|
Posted: 12 Jul 2012 09:40 PM PDT ဇူလိုင်လ ၈ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အင်တိုင်းလေးအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်ပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနားအား ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာ လုပ်အားပေး နေတဲ့အကြောင်း ဟွန်း(လော်စပီကာ) ဖွင့်ပြီး ဟောပြောပွဲ ပြုလုပ်မရစေရန် နှောင့်ယှက်ခဲ့ပါသည်။ အဆိုပါ နှောင့်ယှက်မည့် သူများထဲတွင် ပြည်ခိုင်ဖြိုးပါတီမှ နယ်မြေစည်းရုံးရေးမှူး ပါဝင်နေသည်ဟု သိရှိရသဖြင့် (၇.၇.၂၀၁၂)နေ့က မနှောင့်ယှက်ပါရန် ပြည်ခိုင်ဖြိုး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးငြိမ်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၎င်းမှ မနှောင့်ယှက်ရန် ပြောထားမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့မှာတော့ နှောင့်ယှက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ နှောင့်ယှက် ဟန့်တားခြင်း ပြုရန်အတွက် အင်တိုင်းလေးကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်စိုး(ဘ)ဦးသောင်း ထံသို့ ကြံ့ခိုင်ရေးပါတီမှ ကိုတင်မြင့်(ဘ) ဦးမြငြိမ်းနှင့် ကိုမောင်ဝင်း(ဘ) ဦးခင်မောင်တို့နှစ်ဦးမှ စက်ဖွင့်ခွင့်အတွက် သွားရောက်တောင်းခံရာ အချိန်(၁)နာရီသာ ဖွင့်ခွင့်ပြုခဲ့သည်ဟု သိရပါသည်။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲနေ့တွင် ကြံခိုင်ရေးပါတီမှ အသံချဲ့စက်ဖြင့် ကျေးရွာလုပ်အားပေး နေတဲ့အကြောင်း ပြောနေပါသဖြင့် ခရိုင်ရဲမှူးကြီး ဦးမြင့်ထူးထံသို့ တိုင်ကြားခဲ့ပါသည်။ ထိုအခါ ရဲမှူးကြီးမှ မိမိသည် ကသာဘက်တွင် ခရီးလွန်နေသည်က တစ်ကြောင်း၊ မှုခင်းမဟုတ်သဖြင့် ကော်မရှင်သို့သာ ဆက်လက်တိုင်ကြားရန်လပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခင်ဦးမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မရှင်ဥက္ကဌထံသို့ တိုင်ကြားသော်လည်း အကြောင်းမထူးသဖြင့် ခရိုင်ကော်မရှင်အုပ်ချုပ်ရေးမှူး ဦးလှဦးထံသို့ ထပ်မံတိုင်ကြား ခဲ့ပါသည်။ အဆိုပါ နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သက်ဆိုင်ရာကော်မရှင် အဆင့်ဆင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဆက်လက် တင်ပြသွားမည်ဟု သိရပါသည်။ ကျွန်ုပ်တို့ ဖြစ်လိုသည်မှာ အထက်တွင် မည်မျှပူးပေါင်း ဆောင်ရွက်နေသည် ဆိာသော်လည်း အောက်ခြေအဆင့် ရပ်ကျေး၊ ရွာများတွင် ကြံ့ခိုင်ရေးပါတီဝင်များ၏ ယခုကဲ့သို့ မလိုလားအပ်သော လုပ်ရပ်များကြောင့် သမ္မတကြီးဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌကြီး ဦးသူရရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ် ပျောက်ဆုံးမည်ကို တွေးကြောက်မိပါသည်။ သို့ဖြစ်ပါသဖြင့် သမ္မတကြီးတို့မှ ယခုကဲ့သို့သော နှောင့်ယှက်မှုမျိုး မဖြစ်ပေါ်စေရန် အောက်ခြေ အဆင့်ဆင့်သို့ ညွှန်ကြားလွှာများဖြင့် တားမြစ်ပေးသင့်ပါကြောင်း အသိပေးအပ်ပါသညါ။ ထို့အပြင် အဆိုပါ လုပ်အားပေးပွဲ၌ ရွာသူ၊ ရွာသားများသာမက ကလေးသူငယ်များပါ လုပ်အားပေးခိုင်းစေ နေခဲ့ပုံအားလည်း ပုံပါအတိုင်း သိရှိတွေ့ မြင်ခဲ့ရပါသည်။ |
ဘုန်းနှင့် ကံနှင့် သဇင်နီ (၂) (ကဗျာရှင် နေရဲနီ) Posted: 12 Jul 2012 10:34 AM PDT ဇူလိုင် ၁၂ရက်နေ့က လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ ဘုန်းနှင့်ကံနှင့် သဇင်နီ အမေစု ဘုန်းနှင့် ကံနှင့် သဇင်နီ (၂)(ကဗျာရှင် နေရဲနီ) ဘုန်းကံဟူသည် ပိင်္ဂ္ဂုတ္တရလုလင်သည် ဥဒုမ္ဗရ ဒေဝီ၏ ဘုန်းကံအရှိန်အဝါကို မခံနိုင်သောကြောင့် လမ်းခရီး၌ပင် စွန့်ခွာပစ်သွားခဲ့၏။ (မဟောသဓာဇာတ် ဘုန်းရှိဘုန်းမဲ့ ပြဿနာ) ဘုန်းကံတို့၏ အရှိန်အဝါ မင်းတုန်းမင်းနှင့် ငပိုက်ကြီး မြင်ကွန်း မြင်းခုန်တိုင် အရေးတွင် မြင်းကွန်းမင်းသား ညီနောင်တို့သည် ငပိုက်ကြီးဆိုသူအား ခမည်းတော် မင်းတုန်းမင်းအား လုပ်ကြံရန် တာဝန်ထား၏။ မင်းတုန်းမင်းအား ငပိုက်ကြီးသည် တစ်ယောက်ချင်း တွေ့သော်ငြားလည်း ဓားကိုင်လျက်က ကြောက်ဒူးတုန်နေ၏ "ဟဲ့ ငပိုက်ကြီး ဓားကြီးနဲ့ ဘယ်လဲ" "မှန်ပါ သားတော်နှစ်ပါးက လွှတ်လိုက်လို့ပါ" "ဒါဆို ငါ့သစ္စာခံစမ်း" "မှန်ပါ" " ငါ့ကိုဘေးလွတ်ရာကို ကျောပိုးပြီးပို့စမ်း" "မှန်ပါ" မင်းတုန်းမင်းအား လွတ်ရာပို့ပြီး သားတော်များနှင့် ပြန်တွေ့လေသောအခါ "ငပိုက်ကြီး ခမည်းတော်တွေ့ခဲ့လား" "မှန်ပါ တွေ့ခဲ့ ပါတယ်" "ကိစ္စပြီးခဲ့ပြီလား" "ဘေးလွတ်ရာကို ကျောပိုးပြီး ပို့ခဲ့ကြောင်းပါ" "လာခဲ့ နင့်ခေါင်း" ဟူ၍ သျှောင်ကိုဆွဲပြီး ဓားဖြင့်ပိုင်းရာ တစ်ချက်တည်းဖြင့် ပြတ်လေ၏။ (အိုးဝေ ဦးညိုမြ၏ ကုန်းဘောင်ရှာပုံတော်မှ) ဘုန်းနှင့် ကံနှင့် သဇင်နီ သဇင်နီဘုန်း မိုးသို့ချုန်း မြန်မာပြည်ကို လာသမျှ နိုငံတကာကခေါင်းဆောင်တွေ အမေစုနဲ့တွေ့ပြီးမှ ပြန်လေ့ရှိတယ် ဥရောပတခွင် လှည့်လည်စဉ် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ကို ကြိုသလိုမျိုး ကြိုဆိုဧည့်ခံခဲ့ကြတယ်။ ချီလေတဲ့ ချီလေ တို့အမေ သဇင်နီ နေပြည်တော်ကို ချီမယ်ဆိုတော့ ကောလဟာလ သတင်းစကား ဟိုပုဂ္ဂိုလ်ကြီး မာလကဈာန်ကြွလို့ သေရွာလားသတဲ့။ အတွင်းသိ တစ်ယောက်က မဟုတ်ရပါဘူးဆိုပြီး ချက်ချင်းဘဲ ဖြေရှင်းချက် ပေးသတဲ့။ တို့အမေ သဇင်နီ နေပြည်တော်ကို အမတ်အပေါင်းနဲ့ တကယ်ချီတော့ အရင်က နံပါတ် ၂ ရုတ်တရက်လေမိပြီး စင်္ကာပူကို ဆေးကုသွားရသတဲ့ တို့အမေသဇင်နီကတော့ ပြည်သူ့မေတ္တာအနန္တနဲ့ ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ဘဲ။ နေရဲနီ ဘုန်းနှင့်ကံနှင့် သဇင်နီအပိုင်း(၁) ပြန်ဖတ်လိုလျှင် |
Posted: 12 Jul 2012 10:10 AM PDT |
Posted: 12 Jul 2012 07:48 AM PDT ရိုဟင်ဂျာ ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သဘောထားပြောပြီးပြီ၊ ၈၈ခေါင်းဆောင်တွေလည်း ပြောပြီးပြီ.. ကဲ အခုနောက်ဆုံး သမ္မတဦးသိန်းစိန် ကိုယ်တိုင် ရိုဟင်ဂျာအပေါ် သဘောထားကို ပြတ်ပြတ်သားသား ပြောလိုက်ပါပြီ.. သမ္မတဦးသိန်းစိန်မှ ရိုဟင်ဂျာအပေါ် သဘောထားနဲ့ အနာဂတ် ဘင်္ဂလီအရေးကို ဒီလို ပြောလိုက်ပါပြီ နေပြည်တော် ဇူလိုင် ၁၁ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအရေးကိစ္စနှင့် ရခိုင်ပြည်နယ်အရေးကိစ္စ များကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်- "သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်း လာခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာ အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက် ရှိကြောင်း။" "နိုင်ငံ တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက် ရှိပါကြောင်း၊ မိမိတိုင်းရင်း သားများကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာ သည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCRက ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည် ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်း ဖြစ်ကြောင်း။" နယ်စပ်ရေးရာဝန်ကြီးအားလည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တိုင်ပင် ညှိနှိုင်းလျက် ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဋ္ဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဋ္ဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးနှင့် ဋ္ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ နိုင်ငံတော်သမ္မတရုံး Home Pageမှာ အတိအလင်း ဖော်ပြထားပါတယ်..။ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment