယူပိုင်ခွင့်မရှိပါဘူး... နောက်တစ်ခုက အိမ်ထောင်ပြုမယ်ဆိုရင် ၁ယောက်ပဲယူဖို့ အားပေးထားတဲ့ ဘာသာပါ... အကြောင်းတစ်စုံတစ်ရာကြောင့် အိမ်ထောင်သစ်ပြုလိုတယ်ဆိုရင်တောင် ဘာသာရေးကို တိတိကျကျလိုက်နာမယ်ဆိုရင် လူတွေထင်သလောက်မလွယ်ပါဘူး... 

နောက်ဆုံးကျနော်ပြောချင်တာကတော့ ရိုဟင်ဂျာကိုတိုင်းရင်းသားဖြစ်ခွင့်ပြုဖို့ ထောက်ခံတဲ့လူပဲဖြစ်ဖြစ် ရိုဟင်ဂျာဆိုတာ မြန်မာပြည်သားမဟုတ်ပါဘူး ငြင်းတဲ့လူပဲဖြစ်ဖြစ် ဘာသာရေးမပါအောင်ရေးပါ... အပြောမှာတော့ ကျန်တဲ့မုစ်လင်မ်တွေကိုမပြောပါဘူး မရေးပါဘူးဆိုပေမဲ့... ပါးပါးလေးပုတ်တာများနေပြီလို့ ထင်လာတယ်... ဒီတော့ ကိုမာဃပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ရိုဟင်ဂျာကို ပြောချင်တာပြောခွင့်ရှိပေမဲ့ ဘာသာရေးပါထည့်ပြီးပြောတော့မယ်ဆိုရင် တစ်ချက်လောက်တော့စဉ်းစားကြပါ... ဘယ်သူ့ဘယ်သူနဲ့မှ Crash မဖြစ်လိုပါ... သို့သော် ကိုယ့်ရဲ့အတွေ့အကြုံလောက်ကိုစာဖွဲ့ပြီးရေးမယ်ဆိုရင် သတိလေးတော့ကပ်စေချင်ပါ၏...

လူကို လူချင်းချစ်ခင်ခြင်း အဆုံးမရှိကြပါစေရန်... 

2012/5/11 demonprince13 <demonprince13@gmail.com>
မြန်မာမွတ်ဆလင်များသို့

အခုလို ပြန်လည်ဖြေတဲ့စာဟာ မိတ်ဆွေတို့နဲ့ လိုက်ပြီးတိုက်ခိုက်နေတာမဟုတ်ဘူးဆိုတာ
ပထမဆုံး သိစေချင်တယ် ။ နိုင်ငံတနိုင်ငံမှာ လူအများစု ကိုးကွယ်တဲ့ဘာသာမဟုတ်ရင်
တခြားဘာသာကိုကိုးကွယ်တဲ့လူတွေဟာ အနည်းနဲ့အများ အကျပ်အတည်း တွေ့ရတတ်ပါတယ် ။

ဆော်ဒီ ၊ ဘရူနိုင်းနဲ့ အစ္စလာမ်နိုင်ငံတွေကို အင်္ဂလိပ်တွေသိမ်းခဲ့တာပါပဲ ၊ ပို့ခဲ့တဲ့ ဘာသာခြား ဘုရင်တွေလဲ
ရှိခဲ့မှာပဲ ( အတိအကျတော့မသိပါ ) ။ ဒါပေမယ့် အစ္စလာမ်နိုင်ငံတွေကိုယ်တိုင်က သူတို့မြေမှာ
အခြားဘာသာတခုရဲ့ အဆောက်အအုံတွေဆောက်တာကို ခွင့်မပြုတာများပါတယ် ၊ ခွင့်ပြုခဲ့ရင်
တောင် မြန်မာနိုင်ငံမှာမိတ်ဆွေတို့ကြုံရတာထက် ဆိုရွားတဲ့ ဘာသာရေးခွဲခြားမှု့ကို ကြုံရပါတယ်။
( ကျနော့် ဖခင်ကြီးက ဘရူနိုင်းမှာ သုံးနှစ် ၊ မလေးရှားမှာ ငါးနှစ် နေခဲ့တာပါ ) ။
ကိုဟရွန်းတို့တောင်ဒဂုံမှာတော့မသိဘူး ၊ ကျနော်တို့ အင်းစိန်က မီးရထားသံလမ်းဘေး
( ပြည်တော်သာမှတ်တိုင် ) က ဗလီမှာတော့ သောကြာနေ့ဆို လူတွေ ပြည့်ကျပ်လို့ လမ်းပေါ်
တောင် လျှံထွက်နေတာတွေ့ရတယ် ။ ကျနော်တို့မသိနိုင်တဲ့နောက်ကွယ်က ဖြစ်ရပ်တွေကိုတော့
မသိပါ ၊ ဆူးလေက ဧမာနွေလ ချာခ်ျကျောင်းကိုလည်း ရောက်ဖူးတယ် ။ တရားဟောဆရာက
ရန်ကုန်မြို့လယ်မှာ ရှင်ကြီးဂေါတမ ၊ မိုဟာမက် ဆိုပြီး တရာဟောနေတာလည်းတွေ့ခဲ့ရဲ့ ။

ရှားဘုရင် မြန်မာနိုင်ငံရောက်မှ ဗလီရှိလာတာမဟုတ်ပါ ၊ မြန်မာဘုရင်တွေလက်ထက်တွေကတည်း
က သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အစ္စလာမ်တွေရှိခဲ့တယ် ၊ ပထန်တွေလည်းရှိတယ် ၊ အများ
အားဖြင့် အမြောက်တပ်က ဖြစ်တယ် ၊( ဖန်ချက်ဝန်မှတ်တမ်းမှာ ဖတ်ခဲ့ဖူးတယ် ) ။ ဘုရင်တွေ
လက်ထက်ကတည်းက ဗလီဆောက်ခွင့်ပေးခဲ့တာပါ ။

မိတ်ဆွေတို့နမားဇ်ဖတ်တာကို တားဆီးတဲ့လူက တရားဥပဒေကိုနားမလည်တဲ့လူဖြစ်ပါလိမ့်မယ် ။
ဒါမှ မဟုတ် မြန်မာပြည်မှာ တရားဥပဒေ မစိုးမိုးသေးတဲ့လက္ခဏာဖြစ်ပါလိမ့်မယ် ။ မြန်မာ့ဥပဒေ
အရ နိုင်ငံသားတိုင်းဟာ ကြိုက်နှစ်သက်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြပါရဲ့ ။

အခုမှ ရိုဟင်ဂျာ ကိစ္စကိုဆက်ကြမယ် ။ ရိုဟင်ဂျာလို့ခေါ်တဲ့ ဘင်္ဂလီတွေဟာ ဘင်္ဂလားဒျေ့်ကိုကူး
လို့မရဘူး ( နယ်စပ်မှာ မွေးကတည်းက နေတဲ့လူအစစ်ဆိုရင်ပေါ့ )၊ ဘင်္ဂလားဒျေ့်နိုင်ငံသားတွေ
အများကြီးကလည်း ရိုဟင်ဂျာနာမည်ခံပြီး ရခိုင်ဘက်ကို ဖောချင်းသောချင်းကူးကြတယ် ၊ မယုံရင်
ရခိုင်ပြည်နယ်မြို့တော် စစ်တွေကိုပဲ သွားကြည့် ရခိုင်စကားမပြောတတ် ၊ ပြောသော်လည်း မပီ
သတဲ့ ဘင်္ဂလီအနွယ်တွေအများကြီးတွေ့ရလိမ့်မယ် ။

  • ဘာလို့ သူတို့ ဘင်္ဂလီတွေက နယ်စပ်မှာရှိတဲ့ ဘင်္ဂလီတွေကို ( ဘင်္ဂလားဒျေ့်မွတ်ဆလင်အချင်း
    ချင်းနော် ) လက်မခံတာလဲ ၊ ရှင်းပါတယ် ။ သူတို့နိုင်ငံမှာ လူဦးရေများလွန်းတယ် ၊ အလုပ်အကိုင်
    အခွင့်အလမ်းနည်းနေပြီ ၊ သဘာဝဘေးတွေကလဲ နှစ်စဉ်ရှိတယ် ။ ဒီတော့ အစိုးရကအစ ရိုဟင်ဂျာ
    နာမည်ခံစေပြီး ရခိုင်ဘက်ကို တွန်းတွန်းထုတ်တယ် ၊ ဟိုဘက်နယ်ခြားစောင့်တပ်တွေက သူတို့လူ
    မျိုးတွေ ရခိုင်ဘက်ကို အလုံးအရင်းနဲ့ကူးနေတာ မျက်စိမှိတ်ထားတယ် ။ မြန်မာနယ်ခြားစောင့်တပ်
    တွေကလဲ လာသမျှ ဘင်္ဂလီဆီက ဒမြမတိုက်ရုံတမယ် ပိုက်ဆံတောင်းတယ် ညစ်တယ် ။ အင်မတန်
    များလာတော့မှ နယ်စပ်မှာ သံဆူးကြိုး ကာတယ် ၊ ကာတဲ့သံဆူးကြိုးကို ရိုဟင်ဂျာနံမည်ခံသူတွေက
    ဖြတ်ပြီး ဘင်္ဂလားဒျေ့်မှာ ပြန်သွားရောင်းတယ် ၊ ဘင်္ဂလားဒျေ့်ဘဇားတွေမှာ မြန်မာဂျီအီးတပ်တွေ
    ကာထားတဲ့ သံဆူးကြိုးတွေကို မာမူကြီးတွေ ရောင်းနေတာ တွေ့ရလိမ့်မယ် ။


    အခု ကျနော်တို့ မြန်မာနိုင်ငံက လက်မခံဘူးလို့အသံထွက်လာတော့ သူတို့ဘက်ကလဲ နိုင်ငံခြား
    မီဒီယာတွေမှာ သူတို့ဟာမြန်မာနိုင်ငံရဲ့ လူမျိုးတမျိုးဆိုတာယုံအောင် ကမ္ဘာပါတ်ပြောနေကြတယ် ။
    နောက်ကွယ်က ဆရာကြီးတွေကတော့ ပြောနေစရာတောင်မလိုဘူး ၊ ရေနံသူဌေးနိုင်ငံတွေနဲ့
    အာရပ်ကမ္ဘာပဲ ဖြစ်မှာပေါ့ ။ ဟုတ်ပြီ ။ ကျနော်တို့က လက်မခံဘူး ဆိုရင် ရိုဟင်ဂျာတွေကို အဲ့လောက်
    ချစ်ပြနေတဲ့ အာရပ်ကမ္ဘာက ဒုက္ခသည်စခန်းဖွင့် ၊ နိုင်ငံသားခံယူခွင့်ပေးပြီးလက်ခံမလား ။
    လက်ခံမယ်ဆိုရင် ကျနော်တို့ ရခိုင်တမျိုးသားလုံး လေယာဉ်လက်မှတ်ဖိုးစိုက်ပြီး အဲပုဂံကို စင်းလုံး
    တွေဌားပို့လိုက်မယ် ။

    ဘင်္ဂလားမွတ်ဆလင်အချင်းချင်းတောင် လက်မခံတဲ့ ရိုဟင်ဂျာနံမည်ခံတွေကို မိတ်ဆွေတို့ မြန်မာ
    မွတ်ဆလင်တွေက လက်ခံချင်နေတာ ကျနော့်ဖြင့်အံ့မဆုံးဘူး ( လက်မခံချင်တဲ့ လူလည်းရှိမှာပါ )။
    ဒီတော့ နိုင်ငံသားဖြစ်တဲ့ မြန်မာ လူမျိုးတိုင်း ( ဘယ်ဘာသာဝင်ဖြစ်စေ ) ဘင်္ဂလီတွေကို လူမျိုး
    အဖြစ် လက်ခံချင်ရင်တော့ အမျိုးယုတ်အဖြစ် သတ်မှတ်ရမှာဖြစ်တယ် ။ ကျနော်ကတော့ ဒီလိုပဲ
    သတ်မှတ်တယ် ။

     မာဃလုလင်
          

    --
              


     မာဃလုလင်


    No comments:

    Post a Comment