Tuesday 17 July 2012


"ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ မိုးကျရွှေကိုယ်များကြောင့် ဧရာဝတီတိုင်းရဲ့ စိုးရိမ်ဖွယ်ရာ အနာဂတ် နေ့ရက်များအတွက် သမ္မတကြီးဦးသိန်းစိန်သို့ ရင်ဖွင့်သံ" (ပေးစာ)

Posted: 16 Jul 2012 10:42 AM PDT

ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် ...
"စိုးရိမ်ဖွယ်ရာ ဧရာဝတီတိုင်းရဲ့ အနာဂတ် နေ့ရက်များအတွက် ဧရာဝတီတိုင်းသား တစ်ဦးရဲ့ သမ္မတကြီးဦးသိန်းစိန်သို့ ရင်ဖွင့်သံ"

ကျွန်တော်သည် မြစ်ဝကျွန်းပေါ် ဒေသတွင် ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကထဲက ၀ါသနာပါခဲ့သော သစ်တောတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သစ်တော သိပ္ပံဘွဲရရှိခဲ့ကာ မိမိတိုင်းမှာ ပြန်လည် ထမ်းဆောင်ခွင့်မရပဲ မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ခဲ့ရာမှ ယခင်သစ်တော ၀န်ကြီးဟောင်း ဗိုလ်မှုးချုပ်သိန်းအောင် သစ်တောသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ချိန်မှ စလို့ ဦးသိန်းအောင်ခေါ်လာတဲ့ ဗိုလ်မှုးကြီး၊ ဗိုလ်မှုးလေးတွေနဲ့ ဗိုလ်ကြီးပေါက်စလေးတွေရဲ့ နေရာယူမှု၊ ဦးသိန်းအောင်မိန်းမနဲ့ သမီးကို ကပ်ဖားနိင်သူများသာ ရာထူးရရှိမှုတွေနဲ့ သစ်တောဝန်ကြီးဌာန တခုလုံးလဲ ပျက်စီးခဲ့ရပါတယ်။ ဇနီးနှင့်သမီးများမှာလည်း လူမှုဆက်ဆံရေးညံဖျင်းပြီး အလွန်မောက်မာကျသည်ကို ကြားသိရပါသည်။ ရာထူးနေရာယူမှုတွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်မှုတွေကြောင့် ကျွန်တော်တို့ သစ်တောကျောင်းဆင်းများ အားလုံး နင်းပြားဖြစ်ပြီး စိတ်ဆင်းရဲခဲ့ရတာ အားလုံးအသိပါ။ စုံစမ်းမေးမြန်းနိုင်ပါတယ်..

အထင်ရှားဆုံး ဥပမာပြောရမယ်ဆိုရင် သစ်တောဦးစီးဌာနမှာ ညွန်မှုးရာထူးဆိုတာ ပင်စင်ယူခါနီး(၃)-(၄)နှစ်လိုမှ ရကြတာပါ။ ဦးသိန်းအောင်ရဲ့ တပည့်တွေကတော့ ဘွဲ့ရစရာတောင်မလိုပဲ ညွန်မှုးရာထူးကို အလွယ်တကူ ရကြပါတယ်။ Foresterများနဲ့ ထာဝစဉ်ကြိုးစားပြီး နိုင်ငံရဲ့ ၀င်ငွေရှာရတဲ့ သစ်ထုတ်လုပ်ရေး ဌာနမှာလည်း ကျွန်တော်တို့ Forester များ တသက်လုံး ကုန်းရုံးပြီး ပင်စင်ယူခါနီးအထိ တောထဲတောင်ထဲမှာ နေခဲ့ပြီး ကြိုးစား အားထုတ် ကုန်းရုန်း အပင်ပန်းခံခဲ့ရလေသမျှ ပင်စင်ယူခါနီးကျတော့ ဦးသိန်းအောင်ခေါ်လာတဲ့ မိုးကျရွှေကိုယ် ဗိုလ်ကြီး ဗိုလ်လေးတွေက နေရာအခန့်သား ၀င်ယူပြီး ကျွန်တော်တို့ကို နှိမ့်ချလေတော့ Forester မိသားစုများ မျက်နှာငယ်စွာ ရင်နာစွာနဲ့ အလုပ်က ထွက်ခဲ့ကြရသူတွေ မနည်းပါဘူးခင်ဗျာ။

