Tuesday, 5 June 2012

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို အစိုးရပိုင် မီဒီယာတွေကနေ ထုတ်ပြန်ကြေငြာ(ရုပ်/သံ)

Posted: 04 Jun 2012 10:02 AM PDT



ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို အစိုးရပိုင် မီဒီယာတွေကနေ ထုတ်ပြန်ကြေငြာသွားပါတယ်.....
ဘာတွေ ပြောမလဲ သိချင်လွန်းလို့.. တကူးတကကို ဗီဒီယိုရိုက်ပို့ပေးဖို့ ပူဆာပြီး
တောင်းကြည့်ထားတာပါ.....ဖုံးဖုံးဖိဖိကြေငြာသွားပေမယ့်.. ဖြစ်စဉ်နဲ့ပတ်သတ်ပြီး
အနီးစပ်ဆုံးတော့မှန်ပါလိမ့်မယ်.....ရာနှုန်းပြည့်မှန်မယ်လို့တော့ အာမမခံနိုင်ဘူး...

ချမ်းလင်းနောင်


ကချင်စစ်ပြေးဒုက္ခသည်များအတွက် 'လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း' အလှူငွေကောက်ခံ ဖျော်ဖြေရေးမြင်ကွင်း ရုပ်/သံများ(၃-၆-၂၀၁၂)

Posted: 04 Jun 2012 09:50 AM PDT



လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက် စစ်ဘေးသင့် ပြည်သူတွေအတွက် အလှူခံ ဂီတခရီးစဉ်မှ ရရှိသော ငွေကျပ်သိန်းပေါင်း ၁၂၀ကျော်ကို အမေစုမှ တဆင့် စစ်ဘေးသင့် ပြည်သူတွေဆီကို တိုက်ရိုက် လှူဒါန်းခဲ့ပြီးပါပြီ အလှူရှင် ပြည်သူအပေါင်း ဝမ်းမြောက်နိုင်ကြပါစေ။

Video..Ko Yin Htay


၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန် (ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)

Posted: 04 Jun 2012 08:48 AM PDT


စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။

၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။

၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။

၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် ပေးကြပါရန် ကျွန်ုပ်တို့ " ၈၈ မျိုးဆက်ကျောင်းသားများ " မှ အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ


ကိုမာကီး (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့) နဲ့ မစုစုနွေး (အလုပ်သမားရေးရာတက်ကြွလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာဧည့်ခံပွဲအခမ်းအနား(၃.၆.၂၀၁၂).

Posted: 04 Jun 2012 08:42 AM PDT



(ဇွန်လ ၃ ရက်) ညနေ ၅ နာရီက ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်းဆီမှာ၈၈မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ကိုကျော်ကျော်ထွေး(မာကီး)နဲ့ မစုစုနွေး(အလုပ်သမားရေးရာလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာအခန်းအနားကျင်းပခဲ့ပါတယ်။
ဂီတမှူးကိုဝင်းမော်ရဲ့ရွှေသံစဉ်တေးဂီတအဖွဲ့ကတေးသံသာများနဲ့ လက်ဖွဲ့ကြပါတယ်။

NLD က ဦးဝင်းတင်၊ဦးတင်ဦး၊ဦးစိုးဝင်း တို့တက်ရောက်ကြပြီး ၈၈ က ကိုမင်းကိုနိုင်၊ကိုမင်းဇေယျ၊
... ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုပြုံးချို၊ကိုမြအေး၊ကိုအံ့ဘွယ်ကျော်၊ကိုဇောက်ထိုး(သက်ဇော်)၊
ဘောင်းဘောင်း(ဇော်မင်း)တို့အပါအ၀င် အားလုံစုံညီစွာတက်ရောက်ကြတာတွေ့ရပါတယ်။

တေးသံရှင်ခိုင်မြဲသာနဲ့သံသာဝင်းတို့ကလည်းတေးသီချင်းတွေနဲ့လက်ဖွဲ့ကြပါတယ်။ကိုဝင်းမော်(ရွှေသံစဉ်)ရဲ့ သားအောင်အောင်ဖြိုးပြည့်(Vocal) နဲ့ ဗိုဗိုသီဟ(Drums) တို့ရဲ့Violenceအဖွဲ့ကလည်းတေးသီချင်းတွေနဲ့ မင်္ဂလာလက်ဖွဲ့ပေးကြပါတယ်။

ကိုမင်းကိုနိုင်က သူထောင်ထဲမှာရေးခဲ့တဲ့သီချင်းကို ၈၈ကသူငယ်ချင်းတွေနဲ့အတူ သီဆိုပြီး
လက်ဖွဲ့ခဲ့ပါတယ်။

Photo။ ။ Shwe than zin. Nyi Han


ကချင်စစ်ပြေးဒုက္ခသည်များအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အလျှူငွေကောက်ခံ ဖျော်ဖြေရေး မြင်ကွင်း

Posted: 04 Jun 2012 08:08 AM PDT


ပန်းရဲ့လမ်း - နောက်ဆုံးအိပ်မက်


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment