Tuesday, 5 June 2012














ကျွန်တော့် Personal သဘောထား
by Hlaing Bwa on Tuesday, June 5, 2012 at 1:46pm ·

လက်ရှိရခိုင်မှာဖြစ်တဲ့ကိစ္စတွေအပေါ်မှာကျွန်တော့် Personal သဘောထားကို

လာမေးကြတဲ့ ... ညီအစ်ကို မောင်နှမအားလုံးအတွက် -



"လောလောဆယ်ကျွန်တော်ပြောနိုင်တာက (ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝ

ကတည်းက တက္ကသိုလ်အရန်တပ်ရင်းမှာစစ်သားတပိုင်းဖြစ်ခဲ့ဖူးသလိုသူပုန်လည်းဖြစ်

ခဲ့ဖူးတယ်) ဘယ်အချိန်မှာမဆိုကျွန်တော့်တိုင်းပြည်နဲ့ လူမျိုးဘက်ကပဲကျွန်တော်ရှိတယ်၊

ကျွန်တော့်လူမျိုးနဲ့ ကျွန်တော့်တိုင်းပြည်ကို ဘယ်သူမှ စော်ကားတာ မခံနိုင်သလို -

ကျွန်တော့်လူမျိုးမှားရင် ကျွန်တော့်တိုင်းပြည်မှာရှိတဲ့
ဥပဒေကအရေးယူလိမ့်မယ်" "အကယ်၍ကျွန်တော့်လူမျိုးကအခြားတိုင်းပြည်မှာသွား
ပြီးသူ့ ဥပဒေကိုမလိုက်နာရင်

ရောက်တဲ့တိုင်းပြည်ရဲ့ဥပဒေစီရင်တဲ့အတိုင်းခံရမှာပဲ"

"ဥပဒေမရှိပဲ ဘယ်လွတ်လပ်မူမှ မသာယာနိုင်လို့ ပဲ"



 - ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဆိုတာ -

"မျိုးချစ်စိတ်ဓါတ်ထက် ကမ္ဘာချစ်စိတ်ဓါတ်က ပိုမြတ်တယ်လို့ ဆိုလိုတာမဟုတ်ဘူး"

"ကျွန်တော် ဒီမိုကရေစီနိုင်ငံတော်တော်များများကိုရောက်ဖူး တယ် - ကနေ့ ကမ္ဘာမှာ

တိုးတက်နေတဲ့ ဒီမိုကရေစီနိုင်ငံအားလုံး အမျိုးသားရေးဝါဒဟာ အမြင့်ဆုံးရှိတယ် -

သူတို့ တိုင်းပြည်တွေကိုရော သူတို့ ပြည်သူကိုပါလုံခြုံအောင် ဥပဒေအရရော

ပညာရေးအရရော စီးပွါးရေးအရရော ခွန်အားအရပါ အကာအကွယ်ပေးထားတာကို

ခင်ဗျားတို့ တွေ့ ရမယ်" "တရားတဲ့လူသားဆန်တဲ့အမျိုးသားရေးဝါဒ ဖြစ်ဖို့  အမှန်

တကယ် တရားမျှတတဲ့ ဥပဒေတွေ အမျိုးသားအကျိုးစီးပွါးကိုကာကွယ်တဲ့ ဥပဒေ

တွေ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိဖို့ -  ခိုင်မာဖို့ လိုနေပြီ။"



"ပြီးခဲ့တဲ့ကိစ္စတွေမဖြစ်ခင်ကတည်းက မဖြစ်စေချင်တဲ့ဆန္ဒနဲ့  ကျွန်တော်/တို့ 

တတ်နိုင်သလောက်မျှမျှတတပြောခဲ့ကြတယ် - ဘာကြောင့်လဲဆိုတော့

တိုင်းပြည်ဟာအဘက်ဘက်က တော်တော်ဒုက္ခရောက်နေပြီး အရင်အစိုးရ

အဆက်ဆက်ကလူတွေရောလက်ရှိအစိုးရထဲကလူတွေရော တိုင်းပြည်ကို

(တော်တော်များများက) ခုန်ပြန်ကျော်လွှားရေးကို အားကြိုး မာန်တက်

လုပ်နေကြလို့ ပဲ" "ဖြစ်တဲ့ပြဿနာကိုသမိုင်းဇစ်မြစ်နဲ့ တကွ မလေ့လာပဲ

မသိပဲ အတိမ်အနက်ကိုနားမလည်ပဲ - ကောက်ချက်ဆွဲကြတာမျိုး ငါ့စကား

နွားရပြောတာမျိုးတွေဟာ - စပြီးခံရတဲ့ဘက်ကို ပိုပြီးအထိ နာစေတယ် -

တချိန်လုံးအကာအကွယ်မဲ့နေခဲ့တဲ့ မိမိအမျိုးသားတွေ နင်းပြားဖြစ်နေခဲ့တဲ့

အဖိနှိပ်ခံတွေအတွင်းမှာ ပိုပြီးအကာအကွယ်မဲ့စေတယ်ဆိုတာ သဘောပေါက်

ကြစေချင်တယ်"



"Personal Media Attachments တွေကို ဘာမှအပြစ်ပုံစရာအကြောင်းမရှိသလို

သတိပေးစရာအကြောင်းမရှိဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ Personal/

Individual တွေကပဲ အသက်နဲ့ ရင်းပြီး ကမ္ဘာကသိအောင်လုပ်သွားခဲ့တာ"



"မိမိအမျိုးသားချင်း - မိမိသွေးသားချင်း တဆိတ်ရှိသေနတ်နဲ့ ပစ်ပြီးဖြေရှင်းတဲ့

ဓလေ့စရိုက်ကို(တိုင်းပြည်ကောင်းစားစေချင်တယ်ဆိုရင်) စွန့် လွှတ်သင့်ကြပြီလို့ 

ယုံကြည်တယ်။" "ပြည်သူကခဲနဲ့ ပေါက်တာ အကြမ်းဖက်မူမြောက်ပြီး အာဏာပိုင်အဖွဲ့ 

အစည်းက သေနတ်နဲ့ (ကျည်အစစ်နဲ့ )့ ပစ်တာ ... တရားဥပဒေလို့ ယူဆနေသမျှ

သည်တိုင်းပြည်ဘယ်တော့မှ မငြိမ်းချမ်းနိုင်ပါဘူး"



"ဟုတ်တယ် - သည်ကိစ္စဟာ သည့်ထက်ပိုမကြီးထွားသင့်သလို .... အစကတည်း

ကလည်းမဖြစ်သင့်ခဲ့ဘူး (အစကတည်းကလည်းမဖြစ်သင့် ခဲ့ဘူး) သန်း ၁၃၇၀ ရှိတဲ့

တရုတ် - သန်း ၁၂၆၀ ရှိတဲ့ ကုလားနဲ့  - ၁၆၂ သန်းရှိတဲ့ ဘင်္ဂလီတွေကြားမှာ ...

ကျုပ်တို့  ၅၅ သန်း - အနာဂတ်မှာ ဘယ်လိုဆက်ရပ်တည်ကြမလဲ ဆိုတာ ....

သည်ကနေ့ မီးမောင်းထိုးပြလိုက်တာပဲဆိုတာ... အခုလက်ရှိအုပ်ချုပ်သူတွေကိုရော

နောင်တက်မဲ့ အစိုးရအဆက်ဆက်ကိုရော တင်ပြပါရစေ"



ဘယ်အခြေအနေမှာမဆို

ဘယ်သူနဲ့ ပဲဖြစ်ဖြစ်

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်

ကျုပ်လူမျိုးနဲ့ ကျုပ်တိုင်းပြည်ရဲ့အကျိုးစီးပွါးဘက်ကပဲရှိတယ် -

လှိုင်ဘွားအသက်ပေးတိုက်ခဲဖူးတဲ့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဆိုတာ ...

ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက်ပဲ -

-------------------

(ကျွန်တော်တဦးတည်း၏ဆန္ဒသဘောထားသာလျှင်ဖြစ်ပါသည်)

ကျွန်တော်ချစ်ရသောတိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးအားချစ်ခင်စွာဖြင့်



လှိုင်ဘွား/၈၈
--


*
* မာဃလုလင်*





No comments:

Post a Comment