Monday 16 July 2012

    စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး နှင့် ပတ်သက်၍ NLD ကြေငြာချက် ထုတ်ပြန်မည်

    Posted: 16 Jul 2012 06:58 AM PDT

    ယနေ့ လွှတ်တော်တက်လာတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (Photo..AP)
    နေပြည်တော် ၊ ဇူလိုင် ၁၆

    မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်း ရေး ကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သဘောထားကိုသီးခြားထုတ်ပြန် ပေးသွားမည်ဟုပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

    ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် အရေးကြီး အဆို အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဒေါ်နန်းဝါနုက စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းနိုင်ရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကို မဆို မည်သည့် နည်းလမ်းကို မဆို အသုံးပြု ၍ ဖြစ်စေ ညှိုနှိုင်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အကြား မိုက်(Microphone)လု၍ ဆွေးနွေး ခဲ့ရသည် အထိ အခြေအတင် ဖြစ်ပွားခဲ့ရသည်။

    ပြည်ထောင်စု အစိုးရ အနေနှင့် လူ့အခွင့်အရေး နှင့် တရားဥပဒေ စိုးမိုးရေးများကို အာမခံချက် ပေးရန် လိုကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရုံဖြင့် တိုင်းပြည် တိုးတက်လာမည် မဟုတ်ကြောင်း အုပ်ချုပ်သူ၊ အုပ်ချုပ်ခံနှင့် စနစ် အံဝင်ခွင်ကျ ဖြစ်ရန်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးသည်။

    စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန် ပြည်ထောင်စုက ဖြေလျှော့ ပေးလိုက်ပြီ ဆိုသော်လည်း အမေရိကန် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာပြည်သို့ လာရောက် ခွင့်ပြုခြင်းသာဖြစ်ပြီး အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် မက်ကော်နယ်နှင့် အဖွဲ့ဝင် အချို့က စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်ပေးရန် တင်ပြထားခြင်း ဖြစ်သည်ဟု သတင်း အခိုင်အမာ ရရှိထားကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် တွန်းအားပေးသည့် အနေနှင့် ချမှတ်ထားသည် စီးပွားရေး အရေးယူ ပိတ်ဆို့ မှုများကို သက်တမ်း ထပ်မတိုးရန် မြန်မာနိုင်ငံသို့ရောက်ရှိ နေသော အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီးဦး ဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို တိုက်တွန်းခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးခဲ့သည်။

    The voice weekly


    စီမံကိန်းဧရိယာ ထဲကျူးကျော်ဝင်ရောက်ပါက သေနက်ဖြင့် ပစ်ခတ်ဖမ်းဆီးမည် ဆိုပြီး ဗီနိုင်းထောင်ခြိမ်းခြောက်

    Posted: 16 Jul 2012 06:38 AM PDT


    လူတစု အတွက် လူထုကို ခြိမ်းခြောက်သတဲ့...... သူခိုးက ပိုင်ရှင်ကို ပြန်ဟစ်ခံနေရတဲ့ ဘဝ တွေ... ဘယ်သူတာဝန်လဲ .....။ ပုံမှာ - ... စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ၊ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီဓာတ်သတ္တုတူးဖော်ရေးစီမံကိန်း ကျော်ရွာရှေ့အ၀င်ဂိတ်တွင် လက်ပံတောင်းတောင်စီမံကိန်း ဧရိယာ ထဲကို ကျူကျော်ဝင်ရောက်ပါက - ပုဒ်မ (၁၄၄) အရ သေနက်ဖြင့် ပစ်ခတ် ဖမ်းဆီးမည် ဆိုပြီး ဗီနိုင်းထောင်းထားပြီး ဒေသခံများကိုခြောက်လှန့်ထားကြောင်းတွေ့ ရစဉ် ။

    Mg Zinmg


    မိသားစု စုံညီ ဗိုလ်ချုပ်ပြတိုက်ဆီ

    Posted: 16 Jul 2012 06:14 AM PDT

    မမေ့နိုင်စရာ ဇူလိုင်၁၉ အာဇာနည်နေ့ သို့ ရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများ အားလုံး မိသားစု ကိုယ်စီဖြင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ သို့ သွားရောက်ကာ ဂါရ၀ပြုကြ ၍သော် လည်းကောင်း၊ ရန်ကုန်မြို့ ရှိ ဗိုလ်ချုပ်ပြတိုက် (ဗိုလ်ချုပ်အောင်ဆန်းနေအိမ်) သို့ သွားရောက် ကြည့်ရှုကာ ဂုဏ်ပြု၍သော် လည်းကောင်း ရှိခဲ့သည်မှာ အထင်ကရ ပုံရိပ် ဟုဆိုရပေမည်။ ထို့ အတူ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို မိသားစုဧ။် သားဖြစ်သူ အောင်ဗိုကောင်းသန့် အား အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ် ပြတိုက်သို့ သွားရောက် ကြည့်ရှုစေ ခဲ့ကြသည့် မိခင်ဖခင်တို့ ဧ။် ရင်တွင်းခံစားမှု မည်သို့ မည်ပုံရှိမည် ကို ပေါ်ပြူလာစာဖတ် ပရိသတ် ကြီး သိရှိစေရန် သွားရောက်တွေ့ ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

    ဗိုလ်ချုပ်ပြတိုက်က အပြန်မှာတော့ ထွန်းအိန္ဒြာဗို ကဇူလိုင် ၁၉ အာဇာနည်နေ့ ပတ်သက်ပြီး အခု လိုပြောပြပါတယ်။ "သားသားကိုဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများအကြောင်းသိအောင်အကြမ်းဖျင်း လေးတော့ပြောပြ ဖြစ်ပါတယ်။ ညညဆို ပုံပြင် ပြောရင်းနဲ့ ဗိုလ်ချုပ် ဇာတ်လမ်း အကြောင်း ပြောတာ ရှိတယ်။ တခြားပုံပြင် ပြောတာတွေရှိ သလို၊ ဗိုလ်ချုပ် အကျိုး အကြောင်းပြောပြ တာလေးတွေ ရှိပါတယ်။ သိပ်အသေးစိတ် တော့ နားလည်နိုင်စွမ်း မရှိသေး ဘူးပေါ့လေ။ ဒါပေမဲ့ ကျွန်မတို့ မြန်မာနိုင်ငံ ရဲ့ကျေးဇူးရှင် ကြီး အဖြစ်တော့ သူသိသွားပြီ။ ကျွန်မတို့ ငယ်ငယ်ကတော့ ဗိုလ်ချုပ် အကြောင်းကို စာထဲမှာ သင်ရ တယ်။

    နောက် ပိုင်းတော့ ဗိုလ်ချုပ် အကြောင်းတွေ လုံးဝ ပျောက်ကွယ် သွားတယ်။ စာထဲမှာ သင်တဲ့ အချိန်ကနေ တကယ် နားလည်နိုင်စွမ်းရှိတဲ့ အရွယ်ရောက် လာတော့ ဗိုလ်ချုပ် အကြောင်း တွေက ပျောက်ကွယ်ခံနေရပြီ။ သားတို့ကို အဲဒီလို မဖြစ်ရလေအောင် ငယ်ငယ်ကတည်း ကပြောပြတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ပြတိုက်ကို လာပြ တယ်။ ဗိုလ်ချုပ်ရဲ့အတု ယူ ဖွယ်လေးတွေကို အကျယ်ချဲ့ပြီး ဝေဝေဆာ ဆာ ပြောပြတယ်။ကိုယ့်တိုင်းပြည်ကိုယ်ပြန် ပိုင်ဆိုင်ဖို့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး တွေ အသက်ပေးသွားကြ ရတယ်ဆိုတာကို တော့ တိုင်းသူပြည်သားတိုင်း သိသင့်တာ ပေါ့။ အဲဒါကို ပြန်ပြီး ဖော်ထုတ်သင့်ပါတယ်။

    အခု လည်း စပြီးပြန်လုပ်နေကြပါပြီ။ အာဇာနည်နေ့က တအား ဝမ်းနည်းစ ရာကောင်းတဲ့နေ့ ဖြစ်သလို၊ မမေ့အပ်တဲ့နေ့ လည်းဖြစ်တယ်။ တိုင်းပြည် အတွက် အသက် စွန့်သွား ကြ တဲ့ ခေါင်းဆောင်ကြီးများကို အားကျဖွယ်ရာ လူငယ်များလည်း ပေါ်ထွန်းလာဖို့ ကောင်းတဲ့နေ့ အဖြစ်နဲ့ သားလေးကို အဲဒီအကျိုး အကြောင်းတွေကို နားလည်အောင်၊ သား လေး တိုင်းပြည်ကို ချစ်တတ်အောင်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို တန်ဖိုးထားတတ်အောင် အစပျိုး ပြောပြဖို့ကောင်းတဲ့ နေ့လေး ပေါ့။ သူတို့ စိတ်ထဲမှာ အစပျိုး သင်ကြားပေးဖို့ အတွက် ဒီလိုနေ့ လေးက ရှိသင့်တယ်။ ရှိလည်းရှိရမယ်။ အာဇာနည် ခေါင်း ဆောင်ကြီးတွေက အသက်ပေးသွား တဲ့နေ့ဆိုတော့ သတ် သတ်မှတ်မှတ် နဲ့လည်းရှိရတယ်။သူတို့နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းတွေ အားလုံးကို လည်းကလေးတိုင်း သေချာနား လည်အောင်ပြောပြသင့်တယ်။

    ကျွန်မ တို့ငယ်ငယ်တုန်းက ကျတော့ ဗိုလ်ချုပ်တို့ ကျ ဆုံးတဲ့ အချိန်မှာ ဥသြဆွဲလို့ရှိရင် ရောက်ရာ အရပ်ကရပ်ပြီး အလေးပြုရတယ်။ ကားတွေ လည်းရပ်ရတယ်။ လူတွေ လည်း ရပ်ရတယ်။ လုပ် လက်စ အလုပ်ပါ ရပ်ပြီးတော့ အလေးပြုကြရတယ်။ ရေဒီယို ကနေတစ်ပြည်လုံးကို လွှင့်ပေးတယ်။အဲဒါမျိုးက ဖြစ်သင့်တယ်။ အခုအချိန် မှာ ပျောက် ကွယ်သွားတာ ဝမ်းနည်းစရာ ကောင်းတယ်။ ပျောက်ကွယ်နေတာကိုပြန်လည် ဖော်ထုတ်သင့်ပါတယ်။ အရင်တုန်းက ထက်ကြီးကျယ် ခမ်းနားတဲ့ အာဇာနည်နေ့ ရဲ့ နှစ် ပတ်လည်နေ့ အဖြစ် ကျင်းပသင့်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အသွေး အသား ထဲမှာကိုက မျိုးချစ်စိတ်ဓာတ်နိုးကြွလာအောင် ကြီးကျယ် ခမ်းနား တဲ့ အပြင် အဆင် များ၊ ကြီးကျယ် ခမ်းနားတဲ့တင်ဆက်မှုများနဲ့ပြန်ပြီး ဖော် ထုတ်သင့်ပါတယ်"

    ခိုင်ဝေလွင် ဓာတ်ပုံ-အောင်ဇော်မင်း(Popular journal)


    လိမ္မာချင်ယောင်ဆောင်ပြီးမုန့်ဖိုးမတောင်းပါနဲ့ - ရေးသူ-ရန်အောင်

    Posted: 16 Jul 2012 12:51 AM PDT

    မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် တွန်းအားပေးသည့် အနေနှင့် ချမှတ်ထားသည် စီးပွားရေးအရေးယူပိတ်ဆို့ မှုများကို သက်တမ်းထပ်မတိုးရန် မြန်မာနိုင်ငံသို့ရောက်ရှိ နေသော အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီးဥိးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွေမန်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ယနေ့ကျင်းပ ပြုလုပ်နေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်းကပြောကြား-နေပြည်တော်။ဇူလိုင် ၁၆
    မြန်မာနိုင်ငံဟာ သဘာဝသယံဇာတပေါကြွယ်ဝတာနဲ့အပြိုင် တစ်ဖက်မှာ အိန္ဒိယ တစ်ဖက်မှာ တရုတ် နဲ့ ပထ၀ီနိုင်ငံရေးအရကော မဟာဗျူဟာကျတဲ့အတွက် အရေးပါတဲ့နိုင်ငံတစ်ခုပါ။ တရုတ်ကြီးရဲ့ အနောက်ခရီးတိုတိုနဲ့ရောက်ဖို့ သွားနိုင်တဲ့လမ်းဖြစ်သလို အနောက်အုပ်စုရဲ့ အရှေ့ဘက်ကို ဖောက်ထွက်နိုင်တဲ့ ကုန်းတွင်းထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်.။

    အခု စီးပွားရေးပိတ်ဆို့မှုတွေ ဖွင့်ပေးမယ်လို့ အိုဘာမားက ပြောလာပါတယ်.။ အဲဒီမှာ ပြဿနာရှိလာပါတယ်..။ ကိုယ့်နိုင်ငံက မဟာဗျူဟာအရ Diplomacy အရ နိုင်ငံတကာဆက်ဆံရေးမှာ .အလုံးစုံ ပြောင်းလဲနိုင်ပြီလား..။ သူတို့ဆီက အခွင့်အရေးတော့လိုချင်တယ်..။ ကိုယ့်ဘက်က တကယ်ကော အခွင့်အရေးယူနိုင်တဲ့ အရည်အချင်း ရှိနေပြီလား။

    ယခင်အစိုးရလက်ထက်မှာ လွှတ်တော်ဥက္ကဌကြီးကိုယ်တိုင် ဗိုလ်ချုပ်ကြီးဘ၀နဲ့ ၂၀၀၈ နိုဝင်ဘာမှာ မြောက်ကိုရီးယားကို သွားခဲ့တဲ့ ခရီးကကော ပွင့်လင်းမြင်သာမှု ရှိပါရဲ့လား..။ အန်ကယ်ဆမ်ကြီးက ထိုကိစ္စကြီးကို မသိချင်ယောင်ဆောင်ပြီး စီးပွားရေးကို လုံးဝ ဖွင့်ပေးပါ့မလား..။

    အခု စီးပွားရေးပိတ်ဆို့မှုအတွက် ဦးဆောင်တောင်းဆိုနေသူ လွှတ်တော်ထဲက ပြည်သူ့ကိုယ်စားပြုဆိုသူတွေထဲက အစိတ်သားကကော ဒါကြီးတွေကို မသိချင်ယောင်ဆောင်ပြီး စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးရေးအဆိုကို ထောက်ခံနေကြတာ ရယ်စရာကောင်းပါ့..။ မိမိနိုင်ငံရဲ့ စစ်ရေးအရ မဟာဗျူဟာအရ ဆက်ဆံခဲ့တဲ့ ကိစ္စတွေက ကိုယ့်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုကို အထောက်အကူဖြစ်ခဲ့ခြင်းရှိမရှိကို မသုံးသပ်ပဲ.. ဟိုလူ့အပြစ်တင်.. ဒီလူ့အပြစ်တင်နဲ့....။

    လွှတ်တော်ထဲမှာကောဒီလိုစစ်ရေးဆိုင်ရာ/မဟာဗျူဟာဆိုင်ရာကိုဦးတည်ပြီး နိုင်ငံတိုးတက်ရေးအတွက် ဆွေးနွေးမှုတွေ၊ ထောက်ပြချက်တွေကို လက်ခံရဲပါ့မလား...။

    မြန်မာနိုင်ငံဟာ Future 'Asia Democracy Leader ပါ။
    အဘယ် ကြောင့် ဆိုသော် မြန်မာ့ ဒီမိုကရေစိ သည် တရုတ်အတွက် Democracy ပြုပြင် ပြောင်း လဲရေး ကို တခုတည်းသော တွန်းအားဖြစ်နေသလို မြောက်ကိုရီးယားကဲ့သို့နိုင်ငံများအတွက်လည်း ဒီအပြောင်းအလဲဟာ ...အင်မတန် အလေးဂရုပြုနိုင်စရာ .. အထီးကျန်ဖြစ်နိုင်စရာ အခြေအနေပါ။

    မဟာဗျူဟာအရ သုံးသပ်ကြည့်ခြင်းပါ..။

    ယောင်းမမြင်းစီးထွက်ကြရင်လည်း မမြင်အောင်တော့ လုပ်ကြပေါ့ဗျား....။ ယောင်းမကြီးမြင်းစီးပြပြီး မုန့်ဖိုး လက်ဖြန့်တောင်းနေတာကတော့ ကြည့်မကောင်းပါဘူး..။

    သေချာတာကတော့ စီးနေတဲ့ယောင်းမကြီးကို လွှတ်မပစ်ပဲ ၀ှက်ထားပြီး လိမ်မ္မာချင်ယောင်ဆောင်လို့ ...မုန့်ဖိုးမတောင်းပါနဲ့ခင်ဗျား..

    Yan aung facebook


    လွတ်တော်တွင်း ခြုံခို တိုက်ခိုက်တဲ့ကိစ္စRFA မှဦးဝင်းတင်နှင့်စကားပြောခြင်း

    Posted: 15 Jul 2012 10:49 PM PDT


    ဆန်ရှင်ဆိုတာ ကျွန်တော်တို့ ပင့်လာတဲ့ ဘုရားလည်း မဟုတ်ဘူး၊ လွှတ်တော်ထဲ မဲခွဲ ဆုံးဖြတ်တာကလည်း ထောက်ခံမဲ ဘယ်လောက်၊ ကန့်ကွက်မဲ ဘယ်လောက်၊ ကြားနေက ဘယ်လောက် မကွဲပြားဘူး။

    __ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်
    video..Khu Daun


    ထားဝယ်သားများဒုတ်/ဓါးများကိုင်ပြီး ထားဝယ်ဖွံ့ဖြိုးမှုအများပိုင်ကုမ္မဏီသို့ ဆန္ဒပြခြင်း

    Posted: 15 Jul 2012 10:34 PM PDT

    ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှ ကျေးရွားသူ၊ ကျေးရွားသား(၅၀)ကျော်ခန့်သည် ၂၀၁၂ခုနှစ်၊ဇူလိုင်လ(၁၄)ရက်နေ့တွင်ထားဝယ်ဖွံ့ဖြိုးမှုအများပိုင်ကုမ္မဏီမှဟိုတယ်ဆောက်ရန်မြေနေရာတွင် မြေတူးစက်ကြီးများဖြင့် လမ်းဖောက်လုပ်ခြင်းကို ကျေးရွာသူ/သားများမှ(၀၉၀၀)ချိန် မှ(၁၁၃၀)နာရီချိန်ထိဒုတ်/ဓါးများကိုင်ဆောင်ပြီး ဆန္ဒပြရာ လမ်းဖောက်ခြင်းလုပ်ငန်းရပ်ဆိုင်းသွားသဖြင့် (၁၂၀၀)ချိန်ခန့်တွင် ရွာသူ၊ ရွာသားများမှ ကျေးရွာ ဓမ္မာရုံတွင်စုရုံပြီး နိုင်ငံတော်သမ္မတထိ တင်ပြသွားရန် ဆွေးနွေးခဲ့ကြပါသည်။

    ထားဝယ်ဒေသဖွံ့ ဖြိုးမှုအများပိုင်ကုမ္မဏီမှ ကျေးရွာသူ/သားများအား အစုရှယ်ယာထည့်ခိုင်းပြီးစည်းရုံးကာ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ထားဝယ်အများပိုင်ကုမ္မဏီမှ ထားဝယ်ခရိုင်အတွင်း မြေသိမ်းဆည်းမှုများမှာဧကပေါင်း(၅၀၀၀၀)၀န်းကျင်အထိရှိ ပါ သည်။

    သိမ်းဆည်းခံရသောကျေးရွာများသို့လည်းလမ်းဖောက်ပေးခြင်း၊စာသင်ကျောင်းများဆောက်ပေးခြင်းတံတားများကောင်းအောင် လုပ်ပေးခြင်း များပြုလုပ်ပေးမည်ဟု အကြောင်းအမျိုးမျိုးပြကာ လိမ်ညာကာ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ ထားဝယ်အများပိုင်ကုမ္မဏီမှ လူကြီးများကို သုံး သပ်ရမည်ဆိုရင် လက်ရှိတာဝန်ယူထားသူ များမှယခင်ကထားဝယ်ဒေသကောင်းကျိုးအတွက် ဆောင်ရွက်ပေးတာမရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်အများဆုံးပါဝင်သဖြင့် ရွေးကောက်ပွဲကာလများတွင်လည်း ကျေးရွားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမည်ဟုအကြောင်းပြကာ ဆောင်ရွက် ပေးခြင်းမရှိဘဲလိမ်လည်ခြင်း၊ဥက္ကဌတာဝန်ထမ်းဆောင်သူဦးခင်စိုးမှာလည်းစိတ်ဓါတ်ကောင်းသူ(၁)ဦးမဟုတ်ကြောင်းပုဂ္ဂိုလ်ရေအရမုန်းတီးပြီးပြောကြားခြင်းမဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟုအကြောင်းပြကာ ဆောင်ရွက်ပေးခြင်းမရှိခြင်း၊ဦးခင်စိုးနာမည်ခံကာ မြေများလိုက်လံသိမ်းဆည်းခြင်း၊တစ်ဘက်နိုင်ငံသားများသို့ ရောင်းစားရန်ကြံစည်ခြင်း၊ သိမ်းဆည်းထားသော မြေများကိုလည်း ယခုထိတိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
    မရှိ ကြောင်း တွေ့ရှိရပါသဖြင့် ထားဝယ်သားများ စည်းလုံးကြရန် လိုအပ်ပါသည်။
    ထားဝယ်ကိုကိုကြီး


    ခြေစစ်ပွဲအောင် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကိုရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်(ဓာတ်ပုံ)

    Posted: 15 Jul 2012 11:35 AM PDT

    ဇူလိုင် ၁၅ ရက်ညက ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ခြေစစ်ပွဲအောင် မြန်မာ ယူ-၂၂ အသင်း ဂုဏ်ပြုပွဲကို တက်ရောက်လာတဲ့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် (မကြာခင် ဒုတိယသမ္မတအဖြစ် လျာထားခံရသူ) ဦးမြင့်ဆွေကို တွေ့ရစဉ်။
    ဇူလိုင် ၁၅ ရက်ညက ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ခြေစစ်ပွဲအောင် မြန်မာ ယူ-၂၂ အသင်း ဂုဏ်ပြုပွဲကို တက်ရောက်လာတဲ့ ဖိုးလပြည့်။ (တိုက်ပုံအမည်းနဲ့လူကပန်းဖြူနဲ့ဇာတ်လမ်းကျော်ခဲ့တဲ့ ဇော်ဝင်းရှိန်ဖြစ်ပါတယ်။ အလယ်ကလူကတော့ ဖိုးလပြည့်ရဲ့ပီအေသဖွယ်အနီးကပ်ရှိနေတဲ့ သူ့သူငယ်ချင်းတစ်ဦးပါ) အဆိုတော် ကောင်းမြတ်လို့ လည်းပြောနေကြပါတယ်
    ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ရဲ့ ဇနီး
    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်။

    Photo..အဘ ဥက္ကာကိုကို


    ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ပါဟု ကလင်တန်ကတိုက်တွန်း

    Posted: 15 Jul 2012 10:13 AM PDT

    ( 13 July 2012 ရက်စွဲပါ Reuters မှ Arshad Mohammed ရေးသားသော Keep up reforms, Clinton urges Myanmar ကိုဘာသာပြန်ဆိုသည်)

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က မြန်မာနိုင်ငံသမ္မတအားစီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကို ဆက်လက် ဖက်တွယ်ထားရန် တိုက်တွန်းခဲ့သည်။

    "ကျွန်မတို့ကတော့ ဒီအတိုင်း ဆက်သွားစေလိုပါတယ်။ ကျွန်မတို့အားလုံး ကတိတွေပေးပြီးသားပါ"ဟု ကလင်တန်က ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    ကလင်တန်နှင့် ဦးသိန်းစိန်တို့သည် အမေရိကန်ပြည်ထောင်စုက အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ငွေကြေး ဝန်ဆောင်မှုများပေးခွင့်ပြုရန် အရေးယူမှုများဖြေလျော့ပေးပြီး နှစ်ရက်အကြာတွင် ကမ္ဘောဒီးယားနိုင်ငံ Siem Reap ၌ ပြုလုပ်သော စီးပွားရေးကွန်ဖရင့်တွင် တွေ့ဆုံခဲ့ကြသည်။

    "ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး ရုတ်ခြည်းတိုးတက်လာတာတွေ့ရတာ ကျေနပ်အားရမိပါတယ်။ သမ္မတအိုဘားမားက အရေးယူမှုတွေ ဖြေလျော့ပေးတာကိုလည်း ဝမ်းသာပါတယ်"ဟု ၎င်းတို့နှစ်ဦး စကားမပြောမီ ဓါတ်ပုံအရိုက်ခံရာတွင် ဦးသိန်းစိန်က ပြောကြားခဲ့သည်။

    "ရာစုနှစ်တဝက်ခန့်အကြာယနေ့အချိန်မှာတော့ မြန်မာနိုင်ငံဟာငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းရေးကတဆင့် နိုင်ငံတော်အသစ် တည်ဆောက်ဖို့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပါပြီ၊ စစ်အုပ်ချုပ်ရေးမှတဖြည်းဖြည်း ပြောင်းလဲပြီး၊တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ကိုင်ရင်းဒီမိုကရေစီခေတ်သစ်ဆီကိုသွားနေတဲ့အချိန်မှာ မြန်မာနိုင်ငံဟာအရေးကြီးလှတဲ့လမ်းဆုံလမ်းခွကိုရောက်နေပါပြီ"ဟုဦးသိန်းစိန်ကကွန်ဖရင့်တွင် ပြင်ဆင်လာသော မိန့်ခွန်းအား ပြောကြားသည်။

    သမ္မတအိုဘားမားကအရေးယူမှုများ ဖြေလျော့ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကိုထောက်ခံသော အားကောင်းသည့် လက္ခဏာတစ်ခု ဖြစ်သည်။ သို့သော် အိုဘားမားကပြောကြားရာတွင် မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသော လုပ်ဆောင်မှုများတွင် ပွင့်လင်းမြင်သာမှုမရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်စီးပွားရေးတွင် စစ်တပ်၏ကဏ္ဍတို့နှင့်ပတ်သက်၍ ကြီးစွာစိုးရိမ်မှုများရှိဆဲ ဖြစ်ကြောင်းပြောခဲ့သည်။

    သစ်၊ ကျောက်မျက်ရတနာ၊ ဓါတ်ငွေ့တို့ကြွယ်ဝသော နိုင်ငံတွင်ကျယ်ပြန့်စွာ ဆင်းရဲမွဲတေလျက်ရှိသော်လည်း မိသားစု(၂၀)ပင်မရှိသော မြန်မာခရိုနီ အရင်းရှင်များသည် စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကူအညီဖြင့် ကြီးပွားချမ်းသာလျက်ရှိကြသည်။

    ကလင်တန်နှင့် ဦးသိန်းစိန်တို့သည် တစ်နာရီခန့်တွေ့ဆုံခဲ့ကြောင်း အကြီးတန်းအမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ကလင်တန်က ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်း များ မှ ဝန်ထမ်း(၁၀)ဦးခန့်ကို ဖမ်းဆီးထားပြီး၊ အချို့ကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းများအပေါ် စိုးရိမ်မှုကိုပြောခဲ့ကြောင်း ပြောသည်။

    ကလင်တန်ကကွန်ဖရင့်တွင်စကားပြောကြားခဲ့ရာတွင်ဦးသိန်းစိန်အားအချိန်တိုအတွင်းခရီးအများကြီးရောက်အောင် ရွေ့နိုင်ခဲ့သောခေါင်းဆောင်ဟု ချီးကျူးခဲ့သည်။

    ကလင်တန်က မြန်မာဟုအမည်တပ်ခြင်းမရှိဘဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏အရေးကြီးမှု၊ စီးပွားရေးနှင့် ပတ်သက်၍ ကောင်းမွန်သော လုပ်ပုံကိုင်ပုံများ၏ အရေးကြီးမှုနှင့် ၎င်းတို့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပုံတို့ကို အလေးအနက်ထား ပြောကြားခဲ့သည်။

    "အစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသောဒေသနှင့် ရေတိုအတွက်သာတိုးတက်မှုရှိသော တစ်ဦးနှင့် တစ်ဦးကြား မှ ခြားနားချက်များမှာစံများနှင့် တစ်ဦးချင်းပိုင်ဆိုင်မှုအကာအကွယ်ပေးခြင်း၊ လူတိုင်းအတွက်ညီမျှသော လုပ်သာကိုင်သာ မှု သေချာစေမည့်ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများဖြင့် ခန့်မှန်းရလွယ်ကူစေခြင်း တို့ဘဲ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

    ဦးသိန်းစိန်ကပြောကြားရာတွင် ၎င်းသည်ပြုပြင်ပြောင်းလဲရေးအတွက် ကတိကဝတ်များပေးပြီးဖြစ်ကြောင်း၊ စီးပွားရေးကို လစ်ဘရယ်ဖြစ်စေခြင်း၊ ဆန္ဒပြခြင်းများ၊ ခွင့်ပြုခြင်းနှင့် ဒီမိုကရေစီစနစ်ဆီသို့ ချီတက်ခြင်းများကို ကြိုးပမ်း လုပ်ဆောင်ခဲ့ကြောင်း သို့သော် နိုင်ငံခြားတိုင်းပြည်များက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုများနှင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများထံမှ ရန်ပုံငွေများမရရှိမှုနှင့်ပတ်သက်၍ စောဒကတက်ခဲ့သည်။

    "မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးတဲ့နောက် မြန်မာပြည်သူများဟာ တိုင်းပြည်မှာ စစ်မှန်တဲ့ ပြောင်းလဲမှုများကို မြင်တွေ့လိုပါတယ်"ပာု သမ္မတဦးသိန်းစိန်က အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။
    yangonchronicle


    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    No comments:

    Post a Comment