အထူးသဖြင့် ဦးသိန်းအောင် လက်ထက်မှာတော့ သစ်တောဘွဲ့ရတွေကို မသုံးပဲ သစ်တောအကြောင်း နားမလည်ပဲဘာမှမတတ်တဲ့သူ လူယုံတွေနဲ့ သစ်တောတွေကို အကုန်ပြောင်သွားအောင် ခုတ်ပြီး သူတို့ မိသားစုနဲ့ လူယုံ လက်တဆုတ်စာ အတ္တဝါဒီတွေ စီးပွားရေး သောင်းကျန်းပြီး တိုင်းပြည်ကို ဖျက်သွားတယ်ဆိုတာ အထောက်အထားတွေ ရှိပါတယ်.. ငြင်းလို့မရပါဘူး။ အဲဒီ့ကာလရဲ့ သစ်တောတွေ ပြုန်းတီးမှုကို စစ်ဆေးကြည့်ရှုမယ်ဆိုရင် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ထားလို့ ရပါတယ်။ ကျွန်တော်တို့ Forester ပညာနဲ့ ပြောပြရှင်းပြသမျှ လက်မခံပဲ ကိုယ်အလုပ်ကို လုပ်လို့ မရလောက်အောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဆိုပြီး ဗိုလ်ချုပ်မှုးကြီးအမိန့်နဲ့ အမြဲချိန်းခြောက် တားဆီးခဲ့ပါတယ်။

သူ့မိသားစု၊ သူ့တပည့်တွေနဲ့ နီးစပ်ရာ လုပ်ငန်းရှင်ကြီးတွေကတော့ ဦးသိန်းအောင် သစ်တောကို ကိုင်သွားတဲ့ (၅)နှစ်အတွင်း အလွန်ချမ်းသာမှုကတော့ မရေတွက်နိုင်အောင် ချမ်းသာသွားကြတယ်လို့ ကြားသိထား ရပါတယ်။ ကျွန်တော်တို့ကတော့ မပေးနိုင်တော့ အဝေးမှာပဲ နေရပါတယ်။ ကျွန်တော်တို့ သစ်တောတခုလုံး ၀န်ကြီး အဆက်ဆက် နေလာခဲ့သမျှ စိတ်ချမ်းသာခဲ့ရပြီး ဦးသိန်းအောင် မိသားစုနဲ့ သူတပည့်တွေကြောင့် စိတ်ဆင်းရဲသောကဖြစ်ပြီး အလုပ်ထဲနေ မပျော်ခဲ့ကြပါဘူး။ ကိုယ်မှန်နေပါလျှက်နဲ့ ဘယ်အချိန် ငါ့တို့ကို ပြသာနာရှာ ဒုက္ခပေးမလဲဆိုပြီး စိုးထိတ်နေခဲ့ ရပါတယ်။

နိုင်ငံတော်သမ္မတကြီးက ဒီမိုကရေစီခေတ် ဖော်ဆောင် လုပ်ကိုင်နေသော်လည်း ကျွန်တော်တို့ ဧရာဝတီတိုင်း အတွင်းမှာတော့ ဦးသိန်းအောင် ၀န်ကြီးချုပ်ဖြစ်လာပြီး ထူးခြားသော တိုးတက်မှုများ ပြောင်းလဲမှုများ မရှိသေးပါခင်ဗျာ။ အပေါ်ယံ လှုပ်ရှားမှုလေးတွေနဲ့ ပြည်သူလူထုကို လိမ်လည်ပြီး နောက်တကြိမ်၂၀၁၅ကျလျှင် သူမဲနိုင်ဖို့အတွက်သူကိုယ်ကျိုး အတွက်သာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ ကိုယ်နေထိုင် ကြီးပြင်းခဲ့ရာ ဆန်ရေစပါးပေါများတဲ့ ဧရာဝတီတိုင်းကို တိုးတက် ဖွံဖြိုးစေချင်တဲ့ဆန္ဒနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေမိပါတယ်။ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌသည်လည်း တပ်မတော်မှအငြိမ်းစားယူထားသောပုဂ္ဂိုလ်ဟု သိရပါသည်။ ဂျာနယ်တခုထဲတွင် ဦးသိန်းအောင်ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ ညစ်ကျယ်မှုများ ကို ဖွင့်ချထားပြီး ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌမှ တရားစွဲဆိုထားတယ်လို့ ဖတ်ရှု့လိုက်ရပါတယ်ခင်ဗျာ။ ဦးသိန်းအောင်ရဲ့ စိတ်နေသဘောထားကို လေ့လာထားမိလို့ အခုလဲ ဧရာဝတီတိုင်းမှာ စစ်တပ်က လာတဲ့သူ အချင်းချင်းတောင် သီးမခံနိုင်အောင် ဖြစ်နေကြတယ်ဆိုတာ သဘောပေါက် လက်ခံလိုက်ပါတယ်။

ဦးသိန်းအောင် သစ်တောကို စရောက်လာတဲ့ အချိန်မှာ စွမ်းအင်ကနေ တပည့် (၄)ယောက်ပါလာပါတယ်။ ဦးအေးမြင့်မောင်၊ ဦးလွင်ဦးမောင်၊ ဦးပုံဇာစွမ်းနဲ့ ဦးသန်းဦးဆိုတဲ့ ကိုယ်ရေးအရာရှိတွေ ဖြစ်ပါတယ်။ အဲဒီလူတွေနေရာမှာ ယခုတော့ သူ့မိသားစုကို ရှာကျွေးနိုင် ဝေယျာဝစ္စ လုပ်ပေးနိုင်တဲ့ နောက်ထပ်ပေါ်လာတဲ့ တပည့်တွေက တိုက်ထုတ်လိုက်လို့ အားလုံးစိတ်ဆင်းရဲစွာနဲ့ အဝေးသို့ လွင့်ထွက် သွားကြပါပြီခင်ဗျာ။

ကျန်တဲ့ ဌာနတွင်းမှာလဲ ဘယ်သူနဲ့မှ မတည့်ပဲ သူတပည့်များ ပြောသမျှ မစဉ်းမစားပဲ ဖြုတ်ထုတ် သတ်ခဲ့တဲ့ အတွက် မိသားစုများ ဘ၀ပျက် ဒုက္ခရောက်ခဲ့ရတာ မနည်းတော့ပါဘူး။ ဌာနတွင်းလဲ အကြောက်တရားနဲ့ အုပ်ချုပ်နေပြီး သူ့မိန်းမ သူသမီးတွေ၊ နောက်သူတပည့် ဗိုလ်မှုးကလေးမောင်ငွေ လင်မယားနဲ့ အဆင်မပြေသူများဟာ အဝေးသို့ပြောင်းရွှေ့ လွှင့်ပါးရတာ ထုံးစံလို ဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက ဗိုလ်မှုးလေးမောင်ငွေ လင်မယားကြောင့် ဦးသိန်းအောင်ရဲ့ တပ်တွင်း နေစဉ်ကတည်းက သားသမီး ပမာနေလာတဲ့ ဗိုလ်ကြီးသန်းဦးပါ လွင့်စင် ထွက်သွားရပါတယ်.။ ကျွန်တော်တို့ နယ်တွေကို ဦးသိန်းအောင်မိသားစု ခရီးထွက်လာလျှင်လည်း နောက်တော်ပါ တပည့်တွေကိုပါ ကြောက်ရွံရပြီး ကျန်ဝန်ထမ်းများမှ ပြုစုလုပ်ကျွေး ခဲ့ရပါသည်။  ဦးသိန်းအောင်၏ ဇနီးနှင့်သားသမီးများမှာလည်း အလွန်မောက်မာ လှပါသည်။ အောက်ခြေ၀န်ထမ်းများ အပေါ်ဆက်ဆံရေး လုံးဝမကောင်းပါခင်ဗျား။


သစ်တောဌာနမှာရော မြန်မာသစ်လုပ်ငန်း ဘက်မှာပါ အောက်ခြေ အဆင့်ဆင့်ကနေ စပြီးကြိုးစားလာရတဲ့ ၀န်ထမ်းတွေကို ပေးသင့်တဲ့ ရာထူးနဲ့ထိုက်တန်စွာ လုံးဝမပေးပါပဲ ဦးသိန်းအောင်မိသားစုနဲ့ သူခေါ်လာတဲ့ ဗိုလ်မှုးကလေး မောင်ငွေတို့နှင့် အဆင်ပြေသော လူမျိုးတွေကို နေရာကောင်းများ ပေးပြီး ကျွန်တော်တို့လို FORESTER များကို နှိမ့်ချထားခဲ့ပါတယ်။

ယခုလဲ သစ်တောသို့ ရောက်သော အချိန်မှစပြီး သစ်တောဌာန တခုလုံး စိတ်ဆင်းရဲအောင် နှိပ်စက် ဒုက္ခပေးခဲ့ပါသည်။ ယခု သစ်တောဝန်ကြီး ဖြစ်နေသူ ဦးဝင်းထွန်းနှင့်လည်း အဆင်မပြေဘူးဟု ကြားသိရပြီး ဦးဝင်းထွန်းနှင့်သူမိသားစုမှာ မြန်မာသစ်လုပ်ငန်းတွင် နေထိုင်စဉ်ကတည်းက ရိုးသားအေးဆေးပြီး ၀န်ထမ်းများအပေါ် ညှာတာစွာ ဆက်ဆံတတ်သော စိတ်ရင်းကောင်းမွန်သော ပုဂ္ဂိုလ်ဟု ကျွန်တော်တို့ သိရှိခဲ့ဖူးပါသည်။ လူတိုင်းနှင့် အဆင်ပြေသော ဦးဝင်းထွန်းအား သူတပည့်ကိစ္စဖြင့် နည်းမျိုးစုံဖြင့် ရန်ရှာ သိက္ခာချနေသည်ကိုလည်း လူတိုင်း သိရှိနေကြပြီးဖြစ်ပါသည်။

အခုတဖန် ဧရာလွှတ်တော် ဥက္ကဌနှင့်လည်း အဆင်မပြေခြင်းများအား ဂျာနယ်တွင် လွှတ်တော်ဥက္ကဌမှ ပြောကြားထားသည်ကို ဖတ်ရှုရပါသည်.။ ဧရာဝတီတိုင်းတွင်း တိုင်းညွန်မှုးများလည်း လွန်စွာ စိတ်ညစ်နေကြကြောင်း ကြားသိနေရပါသည်။

ဒီလိုပုံစံနဲ့သာဆိုရင် ကျွန်တော်တို့ ဧရာဝတီတိုင်း၏ တိုးတက်ဖွံဖြိုးရေးမှာ (၁)နှစ်အတွင်း မည်ကဲ့သို့မှ တိုးတက်ပြောင်းလဲ လာခြင်းမရှိခဲ့ပါဘူး၊ ဦးသိန်းအောင်ဟာ သူ့ကိုယ်ကျိုးနှင့် ၂၀၁၅ မဲရရှိရေး အနိုင်ရရေးသာ ကြိုးစားနေသော ၀န်ကြီးချုပ်ဦးသိန်းအောင် အကြောင်းကို အမှန်အတိုင်း သိရှိစေရန် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် တကွ လူကြီးများအား တင်ပြအပ်ပါသည်ခင်ဗျား။

လေးစားစွာဖြင့်
အငြိမ်းစား သစ်တောဝန်ထမ်း 
(ဧရာဝတီတိုင်းသားတစ်ဦး)

မွန်ပြည်နယ် ရေးမြို့နယ်နှင့် နေပြည်တော် ပျဉ်းမနားမြို့နယ်မှာ အာဇာနည်နေ့ ချီတက်အလေးပြုခွင့် ငြင်းပယ်ခံရ..

Posted: 16 Jul 2012 10:08 AM PDT

မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဇာနည်နေ့ ချီတက်အလေးပြုခွင့် ငြင်းပယ်ခံရ..
နေပြည်တော် ပျဉ်းမနားမြို့နယ်မှာ အာဇာနည်နေ့ ချီတက်အလေးပြုခွင့် ငြင်းပယ်ခံရ..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မွန်ပြည်နယ်)ရဲ့ ၆၅နှစ်မြောက် အာဇာနည်နေ့အကြို ဂုဏ်ပြုသွေးလှူဒါန်းပွဲ....

Posted: 16 Jul 2012 09:53 AM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မွန်ပြည်နယ်ရဲ့) အာဇာနည်နေ့အကြို ဂုဏ်ပြုသွေးလှူဒါန်းပွဲ....

16.7.2012  ရက်နေ့က (၆၅)နှစ်ပြည့် အာဇာနည်နေ့အကြို ဂုဏ်ပြု သွေးလှူဒါန်းပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မွန်ပြည်နယ်) အဖွဲ့ချုပ် အဖွဲ့ဝင် အမျိုးသား ၁၈ဦးနဲ့ အမျိုးသမီး ၃ဦး ပေါင်း ၂၁ဦးတို့မှ  မော်လမြိုင် ပြည်သူဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်...။

ယနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ရခိုင်ပြည်နယ်အရေး သမ္မတအမိန့် အပေါ် ဆွေးနွေးချက် အသံဖိုင်နှင့် ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်း ဘင်္ဂလီလူမျိုးသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ အဖွဲ့အစည်းအသီးသီး၏ ၂၀၀၇ခုနှစ်က ထုတ်ပြန်စာ၊ ဆန္ဒပြပွဲ ဖိတ်ကြားစာ..

Posted: 16 Jul 2012 09:27 AM PDT

ယနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ရခိုင်ပြည်နယ်အရေး သမ္မတအမိန့် အပေါ် ဆွေးနွေးနေစဉ်.. (ဓာတ်ပုံ Messenger News Journal)

နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၂) အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ဝင်ရောက် ဆွေးနွေးချက် အသံဖိုင် Khu Daun

 
ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်း ဘင်္ဂလီလူမျိုးသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ အဖွဲ့အစည်းအသီးသီး၏ ၂၀၀၇ခုနှစ်က ထုတ်ပြန်စာ.. 
နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် ဘင်္ဂလီအရေးကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်း ဘင်္ဂလီလူမျိုးသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ အဖွဲ့အစည်းများမှ ၂၀၀၇ခုနှစ် မတ်လ(၁၈)ရက်နေ့ ကတည်းက သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်...။

တိုကျိုမြို့UNရုံးရှေ့မှာ ပြုလုပ်မယ့် ရခိုင်ပြည်နယ်တိုင်းရင်းသား အရေး ဆန္ဒထုတ်ဖော်ပွဲ ဖိတ်ကြားစာ၊

ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားခြင်း

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစုနှင့် လုပ်ဖေါ်ကိုင်ဖက်များ ခင်ဗျား

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း ဒေသအတွင်း ဖြစ်ပွါးနေသည့် ပဋိပက္ခသည် မြန်မာနိုင်ငံ၏ အနာဂတ် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြီးမားသော ဆိုးကျိုးသက်ရောက်မှုကို ဖြစ်နိုင်သည့်အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့၏ သဘောထား ဆန္ဒများကို ထုတ်ဖေါ်ပြသရန် အချိန်ကျရောက်ပြီ ဖြစ်ပါသောကြောင့် လာမည့် ဇူလှိုင်လ(၁၈)ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် တိုကျိုမြို့ ရှီဘူယရှိ UN ရုံးအရှေ့သို့ လာရောက် ပူးပေါင်း ပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

တာဝန်ယူ ကျင်းပပေးသော အဖွဲ့အစည်း
ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan

နေ့ရက်။ ။ ၂၀၁၂ ခုနှစ် ဇူလှိုင်လ (၁၈)ရက်၊ ဗုဒ္ဓဟူးနေ့

အချိန်။ ။ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီ အထိ

နေရာ။ ။ ရှီဘူယ UN အဆောက်ဦးရှေ့

ထို့အတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့က ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြ ပွဲမှာ အသနားခံစာ ပေးပို့ခဲ့တဲ့ ဂျပန်နိုင်ငံရောက် ဘင်္ဂလီအဖွဲ့အစည်းရဲ့ သမ္မတကြီးဦးသိန်းစိန်ထံသို့ ပေးပို့တဲ့ အသနားခံစာမှာ ဘာတွေ ရေးထားတယ်ဆိုတာကို အားလုံး လေ့လာနိုင်အောင် ဒီလင့်ခ်မှာ သွားကြည့်ကြပါ။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment