Sunday, 24 June 2012






Posted: 24 Jun 2012 06:38 AM PDT
စစ်တွေ လေဆိပ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့.. (AP)

စစ်တွေမြို့ နောက်ဆုံးရသတင်းများ..

ဇွန်လ၂၃ရက်နေက စစ်တွေမြို့ ဘင်္ဂလီများ နေထိုင်ရာ သံတော်လီရွာအား စစ်တပ်နှင့် လုံခြုံရေး ရဲများမှ
ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် နေ့က ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ
ဗျိုင်းဖြူကျေးရွာနှင့် သံတော်လီကျေးရွာ ပဋိပက္ခ၌ ရခိုင်တိုင်းရင်းသား ၅ဦးသေဆုံးခဲ့ပြီး ဘင်္ဂါလီတဦး သေဆုံးခဲ့ကြသည်
..။ အဆိုပါ ဖြစ်စဉ်အတွင်း အကြမ်းဖက် လူသတ် မီးရှို့ဖျက်ဆီး ခဲ့ရာမှာ ပါ...ဝင်သူ ဘင်္ဂလီများအား ဓာတ်ပုံမှတ်တမ်းများနှင့်
 တကွ သွားရောက်ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလီများနေထိုင်ရာ သံတော်လီ ကျေးရွာသို့ ဦးစွာပထမ တပ်မတော် စစ်ကြောင်းမှ သေနတ်
 မိုးပေါ်ထောင်ပစ်ကာ ဝင်ရောက် နေရာယူခဲ့ပါတယ်..။ ထို့နောက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်
 ရှာဖွေစစ်ဆေးခဲ့ပြီး အဓိကပါဝင် သူအချို့အား ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ဖမ်းဆီးခဲ့ပါသည်။
၂၃ရက်နေ့ညကလည်း စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ထားသည့်ကြားမှ နေရာအချို့မှာ
 မီးရှို့ရန် ကြံစည်မှုများ ရှိခဲ့ပြီး မီးဘေး အချက်ပေး သံချောင်း ခေါက်သံများ မကြာခဏ ကြားနေရကြောင်း
 သိရသည်..။ စစ်တွေမြို့တွင်း လမ်းမပေါ်များ၌ ယခင်ကကဲ့သို့ ဘင်္ဂလီများအား တွေ့ရှိရခြင်း မရှိဟု သိရှိရပြီး
 ငွေကြေးချမ်းသာသူ ဘင်္ဂလီအချို့ ရန်ကုန်သို့ လေယာဉ်ဖြင့် ထွက်ခွာ နေကြကြောင်း
သိရှိရသည်။ (၂၃)ရက်နေ့က မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူ ဘင်္ဂလီလူမျိုးလေးဦး စစ်တွေ
ရန်ကုန်လေယာဉ် ခရီးစဉ်တွင် စီးနင်းလိုက်ပါ သွားကြောင်း လေဆိပ်ဝန်ထမ်းတဦး အဆိုအရ သိရှိရသည်။

စစ်တွေမြို့ပေါ်တွင် ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးသူ အချို့အား စစ်တွေမြို့ခံလူထုမှ သင်္ကာမကင်း ဖြစ်နေကြကြောင်းနှင့်
 ဘင်္ဂလီ ရိုဟင်ဂျာများရဲ့ ငွေကြေးထောက်ပံ့မှုကို ရယူထားသူအချို့မှ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးကာ နိုင်ငံတကာသို့
ဝါဒဖြန့် သတင်း ဓာတ်ပုံများ ပေးပို့နေသည်ဟူသော သတင်းများ ထွက်ပေါ်နေမှုကြောင့် ဓာတ်ပုံ
 မှတ်တမ်းတင် ရိုက်ကူးသူအချို့အား နယ်မြေခံများမှ အမြင်မကြည်လင် ဖြစ်နေကြောင်း သိရှိရသည်...။

ထို့အတူ အခြား ရခိုင် တိုင်းရင်းသား လူမျိုးများ၏ နေအိမ်များအား မီးကူးဆက်စေရန်
အလို့ငှာ မိမိနေအိမ်အား ပြန်လည်မီးရှို့ထွက်ပြေးကြသည့် ဘင်္ဂလီများ၏ လူမဆန်သည့် လုပ်ရပ်များ၌
မီးလောင်ကျွမ်း ပျက်ဆီးသွားသည့် မိမိနေအိမ်၏ တန်ဖိုးငွေ ၂ဆအား အကြမ်းဖက် မီးရှို့သူများနှင့်
ပတ်သက်နေသည့် အဖွဲ့အစည်းအချို့မှ ငွေကြေးများ ထောက်ပံနေသည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း
 သိရှိရသည်။

စစ်တွေ အခြေအနေ ဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမယ်..

ဒီမိုဝေယံ သတင်းထောက် ပေးပို့သည်..။
Posted: 24 Jun 2012 04:28 AM PDT
ဓာတ်ပုံ ကိုထွန်းဝေ ဖေ့စ်ဘွတ်ခ်
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေ ပိုင်ဆိုင်ခွင့်အမှု ဆုံးဖြတ်ချက်ဟာ ဥပဒေအရ
အမွေဆက်ခံခွင့် ရှိပေမယ့် ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသား ဖြစ်နေတဲ့ အတွက်ကြောင့် ဥပဒေအရ တကယ်တန်း
 လက်တွေ့ အကောင်အထည် ဖော်လို့မရဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းပြောဆို)

အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဖြစ်သူ
 ဦးအောင်ဆန်းဦးမှ ၂၀၀၀ခုနှစ်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် ၅၄အား
 နေအိမ်အမွေ ပိုင်ဆိုင်ခွင့် ရယူလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်..။

အဆိုပါအမှုအား ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့ သောကြာနေ့က ရန်ကုန်အနောက်ပိုင်းခရိုင်
 တရားရုံးမှ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ်
 ၅၄နေအိမ်ဟာ ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်တို့၏ သားနှင့် သမီးများဖြစ်ကြ၍ တဝက်စီခွဲဝေ ယူစေဟု အမိန့်ချမှတ် လိုက်ပါတယ်
..။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်သူ အဖွဲ့ချုပ်
 ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်..။

" အန်ကယ် တခုပြောချင်တာက ဒီအမှုစီရင် ဆုံးဖြတ်ချက်ဟာ မပြည့်စုံဘူးလို့ ဆိုချင်ပါတယ်..။ ဥပဒေအကြောင်းအရ
 ပြောရင် ရှည်နေမှာစိုးလို့ အတိုချုပ်ပြောရရင် ဥပဒေအရ အမွေဆက်ခံခွင့် ဆိုတာရှိတယ်..။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း
 ဥပမာ အိမ်တို့ မြေတို့ဆိုတာ နိုင်ငံခြားသားက ပိုင်ဆိုင်ခွင့် မရှိစေရဆိုတာ ဥပဒေမှာ အတိအလင်း ဖော်ပြထားပြီး
သားဖြစ်တယ်။ ဒါကြောင့် တရားရုံးက ဆုံးဖြတ်ချက် ချပေမယ့် တကယ်တန်းမှာ ဒါဟာ အကောင်အထည်ဖော်လို့
 မရပါဘူး.။ ဒါကြောင့်ယခုဆုံးဖြတ်ချက်ဟာ တရားတာ မတရားတာထက် ဥပဒေအရ မပြည့်စုံဘူးလို့ ပြောလို့ရတယ်
..။ အန်ကယ်တို့ ဆက်ပြီး အယူခံဝင်မှာပါဟု ပြောဆိုသွားပါတယ်..။"

အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ် ရွေးကောက်ပွဲေ
အာင်နိုင်ရေး မာန်နေဂျာလည်း ဖြစ်တဲ့ ရှေ့နေကြီးဦဥာဏ်ဝင်းအား ရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ
အတွင်း မဲစာရွက်များမှာ ဖယောင်းသုတ်ထားတယ်ဆိုပြီး မမှန်သတင်း ပေးခဲ့တယ်ဆိုတဲ စွပ်စွဲချက်နဲ့
လာမယ့် ၂၆ရက်နေ့မှာ နေပြည်တော်မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်..။
အဆိုပါအမှုဟာ အနည်းဆုံး ထောင်ဒဏ်(၆)လနဲ့ ငွေဒဏ် ၁ထောင်ကျပ်အထိ အမိန့်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ် အတွင်း ယင်းကဲ့သို့ အဖွဲ့ချုပ် အတွင်းရေးမှူး
 ဦးဥာဏ်ဝင်းအား တရားစွဲဆိုမှု၊ ဦးအောင်ဆန်းဦးရဲ့ နေအိမ်ပိုင်ဆိုင်ခွင့် အမှုအား တဝက်စီ ခွဲဝေယူရန်
တရားစီရင် ဆုံးဖြတ်မှုများဟာ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပါတယ်။ ဒါဟာတိုက်ဆိုင်မှု မဟုတ်ပဲ တမင်ရည်ရွယ်ချက်
 ရှိရှိ လုပ်ဆောင် နေသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပြီး ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များ
အတွက် အဟန့်အတားဖြစ်စေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း စိတ်အနှောင့်အယှက် ဖြစ်အောင်
တမင် လုပ်ဆောင်နေသလားဆိုတာ သံသယဖြစ်မိကြောင်း သုံးသပ်သူများမှ ဆိုပါတယ်..။

ဒီမိုဝေယံ
Posted: 23 Jun 2012 11:02 AM PDT
ဂွမြို့ ကမ်းသာယာ ပင်လယ်ကမ်းစပ် မြင်ကွင်းတခု  ဓာတ်ပုံ MC mandalaygazette.com


ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့နယ်ဂွကျွန်းသို့ ဘင်္ဂလီများ ကျူးကျော် ရောက်ရှိနေသဖြင့်
 အာဏာပိုင်များ လုံခြုံရေးယူပေးရန် ဒေသခံများ လိုလားလျှက်ရှိ..
(သတင်း ကိုမောပြေ)
 
ရခိုင်ပြည်နယ် ဂွမြို့မှနေပြီး တစ်နာရီကျော်ခန့် စက်လှေမောင်းရသည့် နေရာတွင်ရှိသော ဂွကျွန်း ပေါ်သို့ ဘင်္ဂလီ
 ကုလားအုပ်စု (လူဦးရေမည်မျှ ရှိမည် အတိအကျမသိ) ရောက်ရှိနေသောကြောင့် ဂွဒေသခံတွေရဲ့ လုံခြုံရေး
စိတ်ပူရဖွယ် အနေအထား ရှိသောကြောင့် မီဒီယာများ အနေဖြင့် အကူအညီ ပေးစေလိုကြောင်း ဒေသခံ
 တစ်ဦးက ဆက်သွယ်ပြောကြားလာပါတယ်...

ကျတော် အကူအညီပေးနိုင်တဲ့ဘက်က ကူညီတဲ့အနေနဲ့ ဖေ့ဘွတ်တင်လိုက်ပါတယ်... ဂွကျွန်းဟာ
 နှစ်မိုင်ခွဲကျော် ပတ်လည်ခန့်ရှိပြီး ဒေသခံငါးဖမ်းလှေတွေ နားခိုရာ၊ ဂွဒေသခံတွေ သွားရောက် အပန်းဖြေရာနေရာ
 ဖြစ်ပြီး ကျွန်းပေါ် အမြဲတမ်းနေထိုင်သူမရှိကြောင်း သိရပါတယ်.. လွန်ခဲ့တဲ့ နှစ်ရက်က
ဘင်္ဂလားဒေ့ရှ် ဘက်က မောင်းနှင်လာတယ်လို့ ယူဆရတဲ့ စက်လှေတစ်စီးဟာ စက်လှေပါလူတွေကို
 ဂွကျွန်းပေါ်သို့ ချထားပြီး ပြန်ထွက် အလာ ရခိုင်ကတို့ကျွန်း အနားမှာစက်လှေဟာ ကျောက်ဆောင်နဲ့
တိုက်ပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်...

အဆိုပါ ဂွကျွန်းပေါ်သို့ရောက်ရှိနေတဲ့ ဘင်္ဂလီကုလား လေးယောက်ဟာ မနေ့က ရေကူးပြီး ဂွမြို့ကို ရောက်ရှိလာကြောင်း၊
 အဆိုပါ ဘင်္ဂလီများဟာ ရခိုင်စကားကော၊ ဗမာစကားပါ မတတ်ကြောင်း ဒေသခံတွေက ပြောပါတယ်...
 ဂွမြို့နဲ့ နီးကပ်တဲ့ နေရာမှာ ဘင်္ဂလီတွေ ရောက်ရှိနေတာကို ဒေသခံတွေက စိုးရိမ်သလို၊ မြို့ရဲ့
လုံခြုံရေးအင်အား နည်းပါးတာကြောင့်လဲ ပိုပြီး ထိတ်လန့်နေရတယ်လို့ ဒေသခံက ပြောပါတယ်...
 ဒီကနေ့လဲအဆိုပါကျွန်းမှ ဘင်္ဂလီ သုံးယောက်ဟာ ထပ်မံပြီး ဂွမြို့အနီး ရွှေရကြိုင်ကျေးရွာကို ရောက်ရှိလာပြန်ပါတယ်...

မီဒီယာတွေဆီက ဘာအကူအညီလိုချင်တာပါလဲ လို့ အဆိုပါ ဒေသခံတွေကို မေးကြည့်တော့ မီဒီယာတွေ
သိထားတဲ့ ကိစ္စရပ်တွေကို အစိုးရက အရေးတယူ ကိုင်တွယ်တတ်လို့ အကူအညီတောင်းရတာဖြစ်ကြောင်း
အဆိုပါ ဂွကျွန်းလူမနေပေမယ့် အချက်အချာကျတဲ့နေရာဖြစ်လို့ ဘင်္ဂလီတွေ ခြေကုပ်ချရာနေရာ ဖြစ်သွားမည်ကို
 ပူပင်ကြောင်း... ဘင်္ဂလီ ယာယီရောက်ရှိနေထိုင်ရာမှ တခြားရခိုင်ဒေသတွေ ကဲ့သို့ပင်
 အမြဲတမ်း အခြေစိုက် နေရာဒေသ ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ပြောပါတယ်...

ကျတော်ကတော့ ဘောင်အတွင်းက ပြောရတာဆိုတော့ ဒီလောက်ပဲ ပြောပါရစေ... ဂွမြို့ကို ဆက်သွယ်ပြီး
သတင်းပိုင်းအရ စိတ်ဝင်စားရင် မေးမြန်းနိုင်ပါတယ်... ကျတော်လဲ ကွန်ဖန်းလုပ်ပြီးပါပြီ... သတင်းမှန် ပါတယ်...

လေးစားပါတယ်ဗျာ...

မောပြေ ( Freelance Video Journalist)
Posted: 23 Jun 2012 09:51 AM PDT
"အနောက်ဖက်ပင်လယ်မှ မီးတောက်များ"
ရေးသားတင်ပြသူ ဥက္ကာကိုကို၊ ဖိုးသီဟ(မြောက်ဦး)
 စာပေစီစစ်ရေးမှ ဖော်ပြခွင့်မပြုတဲ့ 7Days News Journal ရဲ့သတင်း မှတ်တမ်းဖြစ်ပါတယ်..

ငါးချက်ခန့်ဆက်တိုက်ထွက်ပေါ်လာသည့် လုံထိန်းရဲတို့၏ သေနတ်သံများနှင့်အတူ မလှမ်းမကမ်း

တစ်ဖက်စီမှ လူပေါင်း လေးရာခန့်ရှိ သည့် လူအုပ်နှစ်ခုမှာ မိမိတို့ကျေးရွာထိပ်ဆီသို့ ခပ်သုတ်သုတ်ပင်
 ပြန်လည် ဆုတ်ခွာသွားကြသည်။

သို့သော် ထိုလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်းမရှိဘဲ မိမိတို့လူမျိုး၊ မိမိတို့အသက်၊ မိမိတို့ကျေးရွာ
 လုံခြုံရေးအတွက် ရရာလက်နက်များကိုမလွတ်တမ်းကိုင်စွဲထားဆဲပင်ဖြစ်သည်။

"ကျေးဇူးပြုပြီး လူစုခွဲပါ…..မိမိတို.နေအိမ်ကို မိမိတို့ပြန်ဝင်ကြပါ…..မဟုတ်ရင် ပစ်ရပါလိမ့်မယ် "ဟူသည့်
လုံခြုံရေး လုံထိန်းတပ်ဖွဲ့ဝင်တဦး၏ အော်လံဖြင့် ထပ်မံအော်ဟစ် သတိပေးသံက များပြားလှသည့် လူထု၏အသံများနှင့်
အတူ လယ် ကွင်းပြင်အတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

တုတ်၊ ဓါးစသည့် ရရာလက်နက်ဆွဲကိုင်ကာ မိမိတို.ကျေးရွာများအတွက် ကာကွယ်ရန် စောင့်ရှောက်နေကြသည့်
 ဗျိုင်းဖြူရွာနှင့် အနီးတ၀ိုက်မှ ရွာသူရွာသားများ၏ မျက်နှာတွင် စိုးရိမ်စိတ် ကြောက်ရွံ့စိတ်၊ မခံချင်စိတ် ခံပြင်းစိတ်များ
 ပေါ် လွင်လျှက်ရှိသည်။

အထက်ပါ မြင်ကွင်းသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခပြဿနာများအတွင်း ဇွန်လ ၁၁ ရက် နေ့က
 ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီများနှင့် ရခိုင်တိုင်းရင်းသားများ တိုက်ပွဲဖြစ်ပွားပီး လူ ၇ ဦး သေဆုံးခဲ့ရသည့်
စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာ(ရခိုင်)နှင့် သံတော်လီ(ဘင်္ဂါလီ) ကျေးရွာအနီး လယ်ကွင်းပြင်တွင်
 ဖြစ်သည်။ "ဒီကောင်တွေဖက်က ကျွန်တော်တို့ကို သေနတ်တွေနဲ့ ပစ်တယ်။ ကျွန်တော်တို့ လူနှစ်ယောက် သေကျန်ရစ်ခဲ့
တယ်။ ကျွန်တော်တို့ လူနှစ်ယောက်ရဲ့အလောင်းကို ပြန်ယူပေးပါ"ဆိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အသံက လုံထိန်း
 တပ်ဖွဲ့ကို ဦးဆောင်လာသည့် ရဲမှူးအနီးတွင် လွင့်ပျံလျှက်ရှိသည်။

ထိုအချိန်တွင် သံဃာတော် အပါး ၇၀ ခန့်ဦးဆောင်လာသည့် တစ်ထောင်ကျော် ပါဝင်သည့် လူအုပ်ကြီးက
 စစ်တွေ မြို့တွင်းဖက်ဆီမှ ချီတက်လာပြီး ရခိုင်လူမျိုးတို့ကို ကာကွယ်ရန် ဗျိုင်းဖြူကျေးရွာလူထုနှင့် ပူးပေါင်းသွားခဲ့ကြသည်။

"ဒီလူအုပ်ကြီးကို ဦးဇင်း ဦးဆောင်လာတာ။ ဦးဇင်းမလုပ်နဲ့ ဆိုရင်ဘာမှမလုပ်ဘူး။ အခုဟာကလည်း ရခိုင်လူမျိုးတွေ
အသတ်ခံနေ ရတယ်လို့ ကြားလို့ဦးဇင်းတို့ ရောက်ရှိလာတာဖြစ်တယ်"ဟု စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိ ဘုန်းတော်
ကြီးကျောင်း တစ်ကျောင်းမှ ဦးဇင်းတစ်ပါးက လုံခြုံရေးတပ်ဖွဲ့ကို ဦးဆောင်လာသည့် ရဲမှူးအား မိန့်ကြားနေသည်ကို
 တွေ့ရသည်။

ထိုအချိန်မှာပင် အင်အား သုံးဆယ်ခန့်ပါဝင်သည့် တပ်မတော် စစ်ကြောင်းတစ်ကြောင်းက လယ်ကွင်းပြင်ကို
 ဖြတ်ကာ ပဋိပက္ခဖြစ်ပွားရာ နေရာကိုထိန်းသိမ်းရန် အပြေးချီတက်လာခဲ့ကြသည်။ မရှေးမနှောင်းပင် ရဲမှူးကြီးလှမိုး
 ဦးဆောင် သည့် လုံထိန်းတပ်ဖွဲ့ဝင်များလည်း အမြန်ရောက်ရှိလာကာ လုံခြုံရေးအင်အားများ ပူးပေါင်းခဲ့ကြသည်။
သို့သော်လည်း အဆိုပါလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်း မရှိသေးသည့် အတွက်လုံထိန်းရဲများက သေနတ်ဖြင့်
အချက်ငါးဆယ်ခန့် အထိ မိုးပေါ်ထောင်၍ပစ်ဖောက်ပြီး လူထုကို ခြောက်လှန့် ထိန်းသိမ်းခဲ့ကြရသည်။

"ကျွန်တော်တို့ ရွာသားတွေရဲ့ အလောင်းတွေ ကုလားရွာအပြင်က ရေကန်ဘေးမှာ ကျန်ရစ်ခဲ့တာ ကျေးဇူးပြုပြီး ယူပေးကြပါ"
 ဟု ဓားတစ်လက် ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုးတစ်ဦးက လုံထိန်းတပ်ဖွဲ့နှင့် ဝေးရာသို့
ပြန်လည်ဆုတ်ခွာ ရင်းအော်ဟစ်သွားခဲ့သည်။

နှစ်ဖက်ရွာသားများက သေနတ်ပစ်ဖောက်မှုကြောင့် လယ်ကွင်းအတွင်းရှိ ရေကန်များ၊ ချောင်းများကို
ဖြတ်ကူးပြီး မိမိတို့ ကျေးရွာဆီသို့ အသီးသီး ဆုတ်ခွာသွားကြသည်။

"သံတော်လီရွာထိပ်မှာ အလောင်းခြောက်လောင်း အသတ်ခံထားရတာ ကျွန်တော်တို့တွေ့ရှိရပါတယ်။ နားလည်
 သူတွေပြောပြလို့ ရခိုင်အလောင်းငါးလောင်းနဲ့ ကုလားအလောင်း တစ်လောင်းဖြစ်တယ်လို့ သိရပါတယ်"ဟု
 အခင်းဖြစ်ပွားရာ ယင်းနေရာတွင် ရောက်ရှိနေသည့် ရဲမှူးကြီးလှမိုးက 7Day News ဂျာနယ်သို့ပြောသည်။

တပ်မတော်စစ်ကြောင်းမှ နောက်ချန်ရစ်ခဲ့ကာ လုံထိန်းတပ်ဖွဲ့ဝင်များက သံတော်လီ ကျေးရွာသို့
ဆက်လက် ၀င်ရောက်ရှင်းလင်းရာ ကြားသိထားရသည့် အတိုင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းမဟုတ်ဘဲ
သာမန်တုတ် ဓားများဖြင့် သာပြတ်ရှ သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း မြင်တွေ့ခဲ့ကြရသည်။

"အလောင်းတွေက ရုပ်ပျက်ဆင်းပျက်တွေကို ဖြစ်နေတာပဲ။ မျက်နှာလည်း တစ်စစီ ရစရာမရှိဘူး။ တချို့အ
 လောင်းဆို လက်ပြတ်ခြေပြတ်နဲ့။ ကျွန်တော်သံဝေဂ တရားတောင် ရသွားတယ်"ဟု လုံထိန်းတပ်ဖွဲ့တွင်
 ပါဝင်လာသူ တပ်ကြပ်အဆင့်ရှိ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များသည် သံတော်လီကျေးရွာ အတွင်းဝင်ရောက်ပြီး ပဋိပက္ခကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများ၊
 နေအိမ် စွန့်ခွာနေ သူများအား စုဝေးစေပြီး နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည်များကို မှာကြားကာ
တပ်မတော် စစ်ကြောင်း မှ ယင်းကျေးရွာအနီး လုံခြုံရေးအတွက် တာဝန်ယူ ထိန်းသိမ်းထားခဲ့သည်။
ယင်းပဋိပက္ခအတွင်း မီးလောင်ဆုံးရှုံးမှုကြောင့် နေအိမ် ၇၀ခန့်ပျက်စီးခဲ့ပြီး လူ ၇ ဦးသေဆုံးကာ အနည်းဆုံး
 လူငါးဦးဒဏ်ရာရရှိ ခဲ့ကြောင်း လုံထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

"ကျွန်မတို့ရွာက ကုလားရွာတွေကြားထဲမှာ ရှိနေတာဆိုတော့ ဒီပြဿနာတွေစဖြစ်တဲ့နေ့ကစပြီး ဒီနေ့အထိ တစ်ညမှ
မအိပ်ရသေး ဘူး။ နေ့တိုင်း ဘယ်အချိန်တက်လာပြီးမီးရှို့ပြီးရန်စမလဲဆိုတာကိုပဲ စိုးရိမ်နေကြရတယ်"ဟု ဗျိုင်းဖြူ
 ကျေးရွာမှ အသက်ငါးဆယ်ခန့် အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့်နေ့ရက်တွင်ပင် စစ်တွေမြို့ရှိ စက်ရုံစု(နာဇီ)ကျေးရွာအတွင်းရှိ
 ရခိုင်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း လေးကျောင်းကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း
 အမှတ်(၁၂) ရဲတပ်ရင်း(စစ်တွေ)မှလုံခြုံရေးတာ ၀န်ကျ ရဲဝန်ထမ်းများက 7Day News သို့ပြောသည်။
၁၂ရက်နေ့က ဘင်္ဂလီများအား လုံခြုံရေးရဲများမှ စောင့်ရှောက် ခေါ်ဆောင်လာစဉ်..

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်ရပ်များမှ ထူးခြားဖြစ်စဉ် နေ့စွဲများ။

(၃.၆.၂၀၁၂-ကြာသပတေးနေ့) တွင် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းရှေ့တွင် ဆူပူအကြမ်းဖက်မှု အသွင်
ဆန္ဒပြဖော်ထုတ်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှပစ်ခတ်လူစုခွဲမှုကြောင့် လူ ၁၂ ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး
 ၉ဦးထိန်းသိမ်းခံရကာ ၄ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့သည်။

(၈.၆.၂၀၁၂- သောကြာနေ့) တွင် မောင်တောမြို့တွင် ပဋိပက္ခအဓိကရုဏ်းအသွင်စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်နေအိမ်အများစု
 နှင့် ဘုန်းကြီးကျောင်း၊ဆေးပေးခန်း၊ မီးစက်၊ စာသင်ကျောင်း၊ ဓမ္မာရုံတို့ မီးရှို့ခံခဲ့ရကာ မောင်တောမြို့
 ဆေးရုံအုပ်ကြီးနှင့် ဇနီးအပါအ၀င် ရခိုင်လူမျိုး၇ဦး ဘင်္ဂါလီ၂ဦးသေဆုံးပြီးရ ခိုင်လူမျိုး ၅ဦး အနည်းဆုံး ဒဏ်ရာရရှိခဲ့သည်။

(၉.၆.၂၀၁၂-စနေနေ့) တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ ဘုမေကျေးရွာတို့အတွင်း ရခိုင်တိုင်းရင်းသားများနှင့်
 ဘင်္ဂါလီ လူမျိုးများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ မင်းဂံရွာတွင် ရခိုင်လူမျိုးသုံးဦး သေဆုံးပြီး ၂ ဦးပျောက်ဆုံးလျှက်
သုံးဦးဒဏ်ရာ ရရှိခဲ့သည်။ ဆေးရုံအရောက်တွင် ဒဏ်ရာရရှိသူတစ်ဦး ထပ်မံသေဆုံးခဲ့သည်။
မောင်းတောမြို့တွင် ရခိုင်နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး ဘင်္ဂါလီ၁ဦးသေဆုံးခဲ့သည်။

(၁၀.၆.၂၀၁၂-တနင်္ဂနွေနေ့) မောင်တောမြို့တွင် ဘင်္ဂါလီ အိမ်တစ်လုံး မီးလောင်ပြီး ဘင်္ဂါလီတစ်ဦး
 သေဆုံးကာ ဘူးသီးတောင်မြို့တွင် ဘင်္ဂါလီတစ်ဦး၊ ရခိုင်လူမျိုးတစ်ဦး သေဆုံးခဲ့သည်။ စစ်တွေမြို့တွင် ရခိုင်နေအိမ်
 ၅၀ကျော်၊ ဘင်္ဂါလီ နေအိမ် ၆၀၀ကျော် မီးလောင်ခဲ့ပြီး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဗလီတစ်လုံး
 ပျက်စီးခဲ့ကာ ရခိုင်လူမျိုးတစ်ဦး၊ ဘင်္ဂါလီ လူမျိုးနှစ်ဦး သေဆုံးခဲ့သည်။ စုစုပေါင်း ၁၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
စစ်တွေမြို့တွင် ညနေပိုင်းတွင် ပုဒ်မ ၁၄၄ဖြင့် ညမထွက်ရအမိန့်ကို စတင်ထုတ်ပြန်ခဲ့ပြီး ညရှစ်နာရီတွင်
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေအဖြစ် ကြေငြာခဲ့ပြီး
 ပဋိပက္ခများ ချုပ်ငြိမ်းရန် ပြည်သူလူထုသို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

(၁၁.၆.၂၀၁၂- တနင်္လာနေ့) မောင်တောမြို့တွင် ဘင်္ဂါလီနေအိမ် ၆လုံးပျက်စီးခဲ့ပြီး စစ်တွေမြို့တွင် ရခိုင်နေအိမ်
 ၇၀၊ ဘင်္ဂါလီ နေအိမ် ၁၉၀၊ ဗလီတစ်လုံး မီးလောင်ခဲ့ကာ ရခိုင်လူမျိုး ၅ ဦး၊ ဘင်္ဂါလီ ၂ ဦး
 သေဆုံးခဲ့သည်။ ထိုနေ့တွင် ပေါက် တောမြို့တွင် ရခိုင်အိမ် ၂၁လုံး၊ ဘင်္ဂါလီအိမ် ၁၄ လုံး မီးလောင်ခဲ့ပြီး ရခိုင် ၅ ဦး၊
 ဘင်္ဂါလီ ၁၁ဦးဒဏ်ရာရ ရှိခဲ့ကြသည်။ စစ်တွေမြို့၊ လမ်းမတော်(တောင်) ရပ်ကွက်ရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ
့(AZG) ရုံးသို့ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ဝင်များက ည (၈) နာရီတွင် ၀င်ရောက် စစ်ဆေးခဲ့သည်။
ထိုညတွင်စစ်တွေရှိ အကြမ်းဖက် ဘင်္ဂါလီလက်ကျန် တချို့ကို ဖမ်းမိပြီး လက်နက်များ
သိမ်းဆည်းရမိသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ သံတော်လီ ကျေးရွာဖြစ်စဉ်တွင် ဘင်္ဂါလီများဖက်မှ သေနတ်
 လက်နက် အသုံးပြုခဲ့သည်ဟု သိရသည်။ စစ်တွေ ဆင်တက်ဖော်ကျေးရွာသို့ ဘင်္ဂါလီအင်အား တစ်ထောင်ခန့်
 ပါဝင်သည့် စက်လှေ၁၅ စီးဆိုက်ကပ်ခဲ့သော်လည်း ပြဿနာဖြစ်ပွားခြင်း မရှိခဲ့ပေ။

(၁၂.၆.၂၀၁၂-အင်္ဂါနေ့) တွင် မြောက်ဦးမြို့ နာရေးကူညီမှု အသင်းမှ နေအိမ် စွန့်ခွာခဲ့ရသည့် ရခိုင်
 ဒုက္ခသည်များအတွက် ဟင်းသီးဟင်းရွက်မျိုးစုံ ပေးပို့ခဲ့ပြီး ထိုနေ့တွင်ပင် ပဋိပက္ခ ဖြစ်ရပ်တချို့ကြောင့် စစ်တွေ၊
 မင်းဂံရပ်ကွက်မှ ရခိုင်အမျိုးသား ကိုလှဌေး ကျဆုံးခဲ့သည်။ ဘင်္ဂါလီအများစုနေထိုင်ရာ
အင်ဘာလာရပ်ကွက်တွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့ရာ ဘင်္ဂါလီများ၏ ပြန်လည်ပစ်ခတ် မှုကြောင့် တပ်မတော်သား တစ်ဦး
 သေနတ် ဒဏ်ရာရရှိခဲ့ကာ ရခိုင်အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ရခိုင်နေအိမ် ၁၆၈လုံး၊ ဘင်္ဂါလီနေအိမ်
၂၉၁လုံး မီးလောင်ခဲ့ပြီး ဘင်္ဂါလီတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့က
ထုတ်ပြန်သည်။ ယင်းနေ့တွင်ပင် မြောက်ဦးမြို့တွင်လည်း ရခိုင်နေအိမ် ၁၅လုံးဖြိုဖျက်ခံရပြီး ပုဒ်မ ၁၄၄ အရ ညမထွက်ရ
အမိန့်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ကျောက်တော်မြို့နယ်တွင် ဘင်္ဂါလီနေအိမ် ၄၆လုံးဖျက်ဆီးခံခဲ့ရသည်။

(၁၃.၆.၂၀၁၂) စစ်တွေမြို့တွင် ဘင်္ဂါလီနေအိမ် တစ်လုံး မီးလောင်ခဲ့သည်။

(၁၅.၆.၂၀၁၂) ည သန်းခေါင်ကျော် တစ်နာရီခွဲခန့်အချိန်တွင် စစ်တွေမြို့မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းတွင် ရခိုင်နေအိမ်
 ၇၀ မီးရှို့ခံခဲ့ရသည်။ ညမထွက်ရ အမိန့်ကြောင့် မီးငြိမ်းသတ်ရန် ဒေသခံ အင်အား မလုံလောက်ခဲ့ပေ။
ကယ်ဆယ်ရေးစခန်းများနှင့် ဒုက္ခသည်များ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ရခိုင်ပြည်နယ် ဥပဒေချုပ်
 ဦးလှသိန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်တို့ ဦးဆောင်ကာ ၁၄ရက်နေ့ ညနေပိုင်းက
 ပြည်နယ်အစိုးရ အဖွဲ့ရုံး တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ အရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး
တွင် ကယ်ဆယ်ရေးစခန်း ၃၇ ခုရှိပြီး ဒုက္ခသည်ပေါင်း သုံးသောင်း တစ်ထောင့်ရှစ်ရာ ရှစ်ဆယ့်လေးဦး
 ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်တွေမြို့တွင် ဒုက္ခသည်စခန်း
 ၁၅ ခုသာရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ကထုတ်ပြန်သော်လည်း ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်
 အများစုတွင် အနိုင်ရရှိထားသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကမူဇွန်လ ၁၆ ရက်နေ့
 နေ့လည်အထိ စစ်တွေမြို့တစ်မြို့တည်းတွင် ဒုက္ခသည်စခန်း ၅၁ခုရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်တွေမြို့တွင် ဒုက္ခသည် ရခိုင်လူမျိုးပေါင်း ငါးထောင်ကျော်ရှိသည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်သော်လည်းRNDP
 ကမူ ဒုက္ခသည်ပေါင်း နှစ်သောင်းနီးပါးပင် ရှိနေပြီဖြစ်ကြောင်း ပြောသည်။

"ဒုက္ခသည်တွေက အချိန်နဲ့အမျှ တိုးလာနေတယ်။ ၁၂ ရက် ၁၃ ရက်တုန်းက တစ်သောင်းကျော်ပဲရှိပေမယ့်
အချိန်နဲ့အမျှ တိုးလာတဲ့အတွက် အခုဆိုရင် လူနှစ်သောင်းနီးပါး ရှိနေပါပြီ။ ရန်ကုန်က ရခိုင်အဖွဲ့တွေနဲ့
ပူးပေါင်းပြီးတော့ ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ၊ ကယ်ဆယ်ရေး
 ဆေးခန်းတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်နေပါတယ်"ဟုရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဗဟိုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ဇွန်လ၁၆ရက် နေ့လည်ပိုင်းတွင် ပြောသည်။
ရခိုင်တိုင်းရင်းသား ဒုက္ခသည် မိသားစု မြင်ကွင်း..
ဒုက္ခသည်များ၏ လိုအပ်ချက်။

လူမျိုးရေးပဋိပက္ခများကြောင့် ကျေးရွာနှင့် နေအိမ်ကိုစွန့်ခွာ ထွက်ပြေးလာကြရသော ဒုက္ခသည်များမှာ ဘုန်းကြီးကျောင်း၊
 ဓမ္မာရုံ၊ စာသင်ကျောင်းတို့တွင် အရေးပေါ်ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများသို့ဇွန် ၁၆ ရက်အထိ
တဖွဲဖွဲရောက်ရှိ လာနေကြဆဲဖြစ်သည်။ ဒုက္ခသည်များမှာ နေအိမ်ကို မီးရှို့ခံရမှုနှင့် ခိုက်ရန် ဖြစ်ပွားမှုများကြောင့်
 တိမ်းရှောင် လာကြသူများ ဖြစ်ပြီး ယင်းတို့ အားလုံး၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု အစိုင်အခဲများ တည်ရှိနေဆဲဖြစ်သည်။

အများစုမှာ မိမိတို့ကျေးရွာ၊ ရပ်ကွက် နေအိမ်များသို့ မပြန်ရဲဘဲ ဆင်းရဲဒုက္ခခံကာ ကယ်ဆယ်ရေး စခန်းများတွင်
 ပြွတ်သိပ်နေ ထိုင်နေကြဆဲဖြစ်သည်။ မိမိတို့၏ လက်ငုတ်လက်ရင်း အလုပ်အကိုင်များကို ရပ်နားထား
ကြရသည်မှာလည်း တစ်ပတ်ခုနှစ်ရက်ပင် ကျော်လွန်လာခဲ့ပြီဖြစ်သည်။ "အသက်ထက် ဘာမှအရေးမကြီးဘူး 
ထမင်းငတ်တာ ငတ်ပါစေ" ဟု ဒုက္ခသည် စခန်းတစ်ခုတွင် ရောက်ရှိနေသည့် အမျိုးသားတစ်ဦးက
 ပြောသည်။ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှုများ၊
ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ အကူအညီများ
လိုအပ်နေပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုတွင်လည်း ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာ ကိုပါ
ကုသဆွေးနွေးပေးရန် လိုအပ်လျှက်ရှိသည်။

"သူတို့ကျေးရွာ ရပ်ကွက်တွေကို ဥပဒေစိုးမိုးပြီး လုံခြုံပြီလို့အာမခံချက်ကို အစိုးရကပေးနိုင်တဲ့ အချိန်မှ ပြန်ရဲကြမယ်

အာမခံချက်မပေးရင် ဒီအတိုင်းပြန်နေရဲကြမှာမဟုတ်ဘူး။ လူတွေက မီးဘေးထက်ကြောက်စိတ်ကြောင့်
ထွက်ပြေး လာတာများတယ်။ ဒါက လုံခြုံရေးတာဝန်ယူသူတွေရဲ့အဓိကတာဝန်ပါ"
 ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

ယခုအခါ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ်အစိုးရက တာဝန်ယူ ထောက်ပံ့မှုများ ပြုလုပ်လျှက်ရှိပြီး လူမှုရေး
 အသင်းအဖွဲ့များ ကလည်း အသီးသီးလိုက်လံ လှူဒါန်းမှုများ ပြုလုပ်လျှက်ရှိသည်။ ဒုက္ခသည်စခန်းများသို့
 ရောက်ရှိနေကြသော ကလေးသူငယ်များအတွက် ပညာသင်ကြားရန် အစီအစဉ်များကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့
ချုပ်ဥက္ကဌ ဦးဇော်ဇော်က တာဝန်ယူပြီး ကျောင်းအပ်နှံ ထားပေးမည်ဟု စစ်တွေမြို့သို့ ရောက်ရှိလာစဉ်  ပြောခဲ့သည်။

"လက်ရှိကတော့ အလှူရှင်တွေ လှူဒါန်းတဲ့ ထမင်းထုတ်တွေကို စားနေရပါတယ်။ ရေရှည်အနေနဲ့ ကတော့ ကိုယ့် 
အိမ်မှာ ကိုယ်ပြန်ပြီးတော့ပဲ အရင်လို အေးအေးဆေးဆေး ရှာဖွေ စားသောက်ချင်ပါတယ်"ဟု ပဋိပက္ခဖြစ်ရပ်များတွင်
 မင်းဂံ ရပ်ကွက်ကာကွယ်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူ အနှေးယာဉ်မောင်း ဦးအောင်ဝင်းက ပြောသည်။
၁၂ရက်နေ့ စစ်တွေမြင်ကွင်းတခု..

လုံခြုံရေးနှင့် ရှင်းလင်းရေးများ။
စစ်တွေမြို့လုံခြုံရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းအသီးသီးမှ လုံထိန်းတပ်ဖွဲ့ဝင်များနှင့် အတူ
တပ်မတော် စစ်ကြောင်းများက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်လျှက်ရှိသည်။ ပဋိပက္ခထပ်မံ ဖြစ်ပွားနိုင်သေးသည့်
ဘင်္ဂါလီ၊ ရခိုင်ကျေးရွာ၊ ရပ်ကွက် အသီးသီးတွင် လုံခြုံရေးတာဝန်များ အတွက်
 ရဲတပ်သားများ၊ တပ်မတော်သားများက ဒေသခံများနှင့်အတူ ပူးတွဲ၍ တာဝန်ယူထားကြသည်။ 

"ဘင်္ဂါလီတွေက လုံခြုံရေး နည်းနည်းလစ်ဟာတာနဲ့ လျှပ်တပြက်တက်လာပြီး မီးရှို့ကြတယ်။ အခုလည်း
 မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းနားကို တက်ပြီးတော့ ကုလားပိုက်ဆိပ်က သူတို့အိမ်တွေကို
မီးပြန်ရှို့ပြီး ပင်လယ်ဖက်ကိုထွက်ပြေးကြတယ်။ ဒီနေ့ မီးရှို့မှု ကြောင့် သူတို့အိမ် ငါးလုံးလောက်
 မီးလောင်ပေမယ့် ရခိုင်အိမ်တွေအပါအ၀င် စုစုပေါင်း ၇၀ ကျော်လောက် မီးလောင်ဆုံးရှုံးပျက်စီး ခဲ့ရတယ်" ဟု ဇွန်လ
၁၅ ရက်နေ့ အရုဏ် တစ်နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သော စစ်တွေမြို့ မီးလောင်မှုအနီး နေထိုင်သူ ဒေသခံ
 တစ်ဦးက အခင်းဖြစ်ရာ နေရာတွင် ပြောသည်။

ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ သေကြေမှုများ၊ ပဋိပက္ခများ နည်းပါးသွားခဲ့သော်လည်း၊ စစ်တွေမြို့ နေရာတချို့တွင်
 မီးလောင်မှုများ ဇွန်လ၁၆ ရက်နေ့အထိ ဟိုတစ်စ ဒီတစ်စ လောင်ကျွမ်းမှု ရှိနေဆဲဖြစ်သည်။

"မီးရှို့တဲ့လူတွေက ကျွန်တော်တို့ဖက်က မဟုတ်ဘူး။ ကိုယ့်ဖက်က ဆိုထိန်းလို့ရတယ်။ တစ်ဖက်တည်းကို 
ငြိမ်းအေးအောင် လုပ်နေလို့ မရဘူး။ သူတို့ဖက်က သူတို့လူတွေကို ထိန်းနိုင်ဖို့လိုတယ်။ 
မထိန်းနိုင်ရင်ဒီကိစ္စတွေ မငြိမ်းနိုင်ဘူး နှစ်ဖက်စလုံးမှာရှိလူ လူထုတွေက ကြားမှာဓားစာခံ ဖြစ်သွားတာတွေရှိတယ်"ဟု 
RNDP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။

ဘင်္ဂါလီ ဒုက္ခသည်များ အများဆုံး စုဝေးလျှက်ရှိသည့် စစ်တွေမြို့၊ သဲချောင်းကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်းမှ
 လုံခြုံရေး ရယူထားပြီး ယင်းဒုက္ခသည်များ အတွက် စားနပ်ရိက္ခာများကို တပ်မတော်
 စစ်ကြောင်းများက တာဝန်ယူ ဆောင်ရွက် ပေးလျှက်ရှိသည်ကို တွေ့ရသည်။

ဘင်္ဂါလီဒုက္ခသည် စခန်းအနီးတွင် တည်ရှိသော သဲချောင်းဘုန်းတော်ကြီး ကျောင်းအတွင်းရှိ
 ရခိုင်ဒုက္ခသည် ငါးရာခန့်အတွက်လည်း ယင်းတပ်မတော် စစ်ကြောင်းများကပင် လုံခြုံရေး ရယူပေးလျှက်ရှိသည်။

"ကျွန်မတို့က ဖြစ်တဲ့နေ့ကတည်းက ဒီကိုရောက်လာတာ။ လုံခြုံရေးတွေ အရောက်မြန်လို့ ဒီနားမှာ ဘာမှ
 မဖြစ်ခဲ့တာ။ ကျွန်မတို့အတွက် စားဝတ်နေရေး၊ ကျန်းမာရေးတွေကို စစ်တပ်ကပဲ လုပ်ပေးနေတယ်။
ဘုန်းကြီးကျောင်း အပြင်ကိုတော့ လုံးဝမထွက်ရဲဘူး။ အပြင်မှာက ကုလားတွေချည်းပဲ ခုနှစ်သောင်းလောက် ရှိတယ်" ဟု
 သဲချောင်း ဘုန်းတော်ကြီးကျောင်းအတွင်း ရောက်ရှိနေသည့် ယင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ရခိုင်အမျိုးသမီး
တစ်ဦးက ဇွန်လ ၁၄ ရက် တွင် 7Day News သို့ ပြောပြသည်။

မီးလောင်မှုကြောင့် ရွှေ့ပြောင်းထားရသော လူမနေတော့သည့် ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ တပ်မတော် စစ်ကြောင်းနှင့်
အတူ ရန်ကုန်မြို့ရဲတပ်ရင်း(၆)မှ တပ်ရင်းမှူး ဒုရဲမှူးကြီး ဦးစီးသော ရှင်းလင်းရေးအဖွဲ့မှ ပဋိပက္ခများထပ်မံ မဖြစ်ပွားစေရန်အ
တွက် ၀င်ရောက်ရှာဖွေ ရှင်းလင်းလျှက်ရှိသည်ကို တွေ့မြင်ရသည်။
"ဒီရပ်ကွက်က လူတွေကို လုံခြုံတဲ့ နေရာတွေဆီကို ရွှေ့ပြောင်းထားပေမယ့် တချို့အိမ်တွေမှာ လူတွေ ကျန်နေသေးတဲ့
အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်ဖြစ်လာမှာ စိုးတဲ့အတွက် အိမ်တိုင်းစေ့ ၀င်ရှာပြီး ရှင်းလင်းနေတာပါ"
ဟုစစ်တွေမြို့၊ စက်ရုံစု(နာဇီ) ရပ်ကွက်သို့ ၀င်ရောက် ရှင်းလင်းခဲ့သည့် အထက်ပါရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် တပ်မတော် လေယာဉ်ဖြင့် ရောက်ရှိလာသည့် ရန်ကုန်တိုင်း ကြက်ခြေနီ တပ်ဖွဲ့ဝင်
၄၀ ဦး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ မီးသတ်တပ်ဖွဲ့ဝင် အင်အား (၂၀၀)တို့နှင့် အတူ နယ်မြေခံ
 ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ စုစုပေါင်း အင်အား ၄၆၀ တို့သည် မီးလောင် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့်
 နေရာများမှ အပျက်အစီးများအား စနစ်တကျ ရှင်းလင်းလျှက်ရှိပြီး ၎င်းတို့အားေ
ဒသခံပြည်သူများက အချိုရည်နှင့် သောက်ရေသန့်များ ပေးလှူ လျှက်ရှိသည် ကိုတွေ့ရသည်။
ဘင်္ဂါလီဒုက္ခသည် စခန်းများမြင်ကွင်း။

စစ်တွေမြို့၊ ဘုမေရပ်ကွက်မှ ဖြတ်သန်းကာ စစ်တွေတက္ကသိုလ်ကို ကျော်လွန်လိုက်သည်နှင့် လမ်းတစ်ဖက်
တစ်ချက်တွင် ကယ်ဆယ်ရေး ရွက်ဖျင်တဲများ အစီအရီတွေ့လာရပြီး ယာယီဈေးငယ်လေးများကို လမ်းဘေးတွင်
 ရောင်းချ ၀ယ်ယူနေသူများကို တွေ့ရှိရသည်။

လမ်းတစ်ဖက်တစ်ချက်ရှိ ဘင်္ဂါလီလူမျိုး အရွယ်စုံများမှာလည်း စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်နှင့်အတူ
 ရောယှက်နေသည့် ခံပြင်းစိတ်များက ၎င်းတို့မျက်နှာတွင် အတိုင်းသားပေါ်လွှင်လျှက်ရှိသည်။

"ကျွန်တော်တို့ ဒီဒုက္ခသည်စခန်းမှာ လူဦးရေ တစ်သောင်း ခုနှစ်ထောင်ကျော်ရှိပါတယ်။ ဗလီကြီး ခြောက်ခုမှာဖွင့်
 လှစ်ထားပါတယ်။ တပ်မတော်က ဆန်တွေပေးတဲ့ အတွက် စားသောက် နေရပါတယ်။ ဒီမှာ လက်ရှိ ရှိတဲ့
လူဦးရေနဲ့ဆိုရင် လူဦးရေစုစုပေါင်း ခုနှစ်သောင်း နီးပါး ရှိနေကြပါတယ်" ဟု စစ်တွေမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ
 ဒုတိယဥက္ကဌ ဦးလှမြင့် က ၎င်းတို့နေရာသို့ တပ်မတော်စစ်ကြောင်းနှင့် အတူ လိုက်ပါလာကြသော မီဒီယာများသို့ဇွန်
 ၁၅ ရက် ညပိုင်းတွင် ပြောခဲ့ သည်။

၎င်းတို့အနေဖြင့် ယခင်နေထိုင်ရာ ကျေးရွာ ရပ်ကွက်များတွင် ပြန်လည်နေထိုင်ရန် အများစုက
ဆန္ဒရှိနေကြသော်လည်း ၎င်းတို့အတွက် တာဝန်ရှိသူများက မည်သို့ စီစဉ်နေရာ ချထားပေးမည်ကို
 မသိရှိရသေးကြောင်း ဘင်္ဂါလီဒုက္ခသည် အများစုက တညီတညွှတ်တည်း ပြောကြသည်။

"ကျွန်တော်တို့ နေထိုင်ဖို့အတွက် အရင်နေရာလေးတွေမှာ ပြန်ချပေးစေချင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့
အတွက် သင့်တော်မယ့် နေရာလေးတစ်ခုခု စီစဉ်ပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက် ပေးစေချင်ပါတယ်။
 ဒီပြဿနာမှာ ကျွန်တော်တို့ဖက်က မှားခဲ့တယ်ဆိုရင်လည်း တောင်းပန်ပါတယ်" ဟု စစ်တွေမြို့၊
 အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးလှမြင့်ကဆိုသည်။

စစ်တွေမြို့ပေါ်ရှိ ပြည်သူအများစု ကြားတွင် ဘင်္ဂါလီ ဒုက္ခသည် စခန်းများသို့ တခြားဒေသများမှ ဘင်္ဂါလီများ
လာရောက် စုဝေး စုရုံးနေသည်ဟု သတင်းများ ထွက်ပေါ်နေမှုကို ဦးလှမြင့်က ငြင်းဆန်ခဲ့ပြီး အကယ်၍
လာရောက်သည် ဆိုပါကလည်း ၎င်းတို့ကိုယ်တိုင် သတ်ဖြတ်၍ ပင်လယ်အတွင်း မျှောချပစ်မည်ဟု ပြောလေသည်။

လက်ရှိစစ်တွေမြို့ပေါ်အခြေအနေ(၁၇.၆.၂၀၁၂-တနင်္ဂနွေနေ့)

စစ်တွေမြို့ပေါ်တွင် ဈေးဆိုင်ခန်းတချို့ ဖွင့်လှစ်ရောင်းချလာကြပြီး ပြည်သူ အများစုမှာ ယခင်ပုံမှန်နီးပါး
အတိုင်း သွားလာလှုပ်ရှား နေကြပြီဖြစ်သည်ကို တွေ့ရသည်။ မော်တော်ယာဉ် အများစုမှာ ကယ်ဆယ်ရေး
 စခန်းများအတွက် စားနပ်ရိက္ခာ နှင့် ထမင်းထုတ်များ၊ ရေသန့်ဘူးများ တင်ဆောင်ကာ မြို့တွင်း
လမ်းမများတွင် သွားလာနေကြသည်။

စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေး စခန်းများအတွက် အလှူငွေနှင့် စားနပ်ရိက္ခာများ အလှူခံလျှက်ရှိသည့် နေရာ
 များကို အသီးသီး တွေ့မြင်နေရသည်။ ယခင် တွေ့မြင်နေကျ မြင်ကွင်းများနှင့် ခြားနားသည်မှာ စစ်တွေမြို
လမ်းများပေါ်တွင် ဘင်္ဂါလီလူမျိုးများကို မတွေ့မြင် ရခြင်းပင်ဖြစ်သည်။

ပုဒ်မ ၁၄၄ ကို ယခု ၁၇ ရက်နေ့အထိ ဆက်လက် ထုတ်ပြန်ထားဆဲ ဖြစ်ပြီး ယင်းဥပဒေ ရုပ်သိမ်းပါက
 နောက်ဆက် တွဲပြဿနာများ ဖြစ်ပေါ်လာမည်ကို ရခိုင်လူမျိုးအများစုက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

"မာရှယ်လောက အခုရုပ်သိမ်းလို့ မဖြစ်သေးဘူး။ ညဖက် မာရှယ်လော ရှိနေလို့လည်း ဒီလောက်ငြိမ်နေတာ။
မရှိ ရင် ဟိုဖက်ဒီဖက် ပြဿနာတွေ ဖြစ်နိုင်သေးတယ်။ အဓိကကတော့ လုံခြုံရေးအင်အား အပြည့်အ၀မရှိတာရယ်၊
 လုံခြုံရေး ယူထားတဲ့လူတွေ

မကျွမ်းကျင်တာရယ်ပဲ။ ဒီညတွေတော့ စစ်တွေမြို့က နေရာ ၂၀ ကျော်ကို စစ်တပ် လုံခြုံရေးအပြည့်
ချထားတဲ့ အတွက် ပြဿနာတွေ မရှိပါဘူး" ဟု RNDP ပါတီမှပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က
 ဆိုသည်။

အနှေးယာဉ်မောင်းများ၊ ဆိုင်ကယ်တက္ကစီများလည်း ပြန်လည်ထွက်လာကြပြီ ဖြစ်ပြီး စာသင်ကျောင်းများ မှာတော့
ဆက်လက် ပိတ်ထားဆဲဖြစ်သည်။

 ၂၀.၆.၂၀၁၂။

တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေဖြစ်ပေါ်လာမှုအရ တည်ငြိမ်စပြုလာပြီဟု ယူဆရသော်လည်း
 ဒေသခံ ရခိုင်တိုင်းရင်းသားများမှာ သတိတရားလက်ကိုင်ထားကာသွားလာနေကြဆဲပင် ဖြစ်ပါသည်။

(စာပေစိစစ်ရေးမှ ဖော်ပြခွင့်မပြုခဲ့သည့် ယခုအပတ်ဆောင်းပါးဖြစ်ပါသည်)
အဘဥက္ကာကိုကို ဖေ့စ်ဘွတ်ခ်မှ..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment