ကျနော် သိသမျှကတော့ မြန်မာဆိုတာက - လူမျိုးကိုပြောတာ
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
မြန်မာဆိုတာနိုင်ငံပါ... လူမျိုးကဗမာပါ... ဒါဟာကျနော်လက်ခံတဲ့ပုံစံမဟုတ်ပေမဲ့ အစိုးရရဲ့သတ်မှတ်ချက်ဖြစ်ပါတယ်... ကျနော့အတွက်ကတော့ ဗမာဆိုတာနိုင်ငံဖြစ်သင့်ပြီး မြန်မာကလူမျိုးဖြစ်သင့်တာပါ...
= = = = = = = = = = = = = =
မွတ်ဆလင်မ်ဆိုတာက - ဘာသာကိုပြောတာ ။
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
မွတ်ဆလင်မ်ဆိုတာဘာသာကိုပြောတာမဟုတ်ပါ... အစ္စလာမ်ကဘာသာဖြစ်ပြီး အစ္စလာမ်ဘာသာကိုကိုးကွယ်သူတိုင်း မည်သည့်လူမျိုးဖြစ်ပါစေ မွတ်ဆလင်မ်ဖြစ်ပါတယ်... ဆိုလိုတာက ဗုဒ္ဓဘာသာဆိုရင် ဘာသာကိုကိုးကွယ်သူတွေကို ဗုဒ္ဓဘာသာဝင်၊ ခရစ်ယန်ဘာသာဆိုရင် ခရစ်ယန်ဘာသာကိုးကွယ်သူကို ခရစ်ယန်ဘာသာဝင်လို့ ပြောရရေးရသလိုပဲ အစ္စလာမ်ဘာသာဆိုရင် အစ္စလာမ်ဘာသာဝင် = မွတ်ဆလင်မ်ဖြစ်ပါတယ်...
= = = = = = = = = = = = = =
မြန်မာလူမျိုးစစ်စစ်က မွတ်ဆလင်မ်ဘာသာ ကိုကိုးကွယ်တာဆိုရင်တော့ ခေါ်ရတာ ကိစ္စမရှိဘူးပေါ့ဗျာ >> မြန်မာလူမျိုးမဟုတ်ကြောင်းအထက်မှာပြောထားပြီးပြီဖြစ်လို့ ဗမာဖြစ်ဖြစ်၊ ရှမ်းဖြစ်ဖြစ် မည်သည့်လူမျိုးဖြစ်ဖြစ် မြန်မာနိုင်ငံသားဖြစ်သော အစ္စလာမ်ဘာသာဝင်များကို မြန်မာမုစ်လင်မ်ဟု officially ရေးစေချင်တာပါ... အရပ်ထဲမှာ အချင်းချင်းခင်မင်ရင်းနှီးမှုအရခေါ်ဆိုသော ကုလားသည်ပင် ခေါ်ခံရသူက မကြိုက်ပါက နာမည်ကိုသာခေါ်သင့်ပါတယ်... ဒါမှသာ ယဉ်ကျေးတဲ့အသိုင်းအဝိုင်းဖြစ်မှာပါ... ထပ်လောင်းဖြည့်စွက်ချင်တာက တစ်ချိန်က ဗမာနိုင်ငံလို officially ခေါ်တွင်စဉ်က မြန်မာမုစ်လင်မ်မဟုတ်ပဲ ဗမာမုစ်လင်မ်ဟုခေါ်တွင်ရေးသားကြပါတယ်... ဆရာကြီးဦးရာဇာတ်ဦးဆောင်တည်ထောင်ခဲ့တဲ့ ဗမာမွတ်ဆလင်ကွန်ဂရက် (ဗမက) အဆိုပါအချိန်က ဆောင်ပုဒ်ဟာ "ဗမာကို ဗမာကသိရေး" ဖြစ်ပါတယ်...
= = = = = = = = = = = = = =
ဒါပေမယ့် မြန်မာလူမျိုးလဲမဟုတ် ၊ မြန်မာစကားလည်းမပီတမီ ၊ ရုပ်ကလည်း မြန်မာရုပ်မထွက် ( မြန်မာရုပ်နဲ့လူမျိုးခြားရုပ်ခွဲလို့ရတာတော့ မရှင်းပြတော့ပါဘူးနော် ) အဲ့ဒါမျိုးတွေဆိုရင် ကျနော်တို့က သူတို့ကို ဘယ်လိုခေါ်ရမလဲဗျ
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
မြန်မာလူမျိုးချင်းထပ်နေတော့ ပြောရခက်တယ်ဗျ... မြန်မာလူမျိုးမဟုတ်ပဲ ဗမာလူမျိုးဆိုလျှင်တော့ ကျနော်ပြောတာတစ်ချက်စဉ်းစားကြည့်ပါ... ဗမာစကားပြောမှာတောင် ဘိတ်သံ၊ အညာသံ၊ အကြေသံ ကွဲပြီး စကားပြောပုံကွဲပါသေးတယ်... ပြည်ထောင်စုသား လူမျိုးတွေထဲမှာ ဗမာစကားတစ်လုံးမှမပြောတတ်တဲ့ ပြည်ထောင်စုသားလူမျိုးတွေအများကြီးပါ.. ကိုမာဃမေးတဲ့ သူတို့ကိုဘယ်လိုခေါ်ရမလဲဆိုတာတော့ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုရင် မြန်မာမုစ်လင်မ်အဖြစ် ဝိဂြိုဟ်ပြုခေါ်ဆိုတာပဲသင့်တော်ပါတယ်... ကျနော်ပြောတာအရပ်ပြောတင်မဟုတ်ပါဘူး နှုတ်တရာစာတစ်လုံးဆိုတဲ့ အရေးအသားကိုပိုအားပေးပါတယ်... ကျနော်ဆိုရင်လည်း ရွှေဘိုသားမိဘနှစ်ပါးကမွေးဖွားတာကြောင့် ကုလားလို့ခေါ်ရင်မကြိုက်ပါဘူး...
မှတ်ချက်။ ။ဒီနေရာမှာ အရင်ကတိုင်းရင်းသားလို့ပြောဆိုနေတာကို ကျနော်က ပြည်ထောင်စုသားလို့ ပြောင်းသုံးတာပါ.. အကြောင်းက ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ဒေသခံတွေနဲ့တွေ့ဆုံပြောဆိုတဲ့အခါ ဒေသခံတွေအနေနဲ့ သူတို့ကို တိုင်းရင်းသားလို့ပြောတာဟာ နှိမ့်ချတယ်လို့ထင်မြင်ယူဆနေတဲ့အတွက် ပြည်ထောင်စုသားများအဖြစ်ပြောင်းရေးတာပါ...
= = = = = = = = = = = = = =
ခေါ်ရမဲ့နာမည်ရှိရင်ပြောပါ . . .။ မြန်မာနိုင်ငံမှာ နှစ်ရာနဲ့ချီ အနေကြာခဲ့တဲ့ မွတ်ဆလင်မ်တွေရှိမယ် ။ ကျနော် တစ်ဦးထည်း အယူအဆအရ သူတို့ကို ကျနော်လက်ခံတယ် ။ သူတို့ကို မြန်မာလို့ပဲ သတ်မှတ်တယ် ။ ဒါပေမယ့် ကျနော်ထင်တယ် . . . အစိုးရဘက်က လက်မခံခဲ့တဲ့ အပိုင်းလေးတွေရှိမယ် ။ ဒီတော့ မှတ်ပုံတင်မရတဲ့ မြန်မာမွတ်ဆလင်မ်စင်စစ်တွေလည်းရှိမှာပဲ ။ အဲဒီ ပြည်မမှာရှိတဲ့ မွတ်ဆလင်မ်တွေနဲ့ ရောရောင်ပြီး ၊ ဘင်္ဂလားက ၀င်လာတဲ့ ဘင်္ဂလီမွတ်ဆလင်မ်တွေက ရခိုင်မှာ ဆယ်နှစ် ဆယ့်ငါးနှစ်လောက်နေ ၊ ပြီးရင် ရန်ကုန်ကိုခိုးတက်လာ ၊ မြန်မာစကားကျွမ်းကျွမ်းကျင်ကျင် တတ်လာပြီဆိုရင်ရော . . . ကျနော်တို့က သူတို့ကိုလည်း မြန်မာ မွတ်ဆလင်မ်လို့ ခေါ်ရဦးမှာလား။
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
အထက်ပါစာပိုဒ်အတွက်ကတော့ ဘင်္ဂါလီခေါ်ခေါ် ရိုဟင်ဂျာခေါ်ခေါ် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကျနော့ရဲ့သဘောထားကို အရင်ကတစ်ခါပြောဖူးတာ မှတ်မိမယ်ထင်ပါတယ်... မြန်မာနိုင်ငံသား ပြည်ထောင်စုသားလက်ခံရေး လက်မခံရေး တိုင်းရင်းသားသတ်မှတ်ရေး မသတ်မှတ်ရေးမှာ အစိုးရ၊ ရခိုင်တိုင်းရင်းသားများဘက်က ရွေးချယ်သည့်အဖွဲ့အစည်း၊ တစ်ဖက်ကအဖွဲ့အစည်းတွေ စားပွဲဝိုင်းထိုင်ပြီး အကျေအလည်ဖြေရှင်းရမှာပါ... ကျနော့အနေနဲ့ပြောရရင်တော့ လောလောဆယ် အစိုးရသတ်မှတ်ထားတဲ့ ၁၈၂၄မတိုင်ခင်မှာ မြန်မာပြည်နယ်နိမိတ်အတွင်း အခြေချနေထိုင်သော လူမျိုးစုဖြစ်ပါက တိုင်းရင်းသားအဖြစ်သတ်မှတ်တယ်ဆိုတဲ့ ဥပဒေကိုကိုင်ပြီး စားပွဲဝိုင်းထိုင်ပြီးဆွေးနွေးကြပါ... ဒါပေမဲ့ နေဝင်းလက်ထက်က မောင်းထုတ်လိုက်ပြန်လက်ခံလိုက် လုပ်ခဲ့တာတွေပါထည့်ပြောကြလိမ့်မယ်ထင်တယ်... သေချာတာကတော့ ၃ပွင့်ဆိုင်ပြီးဆွေးနွေးပါ... လွတ်လပ်တဲ့ ကြားနေအဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းပြီး ဆွေးနွေးဝိုင်းကို host လုပ်ပါ... ဒါကျနော်ပေးနိုင်တဲ့ အကောင်းဆုံးအကြံပါပဲ... အခုအချိန်အထိကတော့ မြန်မာနိုင်ငံသား မုစ်လင်မ်ဆိုရင် မြန်မာမုစ်လင်မ်လို့ခေါ်တာရေးတာ သမမျှတပါလိမ့်မယ်...
= = = = = = = = = = = = = =
ခေါ်ရမယ်ဆိုလည်းပြောပါ ။ မြန်မာစကားမှာ ကုလားဆိုတဲ့ဝေါဟာရ အများကြီးရှိပါတယ် ၊ လွန်ခဲ့တဲ့ရှေးနှစ်ပေါင်းများစွာကတည်း လူမျိုးရေးနှိမ့်ချဖို့မဟုတ်ပဲ အခေါ်အဝေါ်တစ်ခု အနေနဲ့ခေါ်ခဲ့ကြတာပါ ။ ပြီးတော့ ကုလားဆိုတာလည်း အရင်က လူမျိုးခြားတော်တော်များများကို ခေါ်ခဲ့ကြတာ ၊ အင်္ဂလိပ်ကိုတောင် ကုလားဖြူလို့ခေါ်ခဲ့ကြတာပဲ ။
ဥပမာ - ကုလားထိုင် ၊ ကုလားတန်မြစ် ၊ကုလားပဲ ၊ ကုလားအော်သီး စသည် စသည်ဖြင့်ပေါ့လေ ။ ကုလားလို့ခေါ်တိုင်း မွတ်ဆလင်မ်တွေ အသည်းနာနေတယ်ဆိုရင် ကျနော်တို့ မြန်မာတွေမှာလည်း ဒုက္ခ ၊ မွတ်ဆလင်ထိုင်တို့ မွတ်ဆလင်တန်မြစ်တို့ ၊ မွတ်ဆလင်ပဲ တို့လို ခေါ်ရပြန်တော့လည်း ကလေးကုလား ၊ ဟော ပြောရင်းဆိုရင်း ကုလားက ပြန်လာပြန်ပြီ ။ စော်ကားချင်တာမဟုတ်ဘူး တကယ်အဲ့လို မလွတ်မကင်းဖြစ်နေတာပါ ။
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
ရယ်စရာအရမ်းမပြောပါနဲ့ဗျ... မြန်မာမုစ်လင်မ်နဲ့ ကုလားနဲ့ ကွဲပြားခြားနားချက်အများကြီးပါ... ကုလားထိုင်၊ ကုလားကာ၊ ကုလားဖန်ထိုးတယ်၊ စတဲ့ ကုလားဝေါဟာရတွေပြောင်းစရာမလိုပါ... ကုလားလို့ဆိုလိုက်တာနဲ့ လူမျိုးခြားတော်တော်များများကိုခေါ်တယ်ဆိုရင် မြန်မာမုစ်လင်မ်လို့ခေါ်စေချင်တဲ့ ပြည်တွင်းကနိုင်ငံသားမုစ်လင်မ်တွေဟာ ကုလားနဲ့တော်တော်ကြီးအလှမ်းကွာနေပြန်ပါတယ်... ဒါ့ကြောင့် ကုလားဆိုတဲ့ဝေါဟာရသည်ပင် မြန်မာမုစ်လင်မ်ကို မခြုံငုံမိသလို မြန်မာမုစ်လင်မ်သည်လည်း ကုလားနဲ့ကွဲပြားခြားနားတာဖြစ်တဲ့အတွက် မြန်မာစာဝေါဟာရအရ ကုလားခေါ်နေတာတွေကိုပြောင်းလဲရန်မလိုပါဘူး... အဲ့ဒါကိုလည်း မြန်မာမုစ်လင်မ်တွေက လက်ခံပါတယ်...
= = = = = = = = = = = = = =
ဌာနေ တိုင်းရင်းသားတွေထဲက မွတ်ဆလင်မ်ကိုးကွယ်တဲ့လူရှိရင် မြန်မာမွတ်ဆလင်မ်ဟု ခေါ်နိုင်ပါသည် ။ မြန်မာနိုင်ငံထဲမှ နေထိုင်တဲ့ မွတ်ဆလင်မ်တွေကို ယေဘုယျအားဖြင့် မြန်မာမွတ်ဆလင်မ်ဟု ခေါ်ဆိုလျှင်တော့ အကျိုးအကြောင်းမညီညွတ် မြင်သည်။
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
လူမျိုးနဲ့နိုင်ငံကိုခွဲမသိတဲ့ ကိုမာဃအနေနဲ့ မြန်မာမုစ်လင်မ်ဆိုတာ မြန်မာလူမျိုး အစ္စလာမ်ဘာသာဝင် လို့ထင်နေလို့ အကျိုးအကြောင်းမညီညွတ်ဘူးမြင်တာမဆန်းပါဘူး... ဒါ့အပြင် majority ဘာသာဝင်မဟုတ်သူတွေကို နိုင်ငံအမည်နဲ့ တွဲခေါ် တွဲရေးတာဟာလည်း အကျိုးအကြောင်းညီညွတ်ရုံတင်မဟုတ် ပုံမှန်ကိစ္စရပ်တစ်ခုပါ... ဥပမာပြရရင် အမေရိကန်မုစ်လင်မ်၊ အီရတ်ခရစ်ယန် အဲ့ဒီလိုရေးတာဟာ ပြောတာဟာ officially journalism မှာလည်းသုံးသလို အရပ်ပြောမှာလည်း အဲ့ဒီသဘောပါပဲ... ကိုမာဃအနေနဲ့ နည်းနည်းလေးမျက်စေ့ပိုဖွင့်ပြီး နိုင်ငံတကာက သိက္ခာသမာဓိရှိတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကိုဖတ်ရှူ့ဖို့အကြံပေးချင်ပါတယ်...
= = = = = = = = = = = = = =
မြန်မာနိုင်ငံသည် လာသမျှ အစ္စလာမ်ဘာသာဝင်တို့ကို ကြိုဆိုဖိတ်ခေါ်နေသော နိုင်ငံတခုမဟုတ်ပါ ။ အစ္စလာမ်ဘာသာကြီး ဟုန်းဟုန်းတောက်ထွန်းကားခဲ့သော နိုင်ငံလည်းမဟုတ်ပါ ။ မြန်မာတိုင်းရင်းသားတရာကျော်တွင် အစ္စလာမ်ဘာသာတခုကိုသာ အားလုံးကိုးကွယ်ကြသော ဌာနေတိုင်းရင်းသားလူမျိုးတခုမှမရှိပါ ။ ထိုကြောင့် မွတ်ဆလင်မ်ဟု ခေါ်ခြင်းသာ အတတ်နိုင်ဆုံး မြန်မာလူမျိုးတစ်ယောက်အနေဖြင့် လိုက်လျောခြင်းဖြစ်ပါလိမ့်မည်။
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
ဒီစာကတော့ နည်းနည်းလေးအောက်တယ် ကိုမာဃရေ... မွတ်ဆလင်မ်လို့ခေါ်လည်း ပြဿနာမရှိပါ... အပေါ်မှာရှင်းပြထားသလို အစ္စလာမ်ဘာသာဝင်တိုင်းကို မုစ်လင်မ်အဖြစ်ခေါ်ကြောင်း ကိုမာဃရဲ့ ဗဟုသုတနည်းပါးမှုကြောင့် မသိလို့ပြောတယ်ဆိုတော့ ကျနော်လက်ခံပေးနိုင်ပါတယ်... ကျေးဇူးပြုပြီး စာများများဖတ်ပါ... ၁၉၈၂ခုမှာ လူမျိုးစုပြန်လည်ပြုစုခြင်း တိုင်းရင်းသားပြန်လည်ပြုစုခြင်းများ ပြုလုပ်စဉ်က အစ္စလာမ်ဘာသာတစ်ခုကိုသာ ကိုးကွယ်သော ဌာနေတိုင်းရင်းလူမျိုးတွေထဲက ယနေ့ပြဿနာတက်နေတဲ့ရိုဟင်ဂျာအပါအဝင်... ပသီ၊ ပသျှူး၊ ပန်းသေး စတဲ့အစ္စလာမ်ဘာသာတစ်ခုကိုသာအားလုံးကိုးကွယ်ကြသော ဌာနေတိုင်းရင်းသားတွေကို တိုင်းရင်းသားစာရင်းကနေပယ်ဖျက်ခဲ့ပါတယ်... ဒါ့ကြောင့် ၁၉၈၂ခုနောက်ပိုင်းမှာမွေးဖွားသော ကိုမာဃအနေဖြင့် လူမျိုးရေးစကားပြောမယ်ဆိုရင် ကျေးဇူးပြုပြီး ဗဟုသုတပိုမိုရှာမှီးရန်လိုအပ်ပါတယ်... ဒါကတော့ စေတနာနဲ့ အကြံပေးတာပါ...
+ + + + + + + + + + + + + +
နောက်ဆုံးပြောချင်တာက လူမျိုးရေးမှာ ကိုယ့်ရဲ့အသားကျနေတဲ့ အနေအထားနဲ့သိပ်မပြောစေချင်ပါဘူး... ဥပမာပြောရရင် အစိုးရကကြေငြာသွားသလို မွတ်ဆလင်ကုလားလူမျိုးဆိုပြီး လူမျိုးတစ်မျိုးအသစ်ဖော်ပြီး နိုင်ကဒ်တွေက လူမျိုးနေရာမှာ မွတ်ဆလင်ကုလားလူမျိုးဆိုပြီး ပြောင်းပေးရင် ပိုပြီးပြဿနာကြီးပါတယ်... ဒီလိုမဟုတ်ပဲ အိန္ဒိယနွယ်ဖွား အိန္ဒိယသွေးစပ်တဲ့လူတိုင်းကို ကုလားဆိုပြီးလူမျိုးတစ်မျိုးသတ်မှတ်ပြီး နိုင်ကဒ်တွေမှာပြောင်းပေးရင်လည်း ပြဿနာကြီးပါတယ်... ဘယ်အစိုးရကမှ အဲ့ဒီလိုမလုပ်ပါဘူး... ဘယ်လိုပြဿနာရှိလာနိုင်တယ်ဆိုတာ လွှတ်တော်ဆိုင်ရာကိုယ်စားလှယ်သတ်မှတ်ပုံတွေကိုပြန်လေ့လာပါ... တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူမျိုးဆိုင်ရာဝန်ကြီးခန့်အပ်ရန်သတ်မှတ်ပုံတွေကိုလေ့လာပါ... လေ့လာစေချင်တဲ့အတွက် လေ့လာပါလို့ပြောတာပါ... ကျနော့ကိုလာမေးပြီး spoon feed လုပ်မယ်ဆိုရင်တော့ ပြန်ဖြေမှာမဟုတ်ပါဘူး... မလေ့လာပဲ ကိုယ်ထင်ရာစွတ်စွဲပြောရင်လည်း ဖြေရှင်းမှာမဟုတ်ပါဘူး...
ကိုမာဃကို ဒုတိယအကြိမ်ထပ်ပြောချင်တာက ရခိုင်နဲ့ ရိုဟင်ဂျာအရေးထဲမှာ မုစ်လင်မ်တွေဆွဲဆွဲသွင်းခြင်း ထပ်မလုပ်ပါနဲ့... တောင်ကုတ်မှာ သတ်ဖြတ်ခြင်းခံလိုက်ရတာဟာ ရခိုင်ကမုစ်လင်မ်တွေချည်းပဲမဟုတ်ပါဘူး... တောင်တွင်းကြီးနဲ့ မြောင်းမြကလူ၈ယောက်ပါ... သံတွဲက ၂ယောက်ပဲပါပါတယ်... ကျနော်စာတွေရေးပြီး အားလုံးကိုတိုက်တွန်းနေတာ မလိုလားအပ်တဲ့ အဓိကရုန်းအောက်မှာ မြန်မာနိုင်ငံသားတွေ စတေးခံရမှာစိုးလို့ပါ... လူကိုလူလိုသိတဲ့ စိတ်ဓာတ်တွေ လူသားတွေထဲမှာပျံ့နှံ့စေလိုတဲ့စေတနာပါ... ထပ်မံပြီး ရခိုင်နဲ့ ရိုဟင်ဂျာအရေးထဲကို မုစ်လင်မ်တွေဆွဲဆွဲမသွင်းပါနဲ့... အစ္စလာမ်ဘာသာရေးဆိုင်ရာနဲ့ပတ်သက်ပြီး ကိုမာဃပြောလိုက်တိုင်း လွဲတာတွေများနေတော့ စာဖတ်သူကိုကိုယ်သေချာမသိတာတွေကို စိတ်ခံစားမှုအတိုင်းရေးတာမျိုးတွေနဲ့ အဆိပ်မခတ်ပါနဲ့... တောင်းဆိုတာပါ... နားလည်ပေးမယ်လို့လည်းမျှော်လင့်ပါတယ်...
အားလုံးပဲ အသိကို ဉာဏ်နဲ့ယှဉ်ပြီးတွေးတောစဉ်းစားနိုင်ကြပါစေ...
No comments:
Post a Comment