Posted: 03 Jun 2012 05:53 AM PDT တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ကင်မရာရိုက်ကူးသူကိုပိုက်မှ "မှတ်တမ်းရုပ်သံရိုက်ကူးထားတဲ့ ကင်မရာတွေအကုန်လုံး ကွန်ပျူတာဆိုင်ကို ယူသွားပြီး မှတ်တမ်းတွေအကုန်လုံးကို ဖျက်ပစ်တယ်။ ပြီးတော့ ရဲစခန်းမှာ (၃)နာရီကျော် ကြာ စစ်ဆေးခံရပြီး၊ ခံဝန်ကတိ ရေးထိုးခိုင်းတယ်။ ပြီးတော့ ၀တ္တရားနှောင့်ယှက်မှုနဲ့လည်း အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်" ဟု EVB သို့ပြောပါသည်။ ရုပ်သံမှတ်တမ်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းမှ "ကိုယ်ရိုက်ကူးထားတဲ့ မှတ်တမ်းတစ်ခုကို ဘာအပြစ်မှမရှိဘဲနဲ့ ဖျက်ဆီးပစ်တာတော့ ရင်နာဘို့ကောင်းတယ်။ ခက်ခက်ခဲခဲရိုက်ကူးထားရတဲ့ ဗွီဒီယိုရုပ်ပုံမှတ်တမ်းတွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးသလဲဆိုတာ သူတို့နားမလည်ပါဘူး" "ကျွန်တော်တို့ အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ဖြစ်ရပ်မှန်ဘ၀ကို ရိုက်ကူးမယ်ဆိုတာ မီဒီယာတွေ၊ ဂျာနယ်တွေ အားလုံးကလည်း ဖော်ပြပြီးသားပါ။ တိုင်းပြည်တစ်ခုလုံးကိုလည်း အတိအလင်းကြေငြာထားပြီးသားပါ။ ၀တ္တရား နှောင့်ယှက်မှုနဲ့ အရေးယူမယ်လို့ခြိမ်းခြောက်ပြီး အပြစ်မရှိဘဲနဲ့ ခံဝန်ထိုးခိုင်းတယ်ဆိုတာ ဥပဒေကိုTလက်တစ်လုံးခြားလုပ်နေတယ်လို့ မြင်ပါတယ်"။ အဆိုပါဖြစ်ရပ်နှင့်ပါတ်သက်၍ အတည်ပြုချက်ရယူရန် ပြင်စာရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိခဲ့ပါ။ လယ်ယာမြေသိမ်းဆည်းခံရသည့်တောင်သူလယ်သမားများအရေးကို လိုက်လံဆောင်ရွက် ပေးသည့် တောင်သူလယ်သမားကွန်ယက်မှ ဦးနေလင်းဦးက "ရဲစခန်းမှာ (၃)နာရီလောက်ကြာကြာ ခေါ်ယူစစ်ဆေးတာခံခဲ့ရတယ်။ ဘယ်သူလုပ်ခိုင်းလို့ လယ်သမားတွေ အတွက် လိုက်လုပ်နေတာလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုပြီး စစ်ဆေးမေးမြန်းတယ်" ဟု ပြောဆိုသည်။ ပြင်ဦးလွင်မြို့တွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းစတင်ချိန်မှစ၍ လယ်ယာမြေသိမ်းခံရမှုများသည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့၍ ရွေးကောက်ပွဲမတိုင်မီက ရက်ပိုင်းအလိုမှစတင်၍ လယ်ယာမြေများအသိမ်းခံရသည့် တောင်သူလယ်သမားများသည် ပူးပေါင်းစုစည်း၍ လယ်ယာမြေများပြန်လည်ရရှိရေး လှုပ်ရှားမှုများသည် သက်ဝင်လှုပ်ရှားလာခဲ့သည်။ ဒေသဆိုင်ရာအာဏာပိုင်များသည် လက်ရှိ ရွာခံတောင်သူလယ်သမားများ လုပ်ကိုင်စားသောက်လျှက်ရှိသော လယ်ယာမြေများသည် ပိုင်ရှင် ရှိနေသည့်အတွက် ၀င်ရောက်၍ လုပ်ကိုင်ခြင်းမပြုရန်၊ အဆိုပါကိစ္စရပ်ကို မတရားသည်ဟုဆိုကာ နိုင်ငံတော် အကြီးအကဲများကို တိုင်တန်းခြင်း၊ လူ(၅)ဦးထက်ပိုသော လူစုလူဝေးမပြုလုပ်ရန်နှင့် လယ်ယာမြေအသိပညာ ပေးပွဲများ မပြုလုပ်ရန်တားမြစ်ခဲ့ပြီး၊ ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တရားဥပဒေ နှင့်ရင်ဆိုင်ရ၍ ထောင်ဒဏ်(၇)နှစ် ကျနိုင်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ရွာခံတောင်သူ လယ်သမားများက ဆိုသည်။ အာဏာပိုင်များ၏ခြိမ်းခြောက်တားမြစ်မှုများရှိခဲ့သည့်ကြားကပင် တောင်သူလယ်သမားကွန်ယက်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေဟောပြောပွဲနှင့် လယ်ယာမြေများပြန်လည်ရရှိရေး ပူးပေါင်းဆုတောင်းဝတ်ပြုပွဲတစ်ခုကို မေလအတွင်းက ပြုလုပ်နိုင်ခဲ့သည်။ Ethnic Voice of Burma (EVB) |
ဂုဏ်ရှိန်တင့်တဲ့ တုနိုင်းမမီ ဒေါ်အောင်ဆန်းစုကြည် Posted: 02 Jun 2012 07:52 PM PDT အဲယားဖို့ဝမ်းလေယာဉ်လဲ စီးပြီးမလာခဲ့ဘူး ဂုဏ်ပြု အမြောက်လဲ ၁၉ ချက် မဖောက်ခဲ့ဘူး ဂုဏ်ပြုတပ်ဖွဲ့လဲ အလေးမပြုခဲ့ဘူး ကောဇောနီခင်းပြီးတော့လဲ မကြိုဆိုခဲ့ဘူး. အထူးဧည့်သည် ဝင်ထွက်ပေါက်လဲ မသုံးခဲ့ဘူး အထူးဧည့်သည်ကားလဲ မစီးခဲ့ဘူး ဒါပေမဲ့ သူမစီးခဲ့တဲ့ လေယာဉ်မှူးက သူမကို အမြင့်မားဆုံး အနေအထားနဲ့ ဂုဏ်ပြုခဲ့တယ် ကြွေးကြော်သံတွေနဲ့ လက်ခုပ်သံတွေက အမြောက်ပစ်ဖောက်သံထက် ကျယ်လောင်ခဲ့တယ် သူမကို ကြိုဆိုဂုဏ်ပြုသူတွေဟာ ဂုဏ်ပြုတပ်ဖွဲ့ထက် ပိုညီညာခဲ့တယ်.. သူမလျှောက်လှမ်းတဲ့လမ်းတိုင်းမှာ အားလုံးဟာ အပြုံးပန်းတွေပွင့်နေခဲ့တယ် အထူးဧည့်သည် အခွင့်အရေးမသုံးပေမဲ့ အထူးဧည့်သည်ထက် ပိုမိုဂရုစိုက်မှုခံခဲ့ရတယ် သူမတက်ရောက်တဲ့ စည်းဝေးပွဲမှာ သူမဟာ ကြယ်တွေကြားက လမင်းတစ်စင်းဖြစ်နေခဲ့တယ်.. ပညာရဲ့ရင့်တဲ့ဂုဏ်တွေနဲ့ လူပုံအလည်မှာ ပွဲလယ်တင့်ခဲ့တယ်.. ပြည်တွင်းပြည်ပမီဒီယာတွေဟာ နိုင်ငံ့ခေါင်းဆောင်များ ထက်ပိုတဲ့ တင်ဆက်မှုတွေနဲ့ အထူးအလေးထား ထုတ်လွှင့်ခဲ့တယ်... ရောင်စုံတဲ့ ပန်းခင်းအလယ်မှာ ဥဒေါင်းမိခင် တွန်သံကျူးလို့ မြန်မာကို ကမ္ဘာက သိအောင်ကြံဆောင်ခဲ့တယ်.. အဝေးရောက်သားသမီးတွေ အတွက် သူမဟာ မိခင်ကောင်းတစ်ယောက် ပီသခဲ့တယ်... အနှိမ်ခံနေခဲ့ရတဲ့ သားသမီးတွေ အမေ့ရဲ့ ဂုဏ်အရှိန်အဝါ အရိပ်အောက်မှာခေါင်းမော့နိုင်ခဲ့တယ်... လျှောက်လှမ်းတဲ့ လမ်းတိုင်းမှာ ပန်းများပွင့်လို့..နေကောင်းကျန်းမာပါစေ သူမဆိုတဲ့....ကျွန်တော်တို့ မြန်မာပြည်ရဲ့ အမေ (အမေ..ဒေါ်အောင်ဆန်းစုကြည်၏ ၂၄ နှစ်အတွင်း ပထမဆုံးပြည်ပခရီး (Bangkok) အမှတ်တရ) Zaw Myo Win |
ထူးချွန်ကြသူ အမေရိကန်ရောက် မြန်မာကလေးများ Posted: 02 Jun 2012 07:39 PM PDT အိအိခင်ဦးအတွက် အမေရိကန်သမ္မတ အိုဘားမားရဲ့ ပညာရည်ချွန်ဆု... အဌမတန်း( Northwood Middle School ) မှစတင်ပြီး (၅)နှစ်ဆက်တိုက် နှစ်စဉ်အတန်းတိုင်းတွင် Top (10) ၀င်ခဲ့ပြီး Top (10) တိုင်းတွင်လည်း ပထမဆုရရှိခဲ့သူ ဦးခင်ဦး၊ ဒေါ်စိုးမိုးဦးတို့ ၏သမီး မအိအိခင်ဦးက ယခုနှစ်အတွက်လည်း ပထမ၊ အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ် ဖို့ ဝိန်းမြို့ North Side High School အထက်တန်းကျောင်းမှ ၂၀၁၂ ခုနှစ် ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် ပညာရည်ချွန်ဆုပေးပွဲ အခန်းအနားတွင် ဌာနေဖွား အမေရိကန် ကလေးငယ် များကို ကျော်ဖြတ်ပြီး မြန်မာကလေးငယ် အမြောက်အများ ထိပ်ဆုံးမှ ဘာသာရပ်မျိုးစုံတွင် အောင်မြင်စွာ ထူးချွန်ဆု ဆွတ်ခူး...နိုင်ခဲ့ကြပါတယ်။ ထိုအထဲတွင် အဌမတန်း( Northwood Middle School ) မှစတင်ပြီး ( North Side High School ) အထိ (၅)နှစ်ဆက်တိုက် နှစ်စဉ်အတန်းတိုင်းတွင် Top (10) ၀င်ခဲ့ပြီး Top (10) တိုင်းတွင်လည်း ပထမဆု ရရှိခဲ့သူ ဦးခင်ဦး၊ ဒေါ်စိုးမိုးဦးတို့ ၏သမီး မအိအိခင်ဦးက ယခုနှစ်အတွက်လည်း ပထမ၊ ချင်းတိုင်းရင်းသူ Esther Vel က (၄)နှစ်ဆက်တိုက် Top (10) ၀င်ခဲ့ပြီး ယခုနှစ်အတွက် ဒုတိယ ရရှိသွားခဲ့ကြောင်း ၀မ်းမြောက်ဝမ်းသာ ကြားသိခဲ့ရသမျှ မျှဝေလိုက်ပါတယ်။ Khin Maung Lay |
သူရဲကောင်းတို့၏ ကိုယ်ရေးအကျဉ်း နှင့် အညတရသူရဲကောင်းဆု နောက်ဆုံးရအလှူရှင်စာရင်း Posted: 02 Jun 2012 07:29 PM PDT Anya Ta Ya Prize မိတ်ဆွေများအားလုံးခင်ဗျာ တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု ဂုဏ်ပြုချီးမြှင်နိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓါတ်ဖြင့် ငွေကြေးလှူဒါန်း ခဲ့ကြသော အလှူရှင်စာရင်း နှင့်အတူ အညတရသူရဲကောင်းဆုရှင် (၅) ဦး၏ ပြည်တွင်းမှ ပေးပို့လာသော ကိုယ်ရေးအကျဉ်း လက်ရေးမူ(Jpeg) ဖိုင်များအား ထပ်ဆင့်ဖြန့်ချီ ပေးပို့အပ်ပါသည်။ (ပူးတွဲပါဖိုင်များတွင် ကြည့်ရှူပါရန်) ဆုရှင်ဖြစ်သော အောက်ပါပုဂ္ဂုလ် (၅) ဦးတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် (ကန့်သတ်) ဖြင့် (၃) ဦးသာ ပြန်လည် လွတ်မြောက်လာသေးပြီး ဒေါက်တာကျော်ကျော် နှင့် ကိုလက်ျာထွန်း တို့နှစ်ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါသည်။ * ဆရာတော် ဦးခေမာစာရ (ဓမ္မာစရိယ) * ဒေါက်တာကျော်ကျော် (၁၉၉၀ NLD ရေတာရှည်မြို့နယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်) (လက်ရှိ မြင်းခြံထောင်) * ပူအန်ထော်နီကပ်ခန့်ခွာ (ဇိုမီးအမျိုးသားကွန်ဂရက်) * ကိုလက်ျာထွန်း (ကျောင်းသား) (ထောင်ဒဏ်တသက်တကျွန်း၊ (1.12.1998) (လက်ရှိ သာယာဝတီထောင်) * မလှလှမော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-အဖွဲ့ဝင်) ဆုများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးန့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရုံးချုပ်) တွင် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား NLD ပါတီ နာယကအဖွဲ့ဝင်များဖြစ်သော သူရဦးတင်ဦးနှင့် ဟံသာဝတီ ဦးဝင်းတင်တို့က ဦးဆောင်ကာ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ပါသည်။ မိမိတို့ ကော်မတီအနေဖြင့်လည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတရပ်အား ကျင်းပပြုလုပ်သွားနိုင်ရန် စီစဉ်လျှက်ရှိပါသည်။ အဆိုပါ သူရဲကောင်း (၅) ဦး၏ ဓတ်ပုံ၊ ကိုယ်ရေးအကျဉ်း၊ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းများ နှင့် အခြားသော မှတ်တမ်းမှတ်ရာများအား အများပြည်သူများ သိရှိနိုင်ရန် နှင့် အကြာမီအချိန်အတွင်း ဖြန့်ချီနိုင်ရန်အတွက် ကြိုးပမ်း စုဆောင်းလျှက်ရှိပါသည်။ အကယ်၍ သိရှိသူများရှိပါက နည်းလမ်းပေါင်းစုံဖြင့် ၀ိုင်းဝန်းဖော်ထုတ် တင်ပြပေးနိုင်ကြပါရန် တိုက်တွန်းနှိုး ဆော် ပန်ကြားအပ်ပါသည်။ စံပြုထိုက်သော စံပြနိုင်ငံသား ကျနော်တို့၏ သူရဲကောင်းများအား ၀ိုင်းဝန်းဖော်ထုတ် ဂုဏ်ပြုရင်း အမျိုးသားရေး တာဝန်များအား အတူတူပူးပေါင်း ထမ်းဆောင်ကြပါစို့... လေးစားစွာဖြင့် မင်းထက်ဇော် |
တောင်ကြီးမြို့နယ်တောင်နီစံပြကျေးရွာဈေးအားအဓ္ဓမပြောင်းရွှေ့ခိုင်းသဖြင့် စုပေါင်း၍ဆန္ဒပြ Posted: 02 Jun 2012 09:44 AM PDT ဆန္ဒပြဈေးသူ၊သားများအား ဓာတ်ပုံရိုက်နေသော မြို့နယ်စည်ပင်မှ ပြည်နယ်ရဲအဖွဲ့ တောင်ကြီးမြို့နယ်တောင်နီစံပြကျေးရွာတွင် ၂.၆.၂၀၁၂ မနက်၇နာရီမှစ၍ ကျေးရွာသူ၊သားများ။ ဈေးသူ၊သားများစုပေါင်း၍ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ပါသည်။ ဆန္ဒစပြစဉ်လူအင်အား၂၀၀ ခန့် ပါဝင်ခဲ့ ပြီး နောက်ပိုင်းလူအင်အား ၅၀၀ ခန့်အထိရှိခဲ့ သည်။ ဖြစ်ပွားပုံမှာ...၁.၆.၂၀၁၂ နေ့ ညနေ၅နာရီ၄၀ခန့်အချိန်တွင် တောင်နီစံပြကျေးရွာဈေး တွင် ကျေးရွာဥက္ကဌ ဦးလှသော်နှင့် မြို့နယ်စည်ပင်မှပြည်နယ်ရဲအယောက်(၃၀)ခန့် ခေါ်ပြီးဈေးဆိုင်ခန်းများ အားလုံးပိတ်ပစ်ခဲ့ သည်။ထို့ နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်မှပုဒ်မ ၁၈၈ ထုတ်ပြန်ကာ ဈေးအားကန့်သတ်နယ်မြေအဖြစ်ဆိုင်းဘုတ်များချိတ်ဆွဲခဲ့ သည်။ ဈေးသစ်သို့ ပြောင်းရွေ့ရန် အဓ္ဓမအမိန့်ပေးစေခိုင်းခဲ့ သည်။ ´ကျနော်တို့ကဈေးဟောင်းမှာပဲရောင်းချင်တာ၊မရွေချင်ဘူး။အခုတော့ဖောက်သယ်တွေလဲပျက်ကုန်တယ်။ဈေးပိတ်ထားတော့ကျနော်တိုတွေဘာလုပ်စားရမှာလဲဗျာ´ဟုဈေးသားတဦးဖြစ်သူကိုမောင်လှ(အမည်လွဲ)မှရင်ဖွင့်ပြောကြားခဲ့ ပါသည်။ `ကျမတို့ ဒီဈေးဟာဘိုးဘွားပိုင်ဈေးပါ။သူတို့(အာဏာပိုင်)ဈေးပြန်ဖွင့် မပေးမချင်းကျမတို့ ကတော့ ဆက်လက် ဆန္ဒဖော်ထုတ်သွားမှာပဲ။ဈေးသစ်ကဆိုင်ခန်းတွေကိုလဲကျမတို့မ၀ယ်နိင်ဘူး လေ။ဟု ရွှာသူတဦးမှပြောကြားခဲ့ သည်။ အမိန့်ကြော်ငြာစာအရဈေးပိတ်ထားပြီး ဈေးသားများဈေးဟောင်းတွင် မရောင်းရဟုဆိုသော်လည်း ဈေးပတ်ပတ်လည်တွင်စည်ပင်သာယာဈေးဆိုင်ခန်းများမှာမူဖွင့်လှစ်ရောင်းချခွင့် ရကြသည်။ ဈေးသူဈေးသားအချင်းချင်းတန်းတူညီမျှအခွင့်အရေးမရှိဖြစ်နေသည်မှာအထင်အရှားပင်ဖြစ်ပါသည်။ ပေးပို့ သူ....ဝေယံ(တောင်ကြီး)ဖုန်း08121373 |
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မဲလဒုက္ခသည်စခန်း ခရီးစဉ်(ရုပ်သံ၊ဓာတ်ပုံ) Posted: 02 Jun 2012 08:20 AM PDT Photo.AP, Getty images, Reuters ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်း မပါဘဲ သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားပါတယ်။ "နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီက လူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီက ဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့။ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။" ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်း မရှိတဲ့အတွက် သူ့ကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။ အခုလို ထိုင်း၊မြန်မာနယ်စပ် က စစ်ဘေးဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံတာဟာ ဒါပထမ ဦးဆုံး အကြိမ်ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသား အများဆုံး အပါအ၀င် စစ်ဘေး ဒုက္ခသည်ပေါင်း (၁) သိန်း (၄) သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း အသီးသီး နေထိုင်ကြတဲ့ အထဲမှာ အဲဒီ မဲလဒုက္ခသည် စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလဒုက္ခသည် စခန်းကနေ မနက် (၁၀) နာရီမှာ ပြန်လည် ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁) နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေ့လည်(၂) နာရီ (၁၅) မိနစ်မှာ မဲဆောက် လေဆိပ်ခန်းမ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃) နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။ ထိုင်းအစိုးရ ဟာ ...မြန်မာအစိုးရ နဲ့ဆက်ဆံရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်မှာ အကန့်အသတ်တွေ ချမှတ်ခဲ့ကြောင်း နယူးယောက်တိုင်းသတင်းစာက ဖေါ်ပြ လိုက်ပါတယ်။ အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်တဲ မယ်လ စခန်းကို သွားရောက်ခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို နောက်ဆုံးအချိန်မှာ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပေမဲ့ လူထုဟောပြောပွဲလုပ်ခွင့်မပြုတဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ခွင့်မပြုခဲ့ပါဘူး၊ နိုင်ငံတကာသတင်းထောက်တွေကိုလည်း သတင်းယူခွင့်ပိတ်ပင်ခဲ့တယ်လို့ နယူးယောက်တိုင်း က ရေးသားပါတယ်။ မယ်လ ဒုက္ခသည်စခန်းရှိရာ တပ်ခရိုင် အုပ်ချုပ်ရေးမှူး ဆူရီယာ ပရာဆပ် ဘန်တစ်ယာ က - ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ် ကို နိုင်ငံခြားရေးဝန်ကြီးဌာနက သိပ်လူသိမခံဘဲ သိုသိုသိပ်သိပ် လုပ်ဖို့ ပြောထားပါတယ်၊ သတင်းထဲလည်းမပါစေချင်ပါဘူး၊ မြန်မာအစိုးရ နဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးရိမ်နေတယ် လို့ နယူးယောက်တိုင်း ကို ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထိုင်း နိုင်ငံမှာရှိနေစဉ်အတွင်း သမ္မတ ဦးသိန်းစိန် ဟာ သူ့ရဲ့ ထိုင်း ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ဖျက်သိမ်းခဲ့ပါတယ်။ (Rfa) |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment