Friday, 10 August 2012





Posted: 08 Aug 2012 10:54 PM PDT
၂၄နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား (ဂျပန်နိုင်ငံ တိုကျိုမြို့) .. ဓာတ်ပုံ ဦးသန်းဝင်း)
ဓာတ်ပုံ ဦးသန်းဝင်းအား ကျေးဇူးတင်ပါသည်..။
 
ရုပ်သံ ဇေယျာ
၂၄နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား အိန္ဒိယနိုင်ငံ (နယူးဒေလီ)
ဓာတ်ပုံ ဦးနန္ဒာစရိယ (ရွှေဝါရောင် ဦးဆောင်ဆရာတော်)
Posted: 08 Aug 2012 10:12 AM PDT
မြောက်ဥက္ကလာမြို့နယ်ရှစ်လေးလုံး အရေးတော်ပုံ ၂၄-နှစ်ပြည့် အခမ်းအနားနှင့်
ကျင်းပရေး ကော်မတီ၏ ထုတ်ပြန်ကြေငြာချက်

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပတ်လည်အ ခမ်းအနား(ငွေရတုအကြို) ကို မြန်မာနိုင်ငံတွင်
 နေရာ အသီးသီး၊ ပြည်နယ်နှင့်တိုင်း အသီးသီးတို့တွင် ပြုလုပ်ခဲ့ကြသလို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊
 ငါးလမ်း၊ ဥတ္တရာခမ်းမမှာ ၂၀၁၂ ခုနှစ် ၈-ရက် ၈-လနေ့၌နံနက် (၇း၃၀-မှ ၉း၃၀-ထိ) ကျင်းပခဲ့ရာတွင်
လည်း လွှတ်တော်ကိုယ်စားလှယ်များ၊  ၈၈-မျိုးဆက် ကျောင်းသား ရဲဘော်ရဲဘက်များ၊ နိုင်ငံရေးပါတီဝင်များ၊
 ပန်းချီ ဆရာများ၊ နေရာတိုင်းတွင် လိုအပ်နေသော သွေးများကို လှူဒါန်းနိုင်ရန် ကြိုးစားနေသော BG-သွေးအလှူရှင်
များ၊ ကဗျာဆရာ စာရေးဆရာများ၊ အဖွဲ့ဝင်လူငယ်များ စုစုပေါင်းအင်အား နှစ်ရာကျော် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင်ဒီ မိုကရေစီရေးအတွက် အသက်ပေးခဲ့ကြတဲ့ ရဟန်း-ရှင်-လူ-ကျောင်းသား ပြည်သူများ
အတွက် ရည်ရွယ်ပြီး သံဃာတော် (၈)ပါးကို ၀ါဆိုဆွမ်းနဲ့ ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းခဲ့ပါတယ်။

ထို့နောက် တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်မြောက်
 နှစ်ပတ်လည် သဘောထားကြေငြာချက်၊ ၈၈ အလုပ်သမားများ၏ ထုတ်ပြန်ကြေငြာချက်၊
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း)၏ ကြေငြာချက်၊ ကဗျာဆရာ စာရေးဆရာများေ
ပးပို့သောကြေငြာချက်၊ မျိုးဆက်သစ် ကျောင်းသားများ ပေးပို့သော ကြေငြာချက်တို့ကို ဖတ်ကြားခဲ့ကြပါသည်။
ထိုကဲ့သို့ပေးပို့သော သ၀ဏ်လွှာများထဲတွင် မြောက်ဥက္ကလာပမြို့နယ်၊ အခမ်းအနား ကျင်းပရေး
 ကော်မတီမှ ထုတ်ပြန် ကြေငြာချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် လူထုတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
 ပါဝင် တိုက်ပွဲဝင်ခဲ့ကြသည့် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာဆိုလျှင် ၂၄-နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ၁၉၆၂-ခုနှစ်၊ မတ်လ
၂-ရက်နေ့ စစ်အာဏာရှင်တို့ အာဏာသိမ်းတဲ့ အချိန်ကစပြီး အာဏာရှင်စံနစ်ကို ဆန့်ကျင်တဲ့ လှုပ်ရှား
ဆန္ဒပြမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၆၂-ခုနှစ် ဇူလိုင် ၂-ရက်နေ့က ကျောင်းသား အရေးတော်ပုံက
 စပြီး၊ စစ်အာဏာရှင်တို့ကို လူထုလူတန်းစား အသီးသီးကနေ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ရာမှာ ၂၀၀၇ ရွှေဝါရောင်
 သံဃာ့လှုပ်ရှားမှု အထိဖြစ်ပါတယ်။

လူထု၏အဓိကလိုအပ်ချက်များဖြစ်တဲ့ ဒီမိုကရေစီရရှိရေး၊လူ့အခွင့်အရေးအပြည့်အ၀ရရှိရေးတို့ အတွက် ရဟန်း၊
 ရှင်၊ လူ၊ ကျောင်းသား၊ ကျောင်းသူတွေဟာ တိုက်ပွဲဝင်ရင်း တိုက်ပွဲအတွက် ကျဆုံးသွားခဲ့ကြတာ မနည်းတော့ပါဘူး၊
 ၈-၈-၈၈ လူထုအရေးတော်ပုံမှာ ကျဆုံးမှု အများဆုံးဖြစ်ခဲ့ရပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် တွေရဲ့ဝိညာဉ်တွေဟာ
 စစ်မှန်တဲ့ ဒီမိုကရေစီစနစ် မပေါ်ထွန်းသရွေ့ ဆက်လက် တိုက်ပွဲဝင်နေမယ်လို့ ယုံကြည်မိ ပါတယ်။
 ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အကျိုးဆက်အဖြစ် တစ်ပါတီ အာဏာရှင်စနစ်ကို အမြစ်ကစ မြေလှန်
 ပစ်လိုက်နိုင်ပြီး ပါတီစုံဒီမိုကရေစီစနစ် လမ်းစ ပေါ်ထွန်းလာခဲ့ပါ
တယ်။ ဒီမိုကရေစီအင်အားစု နိုင်ငံရေးပါတီများ ပေါ်ထွန်းလာခဲ့ပါတယ်။ လူထုရဲ့ စည်းလုံးညီညွတ်
မှုဟာ ဘယ်အာဏာရှင်ကိုမဆို အောင်နိုင်တယ်ဆိုတဲ့ ညီညွတ်ခြင်း အကျိုးတရားများကို လက်တွေ့
ရရှိခဲ့ပါတယ်။ လူထုတစ်ရက်လုံးရဲ့ ရင်ထဲမှာ ရှစ်လေးလုံးစိတ်ဓာတ် အစဉ်ထာဝရ ကိန်းဝပ်နေဖို့ လိုအပ်တယ်
လို့လည်း ယုံကြည်မိပါတယ်။

ယနေ့လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွဲရေး၊
 လယ်သမားများ လယ်ယာမြေပိုင်ဆိုင်ရေး၊အလုပ်သမားများ လူနေမှုဘ၀ တိုးတက်ခိုင်မာရေး  လူထု
 တစ်ရပ်လုံးရဲ့ လိုအင်ဆန္ဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးတို့အတွက်လည်း ရှစ်လေးလုံးစိတ်ဓာတ်ဟာ မရှိမဖြစ်
 လိုအပ်တဲ့အရာလို့ အခမ်းအနား ကျင်းပရေး ကော်မတီမှ ယုံကြည်ပါတယ်။

အမိနိုင်ငံတော်မှာ ရှစ်လေးလုံးစိတ်ဓာတ် အဓွန့်ရှည် တည်တံ့ခိုင်မြဲဖို့အတွက် ယခုလို ရှစ်လေး လုံး အရေးတော်ပုံ
 ၂၄-နှစ်ပြည့် အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်။ လူထုလူတန်းစား အလွှာအသီးသီး အနေနဲ့ ရှစ်လေးလုံး
 စိတ်ဓာတ်ကို အမြဲနှလုံးသွင်းကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

အခမ်းအနား ကျင်းပရေးကော်မတီ
မြောက်ဥက္ကလာမမြို့နယ်။

မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးအလှည့် အပြောင်းကို အဓိကအုတ်မြစ်ချပေးခဲ့သည့် ၈.၈.၈၈ နေ့ကို သမိုင်းဝင် အထိမ်း
အမှတ်နေ့ တစ်နေ့အဖြစ် တရားဝင် သတ်မှတ်ပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အကျဉ်းထောင်အသီး
သီးတွင် ဆက်လက် အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသား အားလုံး
ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးနှင့် ပြည်ပနိုင်ငံ အသီးသီးတွင် ရောက်ရှိနေကြ
သည့် ဒီမိုကရေစီအင်အားစုများ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မဖြစ်မနေ လိုအပ်နေသည့်
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန် ကြေငြာပေးရန်လည်း လိုအပ်နေပါကြောင်း၊ ရှစ်လေးလုံးနေ့သည် မြန်မာ့
သမိုင်းတွင် အလွန် အရေးပါသည့် သမိုင်းဝင်နေ့ တစ်နေ့ဖြစ်ကြောင်းကို ပညာရှင်များ၊ သမိုင်းသုတေသီများ၊
 ကဗျာဆရာ စာရေးဆရာများ၊ နိုင်ငံရေးသမားများက ဖတ်ကြားတိုက်တွန်းခဲ့ပြီး အခမ်အနားကို ၁၁း၃၀ တွင်ရုပ်သိမ်း ခဲ့ပါသည်။

သတင်း၊ ဓာတ်ပုံများအတွက် မေမေ့သားလင်းဆက် အားကျေးဇူးတင်ပါသည်..

၈၈၈၈ သမိုင်းဝင် လူထုအရေးတော်ပုံကြီးအတွင်း မြောက်ဥက္ကလာပမြို့နယ်မှ ရဟန်း၊ ရှင်လူ၊ ကျောင်းသား ပြည်သူများ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရသည်။
Posted: 08 Aug 2012 09:48 AM PDT
 မန္တလေးမြို့၌ ကျင်းပသော ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအကြို
အခမ်းအနားတွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ရေစက်ချ အမျှဝေနေစဉ်။ (ဓာတ်ပုံ Messenger News Journal
)

သတင်း (Popular News Journal)  
မန္တလေး ၊ သြဂုတ်လ ၈ရက်   ၈၈၈၈ အရေးတော်ပုံ ၂၄ နှစ်ပြည့်အခမ်းအနား ကိုမန္တလေးမြို့ ဘုရားကြီးအလယ်တိုက်၌
 သြဂုတ်လ ၈ရက်နေ့၌ ကျင်းပခဲ့သည်။ အခမ်းအနားမစတင်မှီ ၈၈မျိုးဆက်ကျောင်းသား ၊ ၈၈ အရေးတော်ပုံတွင်
ကျဆုံးခဲ့သော မိသားစုဝင်များ၊ တိုင်းရင်းသားများက သံဃာတော်များကို သင်္ကန်းများ ဆက်ကပ်ခဲ့ကြသည်။
 ဆက်လက်၍ ၈၈မျိုးဆက်ကျောင်းသားဟောင်း ကိုမင်းကိုနိုင်က သင်္ကန်းကပ်လှူရခြင်း အကြောင်းပြောကြား
ခဲ့ပြီး၊ သံဃာသာမဂ္ဂီအဖွဲ့ချုပ် အထက်ဗမာပြည်အတွင်းရေးမှူး ဆရာတော်ဦးဝါသ၀မှ အနုဟေဓနာ တရားဟောကြားခဲ့
သည်။ ထို့နောက် ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုဂျင်မီမှာ အချက်
(၅)ချက်ပါ သဘောထား ကြေညာချက်ကို ကြေငြာခဲ့ကာ၊အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်ကော်မ
တီမှ ကိုဇာနည်အောင်က ကျေးဇူးတင် စကားပြောကြားခဲ့သည်။ 

 စိုင်းလမင်း 
ဒီမိုဝေယံသို့ ပေးပို့လာတဲ့ ယနေ့ မန္တလေး ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား
ဓာတ်ပုံများ ပေးပို့သူ.. 
 ပြည်သူ့သတင်းထောက် (AM)
ယနေ့ (၈.၈.၂၀၁၂) နံနက် ၇-နာရီက မန္တလေးမြို့ ဘုရားကြီးအလယ်တိုက်ကြီး ဒက္ခိဏာရာမ  ကျောင်းတိုက်တွင်
 ၈၈၈၈ အရေးတော်ပုံငွေရတုအကြို ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပရာ
 ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်  များနှင့် အနယ်နယ်အရပ်ရပ်မှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား
သူများ တက်ရောက်ကြရာ ဒီမိုကရေစီလှုပ်ရှားသူများ စုစည်းမှုတရပ်
အနေဖြင့် မှတ်ကျောက်တင်သည့် နေ့တနေ့အဖြစ် မြင်တွေ့ရပါတော့သည်။
ဓာတ်ပုံ ... ပြည်သူ့သတင်းထောက် (AM)
လွှတ်တော်အတွင်းမှ အဖွဲ့ချုပ် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ ၈လေးလုံးနှစ်ပတ်လည် ၀မ်းနည်းခြင်းအထိမ်း
အမှတ်
၈လေးလုံးနှစ်ပတ်လည် ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့် NLD
အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ ယနေ့ လွှတ်တော်
တတ်ရောက်ချိန်တွင် အနက်ရောင်ပါသည့် လုံခြည်များကိုသာ ၀တ်ဆင်ထားကြောင်းြ
ပည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

သတင်း၊ ဓာတ်ပုံ (Popular News Journal)  
Posted: 08 Aug 2012 09:14 AM PDT
ရှစ်လေးလုံး ငွေရတုအကြိုအခမ်းအနားဖြစ်သော ၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပတ်လည်အခမ်း
အနားကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး လိုလားသူများမှ ဦးစီးပြီး ၂၀၁၂
 ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပရာ အမျိုးသားဒီမိုကရေစီအ
ဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး၊ ဒီချုပ်သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊
 ၈၈ -မျိုးဆက်ကျောင်းသားရဲဘော်ရဲဘက်များ၊ နိုင်ငံရေးပါတီဝင်များ၊ ကဗျာဆရာစာရေးဆရာများ၊
GW အဖွဲ့ဝင်လူငယ်များစုစုပေါင်း အင်အားတစ်ထောင်ကျော် တက်ရောက်လာကြသည်။

အဆိုပါအခမ်းအနားကိုဒီမိုကရေစီရေးအတွက်အသက်ပေးခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ အတွက်ရည်
ရွယ်ပြီး သံဃာတော် ၄၄ ပါးကို ၀ါဆိုဆွမ်းနဲ့ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ ပါတယ်။ ထို့နောက် ၈၈ ဒီမိုကရေစီ
အရေးတော်ပုံ ၂၄ နှစ်မြောက်နှစ်ပတ်လည် သဘောထားကြေငြာချက်၊ ၈၈ အလုပ်သမားများ၏ ကြေငြာချက်၊
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း)၏ ကြေငြာချက်၊ နိုင်/ ကျဉ်းမှပေးပို့သော
 ကြေငြာချက်၊ ကဗျာဆရာစာရေးဆရာများ ပေးပို့သောကြေငြာချက်၊ မျိုးဆက်သစ် ကျောင်းသားများ ပေးပို့သောကြေငြာချက်
တို့ကို ဖတ်ကြားခဲ့ကြပါသည်။

ဤသို့ပေးပို့သော သ၀ဏ်လွှာများထဲတွင် မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးအလှည့် အပြောင်းကို အဓိကအုတ်မြစ်ချပေးခဲ့
သည့် ၈.၈.၈၈ နေ့ကို သမိုင်းဝင် အထိမ်းအမှတ်နေ့ တစ်နေ့အဖြစ် တရားဝင်
သတ်မှတ်ပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အကျဉ်းထောင်အသီးသီးတွင်
ဆက်လက် အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက် ရေးနှင့်
 ပြည်ပနိုင်ငံ အသီးသီးတွင် ရောက်ရှိနေကြသည့် ဒီမိုကရေစီအင်အားစုများ မြန်မာနိုင်ငံသို့ ဂုဏ် သိက္ခာရှိစွာ ပြန်လာနိုင်ရေး
အတွက် မဖြစ်မနေ လိုအပ်နေသည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ကြေငြာ ပေးရန်လည်း လိုအပ်နေ
ပါကြောင်း၊ ရှစ်လေးလုံးနေ့သည် မြန်မာ့သမိုင်းတွင် အလွန် အရေးပါသည့် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ကြောင်းကို
ပညာရှင်များ၊ သမိုင်းသုတေသီများ၊ ကဗျာဆရာ စာရေးဆရာများ၊ နိုင်ငံရေးသမားများက ဖတ်ကြားတိုက်တွန်းခဲ့၍
အခမ်အနားကို ၁၁း၃၀ တွင်ရုပ်သိမ်း ခဲ့ပါသည်။

သတင်း၊ ဓာတ်ပုံ ... မေမေ့သားလင်းဆက်..
Posted: 08 Aug 2012 09:05 AM PDT
  ဘဒ္ဒန္တ ဥဂ္ဂံသ (သာဓုကျောင်းတိုက်ဆရာတော်-ကြည့်မြင်တိုင်)
အဖွဲ့ချုပ် နာယက ဘဘဦးတင်ဦး..
ဘဘဦးဝင်းတင်..
ရှစ်လေးလုံး (၂၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ တွေ့ရတဲ့ အဆိုတော်သျှီ
၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်နှင့် တက်ရောက်လာကြသူများ
ယနေ့ ရှစ်လေးလုံး (၂၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပရာ.. ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ရှေ့ မြင်ကွင်း..
ဓာတ်ပုံ ဒီမိုကောင်းကင်၊ ဒီမိုဝေယံ..
သတင်း 7 Day News Journal
ရန်ကုန်၊ သြဂုတ်- ၈

မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကို အဓိကအုတ်မြစ် ချပေးခဲ့သည့် ၈.၈.၈၈ နေ့ကို
သမိုင်းဝင်အထိမ်း အမှတ် နေ့တစ်နေ့​အဖြစ် တရားဝင်သတ်မှတ်ပေးရန် ရှစ်လေးလုံး ၂၄ နှစ်မြောက် နှစ်ပတ်လည်
အခမ်းအနားက တိုက်တွန်း ကြေငြာလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ဆက်လက်အကျဉ်းချခံနေရသော နိုင်ငံရေး အကျဉ်းသား
 အားလုံး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးနှင့် ပြည်ပနိုင်ငံ အသီးသီးတွင်ေ
ရာက်ရှိနေကြသည့် ဒီမိုကရေစီအင်အားစုများ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မဖြစ်မနေလို​အပ်
သည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန် ကြေငြာပေးရန်လည်း ထပ်မံ တိုက်တွန်းခဲ့ကြသည်။

ရှစ်လေးလုံးနေ့သည် မြန်မာ့သမိုင်းတွင် အလွန်အရေးပါသည့် သမိုင်းဝင်နေ့
တစ်နေ့ဖြစ်ကြောင်း​၊ ယနေ့မျက်မှောက်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စ​ဉ်များသည်
 ရှစ်လေးလုံး အရေးတော်ပုံကြီး၏ အကျိုးဆက်များဖြစ်ကြောင်း ယင်းအခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊
 ဒီ​မိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့်​ ငြိမ်းချမ်းရေး လိုလားသူများက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ငွေရတုအကြို ၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနား​ကို သြဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီမှ
စတင်ကာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
များ၊ ရဲဘော်ရဲဘက်များ၊ နိုင်ငံရေးပါတီများ၊ လူငယ်များ၊ စာရေးဆရာ ကဗျာဆရာများ အင်အား
တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment