Tuesday 17 July 2012
    ၈၈မျိုးဆက်ကျောင်းသားများ၏ စေတနာဝဿန် ရံပုံငွေ ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်ရေးအတွက် ဂီတအနုပညာရှင်များနှင့် ၈၈မျိုးဆက်များ တွေ့ဆုံမိတ်ဆက်ပွဲအမှတ်တရ(ဓာတ်ပုံ)
    Posted: 17 Jul 2012 12:22 AM PDT
    ၂၀၁၂ခုနှစ်၊စက်တင်ဘာလ၊၁ရက် နေ့MCCတွင်ကျင်းပပြုလုပ်မည့်၈၈မျိုးဆက်ကျောင်းသားများ၏ စေတနာဝဿန် ရံပုံငွေ ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်ရေးအတွက် ဂီတအနုပညာရှင်များနှင့် ၈၈မျိုးဆက်များ တွေ့ဆုံ မိတ်ဆက်ပွဲ တွင် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ခဲ့ကြပါသည်။
    ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်
    ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၊ ၁ရက် နေ့ MCC တွင် ကျင်းပပြုလုပ်မည့် ၈၈မျိုးဆက်ကျောင်းသားများ၏ စေတနာဝဿန် ရံပုံငွေ ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်ရေးအတွက် ဂီတအနုပညာရှင်များနှင့် ၈၈မျိုးဆက်များ တွေ့ဆုံမိတ်ဆက်ပွဲတွင် တက်ရောက်လာကြသော အနုပညာမောင်နှမများမှ၈၈မျိုးဆက်သို့သူတို့၏အနုပညာအပြင် ငွေကြေးတစ်ချို့ကိုပါ ထောက်ပံ့ကူညီသွားကြပါသည်
    88Generation studients
    ဆန္ဒထုတ်ဖေါ်ပွဲဓါတ်ပုံများ
    Posted: 17 Jul 2012 12:11 AM PDT
    " သမ္မတကြီးဦးသိန်းစိန်သို့ စိုးရိမ်ဖွယ်ရာ ဧရာဝတီတိုင်းရဲ့ အနာဂတ်နေ့ရက်များအတွက် ဧရာဝတီတိုင်းသား တစ်ဦးရဲ့ ရင်ဖွင့်သံ"
    Posted: 16 Jul 2012 08:41 AM PDT
    ကြားဖြတ်ရွေးကောက်ပွဲကာလက မြောင်းမြမြို့နယ် ကန်ကြီးတိုက်နယ်ကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်ဘုတ်တင်နှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားအပြီးနယ်မြေခံ ရဲသားတစ်ဦးမှ ဖွင့်ပြီးကာစ ရုံး အားလိုက်လံ၍ ဓါတ်ပုံရိုက်ခြင်း၊ အိမ်ရှင်များကိုခေါ်၍ စစ်ဆေးမေးမြန်းခြင်း အိမ်သားများကို တန်းစီ၍ ဓါတ်ပုံ များ ရိုက်ယူခြင်းဒေါ်အောင်ဆန်းစုကြည် နှင့် မန်းဂျော်နီ ပုံပါသည့် ပိုစတာများအား ဓါးနှင့် ခုတ်ဖြတ်၍ အဖျက်ဆီးခံခဲ့ရခြင် စသည့် မင်းမဲ့စရိုက်ဆန်သည့် လုပ်ရပ်များဖြစ်ပေါ်ခဲ့ပြီး သူ့ရဲ့ပရောဂမကင်းကြောင်းပြောဆိုနေကြပါတယ်..
    အငြိမ်းစားသစ်တောဝန်ထမ်းဧရာဝတီတိုင်းသားတစ်ဦးမှ ဒေါင်းမာန်ဟုန်ဆိုဒ်သို့ပေးပို့တဲ့စာကိုတင်ပြလိုက်ပါတယ်....
    ကျွန်တော်သည် မြစ်ဝကျွန်းပေါ် ဒေသတွင်ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကထဲက ၀ါသနာပါခဲ့သော သစ်တောတက္ကသိုလ်သို
့တက်ရောက်ခဲ့ပြီးသစ်တောသိပံ္ပဘွဲရရှိခဲ့ပြီးမိမိတိုင်းမှာပြန်လည်ထမ်းဆောင်ခွင့်မရပဲမြန်မာပြည်အနှံတာဝန်ထမ်းဆောင်ခဲ့ရာမှယခင်သစ်တောဝန်ကြီးဟောင်းဗိုလ်မှုးချုပ်သိန်းအောင်သစ်တောသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ချိန်မှစလို့ ဦးသိန်းအောင်ခေါ်လာတဲ့ ဗိုလ်မှုးကြီး ၊ဗိုလ်မှုးလေးတွေနဲ့ ဗိုလ်ကြီးပေါက်စလေးတွေ ရဲ့ နေရာယူမှု့ ၊ဦးသိန်းအောင်မိန်းမနဲ့ သမီးကို ကပ်ဖားနိင်သူများ သာ ရာထူးရရှိမှု့တွေနဲ့ သစ်တောဝန်ကြီးဌာနတခုလုံးလဲ ပျက်စီးခဲ့ရပါတယ်။
    ရာထူးနေရာယူမှု့တွေ၊စီးပွားရေးလက်ဝါးကြီးအုပ်မှု့တွေကြောင့် ကျွန်တော်တို့ သစ်တောကျောင်းဆင်းများအားလုံး နင်းပြားဖြစ်ပြီး စိတ်ဆင်းရဲခဲ့ရတာ အားလုံးအသိပါ။
    အထင်ရှားဆုံး ဥပမာပြောရမယ်ဆိုရင် သစ်တောဦးစီးဌာနမှာ ညွန်မှုးရာထူးဆိုတာ ပင်စင်ယူခါနီး(၃)-(၄)နှစ်လိုမှ ရကျတာပါ။ဦးသိန်းအောင် ရဲ့ တပည့်တွေကတော့ ဘွဲ့ရစရာတောင်မလိုပဲ ညွန်မှုးရာထူးကို အလွယ်တကူရကျပါတယ်။
    FORESTER များနဲ့ ထာဝစဉ်ကြိုးစားပြီး နိုင်ငံရဲ့ ၀င်ငွေရှာရတဲ့ သစ်ထုပ်လုပ်ရေးဌာနမှာလဲကျွန်တော်တို့ FORESTER များ တသက်လုံးကုန်းရုန်းပြီးပင်စင်ယူခါနီးအထိတောထဲတောင်ထဲမှာနေခဲ့ပြီးကြိုးစားပြီးအားထုပ်ကုန်းရုန်းအပင်ပန်းခံခဲ့ရလေသမျှ ပင်စင်ယူခါနီးကျတော့ ဦးသိန်းအောင်ခေါ်လာတဲ့ မိုးကျရွေကိုယ်ဗိုလ်ကြီးဗိုလ်လေးတွေက နေရာအခန့်သားဝင်ယူပြီး ကျွန်တော်တို့ကို နှိမ့်ချလေတော့ FORESTER မိသားစုများ မျက်နှာငယ်စွာ ရင်နာစွာနဲ့ အလုပ်ကထွက်ခဲ့ကြရသူတွေ မနည်းပါဘူးခင်ဗျာ။
    အထူးသဖြင့်ဦးသိန်းအောင်လက်ထက်မှာတော့သစ်တောဘွဲရတွေကိုမသုံးပဲသစ်တောအကြောင်းနားမလည်ပဲဘာမှမတတ်တဲ့သူ လူယုံတွေ နဲ့ သစ်တောတွေကို အကုန်ပြောင်သွားအောင်ခုတ်ပြီး သူတို့ မိသားစု နဲ့ လူယုံ လက်တဆုတ်စာ နဲ့စီးပွားရေး သောင်းကျန်းပြီး တိုင်းပြည်ကိုဖျက်သွားတယ်ဆိုတာ အထောက်အထားတွေနဲ့ ငြင်းလို့မရပါဘူး။
    အဲဒီကာလရဲ့ သစ်တောတွေပြုန်းတီးမှု့ကိုစစ်ဆေးကြည့်ရှုမယ်ဆိုရင် မြန်မာသမိုင်းမှာ
    မှတ်တမ်းတင်ထားလို့ရပါတယ်။
    ကျွန်တော်တို့ FORESTER ပညာနဲ့ ပြောပြရှင်းပြသမျှလက်မခံပဲ ကိုယ်အလုပ်ကို လုပ်လို့မရလောက်အောင် ဗိုလ်ချုပ်မှုးကြီးသန်းရွေဆိုပြီး ဗိုလ်ချုပ်မှုးကြီးအမိန့်နဲ့ အမြဲချိမ်းခြောက်တားဆီးခဲ့ပါတယ်။
    သူမိသားစု ၊သူတပည့်တွေနဲ့ နီးစပ်ရာလုပ်ငန်းရှင်ကြီးတွေကတော့ ဦးသိန်းအောင် သစ်တောကို ကိုင်သွားတဲ့ (၅)နှစ်အတွင်းအလွန်ချမ်းသာမှု့ကတော့မရေတွက်နိုင်အောင်ချမ်းသာသွားကြတယ်လို့ကြားသိထားရပါတယ်။ကျွန်တော်တို့ကတော့ မပေးနိုင်တော့အဝေးမှာပဲ နေရပါတယ်။
    ကျွန်တော်တို့ သစ်တောတခုလုံး ၀န်ကြီးအဆက်ဆက်နေလာခဲ့သမျှစိတ်ချမ်းသာခဲ့ရပြီး ဦးသိန်းအောင်မိသားစုနဲ့ သူတပည့်တွေကြောင့် စိတ်ဆင်းရဲသောကဖြစ်ပြီး အလုပ်ထဲနေမပျော်ခဲ့ကြပါဘူး။ကိုယ်မှန်နေပါလျှက်နဲ့ ဘယ်အချိန်ငါ့တို့ကို ပြသာနာရှာဒုက္ခပေးမလဲလို့ စိုးထိပ်နေရပါတယ်။
    သစ်တောဝန်ကြီး ဦးသိန်းအောင် ရွေးကောက်ပွဲကာလနေထိုင်ခဲ့သည့် ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် အကုန်ကျခံဆောက်လုပ်ထားသည့် အိမ်
    နိုင်ငံတော်သမ္မတကြီးကဒီမိုကရေစီခေတ်ဖော်ဆောင်လုပ်ကိုင်နေသော်လည်းကျွန်တော်တို့ဧရာဝတီတိုင်းအတွင်းတွင်တော့ ဦးသိန်းအောင်ဝန်ကြီးချုပ်ဖြစ်လာပြီး ထူးခြားသော တိုးတက်မှု့များ ၊ပြောင်းလဲမှု့များမရှိသေးပါခင်ဗျာ။
    အပေါ်ယံ လှုပ်ရှားမှု့လေးတွေနဲ့ ပြည်သူလူထုကို လိမ်လည်ပြီးနောက်တကြိမ်၂၀၁၅ကျလျှင် သူမဲနိုင်ဖို့အတွက် သူကိုယ်ကျိုး အတွက်သာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
    ကျွန်တော်တို့ကတော့ ကိုယ့်နေထိုင်ကြီးပြင်းခဲ့ရာ ဆန်ရေစပါးပေါများတဲ့ ဧရာဝတီတိုင်းကိုတိုးတက်ဖွံဖြိုးစေချင်တဲ့ဆန္ဒနဲ့ စိတ်ဝင်တစားစောင့်ကြည့်နေမိပါတယ်။
    ဧရာဝတီလွတ်တော်ဥက္ကဌသည်လည်း တပ်မတော်မှအငြိမ်းစားယူထားသောပုဂ္ဂိုလ်ဟု သိရပါသည်။ဂျာနယ်တခုထဲတွင် ဦးသိန်းအောင်ရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ ညစ်ကျယ်မှု့များ ကို ဖွင့်ချထားပြီး ဧရာဝတီတိုင်းလွတ်တော်ဥက္ကဌမှ တရားစွဲဆိုထားတယ်လို့ ဖတ်ရှု့လိုက်ရပါတယ်ခင်ဗျာ။
    ဦးသိန်းအောင်ရဲ့ စိတ်နေသဘောထားကို လေ့လာထားမိလို့ အခုလဲ ဧရာဝတီတိုင်းမှာ စစ်တပ်ကလာကျတဲ့သူ အချင်းချင်းတောင် သီးမခံနိုင်အောင်လုပ်နေတယ်ဆိုတာ သဘောပေါက်လက်ခံလိုက်ပါတယ်။
    ဦးသိန်းအောင် သစ်တောကို စရောက်လာတဲ့ အချိန်မှာ စွမ်းအင်ကနေ တပည့် (၄)ယောက်ပါလာပါတယ်။ ဦးအေးမြင့်မောင် ၊ဦးလွင်ဦးမောင်၊ ဦးပုံဇာစွမ်းနဲ့ ဦးသန်းဦးဆိုတဲ့ကိုယ်ရေးအရာရှိပဲဖြစ်ပါတယ်။
    အဲဒီလူတွေကိုရှာကျွေးနိုင်တဲ့သူမိသားစုကို ဝေယျာဝစ္စလုပ်ပေးနိုင်တဲ့ နောက်ထပ်ပေါ်လာတဲ့တပည့်တွေကတိုက်ထုပ်လိုက်လို့ အားလုံးစိတ်ဆင်းရဲစွာနဲ့ အဝေးသို့လွင့်ထွက်သွားကြပါပြီခင်ဗျာ။
    ကျန်တဲ့ ဌာနတွင်းမှာလဲ ဘယ်သူနဲ့မှ မတည့်ပဲ သူတပည့်များ ပြောသမျှ မစဉ်းမစားပဲဖြုတ်ထုပ်သတ်ခဲ့တဲ့ အတွက် မိသားစုများ ဘ၀ပျက်ဒုက္ခရောက်ခဲ့ရတာ မနည်းတော့ပါဘူး။
    ဌာနတွင်းလဲ အကြောက်တရားနဲ့ အုပ်ချုပ်ပြီး သူမိန်းမ သူသမီးတွေနဲ့ သူတပည့် ဗိုလ်မှုးကလေးမောင်ငွေလင်မယား နဲ့ အဆင်မပြေသူများဟာ အဝေးသို့ပြောင်းရွေ့ရတာထုံးစံဖြစ်ခဲ့ပါတယ်။
    ပိုဆိုးတာကဗိုလ်မှုးလေးမောင်ငွေလင်မယားကြောင့်ဦးသိန်းအောင်ရဲ့တပ်တွင်းနေစဉ်ကထဲကသားသမီးပမာနေလာတဲ့ဗိုလ်ကြီးသန်းဦးပါ လွင့်စင်ထွက်သွားရပါတယ်.။
    ကျွန်တော်တို့ နယ်တွေသို့ ဦးသိန်းအောင်မိသားစု ခရီးထွက်လာလျှင်လည်းနောက်တော်ပါတပည့်တွေကို ပါ ကြောက်ရွံပြီးကျန်ဝန်ထမ်းများမှပြုစုလုပ်ကျွေးခဲ့ရပါသည်။ဦးသိန်းအောင်၏ဇနီးနှင့်သားသမီးများမှာလည်းအလွန်မောက်မာလှပါသည်။အောက်ခြေ၀န်ထမ်းများအပေါ်ဆက်ဆံရေးလုံးဝမကောင်းပါခင်ဗျား။
    ယခုလည်း ဧရာဝတီတိုင်းရှိ ၀န်ကြီးများ၊လွတ်တော်မှအဖွဲ့များ၊ညွန်မှုးများ နှင့်ကတော်များဦးသိန်းအောင်ဇနီးနှင့်သမီးများ တပည့်အပေါင်းအပါများကို ရွံကြောက်ပြီးစိတ်ဆင်းရဲ့နေကျရပါသည်ခင်ဗျား
    သစ်တောဌာနမှာရော မြန်မာသစ်လုပ်ငန်းဘက်မှာပါ အောက်ခြေအဆင့်ဆင့်ကနေ စပြီးကြိုးစားလာရတဲ့ ၀န်ထမ်းတွေကို ပေးသင့်တဲ့ရာထူးနဲ့ထိုက်တန်စွာ လုံးဝမပေးပါပဲ ဦးသိန်းအောင်မိသားစုနှင့် သူခေါ်လာ့တဲ့ ဗိုလ်မှုးကလေးမောင်ငွေတို့နှင့် အဆင်ပြေသော လူမျိုးတွေကို နေရာကောင်းများပေးပြီး ကျွန်တော်တို့လို FORESTER များကို နှိမ့်ချထားခဲ့ပါတယ်။
    ယခုလဲ သစ်တောသို့ရောက်သော အချိန်မှစပြီး သစ်တောဌာန တခုလုံး စိတ်ဆင်းရဲအောင် နှိပ်စက် ဒုက္ခပေးခဲ့ပါသည်။ ယခု သစ်တောဝန်ကြီးဖြစ်နေသူ ဦးဝင်းထွန်းနှင့်လည်း အဆင်မပြေဘူးဟုကြားသိရပြီး ဦးဝင်းထွန်းနှင့်သူမိသားစုမှာ မြန်မာသစ်လုပ်ငန်းတွင်နေထိုင်စဉ်ကထဲက ရိုးသားအေးဆေးပြီး ၀န်ထမ်းများအပေါ်ညှာတာစွာဆက်ဆံတတ်သော စိတ်ရင်းကောင်းမွန်သောပုဂ္ဂိုလ်ဟု ကျွန်တော်တို့သိရှိခဲ့ဖူးပါသည်။လူတိုင်းနှင့် အဆင်ပြေသော ဦးဝင်းထွန်းအား သူတပည့်ကိစ္စဖြင့် နည်းမျိုးစုံဖြင့် ရန်ရှာ သိက္ခာချနေသည်ကိုလည်း လူတိုင်းသိရှိနေကျပြီးဖြစ်ပါသည်။
    အခုတဖန် ဧရာလွတ်တော်ဥက္ကဌနှင့်လည်းအဆင်မပြေခြင်းများကိုဂျာနယ်တွင်လွတ်တော်ဥက္ကဌမှပြောကြားထားသည်ကို ဖတ်ရှုရပါသည်.။
    ဧရာဝတီတိုင်းတွင်း တိုင်းညွန်မှုးများလည်း လွန်စွာစိတ်ညစ်နေကျကြောင်းကြားသိနေရပါသည်။
    ဒီလိုပုံစံနဲ့သာဆိုရင်ကျွန်တော်တို့ဧရာဝတီတိုင်း၏တိုးတက်ဖွံဖြိုးရေးမှာ(၁)နှစ်အတွင်းမည်ကဲ့သို့မှတိုးတက်ပြောင်းလဲလာခြင်းမရှိ ပါပဲ သူ့ကိုယ်ကျိုးနှင့် ၂၀၁၅ မဲရရှိရေး အနိုင်ရရေးသာ ကြိုးစားနေသော ၀န်ကြီးချုပ်ဦးသိန်းအောင်အကြောင်းကို အမှန်အတိုင်း သိရှိစေရန် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့်တကွ လူကြီးများသိရှိစေရန် တင်ပြအပ်ပါသည်ခင်ဗျား။
    လေးစားစွာဖြင့်
    အငြိမ်းစားသစ်တောဝန်ထမ်းဧရာဝတီတိုင်းသားတစ်ဦး
    သတင်းအတွက်တာဝန်ယူပါတယ်
    ဖြစ်ရပ်မှန်ပါ။
    စုံစမ်းလို့ရပါတယ်။
    ၂၀၁၅တွင် တရားသဖြင့် ရွေးကောက်ပွဲဖြစ်စေလိုပါတယ်။
    လူမှုရေးကွန်ယက်
    Posted: 16 Jul 2012 08:09 AM PDT
    လူမှုရေးကွန်ယက်
    လူမှုရေးသမားတစ်ဦးခြင်းသော်၎င်း၊ လူမှုရေးအသင်းအဖွဲ့များသော်၎င်း၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးဆပ်ရာတွင် အခက်အခဲ အနှောင့်အယှက်များ ကြုံတွေ့ရမြဲပင်ဖြစ်သည်။ ထိုကဲ့သို့ ကြုံတွေ့ ရသော လူမှုအခက်အခဲများလည်း မြန်မာပြည်အနံ့ရှိ လူမှုရေးအဖွဲ့အစည်းများတွင် ရှိနေတတ်သည်။
    ဤကဲ့သို့သော . . . မည်သို့ ကူညီမရမည်နည်း။
    မည်သို့ ပေးဆပ်ရမည်နည်း။
    ရင်ဆိုင်ရမည်နည်း။
    ဖြေရှင်းရမည်နည်းဆိုသော မေးခွန်းများ နေ့စဉ် ကျွန်တော်တို့ နာရေးကူညီ မှုအသင်း(ရန်ကုန်)တွင် ပေါ်ပေါက်နေဆဲဖြစ်သည်။
    ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၉.၇.၂ဝ၁၂ ရက်နေ့၌ မြန်မာတ ပြည်လုံးရှိ စာရင်းပေးသွင်းထားသော မြို့ပေါင်း (၁၃) မြို့မှ လူမှုရေးသမားများ (၄၅) ဦးတို့အား ဒုတိယ အကြိမ်မြောက် လူမှုရေးစွမ်းအင်မြှင့်သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စခန်းသွင်း၍ သက်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းကာ လူမှုရေးလုပ်ဆောင်မှုများဖြစ်သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် (အခမဲ့) ထမ်းရွက်ပေးမှုများနှင့် လူမှုရေးသမားများထားရှိရမည့် စိတ်ဓါတ် ရေးရာ၊ စောင့်ထိမ်းရမည့် အကျင့်သီလ ကိုယ်ကျင့်တရားများအပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ Activities of F.F.S.S and F.F.S.S Biography အား Projecter ဖြင့် ပြသရှင်းလင်းခြင်း၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ Buddhism and Humanism၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ Aims and Objectives of life၊ ဒေါ်သီတာမှ Interpersonal Skills၊ ဦးသန်းနိုင်မှ Water Filtration System Demonstration Workship Training၊ ဦးဖူးကျော်ဇင်(Future Wave)မှ Leadership Skill၊ ဒေါ်စီစီမာမှ Financial Rules၊ ဦးလွင်ကိုလတ်နှင့် ဦးစိုင်းရဲကျော်စွာမြင့် တို့မှ Civil Society၊ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာ တို့မှ Production of Organic Shampoo and Liquid soap၊ ဦးမန်းသိုက်ထွန်းမှ Human Right ၊ ဦးကျော်ဇောနိုင်မှ Legal Knowledge and Community Awareness နှင့် ဒေါက်တာထွန်းလွင်မှ မိုးလေဝသဆိုင်ရာပညာရပ်များအား သင်တန်းကာလ (၆) ရက်ကြာမြင့်စွာ လက်ဆင့်ကမ်း၍ မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးသမားများအတွက် သင်တန်းဖွင့်လှစ် ပို့ချသင်ကြားခဲ့သည်။
    နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှတ်စဉ် (၂/၂ဝ၁၂) ပရဟိတအသင်းများ စွမ်းရည်မြှင့်သင် တန်းသို့ သန်လျင်မြို့နယ်ရှိ "သန်လျင်နာရေးကူညီမှုအသင်း" နှင့် "ရွှေသန်လျင်သာသနာ့ရိပ်သာ လူငယ် ပရဟိတအကျိုးဆောင်အဖွဲ့"၊ ဒလမြို့နယ်ရှိ "ဒလနာရေးကူညီမှုအသင်း"၊ "သံသရာခရီးသည် နာရေး ကူညီမှုအသင်း"၊ မှော်ဘီမြို့နယ်ရှိ "မြို့မ(အခမဲ့) နာရေးကူညီမှုအသင်း"၊ မကွေးတိုင်းရှိ "နတ်မောက် နာရေးကူညီမှုအသင်း"၊ "ကံဦးသွေးလှူရှင်များအဖွဲ့"၊ "နာမ့်ခုံးရှမ်းများပရဟိတအသင်း"၊ "ထုံးဘိုနာရေး ကူညီမှုအသင်း"၊ "ပဲနွယ်ကုန်း 100 Power လူငယ်များအဖွဲ့"၊ "ဖယ်ခုံ - လောက ပါလ လူမှုကူညီရေး"၊ "မြစ်ကြီးနား - အောင်နန်းနာရေးကူညီမှုအသင်း"၊ "နမ္မတီးနာရေးကူညီမှုအသင်း"၊ "တနိုင်းနာရေးကူညီမှု အသင်း"၊ "သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)"၊ "ဖျာပုံ-ကရုဏာရှင်နာရေးကူညီမှုအသင်း"၊ "မလှိုင်မြို့ - ပန်းအိုင်နာရေးကူညီမှုအသင်း"၊ "ညောင်ဦးမြို့ - ကရုဏာရှင် (အခမဲ့) နာရေးနှင့်ဆေးခန်း"၊ "နေပြည်တော်၊ သာဝတ္တိမြို့ရှိ "ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေး"၊ သနပ်ပင်မြို့ရှိ "ကုလားချောင်းကြီးရွာ နာရေးကူညီမှုအသင်း" နှင့် "စေတနာရှင် နာရေးကူညီမှု"၊ မိုင်းရှူးမြို့ရှိ "မေတ္တာရှင် လူငယ်များ သာမှု/ကူမှု ကူညီရေးအသင်း"၊ ထုံးဘိုမြို့၊ မြောင်အုပ်စုရှိ "ဖူးရွှေစင်နိုင်ရတနာ လူမှုကူညီရေး"၊ တောင်သာမြို့ရှိ "လူမှုကူညီရေးအသင်း" အစရှိသည့် အသင်းအဖွဲ့ (၂၅) ဖွဲ့ရှိ လူမှုရေးသမား (၄၅) ဦးတို့အား သင်တန်း ကာလ (စ/ဆုံး) နေ့လည်စာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဧည့်ခံကျွေးမွေးခဲ့ပြီး နယ် အသင်းအဖွဲ့ များအတွက် နေထိုင်မှု၊ စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စရပ်ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
    ယင်းနောက် ဦးရဲလွင် ဦးဆောင်သည့် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်နှင့်အတူ ကိုဆောင်းဦးလှိုင်မှလည်း လာရောက်၍ ဂီတသံစဉ်တို့ဖြင့် လူမှုခွန်အားများကို မြှင့်တင်ပေးခြင်းတို့အပြင် ညပိုင်းအချိန်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ စုဆောင်းရရှိထားသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖြစ်ရပ်မှန်၊ အတ္ထုပ္ပတ္တိဇာတ်လမ်းများအား ပြသကာ မိမိတို့၏ လူ့အဖွဲ့အစည်း ပိုမို တိုးတက် သာယာငြိမ်းချမ်းရေးကို ရှေးရှု၍ ကျယ်ပြန့်ကွဲပြားသော အသိပညာ၊ အတွေးအမြင်၊ အကြောင်း အရာ၊ အတွေ့အကြုံများကို ရှာဖွေလေ့လာ၍ ဆွေးနွေးခြင်း၊ အဖြေရှာခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း မျှဝေခြင်း ဖြင့် အဖွဲ့အစည်း၊ ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ အပြုအမူများကို တတ်အားသဖြင့် လုပ်ဆောင်နိုင် ကြစေရန် နှင့် သင်ခန်းစာ ရယူနိုင်ကြစေရန်အတွက် ပြသခဲ့သည်။
    သင်တန်းပြီးစီးသည့် နေ့ရက်တွင် နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ပရဟိတ စွမ်းရည်မြှင့်သင်တန်း ဆင်းပွဲကျင်းပခဲ့ပြီး သင်တန်းသား/သူများအတွက် သင်တန်းဆင်းလက်မှတ်များအား နာရေးကူညီမှု အသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး နေ့လည် (၁းဝဝ) နာရီအချိန်တွင် သင်တန်းသား/သူများတို့အား လေ့လာရေး ခရီးစဉ် အဖြစ် ရေဝေးသုဿန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခွဲနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီ ဖေးမမှု အသီးသီးတို့အား လိုက်လံပြသခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)အား မျိုးစေ့ချ ပေးခဲ့သော ကျေးဇူးရှင် ဘဘဦးသုခ၏ အုတ်ဂူအားသွားရောက်၍ ဂါရဝပြုကြကာ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ညနေ (၄း၃ဝ) နာရီတွင် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိလာကြပြီး ပရဟိတအသင်းအဖွဲ့များ စွမ်းရည်မြှင့်သင်တန်း ၂/၂ဝ၁၂ အခမ်းအနားအား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
    ၁၅.၃.၂ဝ၁၂ ညပိုင်းနှင့် ၁၆.၇.၂ဝ၁၂ နံနက်ပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိမိတို့ နေရပ် ဋ္ဌာနအသီးသီးသို့ တက်ကြွသောခြေလှမ်း၊ ဖေးမမည့်နှလုံးသား၊ ပံ့ပိုးမည့်လက်အစုံတို့ဖြင့် မြန်မာပြည် အရပ်ရပ်ရှိ မိမိတို့၏ ဇာတိချက်မြှပ်ရာ နေရာဋ္ဌာနအသီးသီးတို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
    ထို့ကြောင့် ကျွန်တော်တို့၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်ရာတွင် အဓိကကျသော သီလလုံခြုံသော၊ ကိုယ်ကျင့်တရားပြည့်ဝသော လူမှုရေးသမားများ၊ လူမှုရေးအဖွဲ့အစည်း များ ပေါ်ထွန်းလာရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် တစ်ဖက်တစ်လမ်း ပံ့ပိုးမှုများကို
    ကိုယ့်လမ်း … ကိုယ်သွား
    ကိုယ့်အလုပ် … ကိုယ်လုပ်
    ကိုယ့်တာဝန် … ကိုယ်ကျေ
    ကိုယ့်သီလ … ကိုယ်လုံ
    ကိုယ့်သမိုင်း … ကိုယ်ရေး ဟူသောဆောင်ပုဒ် အတိုင်းလက်ခံကျင့်သုံး၍ ကွန်ယက်သဖွယ် ချိတ်ဆက် လက်တွဲကာ ငြိမ်းချမ်းရေး ပန်းတိုင်သို့ လက်တွဲမဖြုတ် ဖေးကူမကာ မြန်မာအရပ်ရပ် ဒေသ အသီးသီးမှ လူမှုရေးအသင်းအဖွဲ့များ လူမှုရေးသမားများအား လက်တွဲခေါ်ယူ ပံ့ပိုးကူညီမှု များကို အင်တိုက် အားတိုက် ချီတက်၍ ပေးဆပ်သွားတော့မည်ဖြစ်သည်။
    ကိုကျော်သူ
    သေဆုံးနေတဲ့မန္တလေးမြို့(၁)+(၂)- ဆောင်းပါးရှင်-ကိုညို(အော်စလို)
    Posted: 16 Jul 2012 07:41 AM PDT
    သူတို့ဟာဗမာပြည်မှာစီပွားရေးချို့တဲ့တာကိုအကြောင်းပြုပြီးငွေအလုံးအရင်းနဲ့ပေါက်ပြီးမြန်မာ့စီးပွားရေးကိုနောက်ဖေးပေါက်ကမွှေနှောက်အမြတ်ထုတ်နေသူတွေလည်းဖြစ်ပါတယ်။ပြည်သူ့ဘဏ္ဍာသယံဇာတတွေကိုအခွန်ရှောင်၊လပ်သိပ်ထိုးပြီးတိုင်းတပါးခိုးထုတ်တယ်။ဒီအတွက်စစ်အာဏာပိုင်တွေ၊မြန်မာလူဝင်မှုရေးရာဝန်ထမ်းတွေ၊အုပ်ချုပ်ရေးအာဏာပိုင်တွေမှာတာဝန်ရှိပါတယ်။  ဒီဖြစ်ပျက်မှုအားလုံးရဲ့တရားခံအစစ်ဟာအနှစ်၂၀လောက်မြန်မာပြည်ကိုထိမ်းချုပ်ခဲ့တဲ့စစ်အာဏာရှင်တွေနဲ့နောက်လိုက်တွေဆိုတာလည်းပြည်သူတွေကသိထားပါတယ်။ရေရှည်အကျိုးမကြည့်တတ်သလို၊ဥာဏ်အမျော်အမြင်နည်းပါးတဲ့စစ်ဘိုရှုတ်၊ယူနီဖောင်းဝတ်ရော၊အကျွတ်တွေရော၊လူတွင်ကျယ်လုပ်အုပ်ချုပ်နေကြလို့ဗမာလူငယ်တွေကိုယ့်အမျိုးသားစာပေ၊စကားတောင်အလေးမထားနိုင်ဖြစ်နေရတယ်။
    (သွယ်ဝိုက်ပြီးငါလေမပြောချင်….ဗမာ့သမိုင်းများစွာ၊စောင့်ထိန်းခဲ့ရာ….ကျနော်မွေးခဲ့တဲ့မြို့မရှိတော့ပါ……။)
    လူတော်တော်များများကြားဘူးလိမ့်မယ်ထင်တယ်။ရန်ကုန်ကဒီနေ့နာမည်ကြီးတဲ့အဆိုတော်တွေထဲကတယောက်ဖြစ်တဲ့လင်းလင်း၊ရေး-ဆိုထားတဲ့ မန္တလေးမြို့သေဆုံးခြင်း ဆိုတဲ့သီချင်းလေး။
    လွန်ခဲံ့တဲံ့လကမှအင်တာနက်ကတဆင့်ပျံ့နှံ့ပေါ်ထွက်လာလို့ကျနော်လည်းကြားလိုက်တာပါ။
    မန္တလေးရဲ့အစဉ်အလာသမိုင်းကြောင်းတွေးရင်ရှက်နေမိတဲ့အကြောင်း၊အရှေ့ဘက်ကဘာသာစကားမတူ၊အသားဖြူဖြူလူတွေနဲ့တစိမ်းတွေကြားဖုံးလွမ်းနေကိုယ့်ရဲ့ဇာတိအစစ်အမှန်မန္တလေးမြို့ကြီးသေဆုံးသွားပါပြီလို့ရင်နာနာနဲ့ဟစ်ကြွေးထားတဲ့
    သီချင်းလေးပါ။
    ဘယ်သူတွေလည်း….ဒီမြို့ထဲမှာ…ဟိုးအရှေ့ရပ်က..အိမ်နီးချင်းတွေ..၊မျက်လုံးမှေးမှေး..အကြည့်နဲ့ပါ။မေးခွန်းများစွာငါလေတွေးရင်း၊သမိုင်းကြောင်းများစွာငါလေမေးရင်း..နား၂ဘက်ချည်းပိတ်နေမိ၊တစိမ်းတွေနဲ့ဆုံတွေ့နေတဲ့ ငါတို့ရဲ့ မန္တလေးမြို့ သေဆုံးခြင်း…….
    မန္တလေးမြို့ဟာနှစ်ပေါင်း၁၀၀ကျော်အင်္ဂလိပ်လက်အောက်မှာကျခဲ့ပေမဲ့ကိုယ့်ယဉ်ကျေးမှု၊စာပေနဲ့ဘာသာစကားကဒီဘက်ခေတ်မှာလိုခြိမ်းခြောက်တာမခံခဲ့ရပါဘူး။ကိုလိုနီခေတ်ကတည်းကမန္တလေးမှာအထင်ကရရှိတဲ့ရှေးဟောင်းဈေးချိုရုံတော်ကြီးကို
    န၀တဗိုလ်ချုပ်ထွန်းကြည်လက်ထက်ကဖျက်လိုက်ပြီးသူတို့ ပြောတဲံ့ခေတ်မှီ၆ထပ်ဈေးကြီးဆောက်လိုက်တော၊့ပထမဆုံးပေါ်လာတဲ့ဆိုင်းဘုတ်ဟာတရုတ်ဆိုင်းဘုတ်ဘဲဖြစ်ပါတယ်။
    နှစ်ပေါင်း၁၀၀ကျော်အုပ်စိုးခဲ့တဲ့အင်္ဂလိပ်စာထက်တရုတ်စာကပိုကဲလာပါတယ်။အင်္ဂလိပ်ဆိုင်းဘုတ်ထက်တရုတ်ဆိုင်းဘုတ်ကပိုများသွားပါတယ်။
    တချိန်ကဘုံကျောင်းတွေမှာဘဲမြင်ရတဲ့တရုတ်စာနဲ့ဆိုင်းဘုတ်တွေဟာဒီနေ့မန္တလေးမြို့လည်အနှံ့ လက်ညို့းညွှန်ရာ၊မျက်နှာမူရာတိုင်းတွေ့နေရပါပြီ။မြန်မာစာမြန်မာစကားထက်၊တိုင်းတပါးစာပေ၊စကားတွေကပိုပြီးတန်ဘိုးကြီးမားသယောင်ဖြစ်နေပါပြီ။
    မန္တလေးယဉ်ကျေးမှုနဲ့သမိုင်းဆိုင်ရာတွေရေးသားလေးရှိတဲ့စာရေးဆရာဆူးငှက်ကမန္တလေးကတရုတ်စာပေယဉ်ကျေးမှုကြီးစိုးလာပုံကိုခုလိုရှင်းပြပါတယ်။
    "အဲနောက်ပိုင်းတော့မန္တလေးလိုနေရာမျိုးမှာစီးပွားရေးအရရော၊တရုတ်ရဲ့လွမ်းမိုးမှုတွေများလာတာပေါ့တရုတ်စာသင်ကြောင်းတွေပေါ့ဗျာ…တရုတ်စာသင်ကျောင်းတွေ။ဗမာကမွေးတဲ့ဗမာခလေးစစ်ကိုတောင်မဖြစ်မနေတရုတ်ကျောင်းပို့တဲ့အထိတွေဖြစ်လာတယ်။
    အလားတူပဲအလုပ်ခေါ်တဲံနေရာတွေမှာတရုတ်စကားပြောတတ်ရမယ်ဆိုတဲံအထိလွှမ်းမိုးမှုတွေကများလာတယ်။
    တဖက်ကဗမာစာအားနည်းမှုတွေပြန်ကြည့်မယ်ဆိုရင်လည်း၊မန္တလေးမှာနိုင်ငံတကာကျောင်းတွေရှိတယ်၊ပိုက်ဆံရှိတဲံ့ခလေးတိုင်းကိုအဲဒီကျောင်းတွေမှာထားတယ်။အဲဒီကျောင်းတွေကဗမာစာမသင်ဘူးဒီတော့ပြည်တွင်းမှာနေတဲံခလေးတွေတောင်ဗမာစကားဗမာစာတတ်ဘို့ကခဲယဉ်းသွားပြီ။ဆိုတော့ဒီခလေးကလည်းနိုင်ငံတကာကျောင်းသွားမယ်။ပြီးတော့တခါတရုတ်စာသင်အုံးမယ်ဆိုရင်စဉ်းစားသာကြည့်ပေါ့။မြန်မာစာမြန်မာစကားကြာရင်ဘာမှကိုကျန်တော့မှာမှုတ်တော့ဘူး။
    ကျနော်အခုနေထိုင်နေတဲ့နော်ဝေးနိုင်ငံအပါအ၀င်၊ဥရောပနိုင်ငံတွေမှာနိုင်ငံစုံက၊လူမျိုးစုံဘာသာစုံ၊အရောင်အသွေးစုံလာရောက်အခြေစိုက်နေထိုင်တာတွေရှိပါတယ်။
    ဒါပေမဲ့သက်ဆိုင်ရာနိုင်ငံရဲ့စာ၊စကားဘဲအသုံးပြုရပါတယ်။မိမိတို့လူမျိုးစာပေ၊စကားနဲ့ယဉ်ကျေးမှုလည်းသင်ကြားခွင့်၊ဖော်ထုတ်ခွင့်ပေးထားပါတယ်၊ဒါကတပိုင်းပါ။ဒါပေမဲ့အဲဒီနိုင်ငံတွင်းလူမှုအဖွဲ့အစည်းနဲ့စာသင်ကျောင်း၊ရုံး၊လုပ်ငန်းခွင်အားလုံးမှာလူမျိုးခြားစာပေ၊စကားတရားဝင်ပြောဆို၊ရေးသားခွင့်မရှိပါ။
    အင်္ဂလိပ်စကားနဲ့စာဒီနိုင်ငံသားတွေလူတိုင်းတတ်ကြပါတယ်။ဒါပေမဲ့ပြောလေ့ပြောထမရှိပါဘူး။အင်္ဂလိပ်လိုဆိုင်းဘုတ်တောင်မရှိသလောက်ရှားပါတယ်။ဒီနည်းလမ်းနဲ့မိမိနိုင်ငံစာပေ၊စကားနဲ့ယဉ်ကျေးမှုကိုထိမ်းချုပ်ထားပါတယ်။
    ကျနော်တို့ဆီမှာကရေရှည်အကျိုးမကြည့်တတ်သလို၊ဥာဏ်အမျော်အမြင်နည်းပါးတဲ့စစ်ဘိုရှုတ်၊ယူနီဖောင်းဝတ်ရော၊အကျွတ်တွေရော၊လူတွင်ကျယ်လုပ်အုပ်ချုပ်နေကြလို့ဗမာလူငယ်တွေကိုယ့်အမျိုးသားစာပေ၊စကားတောင်အလေးမထားနိုင်ဖြစ်နေရတယ်။
    အတိတ်ကိုပြန်ကြည့်ရင်၊ကုန်းဘောင်ခေတ်မင်းတုန်းမင်းလက်ထက်ကတည်းကပန်းသေးတရုတ်လူမျိုးတွေဘုရင့်တပ်မတော်မှာအမှုထမ်းအရာထမ်းအဖြစ်ရောက်ရှိခဲ့ပါတယ်။နောက်ပိုင်းအင်္ဂလိပ်လက်ထက်မှာလည်းအိမ်းနီးချင်းယူနန်နယ်ဘွားတရုတ်တွေရေကြည်ရာမြက်နုရာ၊စီးပွားရေးအရအခြေစိုက်လာပေမဲ့၊မိမိတို့မိသားစုစားရေးဝတ်ရေးသက်သက်လာသူတွေဖြစ်ပါတယ်။
    ဒုတိယကမ္ဘာစစ်ပြီးမော်စီတုံးရဲ့ယဉ်ကျေးမှုတော်လှန်ရေးကြောင့်ရော၊ချန်ကေချိတ်အစိုးရထောက်ခံသူတွေမြန်မာနယ်ထဲခိုလှုံခဲ့တာတွေရှိပေမဲ့သူတို့ဟာမြန်မာမှုကိုလေးစားပြီးမြန်မာပြည်ချစ်စိတ်ရှိတဲ့မြန်မာပြည်သားဧည့်ကောင်းတွေဖြစ်ခဲ့ပါတယ်။
    ၁၉၈၈နောက်ပိုင်းမှာတော့မြန်မာပြည်ကမတည်ငြိမ်တဲ့နိုင်ငံရေး၊ဆုတ်ယုတ်နေတဲံစီးပွားရေး၊အာဏာသိမ်းအစိုးရရဲ့နိုင်ငံတကာမှာအထီးကျန်မှုတွေကိုအခြေခံပြီးအရှေ့ကတရုတ်လူမျိုးတွေပြိုဆင်းလာပါတော့တယ်။မှတ်ပုံတင်အတုတွေနဲ့၊
    အိမ်ထောင်စုစာရင်းတွေဝယ်ပြီး(သက်ဆိုင်ရာကိုလဂ်ထိုးပြီး)အုတ်အုတ်သဲသဲဝင်လာတယ်။မြန်မာကျပ်ငွေတန်ဘိုးအဆမတန်ကျဆင်းမှုတွေ၊စီးပွားခြွတ်ခြုံကျမှု၊အာဏာရှင်အောက်ကအမျိုးသားရေးစိတ်ဓာတ်ခေါင်းပါးမှုတွေဟာတိုင်းတပါးသားတွေကိုတခါးမရှိဓားမရှိဖြစ်စေခဲ့ပါတယ်။
    ဆရာဆူးငှက်က…..သူတို့နောက်ကွယ်(backgroun)မှာကနည်းတဲ့ငွေကြေးအင်အားမှမဟုတ်ဘဲ၊ဗမာကအဲဒီအချိန်ငွေတသိန်းဆိုတာတနှစ်လုံးကုန်းရုံန်းရှာတောင်ခဲယဉ်းတဲ့အချိန်၊တရုတ်ကသိန်းပေါင်း၊သန်းပေါင်းများစွာ(ကျပ်ငွေ)သူတို့လက်ထဲရှိနေတာကိုး။ကျနော်တို့ကြားနေတာ၁၉၉၀လောက်ကငွေကြေးအများကြီးထောက်ပံ့ပြီးကြိုက်တာဝင်လုပ်၊အဲလိုနောက်ကွယ်ကလုပ်ပေးနေတာ။ဒါအစီအစဉ်ကျကျလုပ်ခဲ့ကြတာပါ။
    ဒီမှာတသောင်းတန်ကိုတသိန်းပေးလိုက်တယ်။ကျနော်တို့ဘိုးဘွားပိုင်တွေအဲလိုရောင်းချပလိုက်တယ်"
    ပိုဆိုးတာတခုကတရုတ်လုပ်ငန်းရှင်တွေ၊ကုမ္မဏီတွေတရုန်းရုန်းဝင်လာပေမဲ့ဗမာအလုပ်သမားတွေအလုပ်လက်မဲ့ဘ၀ကနေမလွတ်ကျွတ်တာပါဘဲ။သူတို့အလုပ်သမားနဲ့သူတို့အလုပ်ကိုခိုင်းစေပြီးကိုယ့်အိတ်ထဲကိုယ့်ငွေတွေပြန်ထည့်သွားတာပဲ။
    ဒီနေရာမှာအာဖရိကမှာလာရောက်ရင်းနှီးတဲ့တရုတ်အစိုးရစီမံကိန်းတွေကိစ္စပြောပြချင်တယ်။ထုံးစံအတိုင်းအာဖရိကနိုင်ငံတွေကရေအားလျှပ်စစ်စီမံကိန်းတွေ၊စက်မှုလုပ်ငန်းတွေနဲ့စားသောက်ဆိုင်တွေမှာလိုအပ်တဲ့အလုပ်သမားတွေကိုတရုတ်နိုင်ငံကအကျဉ်းသားတွေခေါ်ပြီးခိုင်းတဲံ့အဖြစ်အပျက်ပါ။အချိန်ကာလတခုထိလျော့ရက်ရမယ်၊လွတ်လွတ်လပ်လပ်နေရမယ်၊အစားအနေ၊ဘာမှမပူရဘူးဆိုတော့လစာမပေးပေမဲ့တရုတ်ပြည်ကထောင်သားတွေတော်တော်များများအာဖရိကရောက်ကုန်တယ်။ဒီနည်းနဲ့အာဖရိကပြည်သူတွေရသင့်ရထိုက်တဲ့လစာနဲ့အလုပ်တွေမှာတရုတ်ကကိုယ့်အိတ်ထဲကိုယ်ပြန်ထည့်သွားတာပါဘဲ။
    ကျနော်တို့နိုင်ငံမှာလည်းတရုတ်ကအာဖရိကလမ်းစဉ်သုံးနေပါတယ်။ဆရာဆူးငှက်ပြောတာက…
    "အခု၂၀၀၀ခုနှစ်နောက်ပိုင်းမှာဝင်လာတဲ့တရုတ်တွေဆို…၊အရင်ကမှဗမာအလုပ်သမားခန့်သေးတယ်
    သူတို့ရဲ့စက်ရုံစီမံကိန်း၊ဘာ၊ညာစီမံကိန်းတွေဆိုပညာရှင်ကနေ၊အလုပ်ကြမ်းသမားအထိသူတို့ဆီကတရုတ်တွေအကုန်ခေါ်ချလာတာ၊ဆိုပါတော့အခုဓာတ်ငွေ့ပိုက်လိုင်းစီမံချက်တွေဆိုသူတို့ အလုပ်သမားတွေနဲ့သူတို့လာတာ။ကုလားအုတ်လိုပေါ့ဗျာ။
    သူတို့အကျင့်၊သူတို့လူမျိုးစရိုက်အတိုင်းစီးစီးပိုးပိုးနဲ့အကုန်လုပ်သွားတာ။ရှိသမျှအကုန်သူတို့အိတ်ထဲရောက်အောင်လုပ်သွားတာ"တခါတုံးကကျနော်နယူးဒေလီ(အိန္ဒိယ)ကကြယ်ငါးပွင့်အဆင့်ဟော်တယ်တခုကိုမိတ်ဆွေတယောက်နဲ့တွေ့ဘို့ရောက်သွားတယ်၊အပေါ့သွားချင်လို့ဟော်တယ်ဧည့်ခန်းအနီးသန့်စင်ခန်းကိုသွားပြီးအထွက်မှာလက်ဆေးမလို့ပြင်တော့ဟော်တယ်ဝန်ထမ်းဝတ်စုံအပြည့်နဲ့အိန္ဒိယအမျိုးသားတယောက်ကကျနော့်ကိုလက်ဆေးကန်ရေပိုက်ဖွင့်ပေးတယ်၊ပြီးတော့လက်သုတ်ပုဝါလေးကိုင်ပြီးဘေးမှာရပ်နေတယ်၊ရုတ်တရက်တော့ကျနော်လည်းကြောင်သွားတယ်။နောက်မှသဘောပေါက်သွားတယ်။
    သူတို့ဆီမှာမြားပြားလွန်းတဲံအလုပ်လက်မဲ့ပြဿနာကိုအဲလိုဖြေရှင်းကြပါတယ်။ကုမ္မဏီတွေ၊ပြည်ပကလာရောက်ရင်းနှီးတဲံ့လုပ်ငန်းရှင်တွေ၊စီးပွားရေးသမားတွေကိုမိမိနိုင်ငံက၀န်ထမ်းဘယ်လောက်ဦးရေကို၊ဘယ်လောက်နှုံးထားနဲ့လစာပေးပြီးအလုပ်ခန့်ရမယ်ဆိုတာသဘောတူစာချုပ်ချုပ်လေ့ရှိပါတယ်။ဗမာပြည်မှာအဲလိုကိုယ့်နိုင်ငံသားတွေရဲ့အခွင့်အရေးကိုကာကွယ်တဲ့မူဝါဒတွေရှိဘို့လိုနေပါပြီ။အခုတော့အလုပ်လက်မဲ့ပြဿနာကိုပြည့်တံဆာထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့အကောင်အထည်ဖော်နေသလိုပါဘဲ။ဆရာဆူးငှက်ပြောပြတာကရှင်းပါတယ်။
    လူရော၊ရိက္ခာရော၊အမြတ်အစွန်းရောအကုန်ယူသွားတာတဲ့။"တကောင်းဘက်ကနီကယ်လ်စီမံကိန်းတွေနဲ့ရခိုင်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေမှာဆို၊ဗမာကတရုတ်အလုပ်ကြမ်းသမားအတွက်ပါဝန်ဆောင်မှုပေးရတယ်။
    သူတို့ကဒီမှာရှိတဲ့ဟင်းသီးဟင်းရွက်သားငါးကိုဝယ်စားတယ်။ကျနော်တို့တမတ်၊ငါးမူးအမြတ်နဲ့သူတို့အလုပ်သမား၂ထောင်ရောက်လာလို့ဒီလောက်ရောင်းရတာဆိုပြီးဝမ်းသာအားရဖြစ်နေရတယ်။
    သောင်းဂဏန်းလောက်ရတာဆိုတော့အဲလိုတွေဖြစ်ကုန်ကြတယ်။အဲဒီတော့ကျနော်တို့ဘက်ကရှုံးပြီးရင်းရှုံးရင်းမိအေး၎-၅-ဆယ်ခါနာနေကြရတာဗျ။ဒီအတိုင်းသာဆက်သွားမယ်ဆို၊ကျနော်တို့ကသယံဇာတပါသွားပြီ၊အမျိုးကောင်းသမီးတွေပါသွားပြီ။နောက်တခါကျနော်တို့ယဉ်ကျေးမှုတွေလည်းအလွှမ်းမိုးခံနေရပြီ။
    ဘာများမက်လောက်စရာရှိတော့လို့လဲ၊အဓိကကကိုယ့်ဟာနဲ့အကုန်လုံးလုပ်စားသွားခဲ့ကြတာကိုးဗျ။
    မန္တလေးသားစာရေးဆရာဆူးငှက်ပြောပြသွားတာတွေပါ။မန္တလေးနဲ့ပတ်သက်ပြီးကွယ်လွန်သူအမျိုးသားစာဆိုတော်ကဗျာဆရာဇော်ဂျီကမန္တလေးဟာတဖက်မှာဂန္ဒ၀င်ဆန်လွန်းသလိုတဖက်မှာလည်းမော်ဒန်ဖြစ်လွယ်တဲ့မြို့။"ဆံပင်ကိုက်ညှပ်သောဆိုင်ကြီး"လို့ဆိုင်းဘုတ်ရေးသလို၊"ဘသန်းကဖေး"လို့ခေတ်မှီမှီစတိုင်ပထမဆုံးသုံးတာမျိုးလို့ထောက်ပြဘူးပါတယ်။
    အခုလိုအချိန်မှာဆရာဇော်ဂျီတမလွန်ကလာပြီးမန္တလေးကိုတွေ့ရင်တဖိတ်ဖိတ်တောက်နေသောစိနအက္ခရာအလျှံပယ်ဆိုင်းဘုတ်များနှင့်စကပ်တိုပေါင်တံဖြူစကားမတူ၊အယူဝါဒခြား၊လူမျိုးကွဲစိနတိုင်းသားတို့၏စီးပွားနှင့်ယဉ်ကျေးမှုလွှမ်းမိုးနေသည့်ထီးကျိုးစည်ပေါက်မြန်မာတို့၏နောက်ဆုံးယဉ်ကျေးမှုခံတပ၊်မန်းနေပြည်တော်ကြီးလဲပြိုလေပြီတကား…
    လို့များ၊ရင်နာနာနဲ့ရေးလေမလားလို့တွေးနေမိပါတော့တယ်။
    သေဆုံးသွားတဲ့မန္တလေးမြို့(၂)
    ၁၉၉၀နှောင်းပိုင်းလောက်ကထင်ပါရဲ့၊မန္တလေးကလူငယ်စာရေးဆရာတွေဝိုင်းရေးတဲ့၊စာအုပ်တအုပ်ထွက်လာတယ်။
    "၀သုန္ဓရီလက်ရေး" တဲ့၊
    အိမ်တွေကိုငွေအဆမတန်ပေးဝယ်တာ၊မြန်မာအမျိုးသမီးတွေမြန်မာစကားမတတ်တဲ့ပေါက်ဖော်တွေရဲ့အမြှောင်ဖြစ်နေတာ၊
    မန္တလေးမြို့လည်မှာနေ့ချင်းညချင်းတိုက်တာကြီးတွေမှိုတွေပေါက်လာသလိုဟီးထပေါ်လာတာကိုရေးထားတာ။
    တရုတ်ဆိုတဲ့စကားလုံးတလုံးမှထည့်မသုံးဘဲယဉ်ယဉ်လေးနဲ့တို့ထိအနုပညာမြောက်လွန်းတဲ့ခံစားချက်ဝတ္တုတွေပါ။
    ဘယ်လောက်တုန်လှုတ်စရာကောင်းအောင်ဖတ်ကောင်းသလဲဆို…တခါဖတ်ပြီးတာနဲ့နောက်ထပ်အဲဒီစာအုပ်ကိုမကိုင်ရဲမဖတ်ရဲအောင်ဖြစ်သွားခဲ့ရတယ်။တခါဖတ်ပြီးတာနဲ့နောက်ထပ်အဲဒီစာအုပ်ကိုမကိုင်ရဲမဖတ်ရဲအောင်ဖြစ်သွားခဲ့ရတယ်။
    ကျနော်အဲဒီစာအုပ်ကိုတခါဘဲဖတ်နိုင်တယ်.. နောက်တခေါက်ဖတ်ဘို့ကျနော့မှာခံနိုင်ရည်အားမရှိတော့ဘူး။
    စိတ်အထိခိုက်ရဆုံးဝတ္တုက ဆရာညီပုလေးရဲ့စပါးကြီးမြွေ ပါ။ဘိုးဘွားအစဉ်အဆက်ပိုင်ဆိုင်လာတဲ့အိမ်နဲ့ခြံကြီးကို၊
    သူ့ဘ၀မှာတခါမှမကိုင်ဘူးတဲ့ငွေအမြောက်အမြားနဲ့လဲလိုက်ရတဲ့ဦးတော်တော်ဆိုတဲ့ရှေ့းအဖိုးကြီးတယောက်ရဲ့စိတ်ခံစားမှုအဇ္စျိတ္တကိုအနုစိတ်ဖွဲ့ထားတာ။
    (၂)
    ၁၉၉၀နောက်ပိုင်းစစ်အာဏာရှင်တွေရဲ့မြို့ပြဖွှံ့ဖြိုးမှုစီမံကိန်းဟာမြန်မာပြည်အတွက်ကြောက်ခမန်းလိလိဇာတိသွေးဇာတိမာန်တက်စေဘို့နိဒါန်းအစလားလို့စဉ်းစားမိတယ်။ဘိုးဘွားစဉ်ဆက်နေခဲ့တဲ့ဗမာတိုင်းရင်းသားတွေဟာအာဏာရှင်တွေရည်မှန်းတဲ့မြို့ပြအင်္ဂါနဲ့အညီမနေနိုင်လို့မြိုပြင်ကွက်သစ်တွေကိုနှင်ထုတ်ခံရတယ်။နိုင်ငံသားတွေရဲ့အသိပညာနဲ့အတွေးအခေါ်ဖွံ့ဖြိုးရေးထက်အဆောက်အဦးတွေမြင့်မြင့်ထူထူထပ်ထပ်တိုးပွားမှုကသာဖံွ့ဖြိုးမှုလို့မှတ်ထင်ထားသူတွေကြောင့်မန္တလေးမြို့လည်ခေါင်မှာတရားမ၀င်တရုတ်ဧည့်နိုင်ငံသားတွေနိုင်ငံတော်ထဲတရားဝင်ကျူးကျော်ပြီးစစ်အစိုးရဲ့ခေတ်မှီမြို့ပြနိုင်ငံတော်
    အိပ်မက်ကြီးကိုနေ့ချင်းညချင်းအကောင်အထည်ဖော်ပေးလိုက်တယ်။အိမ်ရှင်တွေဧည့်နှင်ခံရတဲ့ရက်စက်မှုဟာတချိန်မှာပေါက်ကွဲလာမယ်၊
    အနောက်ဘက်ကလိုတုတ်တပျက်ဓားတပျက်အမျိုးသားစိတ်တွေထကြွကုန်ရင်ရော…ဒါကြောင့်နိုင်ငံတော်ရဲ့မဆင်မခြင်စီမံကိန်းတွေ(ဧရာဝတီမြစ်ဆုံ၊ရခိုင်ဓာတ်ငွေ့နဲ့အဓ္မပရောဂျက်တွေ)ဟာပြည်သူတွေရဲ့ဇာတိမာန်တက်ကြွဘို့နိဒါန်းတွေဖြစ်လာမလားလို့တွေးမိလို့ပါ။
    (၃)
    အရင်က …..ရန်ကုန်ကနေမန္တလေးကိုဝင်လာတာနဲ့မြို့အစွန်ကမဟာမြတ်မုနိဘုရားကြီးကို
    အရင်ဆုံးလှမ်းပြီးဖူးမျော်နိုင်မှာဖြစ်သလို၊မြင်းလှည်းနဲ့ကျုံးမြို့ရိုး၊ပြအိုး၊ပြဿဒ်နဲမြန်မာ့နောက်ဆုံးနန်းဆက်သင်္ကေတတွေလည်းတွေ့ရမှာပါ။ဈေးချိုရုံတော်ကြီး၊အဝေးကကြည့်ရင်ထီးထီးကြီးပေါ်လွင်နေတဲ့နာရီစင်အပြင်၊ရေနံဝနေတဲ့ကျွန်းတိုင်အိမ်မြင့်ကြီးတွေ၊စိမ်းစိုစိုကုက္ကို၊ထနောင်း၊မန်ကျီးရိပ်နဲ့ကြည့်လိုက်ရင်တကယ့်ကိုမြန်မာဆန်တဲ့မြင်ကွင်းတွေဟာအနှစ်၂၀ကျော်အတွင်းတစတစပျောက်ကွယ်သွားနေပြီ။
    မြန်မာဆန်တဲ့မြင်ကွင်းဆိုတာ၊အများနဲ့ဆိုင်တဲ့၊အားလုံးနဲ့ပတ်သက်တဲ့အရာတွေကိုဆိုလိုတာပါ။ဥပမာ..မင်းတုန်းမင်းလက်ထက်ကတည်းက၊မန္တလေးရဲ့လမ်းဒေါင့်နဲ့ရပ်ကွက်ဒေါင့်တွေမှာ၊ကိုယ်ထူကိုယ်ထရေတွင်းကြီးတွေနဲ့အများပြည်သူပျော်ပျော်ပါးပါးအသုးံပြုတာ၊၁၉၅၀၀န်းကျင်ပါလီမန်ဒီမိုကရေစီခေတ်မှာ၊ကျုံးရေကန်ကရေသွယ်၊ပြီးရေပိုက်တွေနဲ့သွယ်ပေးထားတယ်။ဘယ်အချိန်မဆိုပိုက်ဖွင့်ရင်ရေလာတယ်။
    ကျုံးနဲ့နန်းမြို့ဥယျဉ်မှာမိသားစုအပမ်းဖြေနိုင်တယ်။သနပ်ခါးပါးကွက်ကြား၊မြန်မာ့လက်ယက္ကန်းဖြစ်လုံချြည်ဝတ်အမျိုးသမီးတွေအုပ်စုလိုက်ရီမောစက်ဘီးစီးသွားလာနေတာမြင်ရမယ်။လမ်းဆုံလမ်းဂွထနောင်းရိပ်၊ကုက္ကိုရိပ်မှာအများသောက်ဘို့သောက်ရေအိုးစင်တွေရှိနေတယ်၊၊အနီးအနားနေထိုင်သူတွေကရေမပြတ်အောင်ကုသိုလ်ဖြည့်တတ်တာတွေဟာမြန်မာဆန်လွန်းသလိုမြန်မာတွေရဲ့အများအကျိုးထည့်တွက်တတ်တဲ့စရိုက်လက္ခဏာကိုတွေ့ရမှာပါ။
    ဒီကနေ့၊မန္တလေးကိုဝင်လာရင်ရော၊မြန်မာပြည်လို့မထင်မှတ်ရတဲ့တရုတ်ပြည်နယ်တခုကိုရောက်သွားသလိုမြင်ရမယ်လို့မန္တလေးသားစာရေးဆရာဆူးငှက်ကရှင်းပြပါတယ်။
    "ရန်ကုန်ကနေလာတာနဲ့မဟာမြတ်မုနိဘုရားကိုအရင်ဖူးနိုင်မှာမဟုတ်တော့ဘူး။စက်မှုဆိုတဲ့မြို့သစ်ကြီးကိုစတွေ့ရမယ်။အဲဒီမှာတရုတ်စာလုံးတွေနဲ့စက်ရုံကြီးတွေ၊တရုတ်ကုမ္မဏီဆိုင်းဘုတ်ကြီးတွေစမြင်ရမယ်။မြို့ထဲလူမြင်ကွင်းတွေကြည့်ရင်၊အရင်ကကိုယ့်မြို့သားတွေမဟုတ်တဲ့အမူအကျင့်တွေနဲ့ဝတ်စားဆင်ရင်မှုတွေကိုတွေ့ရမယ်။
    အထပ်မြင့်အဆောက်အအုံတွေ၊မီနီမားကက်တွေနဲ့ပေါ့။သွားလာနေကြတဲ့မိန်းခလေးတွေကြည့်လိုက်မယ်ဆိုရင်စကပ်တို၊ဘောင်းဘီတို၊ဆိုင်ကယ်တွေနဲ့ဘယ်လိုမှအရင်နဲ့ဆက်စပ်မရတဲ့ပုံစံမျိုးတွေ၊တိုက်တာအဆောက်အဦးတွေလည်းကြပ်ညပ်နေပြီး၊လူတွေကလည်းအရင်လိုအေးဆေးသက်သာမှုမရှိပြေးလွှားနေတဲ့ပုံစံတွေ၊လူတန်းစားကလည်းအင်မတန်ကွာဟနေတာ။
    ဇိမ်ခံကားတ၀ီဝီနဲ့သွားနေတဲ့မျက်နှာစိမ်းတွေရှိသလို၊စက်ဘီးလေးတွေနဲ့လမ်းဘေးမှာသွားနေတဗမာရုပ်ရည်တွေမြင်ရမယ်၊ပိုက်ဆံရှိတဲ့အထက်တန်းလွှာဆိုတာမန္တလေးသားမဟုတ်တာ၊အထူးသဖြင့်မြန်မာမဟုတ်တာတွေ့ရမယ်"
    မြို့ထဲကကျူံးနဲ့မြို့ရိုးကြီးရွှေ့မရလို့တော်သေးတာပေါ့လေ။ဈေးချိုနားကနာရီစင်တောင်ဗီနိုင်းတွေ၊တရုတ်ဆိုင်းဘုတ်၊အင်္ဂလိပ်ဆိုင်းဘုတ်တွေအောက်မှာမှိန်မှိန်လေးပျောက်နေပြီ။
    အော်…ခေတ်မှီမြို့ပြနိုင်ငံတော်ကြီးထူထောင်ဘို့မန္တလေးသူ၊မန္တလေးသားတွေပေးလိုက်ရတာကတော့သူတို့ရဲ့ဆွေစဉ်မျိုးဆက်ဘ၀တခုလုံး၊သမိုင်းတခုလုံး၊မြန်မာ့ယဉ်ကျေးမှုတခုလုံးပါလား။
    (၄)
    ကိုယ့်ဘာသာရေး၊ယဉ်ကျေးမှုပွဲတော်တွေထက်တရုတ်နှစ်သစ်ကူးပွဲကပိုစည်ကားနေသလိုကိုယ့်တိုင်းရင်းသားလူမျိုးတွေကသူတို့ပွဲလမ်းသဘင်မှာအသုံးတော်ခံကြ၊လက်ဖြန့်တောင်းနေကြတာလည်းမဆန်းတဲ့မြင်ကွင်းတွေလို။မြန်မာပြည်သူတွေ၊ဘာသာရေးနဲ့အလှုအတန်းကိစ္စတွေမှာစေတနာထက်သန်ကြပါတယ်။နိုင်ငံရေးနဲ့မပတ်သက်ရဲတာတောင်နိုင်ငံရေးလှုပ်ရှားသူတွေဒုက္ခရောက်တာတို့၊သူတို့ဇနီးသားသမီးတို့ကိုတိုးတိုးတိတ်တိတ်လှုတယ်၊ကူတယ်။
    လွန်ခဲ့တဲ့၂၀၀၇ခုနှစ်က၊နိုင်ငံတ၀ှမ်းမှာရွှေဝါရောင်သံဃာလှုပ်ရှားမှုကြီးဖြစ်သွားတာလူတိုင်းသိတယ်အဲဒီတုံးကနိုင်ငံရေးနဲ့မပတ်သက်တဲ့အဖိုးအဖွားတွေ၊လူငယ်တွေကအစနေပူပူမှာဖိနပ်မပါဘဲ မေတ္တာပို့စီတန်းလမ်းလျောက်နေကြတဲ့သံဃာတော်တွေကိုပန်း၊ရေချမ်း၊ဆွမ်းတွေကပ်တယ်။မရှိတဲ့ကြားကသဒ္ဒါစိတ်ထားလှုကြတယ်။အဲဒီကာလကအာအက်အေသတင်းထောက်အဖြစ်ကျနော်ဟာမန္တလေးကသံဃာတော်တွေလှုပ်ရှားမှုသတင်းပေးပို့ခဲ့တယ်။
    မန္တလေးသံဃာတော်တွေမြို့လည်ခေါင်မှာ၊စီတန်းမေတ္တာပို့တော့ရေကပ်လှုမဲ့အိမ်တွေမရှိသလို၊အိမ်တံခါးတွေပိတ်ထားကြတယ်လို့သိရတယ်။မန္တလေးမြို့လည်မှာဘယ်သူတွေနေတယ်ဆိုတာအားလုံးသိနေတာဘဲလေ။အစောပိုင်းမှာတော့သံဃာတော်တွေရေငတ်ခဲ့ရပါတယ်၊နောက်ပိုင်းတော့ဘာသာတရားကိုင်းရှိုင်းပြီးအလှုအတန်းရက်ရောတဲ့မန္တလေးသူ၊မန္တလေးသားတွေကဘဲရေသန့်ဘူးတွေကပ်လှုခဲ့တယ်လို့သိခဲ့ရတယ်။
    အဲလိုအခြေအနေတွေကြားထဲကဒီကနေ့မန္တလေးမှာဗမာလူမျိုးများသက်သက်နဲ့ဖွှဲ့ထားတဲ့လူမှုကူညီစောင့်ရှောက်ရေးနဲ့နာရေးကူညီမှုအသင်းတွေခန့်မှန်းခြေ၊(၅၀)ကျော်လောက်ရှိနေတာကတော့ဝမ်းမြောက်ဂုဏ်ယူစရာပါ။ကျနော်တို့ပြည်သူတွေအရေးကြုံရင်သက်လုံကောင်းကြတယ်။သတိရှိကြတယ်။ညီညွတ်ကြတယ်။ဒါဟာအစဉ်အဆက်ရှိခဲ့တဲ့သမိုင်း။
    ကွယ်လွန်ရှာပြီဖြစ်တဲ့၊သတင်းစာဆရာမကြီးလူထုဒေါ်အမာရဲ့စာတအုပ်မှာအရင်ကမန္တလေးကလိပ်စာတခုခုကိုညွှန်းရင်၊လမ်းနံပါတ်၊အိမ်နံပါတ်နဲ့ပြောလေ့ပြောထမရှိပဲ၊ရပ်ကွက်ပြောရုံ၊ထင်ရှားတဲံအဆောက်အဦးတွေနဲ့ဝင်းကြီးတွေနာမည်နဲ့ပြောလေ့ရှိတဲံအကြောင်း၊ဥပမာ၊ဗမာဆန်တဲ့နာမည်တေဖြစ်တဲ့၊နဂါးတိုက်အနီး၊သူငယ်တော်ဆေးတိုက်၊ဒင်္ဂါးတိုက်အနီးဆိုစာပို့ သမားကရောက်အောင်ပို့တတ်တယ်လို့ပြောဘူးပါတယ်။ဒီကနေ့တော့အဲလိုအထင်ကရရှေးဟောင်းအဆောက်အဦးတွေမရှိတော့လို့တရုတ်အမျိုးသားပိုင်၊မောင်ကိန်းရွှေဆိုင်၊၀င်းစိန်ရွှေဆိုင်၊လို့ပြောမှအများသိနိုင်တော့မှာပါ။ဒီနေရာမှာကျနော့်အနေနဲ့၊ခေတ်မမှီဘဲ၊အပြောင်းအလဲမလိုလားတဲ့ရှေးဟောင်းပုံစံကိုမက်မောပြီးပြောချင်တာမဟုတ်ဘူး၊ မန္တလေးရဲ့အင်းမေ့ခ်ျလို့ပြောရမဲ့၊မန္တလေးရဲ့အနှစ်သာရနဲ့သင်္ကေတတွေပျောက်နေတာဟာသိတ်စိုးရိမ်စရာကောင်းနေပါတယ်။(ဒီနေရာမှာမန္တလေးလို့သုံးနှုံးပေမဲ့မြန်မာပြည်တပြည်လုံးကိုဆိုလိုချင်တာဖြစ်ကြောင်းသဘောပေါက်ပေးစေလိုပါတယ်)ပြောချင်တာကဘာသာ၊သာသနာတင်မကကျနော်တို့ရဲ့မြန်မာ့စိတ်ရင်း၊မြန်မာ့စိတ်ဓာတ်ပါတစတစနဲ့ပျောက်ကွယ်နေတာကိုမြင်နေရလို့လန့်အော်နေရတဲ့အဖြစ်ပါ။
    (၅)
    ကျနော်တို့အိမ်နီးချင်းအိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်(မြန်မာနဲ့ကပ်ရက်)ဘက်မှာပြည်နယ်(၇)ခုရှိပါတယ်။အဲဒီပြည်နယ်တွေမှာ၊ကနဦးကတည်းကမွန်ဂိုလွိုက်အနွယ်ဝင်တွေဖြစ်တဲ့မွန်ခမာ၊တိဘက်တိုဘားမားလူမျိုးနွယ်တွေနေတယ်။မြန်မာပဒေသရာဇ်ခေတ်ကသူ့နယ်ကိုယ်တိုက်၊ကိုယ့်နယ်သူတိုက်နဲ့ပဒေသရာဇ်မင်းတွေအားပြိုင်ခဲ့ကြပေမဲ့သူတို့နယ်ထဲကိုယ်ကသွားအခြေချတာမျိုးမရှိသလို၊ကိုယ့်ပိုင်နက်ထဲသူတို့လာပြီးသိမ်းပိုက်နေထိုင်ခဲံတယ်လို့မကြားဘူးပါဘူး။သစ္စာခံတွေထားပြီးအဝေးကနေအုပ်ချုပ်တာမျိုးဘဲရှိကြပါတယ်။မဏိပူစစ်၊အာသံစစ်၊ယိုးဒယားစစ်တွေလေ့လာရင်တွေ့ရမှာဘဲ။
    အဲဒီအိန္ဒိယအရှေ့မြောက်(၇)ပြည်ထောင်သားတွေဟာကျနော်တို့မြန်မာတွေနဲ့ရုပ်ရည်ခွဲခြားလို့မရဘူး။ဘာသာစကား၊အစားအသောက်၊၀တ်စားဆင်ရင်ပုံနဲ့အကြိုက်၊စရိုက်ကအစတူကြတယ်။နယ်နမိတ်ခြားနားလို့နိုင်ငံကွဲတာ၊ကျနော်တို့တိုင်းရင်းသားအနွယ်ဝင်တွေလိုပါဘဲ။ဟိုဘက်ဒီဘက်တိုင်းရင်းသားတွေရောထွေးနေခဲ့ကြတာပါ။မြန်မာတိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့ရှမ်း(အာသံပြည်နယ်)ကချင်(အဒူနာချယ်ပြည်နယ်)ရခိုင်၊သက်(ထရီပူရပြည်နယ်)နာဂ(နာဂလင့်ပြည်နယ်)ချင်း(မီဇိုရမ်ပြည်နယ်)မွန်(မစ်ဂ္ဂါလီရာပြည်နယ်)၊ဗမာ(မဏိပူရပြည်နယ်)တွေမှာတွေ့ရမယ်။ဘာသာစကား၊ဓလေ့စရိုက်၊ယဉ်ကျေးမှုအတော်လေးတူတယ်၊နီးစပ်တယ်။
    ဒါပေမဲ့ဒီနေ့ဒီအချိန်မှာလူဦးရေလည်းမြား၊လူမျိုးကြီးလည်းဖြစ်တဲ့ဟိန္ဒူအနွယ်ဝင်တွေဖြစ်တဲ့ဘန်ဂ္ဂါလီနဲ့အင်ဒီးယန်းတွေလွှမ်းမိုးသွားပြီ။ဘာသာစကား၊စီးပွားရေး၊နိုင်ငံရေး၊ယဉ်ကျေးမှု၊အားလုံးအလွမ်းမိုးခံရတဲ့ပြည်နယ်တွေက၊အာသံ၊မဏိပူရ၊
    ထရီပူရ၊မစ်ဂ္ဂါလီရာနဲ့အဒူနာချယ်ပြည်နယ်တွေမှာကြည့်လိုက်ရင်စာပေ၊အက္ခရာနဲ့ဘာသာစကား(အာသံပြည်နယ်ဆို၊AssamMixtခေါ်တဲ့ဘုံစကားအဖြစ်သုံးတဲ့ဘန်ဂါလီစကားပျက်တမျိုးတောင်ဖြစ်သွားပါတယ်)၀တ်စားဆင်ယင်ပုံ၊ဘာသာရေးစီးပွားရေး၊ယဉ်ကျေးမှုတွေဟာပြည်ကြီးသားအိန္နိယဟိန္ဒူအနွယ်တွေအတော်လေးမြိုသွားပြီ။အဲဒီကြားထဲကပဲအမျိုးသားရေးဝါဒီ၊မျိုးချစ်တွေရဲ့ခုခံကာကွယ်မှုကရှိနေတုံးဘဲ၊ဒါပေမဲ့ဖုတ်လှိုက်ဖုတ်လှိုက်။အိန္နိယဟိန္ဒူအနွယ်တွေဒီနေ့အထိထိထိ
    ရောက်ရောက်မလွမ်းမိုးနိုင်သေးတာကျနော်တို့ဆီကချင်းပြည်နယ်နဲ့ကပ်နေတဲ့မီဇိုရမ်ပြည်နယ်နဲ့နာဂလင့်န်ပြည်နယ်တို့ဘဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တောင်တန်းဒေသတွေဖြစ်တဲ့၊နာဂတောင်တန်းနဲ့လုရှိုင်းတောင်တန်း(မီဇိုရမ်)မှာအင်္ဂလိပ်ခေတ်ကတည်းကRegulationActထားပြီးသီးခြားကော်မရှင်နာနဲ့အုပ်ချုပ်ခဲ့တာကို၊ဒီဘက်လွတ်လပ်ရေးရပြီးတဲ့အထိအပြင်မခံဘဲဆက်သွားနေလို့ဖြစ်တယ်။
    အိန္ဒိယပြည်မကနေအဲဒီပြည်နယ်၂ခုကိုဝင်မယ်ဆိုရင်၊ပြည်နယ်ဝင်ခွင့်လက်မှတ်ယူရပါတယ်။ပြည်နယ်အတွင်းဘယ်လောက်နေထိုင်မယ်ဆိုတဲ့ဗီဇာယူရတဲ့သဘောပါ။ဒီနည်းနဲ့လူဝင်မှုရော၊စီးပွားအခြေချနေထိုင်မှုကိုထိမ်းချုပ်ထားတာကြောင့်လူမြိုတာသိတ်မခံရသေးတာပေါ့။ပြီးတော့ကိုယ့်ပြည်နယ်သားမဟုတ်ရင်အိမ်၊မြေ၊လယ်ယာစတဲ့မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေပိုင်
    ဆိုင်ခွင့်မရှိပါဘူး။
    ကျနော်တို့နိုင်ငံကလူဝင်မှုဆိုင်ရာဥပဒေဟာရေရှည်ကိုမျော်မြင်ဖော်ပြတဲ့ဥပဒေတိတိကျကျမရှိလို့လူမျိုးရေး၊ဘာသာရေးယောင်ယောင်ပဋိပက္ခတွေ(မြှောက်ပင့်နေတဲ့အာဏာပိုင်တွေကြောင့်)ဖြစ်နေတာအများအသိ။
    (၆)
    မန်းတက္ကသိုလ်တုန်းကကျနော့်မှာမန္တလေးသားတရုတ်သူငယ်ချင်းတွေအများကြီးရှိပါတယ်။တချို့ကရှမ်း၊ကချင်ပြည်နယ်တွေကပါ။သူတို့ဟာအင်မတန်မြန်မာစိတ်ရှိသလို၊တိုင်းပြည်ကြီးပွားချမ်းသာစေလိုတဲ့မြန်မာ့အမျိုးသားရေးစိတ်ဓာတ်လည်းရှိကြပါတယ်။
    ဒါပေမဲ့၁၉၈၈နောက်ပိုင်းအခြေချပြောင်းရွှေ့လာတဲ့တရုတ်နဲ့ထိုင်ဝမ်ကလာတဲ့မျိုးဆက်သစ်တရုတ်အများစုဟာမြန်မာအာဏာပိုင်တွေကိုလဂ်ထိုးပြီးမြန်မာအပါအ၀င်၊၂နိုင်ငံ၊၃နိုင်ငံသားမှတ်ပုံတင်တွေကိုင်ဆောင်သွားလာနေကြတာပါ။
    သူတို့ဟာဗမာစကားမတတ်သလို၊ထစ်ထစ်အအနဲ့ဗမာစကားပျက်တွေပြောဆိုတတ်ပါတယ်။
    သူတို့ဟာဗမာပြည်မှာစီပွားရေးချို့တဲ့တာကိုအကြောင်းပြုပြီးငွေအလုံးအရင်းနဲ့ပေါက်ပြီးမြန်မာ့စီးပွားရေးကိုနောက်ဖေးပေါက်ကမွှေနှောက်အမြတ်ထုတ်နေသူတွေလည်းဖြစ်ပါတယ်။ပြည်သူ့ဘဏ္ဍာသယံဇာတတွေကိုအခွန်ရှောင်၊လပ်သိပ်ထိုးပြီးတိုင်းတပါးခိုးထုတ်တယ်။ဒီအတွက်စစ်အာဏာပိုင်တွေ၊မြန်မာလူဝင်မှုရေးရာဝန်ထမ်းတွေ၊အုပ်ချုပ်ရေးအာဏာပိုင်တွေမှာတာဝန်ရှိပါတယ်။
    ဒီဖြစ်ပျက်မှုအားလုံးရဲ့တရားခံအစစ်ဟာအနှစ်၂၀လောက်မြန်မာပြည်ကိုထိမ်းချုပ်ခဲံတဲ့စစ်အာဏာရှင်တွေနဲ့နောက်လိုက်တွေဆိုတာလည်းပြည်သူတွေကသိထားပါတယ်။
    အာဏာပိုင်တွေမပါဘဲ၊တိုင်းတပါးသားသောင်းနဲ့ချီပြီ်းမန္တလေးမြို့လည်မှာတရားဝင်၊စီးပွားရှာ၊နေထိုင်လို့မရနိုင်ပါဘူး။(တခြားလွတ်လပ်တဲ့နိုင်ငံတွေဆို၊ဒီလိုကိစ္စမျိုး၊တာဝန်ရှိသူတွေကိုစုံစမ်းစစ်ဆေးပြီးဝန်ကြီးအဖွှဲ့တဖွဲ့လုံးကိုတရားစွဲ၊အရေးယူ
    ရာထူးကထုတ်ပယ်ပြီးလောက်ပြီ)
    ကျနော်တို့နိုင်ငံဟာနှစ်ပေါင်းများစွာအင်္ဂလိပ်အောက်ေ၇ာက်ခဲ့ပေမဲ့တိုင်းတပါးယဉ်ကျေးမှုမလွှမ်းမိုး
    အောင်အဲဒီခေတ်မျိုးချစ်တွေ၊ပညာတတ်တွေကခုခံနိုင်ခဲ့ကြတယ်။အလွယိတကူထိုးဖောက်နိုင်တဲ့ဂီတမှာတောင်၊တူရိယာရော၊တေးသွားရော၊အသံရောမြန်မာမှုပြုနိုင်ခဲ့ပါတယ်။မိမိတို့ယဉ်ကျေးမှုကိုယ်ခံအားကောင်းရင်ဘေးကလာတဲ့ယဉ်ကျေးမှုဟာကိုယ့်ယဉ်ကျေးမှုအောက်ရောက်သွားတတ်ပါတယ်။အိမ်နီးချင်းအိန္ဒိယနိုင်ငံရဲ့ဂီတအနုပညာယဉ်ကျေးမှုကိုပြန်ကြည့်ရင်
    အရိုးကိုအရွက်မဖုံးတာမြင်မှာပါ။
    သူများဂီတအနုပညာကိုမိမိဟန်နဲ့တီထွင်ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။မြန်မာလည်းတချိန်ကအဲလိုဘဲလုပ်ခဲံ့တာပါ။ကိုယ့်ယဉ်ကျေးမှုကိုယ်ခံအားမကောင်းရင်ဝါးမြိုခံသွားရမှာပါဘဲ။မင်းတုန်းမင်းလက်ထက်ကတရုတ်ပန်းသေးလူမျိုးတွေတရုတ်ယဉ်ကျေးမှုထက်မြန်မာ့ယဉ်ကျေးမှုကိုပိုပြီးခုံမင်သွားပါတယ်။စစ်ကြိုခေတ်ထဲကမြန်မာပြည်မှာအခြေချခဲံတဲ့တရုတ်တွေဟာတိုင်းချစ်ပြည်ချစ်မြန်မာ့မျိုးချစ်တွေဖြစ်ခဲံပါတယ်။
    မန္တလေးမြို့မတူရိယာဝိုင်းကိုပထမဆုံးတည်ထောင်တော့ဦးဆောင်သူဝါတနာရှင်တချို့ဟာဗမာစကားမတတ်တဲံတရုတ်အမျိုးသားတွေလို့ကြားဖူးပါတယ်။မန္တလေးရဲ့ဘာသာ၊သာသနာကိုတက်တက်ကြွကြွဦးဆောင်နိုင်ခဲ့တဲ့ဦးကာသ၊လဘက်ခြောက်ပိုင်ရှင်ဟာတရုတ်လူမျိုးပါ။လွတ်လပ်ရေးအကြိုခေတ်ကဦးလန်ထောင်ဆိုတဲ့တရုတ်အမျိုးသားဟာတရုတ်ဘိန်းစားတွေအကူအညီနဲ့ဂျပန်ဂိုဒေါင်ထဲကသားရေတွေခိုးထုတ်ပြီးဂျပန်ခေတ်ဘီအိုင်အေဗမာ့တပ်မတော်သားတွေစီးဘို့အသက်ကိုမငဲ့ဘဲစစ်ဖိနပ်တွေချုပ်လှုဒါန်းခဲ့တယ်။
    အဲဒီတော့ဘယ်လူမျိုးခြားဖြစ်ပစေ၊ကိုယ့်မြေမှာနေထိုင်ပြီးကြီးပွားချမ်းသာပေမဲ့ကိုယ့်အမျိုးဇာတိလို့ခံယူပြီး၊အများအကျိုးဆောင်ရွက်သူတွေ၊တိုင်းချစ်ပြည်ချစ်စိတ်နဲ့ကိုယ့်ပြည်သူတွေဖွှံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူတိုင်းကိုကျနော်တို့ဗမာပြည်ဘွား၊စစ်စစ်တွေကအမြဲဂုဏ်ပြုနေတာခေတ်အဆက်ဆက်ကတည်းကပါ။
    တရုတ်နွယ်ဘွားတွေ၊အိန္ဒိယဘွားမြန်မာမျိုးချစ်တွေ၊တိုင်းကျိုးပြည်ကျိုးဆောင်သူတွေ၊အတိတ်ကရော၊ကနေ့ရောလက်ချိုးရေတွက်လို့မကုန်နိုင်ပါဘူး။လွတ်လပ်ရေးကျိုးပမ်းစဉ်ကရော၊မဆလတပါတီခေတ်မှာရော၊၁၉၈၈ဒီမိုကရေစီအရေးတော်ပုံမှာရော၊နောက်ပိုင်းစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာပါညှင်းဆဲခံ၊ထောင်ကျခံ၊အသေခံစည်းစိမ်ပြုတ်ခံပြီးတိုက်ပွဲဝင်ခဲ့သူတွေလက်ချိုးရေတွက်မကုန်ပါဘူး။ဒီလိုဘာသာခြား၊လူမျိုးခြားမြန်မာ့မျိုးချစ်သူရဲကောင်းတွေနောက်လည်းရှိအုံးမှာပါ။
    ဒါပေမဲ့ဝိသမသလောဘသား၊အတ္တသမားစီးပွားရှာသူတွေဆိုဗမာ၊ဗမာချင်းတောင်ရွံ့ရှာပြီး၊ကဲ့ရဲ့ပြစ်တင်ကြပါတယ်။မလိုမုန်းတီးစိတ်ရှိကြပါတယ်။ဒီကနေ့အာဏာပိုင်တွေနဲ့ပေါင်း၊လုပ်ပိုင်ခွင့်တွေယူဗမာခရိုနီစီးပွားရေးသမားတွေကိုပြည်သူတွေကဘယ်လိုသဘောထားသလဲဆိုတာရှင်းပါတယ်။။
    ကျနော်တို့ကလူမျိုးရေးတွေပြောနေတာမဟုတ်၊ကျဉ်းမြောင်းတဲ့အမျိုးသားရေးကိုပြောနေတာမဟုတ်။ဘယ်လူမျိုး၊ဘယ်ဘာသာခြားမဆိုကိုယ်နေထိုင်တဲံ့တိုင်းပြည်အပေါ်သစ္စာရှိဘို့၊ပြည်သူတွေအပေါ်တန်ဘိုးထားဘို့၊တိုင်းကျိုးပြည်ကျိုး
    ဆောင်ရွက်ပေးဘို့ပြောနေတာပါ။ဒီကနေ့တရုတ်နိုင်ငံသားတွေ၊တရုတ်လူမျိုးတွေအပါအ၀င်တိုင်းတပါးလူမျိုးတွေသာမကဗမာတိုင်းရင်းသားတွေကအစ၊ကျနော်တို့တိုင်းပြည်နဲ့လူမျိုးအပေါ်ယူဘို့ကွက်ကွက်သာကြည့်ပြီးပြန်မပေးဆပ်ကြတာကိုပြောနေတာ။
    (စစ်အာဏာပိုင်တွေနဲ့ယူနီဖောင်းချွတ်တွေအကဲဆုံး)အရာရာဟာပြောင်းလဲမယ်၊ပျက်ဆီးမယ်၊ဘာမှမမြဲဘူး၊အဟောင်းတွေနေရာမှာအသစ်၊အသစ်တွေအစားထိုးမယ၊်တရားနဲ့ဖြေသိမ့်ကြ၊အပြောင်းအလဲကိုလက်ခံကြဆိုပေမဲ့၊ကျနော်တို့အဲဒီအပြောင်းအလဲကို၊ဘယ်လိုပုံစံ၊ဘယ်အတိုင်းအတာ၊ဘယ်လိုကာလအထိစံချိန်စံညွှန်းထားလုပ်ဆောင်ကြမှာလဲ?ဲ၊လက်ခံကြမှာလဲ?
    ပြီးတော့မိမိတို့အမျိုးသားစိတ်ဓာတ်၊အမျိုးသားယဉ်ကျေးမှုကိုဘယ်လိုပုံစံအဓိပါယ်ဖွင၊့်ခံယူကြမှာလဲဆိုတာတော့နိုင်ငံသားတိုင်းကိုယ့်ဖာသာ၊ဆုံးဖြတ်ကြရမှာဖြစ်တယ်။
    ဒီခေတ်လိုသာ…အမျိုးသားသစ္စာဖောက်တွေနဲ့တိုင်းတပါးသားသစ္စာမဲ့များကြီးစိုးနေသရွေ့ကျနော်တို့က
    ဗမာပြည်သည်…ဒို့ပြည်။
    ဗမာစာသည်……ဒို့စာ။
    ဗမာစကားသည်…ဒို့စကား။
    ဒို့ပြည်ကိုချစ်ပါ.။
    ဒို့စာကို..မြတ်နိုးပါ။
    ဒို့စကားကိုလေးစားပါ………….ဆိုတာဘဲ။
    ကိုညို(အော်စလို)
    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610
    No comments:
    Post a Comment