Thursday 24 May 2012
    ထုတ်ပြန်။
    Posted: 23 May 2012 04:48 PM PDT
    Posted: 23 May 2012 08:40 AM PDT
    ငါးဦးထက် ပိုပြီး စီတန်းလှည့်လည်ခွင့် မရှိကြောင်း အနောက်ပိုင်းခရိုင် ရဲမှူးရဲ့ ဖြန့်ဝေစာ
    ..http://www.mutdfan.com/news_images/DSC_0381.jpg
    သမီးတို့ကျောင်းလေးလည်း မီးမလာပါဘူးတဲ့။ မိုးမှောင်ကျတဲ့နေ့တွေမှာ(ဒုတိယနေ့ရန်ကုန်)ဓာတ်ပုံ- ဥက္ကာကိုကို
    ည ၈နာရီခွဲ ၊ မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
    လျှပ်စစ်မီး မှန်မှန်ရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သူများ ဒုတိယနေ့ အဖြစ် ဖယောင်းတိုင် မီးမထွန်းညှိမီ အနောက်ပိုင်း
    ခရိုင် ...ရဲမှူးကြီး မျိုးအောင်က လက်မှတ်ရေးထိုးထားသည့် သတိပေးစာကို ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဆော်သြသူ ကိုဟန်ဝင်းအောင်ထံသို့ ပေးအပ်ခဲ့သည်။
    စာထဲတွင် လျှပ်စစ်မီးပျက်သည့်ကိစ္စကို နိုင်ငံပိုင်သတင်းစာများမှတဆင့် ပြည်သူလူထုထံ တရားဝင် သတိပေး
    ထားပြီးဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လူ ၅ ဦးထက်ပိုသည့် လူစုဝေးခြင်းကို ဖမ်းဆီးအရေးယူနိုင်ကြောင်း ပါရှိသည်။
     စာဖတ်ပြပြီးနောက်တွင် ကိုဟန်ဝင်းအောင်က ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်ရပါမယ်ဟု ဆိုကာ ဖယောင်းတိုင်များ
     ထွန်းညှိ၍ ဆန္ဒထုတ်ဖေါ်ပွဲ ဒုတိယနေ့ကို စတင်လိုက်ကြသည်။
    ယင်းနောက် ဆန္ဒထုတ်ဖေါ်သူများက ဆူးလေဘုရားလမ်းအတိုင်း အနော်ရထာလမ်းဘက်သို့ လျှောက်လာပြီး ဂုံးကျော်တံတားကို
     ဖြတ်ကျော်ကာ ဆူးလေစေတီဘက်သို့ သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် ဂုံးကျော်တံတား မတက်မီ ရဲတပ်ဖွဲ့
    ရဲများက ဂုံးကျော်တံတားအဆင်းဘက်မှ စောင့်၍ လမ်းရှင်းပေးကာ ဆန္ဒထုတ်ဖေါ်သူများကို ထပ်မံတားမြစ်ခြင်း မရှိတော့သည်
    ကို တွေ့ရှိရသည်။
    ယနေ့ ဆန္ဒထုတ်ဖေါ်သူ အရေအတွက်မှာ ယမန်နေ့ထက် ၃ ဆခန့်များပြားကာ စုစုပေါင်း လူ ၃၀၀ ကျော်ရှိမည်ဟု
    ခန့်မှန်းကြသည်။ ။
    Yangon press international
    Posted: 23 May 2012 08:24 AM PDT
    သဘာဝအရင်းအမြစ်ပေါများတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမှန်မှန် မရတာဟာ စနစ်မမှန်လို့ဖြစ်တဲ့ အကြောင်းနဲ့ပြည်သူ
    လူထုတွေအတွက် ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ဟာ အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ မြို့ကြီးတွေ
     မှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတွေ၊ မီးမလာမှုတွေနဲ့ပတ်သက်ပြီး မနေ့က ဒဂုံမြို့သစ် အရှေ့ပိုင်း အမျိုးသားဒီမို
    ကရေစီ အဖွဲ့ချုပ်ရုံး ဖွင့်ပွဲမှာ ပြည်သူလူထုကို ပြောကြားလိုက်တာပါ။
ိdvb
    Posted: 23 May 2012 08:11 AM PDT
    ပြည်တွင်းစစ်ရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုတခုကိုပြည်သူများအားလုံး လက်တွဲပါဝင်ဖော်ဆောင်ကြမည်ဖြစ်ပါသဖြင့် မေလ ၂၅ရက်နေ့နံနက်၁၀နာရီမှ၁၂နာရီအတွင်း တော်ဝင်နှင်းဆီစားသောက်ဆိုင်၊သီရိခန်းမသို့ကြွရောက်ချီးမြှင့်ပါဝင်ကြပါရန်လေးစား
    စွာဖိတ်ကြားအပ်ပါသည်။
    Generation Wave
    EP67 Announcement Letter
    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610
    No comments:
    Post a Comment