Friday, 8 June 2012



ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံး

ကြေငြာချက် အမှတ် - ၂ / ၂၀၁၂

ရက်စွဲ - ၇ . ၆ . ၂၀၁၂

ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံး ၏ ကြေငြာချက်
အမှတ် ၂ / ၂၀၁၂ ကို ၇ . ၆ . ၂၀၁၂ ရက်စွဲ ဖြင့်ထုတ်ပြန်ကြေငြာလိုက်သည် ။
ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံး ကို ရခိုင်ပြည်အတွင်းသို့
အတားအဆီးမရှိ ခိုးဝင်လာသော ဘင်္ဂလီလူမျိုးများအားတားဆီးရန်နှင့် ခေတ်သစ်နယ်ချဲ့နည်းအမျိုး
မျိုး ဖြင့် မြန်မာနိုင်ငံကို ကိုလိုနီတပိုင်းပြုလာသော နိုင်ငံခြားသားများအန္တာရယ်ကို တတ်နိုင်သမျှကာ
ကွယ်ကြရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည် ။
ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံး သည် မြန်မာနိုင်ငံအတွင်း
နေထိုင်လျှက်ရှိကြသော ပြည်ထောင်စုသားများ၏ ဘာသာရေးကိုးကွယ်မူ့များကို လုံးဝ စွက်ဖက်ခြင်း
မပြု ၊ ခွဲခြားခြင်းမပြု ၊ နှိမ့်ချခြင်း မပြု ဟု အသင်းဖွဲ့စည်း သည့်အချိန်မှစ၍ အသိပေးအပ်ပြီးဖြစ်သည်။
ယခုလက်ရှိဖြစ်ပွားနေသော ရခိုင်ပြည်အရေးကိစ္စများဖြင့် ပါတ်သက်၍ - ကျောက်နီမော်ကိစ္စတွင် လူမဆန်
စွာသတ်ဖြတ်ခြင်းခံရသော ရခိုင်သူလေး၏ မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရသလို ၊ တောင်ကုတ်မြို့
တွင် ရက်စက်စွာသတ်ဖြတ်ခြင်းခံရသော အစ္စလာမ်ဘာသာဝင်ဆယ်ဦးအတွက်လည်း လွန်စွာစိတ်မကောင်း
ဖြစ်ရပါသည် ။
ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံး သည် လူမျိုးရေးအဓိကရုဏ်း
များကို လုံးဝ မလိုလားသလို ၊ ဘာသာရေးခွဲခြားမူ့များအားလည်း ယနေ့မှ စ၍ စတင်ဆန့်ကျင်သွားမည်
ဖြစ်သည် ။ ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံး သည် ရိုဟင်ဂျာ
နှင့် ခေတ်သစ်နယ်ချဲ့များကိုသာဆန့်ကျင်သည်ဖြစ်ပြီး အစ္စလာမ်ဘာသာ ၊ ခရစ်ယန်ဘာသာ ၊ ဟိန္ဒူဘာသာ
များကို ဆန့်ကျင်သည့် အဖွဲ့အစည်း မဟုတ်ကြောင်း ကြေငြာသည် ။
ဤ ကြေငြာချက်ကို ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံး မှ
ခေါင်းဆောင်များ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်လိုက်သည် ။
မိတ္တူကို -
ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံး
အစည်းအရုံးနှင့် ဆက်စပ်မီဒီယာများ
ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံးအဖွဲ့ ၀င်များ
ဘာသာရေးအဖွဲ့များ
RNDP ပါတီ
ရိုဟင်ဂျာ နှင့် ခေတ်သစ်နယ်ချဲ့ဆန့်ကျင်ရေး - မျိုးချစ်မြန်မာအစည်းအရုံးအင်တာ နက်စာမျက်နှာ
https://www.facebook.com/groups/399751553377159/



 မာဃလုလင်

(ရရှိသောမေးလ်ကို ပြန်လည်ဖေါ်ပြပါသည်)

No comments:

Post a Comment