Friday, 27 July 2012


Posted: 25 Jul 2012 07:31 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးတင်သွင်းသော အဆိုအပေါ် အမေစု သဘောထား...
  သတင်း၊ ဓာတ်ပုံ ကိုမောပြေ (Maw Pyay)    

  ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က " Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊
 Clean government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊
 တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများ
သည် ငှင်းတို့၏ ရွှေ့ ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေ
ညာပြီး မှတ်တမ်းတင်ထားရန်" အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဒီကနေ့ ဇူလိုင်(၂၅) ရက်နေ့
တွင် သဘောတူလိုက်သည်...

                အထက်ပါ အကြောင်းအရာနှင့် ပါတ်သတ်ပြီး အမေစု အင်တာဗျူးတိုလေးကို ဖေ့ဘွတ် သူငယ်
 ချင်းများကို လက်ဆောင် ပေးလိုပါသည်... စေတနာ ပိုစွာဖြင့် ကျတော့လက်ရာ အမေ့ ဓါတ်ပုံလေးပါ တင်
ပြီး လက်ဆောင် အဖြစ်ပေးပါသည်။

NHK အမေး... ဒီကနေ့ ဆွေးနွေးတဲ့ အဆိုအပေါ်မှာ အန်တီသဘောထားလေး သိချင်ပါတယ်...

အဖြေ... အဲ့ဒါ အန်တီတို့ ကတော့ ဖြစ်သင့်တယ်လို့ ထင်တယ်... တကယ် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေ မှာဆို
 ဒီလိုပဲ လုပ်ကြတာပဲလေ... အဲ့တော့မှလဲ အစိုးရအဖွဲ့ဝင်တွေက သန့်သန့်ရှင်းရှင်းနေဖို့ရာ လိုအပ်လာမှာပေါ့...
 ဥပမာ --- ၀န်ကြီးမဖြစ်ခင်တုန်းက အိမ်တစ်လုံး နဲ့ ၀န်ကြီးဖြစ်ပြီးတော့ အိမ်ဆယ်လုံး ဆိုရင်တော့ ဒါမေးစရာ ဖြစ်မယ်..
 အဲ့ဒါတွေကို ကာကွယ်ဖို့အတွက် ဒီလို ဥပဒေတွေ ထုတ်ကြတာပဲ...

NHK အမေး... အန်တီကရော အားရရဲ့လား... အဆိုအပေါ်မှာ ... အဖြေ... အင်း... သူ့ရဲ့အဆိုအပေါ်မှာ အားရပါတယ်..
. ဒါက အဆိုက ရိုးရိုးလေးပဲလေ... နောက်တော့မှ ဒါကို အခြေခံပြီး ဆွေးနွေးရမှာပေါ့... သားတို့ရော သဘောမတူဘူးးးး
လား... (သံပြိုင်- တူပါတယ်)...
 

ပြည်ထောင်စုလွှတ်တော်သို့ အ၀င်တွင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

သတင်း၊ ဓာတ်ပုံ ကိုမောပြေ (Maw Pyay)
Posted: 24 Jul 2012 10:15 PM PDT
စစ်တွေ သံတော်လီရွာမှ ဘင်္ဂလီများ.. (ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက်)
ညောင်ကုလား ကျည်းပေါင်းတရုတ်
ကဗျာရှင်(နေရဲနီ)

စေတီဘုရား
တည်ထားကောင်းလျက်
ညောင်ပင်ဖျက်၏။

ဘုရားစေတီ အထက်ဆီတွင်
ဘယ်ကဘယ်လို ရောက်လာမှန်းမသိ
ပေါက်သည့်ညောင်ပင်
မကြီးထွားခင် အမြစ်ပါမကျန် အမြန်ခုတ်ရှင်း အချိန်မှီ သတ်ပါမှ
သို့မဟုတ်လျှင် ညောင်မြို၍ ဘုရားပြိုရသည်။
ဤသို့သော ညောင်ကို
ညောင်ကုလား ဟူ၍ သမုတ်ကြ၏။

အဘယ့်ကြောင့် ဆိုသော်
တို့တိုင်းဌာနေ မြန်မာပြည်ကို
ဘယ်ကဘယ်လို ရောက်လာမှန်းမသိ
ခေါတော ကုလား
ဘင်္ဂလား ကုလား
ချစ်တီး ကုလား
စစ်တကောင်း ကုလား
ကုလားဖြူ ကုလားမည်း
အစရှိသော ကုလားအမျိုးမျိုး
တစ်စတစ်စနှင့် ဘုရားကို ညောင်မြိုသလို
ဘာသာလည်းပျောက်
လူမျိုးလည်းပျောက်
ကြာသော် တိုင်းပြည်ပါ ပျောက်လတ္တံ့။
ထို့ကြောင့် ဤညောင်သည်ကား
ညောင်ကုလား။
(၂၀၁၁ခုနှစ် မြစ်ဆုံသင်္ကြန်မှ CPI တရုတ်ဝန်ထမ်းများ) (ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက်)

ကျည်းပေါင်းပင်
မြေပြင်အထက်အမြစ်တွယ်၍
မိမိဘာသာရပ်တည် ရှင်သန်ရိုး ထုံးစံမရှိ
သရက် ပိန္နဲ
မာလကာ အစရှိသော သီးပင်အမျိုးမျိုး
ကျည်းပေါင်းပင် တွယ်ကပ်ပေါက်သော်
အသီးလည်းအ အရသာလည်းကင်း
သို့သော်ငြားလည်း
စားသုံးမရသည့် ကျည်းပေါင်းပင်မှာ
အသီးတဝင်းဝင်း။
တို့တိုင်းဌာနေ မြန်မာပြညဝယ်
ကပ်ရပ်ခိုစား
ကျည်းပေါင်းပင် တရုတ်များ
စီပွားရေး တဝင်းဝင်း
ကြီးပွားတိုးတက် ထင်တိုင်းကြဲနေချိန်
အိမ်ရှင် တိုင်းရင်းသား
မြန်မာပြည်သူ အပေါင်းကား
ဖွတ်ကျောပြာစု သူတောင်းစားပမာ
မွဲသည်ထက်မွဲကာ
ရန်ငါးပါးနှိပ်စက်၍
ဒုက္ခမျိုးစုံ ကြုံရလေပြီတကား။

နေရဲနီ
Posted: 24 Jul 2012 09:30 AM PDT



ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း (ရန်ကုန်စာတိုက်ကြီးနှင့်
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံးအကြား) အောက်ဘလောက် လမ်းပေါ်တွင် ယနေ့ ညနေ သုံးနာရီခန့်က
 လေပြင်း တိုက်ခတ်မှုကြောင့် ပိတောက်ပင် နှစ်ပင် ပြိုလဲခဲ့ရာ ထိခိုက် ပျက်စီးခဲ့ရသော မော်တော်ယာဉ်များအား တွေ့မြင်ရစဉ်။

ဓာတ်ပုံများအတွက် သားစိုးလေးအား ကျေးဇူးတင်ပါသည်..။
Posted: 24 Jul 2012 09:21 AM PDT
ကဗျာဆရာများ သမဂ္ဂမှ ကျင်းပပြုလုပ်တဲ့ မြန်မာခေတ်သစ် ကဗျာသမိုင်းရဲ့ အမွန်အစ မျိုးချစ်ကဗျာ
စာဆိုကြီး  သခင်ကိုယ်တော်မှိုင်းကို ရည်စူးဂုဏ်ပြုတဲ့ မဟာမှိုင်းအလွန် (နှစ်၅၀ပြည့်အကြို) အောက်မေ့ဖွယ် အခမ်းအနား
(မှတ်တမ်း ဓာတ်ပုံများ) သားစိုးလေးအား ကျေးဇူးတင်ပါသည်..။
Posted: 24 Jul 2012 09:10 AM PDT
 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ BRO Learning Center၌ (၆၅)နှစ်မြောက် 19th  July အာဇာနည်နေ့
 အထိမ်းအမှတ် ၀ါဆိုသင်္ကန်းကပ်ပွဲနှင့် အာဇာနည်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့ပါသည်။
 ခရစ်ယာန် ဘာသာဝင် ကျောင်းသူ၊ ကျောင်းသားလေး များမှလည်း အာဇာနည်နေ့ အတွက် ဝတ်ပြု ဆုတောင်း ပေးခဲ့ကြသည်။

ထို့နောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းသား အားကစားပြိုင်ပွဲများြ
ပုလုပ်ပေးခဲ့ပြီး။ ဆုရရှိသူ ကျောင်းသူ၊ ကျောင်းသားများအားလည်း ဆုများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။...
 



Posted: 24 Jul 2012 08:09 AM PDT
စာပေစီစစ်ရေးက ဖော်ပြခွင့်မပြုတဲ့ "Newday News "ဂျာနယ်မှ ဘင်္ဂလီ အင်တာဗျူးတခု.. ဆိုတဲ့ ပိုစ့်အောက်မှာ
 လာရောက် ကွန်မာန့်ပေးတဲ့  ကိုMyo Setရဲ့ ကွန်မာန့်အား အများမှ နှစ်ခြိုက်လက်ခံတဲ့
အတွက် အများသိအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်..။
ရပ်ကွက်လူမိုက်နှင့် တူသည့် မြန်မာအစိုးရ...
 (ရေးသားသူ Myo Set)

မြန်မာအစိုးရသည် ဘာနဲ့ တူသည်လဲဆိုတော့ ငယ်စဉ်က ရပ်ကွက်ထဲ၊ အိမ်ထဲမှာသာ မိုက်ရဲသော
လူမိုက်၊ လူရမ်းကားနှင့်တူနေသည်။

၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတုန်းက ပြလိုက်သည့် သေနတ်ကျည်အစွမ်း။ ကချင်ဒေသတွင်
 ထုလိုက်၊ နှက်လိုက်သည်မှာ ကမ္ဘာစစ်ဖြစ်လျှင်ပင် မြန်မာက အောင်ပွဲဆင်မည့်အလား။

သို့ရာတွင် ခေတ်သစ် Globalization
အခင်းအကျင်းတွင် အထီးကျန်မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးစာမျက်နှာနှင့် နိုင်ငံခြားရေးပေါ်လစီ
ကိစ္စတွင် လူမမယ်လသားအရွယ်မျှသာ ရှိနေသေးသည်နှင့်တူနေသည်။ ဘင်္ဂလားဒေ့ရှ်လို 1971မှ
ပါကစ္စတန်ထံမှ လွတ်လပ်ရေးရသော နိုင်ငံတစ်ခု၏ ဒစ်ပလိုမေစီပရိယာယ်လက်အောက်တွင်
၁၉၄၈ခုနှစ်ကတည်းက လွတ်လပ်ရေးရခဲ့သော မြန်မာနိုင်ငံ၏ မြန်မာအစိုးရ ကောင်းကောင်းကြီး ပါးရိုက်ခံနေရသည်။

ရေပိုင်နက် ကိစ္စတွင်လည်း မြန်မာအစိုးရက "ဘောအ" ကြီးဖြစ်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်ဖက်မှ သတင်းစာ
 ရှင်းလင်းပွဲကို ပီပီပြင်ပြင်လုပ်ကာ ဟုတ်ဟုတ် မဟုတ်ဟုတ် အသာစီးယူပြသွားသည်။ ယခု ရိုဟင်ဂျာကိစ္စတွင်
လည်း လက်နက်များဖမ်းမိပါသည်ဟု သတင်းများ ဒင်းကြမ်းထွက်နေချိန်တွင် ကုလသမဂ္ဂအရာရှိများကို
ဖမ်းထားသည့်တိုင် ပြန်ကြားရေးဝန်ကြီးဌာနကား သင်္ချိုင်းမှ ဇရပ်ပျက်လို ငုတ်တုတ်မဲတဲ ဘာမှ သုံးမရချေ။ ဘာကိုကြောက်နေ
သည် မှန်းတော့မသိချေ။ အချိန်မှီသတင်းများကို တင်ဆက်နေသော ပြည်တွင်းမီဒီယာများ ကိုကားခေါ်၍ ပင်ကြိမ်းလိုက်သေး
သည်။ အာဂရပ်ကွက်လူမိုက် အိမ်ကျယ်ကြီးများပါတကား။

ဘင်္ဂလားဒေ့ရှ်ဖက်မှ နိုင်ငံခြားရေးဝန်ကြီးက အချိန်ကိုက်သတင်းများကို တုန့်ပြန်နေချိန်တွင် မြန်မာအစိုးရသည်ကား
 ဆိတ်တို့၊ မြည်းတို့ကဲ့သို့သော အဟိတ်တိရစ္ဆာန်များကဲ့သို့ စကားမတတ်သော ရွှေအ သဖွယ် ငုံ့ခံနေရချေသည်။
ယနေ့ရခိုင်ကိစ္စကို တုန့်ပြန်သော လူငယ်များ၏ အမြင်မှကြည့်လျှင်
 တစ်စက်မှ အားရဖွယ်မရှိချေ။ ခေတ်ဆွေးတို့ကိုဖယ်ရန်အချိန်ရောက်လေပြီလော။

ဘင်္ဂလားဒေ့ရှ်ဖက်မှ မီဒီယာဖြင့် နှပ်ကြောင်းပေး ပုံဖော်သည်မှာ "ရှိသမျှရိုဟင်ဂျာများကို မြန်မာမှ
ပြန်ခေါ်မည်တဲ့"။ "နိုင်ငံခြားရေးဒုဝန်ကြီးက ဘင်္ဂါလီများကို ပြန်လက်ခံရန် သဘောတူသည်တဲ့"။ ဘင်္ဂလားမီဒီယာများမှ
 ထိုကဲ့သို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်ချိန်တွင် ပုလင်းတူဘူးဆို့ ဘင်္ဂလား မီဒီယာများဖြစ်သည့် BBC မြန်မာပိုင်း၊
 VOA၊ RFA ၊ ဧရာဝတီနှင့် အဆိုးဝါးဆုံး ဒီဗီဘီ တို့မှ ပူးပေါင်းလုပ်ကြံကာ ဘင်္ဂလားသွင်းရေး ခေါ်တောနတ်ကနားပွဲကို
 လေလှိုင်းမှ မြိုင်မြိုင် ဆိုင်ဆိုင် တီးပြကြပေဦးမည်။ ခံပေဦးရော့ ရခိုင်မြေ။

နိုင်ငံတကာဆက်ဆံရေးတွင် မြန်မာနိုင်ငံသည် ဗိုလ်ချုပ်ပြောသော "ဖာ" နိုင်ငံစစ်စစ် ဖြစ်သွားရလေပြီ။ တရုတ်က
 ကြက်ကဲ့သို့ ဖြဲယဲ ယူသမျှ ခေါင်းငုံ့ခံရ၏။ ထိုင်းက နားရင်းရိုက် တောင်းသမျှ သွားဖြဲဖြင့်ပေးရ၏။ ယခုမူ
 ကိုယ့်ထက် လွတ်လပ်ရေးရတာ အနှစ်သုံးဆယ်မျှ နောက်ကျသော နိုင်ငံ၊ ကိုယ့်နိုင်ငံမှ စစ်ကိုင်းတိုင်းလောက်သာရှိသော
 နိုင်ငံမှ နားရွက်တံတွေးဆွတ်သည်ကို အိမ်ကျယ်၊ လူမိုက်ကြီးများ ခေါင်းငုံ့ခံ နေရလေ၏။ သန္တာရွှေတို့
အလကားနေရင်း လခထုတ်နေသည်ဟူသော Ministry of Foreign Affairs ဟူသည့်
ဌာနကြီးသည် သံအမတ်ခန့်အပ်ထားရေးအတွက် ခြများကြီစိုးရာ ခြတွင်းကြီးသာ ဖြစ်နေလေရာ ယနေ့ကဲ့သို့
 အရေးပေါ်ခိုက် ဘာမှ သုံးမရသည်မှာ မဆန်းချေ။

သြော် ငါတို့သည် အဖေဗိုလ်ချုပ်ပြောခဲ့သလို "ဖာ" နိုင်ငံ တွင်နေရသော ကုသိုလ်ကံ မွဲ ရေနည်းငါးများသာ ဖြစ်ရချေသည်တကား။

Myo Set 

(ဓာတ်ပုံ) ပြန်ကြားရေးဝန်ကြီး ငိုကျော်ဆန်းရဲ့ ယခင့်၊ ယခင်များက ပြန်ကြားရေး ဝန်ကြီးဆိုသူ အနှီပုဂ္ဂိုလ်သည်..
 နိုင်ငံရေး လှုပ်ရှားသူများနှင့် ပတ်သက်လာလျှင် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောသည်..။ အမှန်တရားကို အမှားဖြင့်
 ဖုံးသည်.. လူကြားထဲ၌ ငိုစား၊ ရယ်စား ငိုပြသည်၊ ရယ်ပြသည်..။

ယခုကဲ့သို့ အချုပ်အခြာ အာဏာကို ထိပါးလာသော အမျိုးသားရေး တရပ်ကဲ့သို့ ဆောင်ရွက်ရမည့်
ယနေ့လို အချိန်အခါတွင် ပြန်ကြားရေးဝန်ကြီးဋ္ဌာန အနေဖြင့် ဘင်္ဂလီ အရေးကိစ္စအား ပြတ်ပြတ်သားသား
သတင်းထုတ်ပြန်လျှက် ကြမ်းပိုးကို ကြမ်းပိုးဟု ပြောဆို သတ်မှတ်ကာ သတင်းမှန်များကို ကမ္ဘာသို့ ထုတ်ပြန် တင်ပြရမည့်
 အချိန်တွင် အနှီပုဂ္ဂိုလ်သည် မည်သည့် အရပ်သို့ ပုန်းအောင်း ရောက်ရှိနေလေသည် မသိ...။ 

ကမ္ဘာ့မီဒီယာများ၌ ဘင်္ဂလီများမှ အောက်လမ်းနည်းသုံးပြီး မဟုတ်မမှန် လုပ်ကြံဖော်ပြနေချိန်တွင် မီဒီယာကို
 မီဒီယာဖြင့် တိုက်မည်ဟု ကြွေးကျော်ခဲ့သော အနှီဝန်ကြီးသည် ပြန်ကြားရေးဝန်ကြီးနှင့် ထိုက်တန် မထိုက်တန်
အများပြည်သူမှ ဆုံးဖြတ်ကြပါလေကုန်..။ (ဒီမိုဝေယံ)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610


No comments:

Post a Comment