Friday, 27 July 2012




Posted: 25 Jul 2012 10:56 PM PDT
"စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်"
(ဆောင်းပါးရှင်) ကိုမျိုး(မြန်မာစာ)

အသက်၄၀ကျော်သည့်နေ့မှ စ၍ ကျွန်တော့်ကို ကျွန်တော် အတော်သတိပြု စိုးရိမ်လာမိတတ်၏။
ဟိုးယခင်ကဆို စာနယ်ဇင်း လောကမှာ အသံကျယ်ကျယ်၊ အာပေါင် အာရင်းသန်သန်ဖြင့်
 စကားဝိုင်းမှန်သမျှ သူချည်းပြောရမှ ကျေနပ်သည့် အယ်ဒီတာချုပ် အစ်ကိုကြီးတစ်ဦးကို ကျွန်တော် စလေ့ရှိသည့်
 စကားလုံးက "အားလုံး နားထောင်ပေးလိုက် ကြပါဗျာ။ တို့အစ်ကိုကြီးက လေပိုင်းရောက် လာတော့ ဒီလိုစကား
များများပြောမှ ကျန်းမာမှာ။ အဲဒီအတွက် နားထောင် ပေးလိုက်ကြပါ။ ကုသိုလ်ရပါတယ်" ဟူ၍ဖြစ်သည်။ 

ယခု အသက်၄၀ကျော်စ ကျွန်တော်လည်း လေပိုင်း ရောက်လာ၍လောမသိ။ စကားစမိ ပြီဆို
 မရပ်ချင်။ ကိုယ်ချည်းပြောချင်ချင်ဖြစ် နေသည့်အတွက် မနည်းဘရိတ်အုပ် နေရပြီ။ သူများကိုသာ စချင်ခဲ့ပေမယ့်
ကိုယ့်ကို ကိုယ့်ထက် ငယ်သူတွေစလာ နောက်လာမှာကို ကြောက်၍ ဘရိတ်မအုပ်ချင် အုပ်ချင်ဖြင့် အုပ်နေရ ကြောင်း
 ကိုယ့်ဝမ်းနာ ကိုယ်သာအသိဆုံးပင်။ နောက်ထပ်ဝ မ်းအနာတစ်ခုလည်း ရှိသေးသည်။ ဤသည်က သူများ၊ သူတစ်ပါး
 ကို အားမနာလျှာမကျိုး ဝေဖန်လိုလာခြင်း ပင်ဖြစ်၏။ ဤသည်ကို သတိပြုမိသည်က တော့ Facebookကျေးဇူးဟု ဆိုရမည်။

"အကျည်းတန်မှန်ကြိုက်"
ကျွန်တော့်မိတ်ဆွေကြီး နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူ ကတော့ Facebookကို ကြည့်မှန်ဟု ဆိုညွှန်းရေး
 သားခဲ့ဖူး၏။ ဟုတ်သည်။ ကျွန်တော်အတော် သဘောကျသော ညွှန်းဆိုမှုဟု ၀န်ခံရမည် သာ။
မိုးလင်းသည်နှင့် မှန်မကြည့်သည့်နေ ရက်သာရှိမည်။ Facebookကိုတော့ ဦးစွာ ကြည့်လိုသည့် ဆန်္ဒက
 စွဲကပ်နေချေပြီ။ ကိုယ် ရေးသားသည့် စာတွေအပေါ် သူတစ်ပါး ဘယ်လို ပြန်ရေးထားကြလေမလဲ ဆိုသည်ကို
သိလိုစိတ်က ထိပ်ဆုံးမှာ။ ကိုယ့်အပေါ် သူတစ်ပါးဘယ်လိုမြင်ကြ မလဲဟူသော စိတ်ကို ရင့်ကျက်သော စိတ်ဟု
 ပထမပိုင်းမှာ ကျွန်တော်အတော် ဘ၀င်ကျ သလိုလို ရှိခဲ့သေးသည်။ ကြည့်မှန်ပေါ့။ နံနက် မိုးလင်းတာနှင့်
 ကြည့်မှန်လေးကြည့်၊ ကိုယ့် အပေါ်ချီးကျူးကြတာလေးကို ကျေနပ်၊ ကြည်နူး၊ ပျော်မြူး။ ကိုယ်ရေးထားတာလေး
ကို Like မလုပ်ထား၊ကြိုက်သည်မဆိုထား လျှင် မမြင်သေးဘူးထင်ပြီး မမြင်မြင်အောင်Wall ပေါ်သွားတင်၊ ကိုယ့်အပေါ်
 အမြင် မတူသလို ကလိသလို ရိသလို သဘောထား သည်ကို ဆိုလျှင် မသိကျိုးနွံပြု။ တကယ့် တကယ်ကိုယ့်အဖြစ်က
 မှန်ကြိုက်သည့် ဆယ်ကျော် သက်လို ဖြစ်မှန်းမသိ ဖြစ်နေခြင်းကို တော့သတိမပြု မိပါ။ 

အလှပြင်ထားသည်ကို မြင်စေချင်သည်။ လှသည်ပြောလျှင်ကြည်နူး၊ ကိုယ့်ကို အသိမပြုမိသလိုလို ဂရုမပြုသလိုလို
မကြည့် သွားလျှင် ကြောသည်ဟုပင် ထင်ချင်ချင်၊ အဆိုးဆုံးက မလှဘူးပြောလျှင် မကြိုက်ချင်။
တကယ်ဆို နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူဆိုညွှန်းသည့် ကြည့်မှန် သဘောက Facebookပေါ်မှာ ကိုယ့်ကို
 ဝေဖန်တာ၊ အကြံပြုတာလေးတွေကို မြင်ရပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်ဖို့ ရည်ညွှန်းခြင်းသာ။

သြော် ..ကျွန်တော့်ဖြစ်အင်က ဆယ်ကျော်သက် မှန်ကြည့်သလို ဖြစ်နေခြင်းထက်
ကိုယ်တစ်မျက်နှာလုံး အလှဆုံးကိုမတွေ့ မခြင်းရှာနေသလို အကျည်းတန် မှန်ကြိုက်ဖြစ်နေသကိုး....။ 

ဆက်လက်ဖေါ်ပြပါမည်
ကိုမျိုး(မြန်မာစာ)
Posted: 25 Jul 2012 12:07 PM PDT
缅甸有人对总统说不

缅甸前仰光市市长、现执政党"巩发党"中央执行委员、国会议员、国会"改革及现代化监督委员会"主席昂丁林接受《南方周末》采访,语出惊人,是个人物!

ညောင်မြစ်တူးတော့ ဖွတ်ဥပေါ်ဆိုသလို တရုတ်ဆိုဒ်တွေမှာတော့ ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း
 ပြောတဲ့ အင်တာဗျူးထဲက အချက်တွေ မျဉ်းတားပြီး ဖော်ပြနေကြပါပြီ.. နားလည်တဲ့သူတွေ မျဉ်းတား
ထားတဲ့ အကြောင်းအရာတွေကို ဘာသာပြန် ပေးကြပါ..။ ဒီလင့်ခ်မှာ အပြည့်အစုံ သွားကြည့်နိုင်ပါတယ်..။

ဘာသာပြန်တာ မှားလို့ပါဆိုပြီး ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ငြင်းချက်ထုတ်နေ
ချိန်မှာ တရုတ်ဝက်ဆိုက် တွေကတော့ ပြောပြီးစလစ် နံပါတ်တစ် ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ယိုး
 မရှိ ဘွားတေးမပါ ဆိုပြီး အတည်ယူနေပြီလားပဲ..

ဝိတ်ပြားရှင်နဲ့ အမေးအဖြေ ဒီလင့်ခ်ရဲ့  http://bbs.my0511.com/f152b-t3924362z-1 အထက်
က ဒုတိယပုံမှာ လိုင်းတားထားတဲ့ အထဲက အချက်များအား Google Translate နဲ့ ဘာသာပြန်လိုက်
တယ်..။
"密松大坝必须继续修建" 
မြစ်ဆုံဆည် ဆက်ဆောက်မယ်..
Myitsone dam must continue to build "

是的,这是他一个人的主意,不是国会决议。我们对此有反对意见。他试图隔断中缅的联系。သမ္မတရဲ့ တဦးတည်း ဆုံးဖြတ်ချက်ပါတဲ့ ပါလီမာန်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါ..။ ဒီဆုံးဖြတ်ချက်ကို ရှုံချပါတယ်.တဲ့
Yes, this is his idea of a person, not a congressional resolution. We have opposing views.
 He tried to cut

你觉得大坝有可能继续修建吗?
မြစ်ဆုံဆည် ပြန်စဖို့ ဖြစ်နိုင်ပါလားဆိုတော့
Do you think the dam is possible to continue the construction of it?

必须继续 
ဆောက်ကို ဆောက်ရမယ်။
Must continue to

不会的。我们对中国人很友好。当我们落难的时候,是中国人帮了我们。
တရုတ်ပြည်သူတွေနဲ့ အင်မတန် ရင်းနှီးချစ်ခင်ပါတယ်..။ ကျွန်တော်တို့ ဒုက္ခရောက်နေချိန်မှာ တရုတ်ပြည်သူတွေက ကူညီခဲ့ကြတာပါ..
We Chinese people are very friendly. When we are distressed, the Chinese people to help
 us.

ဒါကတော့ ယခုတင်ထားတဲ့ ပုံက လိုင်းတားထားတာတွေကို Google Translate ဘာသာပြန်လိုက်ပါ
တယ်..။ ဒီတော့ ဒီသတင်းကို တရုတ် ဝက်ဆိုဒ်တွေက အတည်ယူပြီး မျဉ်းကြောင်းတွေတား ဖော်ပြနေသလားပဲ..။

မူရင်းလင့်ခ် http://www.infzm.com/content/78148
ဓာတ်ပုံအား မျဉ်းကြောင်းတား ဖော်ပြတဲ့ လင့်ခ် http://bbs.my0511.com/f152b-t3924362z-1
  မှာ မျဉ်းကြောင်း တားထားတာတွေ ဆက်လက်ဘာသာပြန်ပေး ကြပါ..။

ဒီမိုဝေယံ


[ 本帖最后由 山水清音 于 12-7-6 13:32 编辑 ]
တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနဲ့ အင်တာဗျူး၌ အမှတ်တရ ဓာတ်ပုံရိုက်ခံနေစဉ်
Posted: 25 Jul 2012 08:18 AM PDT
လူငယ်တွေကို ယုံပါ

ဂျာနယ်လစ် ဆိုတာ လူမှု အသိုက်အဝန်း၏ ဘယ်ကဏ္ဍမှာမဆို အရေးကြီးသောအလုပ်ကို ဆောင်ရွက်နေသူ တစ်ယောက်
အဖြစ် ပါဝင်နေပါတယ်။ ဂျာနယ်လစ်အများစုသည် လူအများလိုအပ်တယ်လို့ ယူဆရတဲ့
သတင်း အချက်အလက်များကို ပေးကြသည်။ လူအများသိလိုသည့် သိထိုက်သည့် သူတို့ပတ်ဝန်းကျင်ကမ္ဘာရဲ့
အကြောင်းတွေကို လူထုရှေ့မှောက်ရောက်အောင် ဆောင်ကျဉ်းပေးကြသည်။ ၄င်းသတင်းအချက်အလက်များမှ
 ပြည်သူတွေဟာ မိမိတို့ဘဝမှာ ဘာတွေလုပ်ချင်လဲဆိုတာကို ဆုံးဖြတ်နိုင်ကြသည်။ တစ်ခါတစ်ရံ
 အချို့သတင်း အချက်အလက်တွေဟာ လူတွေရဲ့ သေရေးရှင်ရေးနှင့် ပတ်သက်နေသည်များကို တွေ့ရပါသည်။ ထို့ကြောင့်
နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အရေးကြီးသော (Journalism) ကဏ္ဍတစ်ရပ်အား လူငယ်များ
 အတွက် သင်တန်းတစ်ရပ် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
၂ဝ၁၂ ခုနှစ်၊ ဇူလိုင် (၂ဝ) ရက်နေ့မှစ၍ (၂၂) ရက်နေ့အထိ Journalism & Citizen Journialism
သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်၌ အလင်းဆက်(IR) မှ နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) အထိ
 (၃) ရက်ကြာ ရက်တို သင်ကြားပို့ချပေးခဲ့ပါသည်။ ယင်းသင်တန်းတွင် အသင်းသူ/သားများ အဖြစ်
နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းသား/သူများနှင့် ဝန်ထမ်းများ၊ Citizen Journalism အား စိတ်ပါဝင်စား၍
 လာရောက် တက်ရောက်သင်ကြားကြသူများ၊ ဂျာနယ်လစ်များ စသဖြင့် သင်တန်းသား/သူ (၂၈)ဦး တို့
တက်ရောက် သင်ကြားခဲ့သည်။ သင်တန်းဆရာများအနေဖြင့် အလင်းဆက်(IR)၊ ဏီအဲဝိုင် (Mosa)မှ သင်ကြားပို့ချပေးခဲ့သည်။

Journalism  Citizen Journialism သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ
 မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ပြည်ပနိုင်ငံသို့ သွားရောက်စဉ်က ကိုယ်အင်္ဂါမသန်စွမ်းသူ (လက်နှစ်ဖက်
 မရှိသူ) တစ်ဦးသည် မိမိတို့ကျင်းပသော လူမှုရေးလုပ်ဆောင်ချက် အခမ်းအနားသို့ တက်ရောက်လာကာ
 မိမိအား သူကိုယ်တိုင် ရေးစပ်ထားသော ကဗျာနှင့် ဒီဇိုင်းပုံအား ပေးခဲ့ရာ ထိုသူသည်
သူကိုယ်တိုင်ရေးဖွဲ့ စပ်ဆိုထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရခဲ့ပါသည်။ ယင်းကဗျာ စာသားနှင့်
 ဒီဇိုင်းပုံတို့သည် အလွန်ပင် ထူးခြား သပ်ရပ်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသူသည် သူ၏ ခြေနှစ်ဖက်ဖြင့်
 ကွန်ပြူတာအား အသုံးပြုကိုင်စွဲကာ အကျိုးပြု စာ၊ ကဗျာများအား ရေးသားခဲ့သော လူမှုရေး သူရဲကောင်း Citizen
 Journalist တစ်ဦးဖြစ်ကြောင်းကို မိမိ အသိ အမှတ်ပြု ဂုဏ်ယူမိကြောင်း၊ ထို့ကြောင့် ယခုသင်တန်း
 တက်ရောက်ကြသော ညီအစ်ကို မောင်နှမများသည် ကိုယ် အင်္ဂါသန်စွမ်းမှုများ ရှိနေသောကြောင့်
 မိမိတို့၏ သန်စွမ်းသောကိုယ်အင်္ဂါနှင့် မိမိတို့၏ ထက်မြတ်သော ဦးနှောက်ကို အသုံးပြုကာ အများပြည်သူ
 အကျိုးရှိစေမည့် သတင်းအချက်အလက်များကို ရှာဖွေရေးသားကြရန် အင်အားတစ်ရပ် အား ပြောကြားခဲ့ကာ
 သင်တန်းအား အလင်းဆက် (IR)မှ စတင်သင်ကြားပေးခဲ့သည်။

ယင်းသင်တန်းတွင် အလင်းဆက်(IR)မှ ဂျာနယ်လစ်ဇင်(Journalism)၊ သတင်း ဓါတ်ပုံကောင်းအတွက်
အရေးကြီးမှု၊ ဂျာနယ်လစ်ကောင်း တစ်ယောက်၏ အရည်အချင်း၊ ဂျာနယ်လစ်တို့၏ ကဏ္ဍ အစရှိသည့် သင်ခန်းစာတို့အား
 သင်ကြား ပို့ချပေးခဲ့ပြီး၊ နည်းပညာပိုင်း အနေဖြင့် ဏီအဲဝိုင်(Mosa)မှ Internet နည်းပညာများ၊ Internet
 Journalism (Blogger)၏ အရေးပါပုံများ၊ Mobile ဖုန်းများ၏ အသုံးဝင်ပုံများ စသဖြင့် နိုင်ငံသားအခွင့်အရေးကို
 အပြည့်အဝ အသုံးချနိုင်စေရန် နိုင်ငံသားဂျာနယ်လစ် သင်တန်းအား သင်ကြား ပို့ချပေးခဲ့ပါသည်။
Journialism, Citizen Journialism သင်တန်းပို့ချပေးခြင်းဖြင့် ရရှိခဲ့သော အတွေးအခေါ်များ၊ အမြင် များအား
တုန့်ပြန်ချက် (Feedback)အနေဖြင့် သင်တန်းသား/သူများမှ ပြောကြားခဲ့ကြရာတွင် "မိမိတို့သည် ယခင်က
 ကွဲလွဲစွာ မသိသေးခဲ့သော ဂျာနယ်လစ်ဇင်နှင့် နိုင်ငံသားဂျာနယ်လစ်ဇင်အား ယခုအခါတွင်
 ကွဲလွဲစွာ နားလည်သဘောပေါက်ခဲ့ကြောင်း၊ နိုင်ငံသားဂျာနယ်လစ်ဇင်ဆိုတာ နိုင်ငံသားများအပေါ် အခြေပြုပြီး (သို့)
 နိုင်ငံ သားများ ကိုယ်တိုင်တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး သတင်းနှင့် သတင်းဖြစ်လောက်သည့် အချက်အလက်
များကို စုဆောင်းခြင်း၊ သတင်းပို့ခြင်း၊ ဝေဖန်ဆန်းစစ်ခြင်းနှင့် ထုတ်လွှတ်ဝေဖန်ခြင်းကို ကောင်းစွာနားလည်
 သဘောပေါက် လာကြောင်း" စသဖြင့် တုန့်ပြန်ချက် (Feedback)များ ကိုပြောကြားခဲ့ပါသည်။ 

ထို့ကြောင့် ဒီမိုကရေစီလမ်းစဉ် ဘက်သို့ ကူးပြောင်းလာပြီဖြစ်သော မြန်မာနိုင်ငံသည် ပွင့်လင်းညင်သာသော
 လူအဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက် လာစေရန်အတွက် အများပြည်သူတို့အား အကျိုးဖြစ်ထွန်းလာစေမည့် Journalism ;
 Citizen Journialism သင်တန်းအား ပို့ချပေးခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် "စုံမှိတ်မြှပ်သေ
ကြမလား ပုံနှိပ် ထုတ်ဝေကြမလား" ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု ကျင့်သုံးကြရမည်ဖြစ်သည်။

လူငယ်တွေကို ယုံပါ
လူငယ်တွေကို ယုံပါ။
သူတို့မှာ အသိကိုယ်စီ ရှိပါတယ်။
ကိုယ်တာဝန်ယူလုပ်တဲ့ အလုပ်တစ်ခုကို
အကောင်းဆုံး ဖြစ်အောင် လုပ်ချင်တာ လူ့သဘာဝပဲဖြစ်တယ်။
လူငယ်တွေကို စိတ်ချလက်ချနဲ့
လွတ်လွတ်လပ်လပ် လုပ်ခွင့်သာပေးလိုက်ပါ။
အံ့သြစရာကောင်းလောက်အောင်ကို
သူတို့ လုပ်ပြပါလိမ့်မယ်။

(လူထုစိန်ဝင်း)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610


No comments:

Post a Comment