Friday 31 August 2012

    Posted: 31 Aug 2012 12:13 AM PDT
    ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို
     SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုပေးပါရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ စာရေးသားတင်ပြခဲ့ ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကခွင့်ပြုပါက သက်ဆိုင်ရာရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပေး ရန်သဘောတူထားပါကြောင်းလည်းဖော်ပြထားပါတယ်။

    အဲဒီတင်ပြချက်အပေါ် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိုရှေ့ရှုပြီး ပြည်ထောင်စုဝန်ကြီးက တိုက်ရိုက်ထုတ်လွှင့်ခွင့် ခွင့်ပြုပေးလိုက်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
    ပြန်ကြားရေးဝန်ကြီးဌာနအရာရှိတဦးဖြစ်တဲ့ ဦးရဲထွဋ် Facebookမှာ ဖော်ပြထားပါတယ်..

    Ye htut

    Posted: 30 Aug 2012 10:15 AM PDT
    မြန်မာနိုင်ငံရှိ ရုပ်ရှင်ကြည့်ပရိတ်သတ်များ စိတ်ဝင်စား မှုအများဆုံးဖြစ်သော အကယ်ဒမီဆုပေး ပွဲအား ၂၀၁၃-၂၀၁၄
     ဘဏ္ဍာရေးနှစ်မှ စ၍မြန်မာနိုင်ငံ ရုပ်ရှင်အစည်းနှင့်အနုပညာ လောကသားများကသာ ရွေးချယ်ပေး အပ်သွားတော့မည်ဖြစ်ကြောင်းသိရသည်။

    မြန်မာနိုင်ငံတွင်အကယ်ဒမီ ပေးပွဲများအား ခေတ်အဆက်ဆက်မှပင် သက်ဆိုင်ရာအစိုးရ အသီးသီးမှ စီစဉ်ပေး အပ်ခဲ့ခြင်းဖြစ်
    ကာ၊ ယနေ့ခေတ်တွင် ပြန် ကြားရေးဝန်ကြီး ဌာနမှဦးဆောင်၍ ဆုများ ပေးအပ်ခဲ့ ကြောင်း နှင့် ယင်းအကယ်ဒမီ ဆုနှင့်ပါတ်သတ်၍၂၀၁၃-၂၀၁၄ဘဏ္ဍာ ရေးနှစ်မှစ၍အနုပညာ သမားများနှင့် လွတ်လပ်စွာဖွဲ့ စည်းလိုက်သောမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှရွေးချယ်ပေးအပ်ခွင့် များ ပထမဆုံး အနေဖြင့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

    ''အကယ်ဒမီပေးတာနဲ့ ပါတ်သတ်ပြီးတော့ကျွန်တော်တို့ရုပ်ရှင် အစည်းအရုံးအနေနဲ့ပြောင်း လဲလာတဲ့ ခေတ်စနစ်တွေ နဲ့အညီ အကယ်ဒမီဆုတွေ ကို ကျွန်တော်တို့မြန်မာနိုင်ငံရုပ်ရှင်လော ကသားများ သာလျှင် ပေးအပ်လိုပါတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးထံကို တင်ပြခဲ့ရာ မှာအခုဆို ကျွန်တော် တို့ ဆောင်ရွက်လို တဲ့အတိုင်းဆောင်ရွက် ခွင့်ရပြီဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဥက္ကဌ ဦးဇင်ဝိုင်းကပြော သည်။

    မြန်မာနိုင်ငံတွင် ရုပ်ရှင်လော ကသားများ အတွက်အကြီးမားဆုံးသော ပွဲဖြစ်သည့်အ ကယ်ဒမီပေး ပွဲအား ခေတ်အဆက်ဆက် တတ်လာခဲ့သော နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများကသာ ဦးဆောင်ကျင်း ပလာရာ အကယ်ဒမီဆု များမှာ အနုပညာ စံချိန်စံနှုန်းများ နှင့်တဖြည်း ဖြည်းဝေး ကွာလာခဲ့ ရကြောင်း နှင့် အကယ်ဒမီဆုများ မှာပြည်သူအများ ကပေးသော ဆု၊အနုပညာရှင်များကပေးသောဆုနှင့် နိုင်ငံတော်မှ ပေးသော ဆုလွဲချော်မှုများစွာ ရှိလာသောကြောင့် အကယ်ဒမီဆုပေးပွဲ အပေါ်တွင် ပရိတ်သတ် မှစိတ်ဝင်စား မှုများ လျှော့ကျလာခဲ့ကြောင်းလည်းသိရသည်။
    ''ကျွန်တော်တို့အနေနဲ့ အကယ် ဒမီပေးခွင့် ရလာပြီဆိုပေမယ့် ၂၀၁၁-၂၀၁၂ ခုနှစ်မှာပေးမယ်ဆိုရင် ပြင်ဆင် ဆောင်ရွက် ဖို့အတွက်အချိန်တွေ မရှိဖြစ်နေပါတယ်၊ဒါ့ ကြောင့် ၂၀၁၄နှစ်ဆန်းကနေရုပ်ရှင် ထူးချွန်ဆု တွေစပေးပါမယ်၊ပေးမယ်ရုပ်ရှင် ကားတွေကတော့ ၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်းမှာ တင်သမျှ ရုပ်ရှင်ကား တွေပဲ ဖြစ်ပါတယ်၊ အဲ့ဒီရုပ်ရှင်ကားတွေကို ကျွန်တော်တို့ရုပ်ရှင်အစည်းရုံးနဲ့ အနု ပညာရှင် တွေက ပေးအပ်သွားမှာပါ''ဟု ဦးဇင်ဝိုင်း ကဆက်၍ပြောခဲ့သည်။

    မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ရုပ်ရှင်ထူးချွန်ဆုများအား လွတ်လပ်သော အဖွဲ့အစည်း မှပေးမည် ဆိုသည်မှာ မြန်မာ နိုင်ငံ အနုပညာရှင်များနှင့် ရုပ်ရှင်လောက သားများအတွက် အထူးခြား ဆုံးသော ပြောင်းလဲမှု တစ်ရပ်ပင်ဖြစ်ကာ အနုပညာ ရှင်များ၏အရည်အသွေးများလည်းပိုမို တိုးတတ်လာ နိုင်ကြောင်း သိရသည်။

    ''အခုလိုမျိုး အနုပညာရှင်တွေ ရဲ့ အကယ်ဒမီကို အနု ပညာ လောကသား တွေကပေးမယ် ဆိုတာတော့ ပိုကောင်း လာမယ်လို့
    ထင်ပါ တယ်''ဟုရုပ်ရှင် သရုပ် ဆောင် အကယ်ဒမီ ဝေဋုကျော်က ပြော သည်။

    ''အကယ်ဒမီတွေကို အခုလို လွတ်လပ်တဲ့အဖွဲ့ အစည်းတွေကပေးသွား မယ်ဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာမယ် ထင်ပါတယ်၊ ရုပ်ရှင်ကား ကြီးတွေလည်းပိုပြီး အရည်သွေး ရှိရှိရိုက် ကူးလာ မယ်လို့ မျှော် လင့်ပါတယ်၊ဘာပဲ ဖြစ်ဖြစ်စိတ်ဝင် စားစရာပါပဲ၊''ဟု မြန်မာ နိုင်ငံရုပ်ရှင်ကြည့် ပရိတ် သတ်တစ်ဦးဖြစ် သူ မခင်မျိုးကပြောသည်။

    မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး သည်၂၀၁၂ခုနှစ်ဧပြီလမှ စတင်ကာလွတ် လပ်သော အဖွဲ့ အစည်းအဖြစ် ရပ်ခဲ့ကြောင်း သိရသည်။

    Yangon media group

    Posted: 30 Aug 2012 09:20 AM PDT
    ယနေ့ထုတ်မြန်မာ့အလင်းသတင်းတွင် " တရုပ်နိုင်ငံတွင်ထုတ်လုပ်ထားသည် မြန်မာကြိုက် ချယ်ရီဝက်ဂွန် မီနီစလွန်းကားများကိုယခုလကုန်မှစတင်ကာ ပြန်လည်ရောင်းချပေးသွားမည်ကြောင်းတာဝန်ရှိဌာနတာဝန်ရှိသူတဦးထံမှ
    သိရှိရသည်။ ကားတွေကရောက်နေပြီ၊စတင်ရောင်းချဖို့အတွက်ပြင်ဆင်နေပါတယ်။ လက်ရှိဈေးကွက်ရဲ့ လိုအပ်ချက်အရ ကားစီးရေ ၂၀၀ဝန်းကျင်ကိုရောင်းချပေးသွားမှာဖြစ်ပါတယ်။ " ပါရှိလာတဲ့ သတင်းကိုဖတ်လိုက်ရတော့ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာဌာအာဏာပိုင်တွေဟာ နိုင်ငံတကာမှာ တရုပ်ထုတ်ကားကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ပစ္စည်းတခုအသုံးပြုထားမှုကြောင့် သူတို့နိုင်ငံတွေမှာ ဓါတ်ခွဲစစ်ဆေးနေတယ်ဆိုတဲ့ သတင်းကိုမဖတ်မိတာလား၊ နိုင်ငံတကာဗဟုသုတနည်းပါးတာလား၊

    တရုပ်ကုမ္မဏီကနေ ပေးလာမယ့်ကော်မရှင်ငွေကိုမျှော်ကိုးပြီး ခွင့်ပြုနိုင်သူအာဏာပိုင်တဦးဦးကဘဲ အန္တရယ်ဖြစ်စေနိုင်တာကိုသိသိကြီးနဲ့ ခွင့်ပြုခဲ့တာလား အတွေးတွေများလာရပါတယ်။ ခုလိုခေတ်ပြောင်းစပ်ကူးမတ်ကူးကာလမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ်တဲ့ အရာရှိကြီးတွေ ကြုံးဝါးသံကို အစိုးရဌာနအသီးသီးမှာလည်း ကြားနေရတော့ တို့မြန်မာပြည်သူတွေ ဒီလိုဥာဉ်ဆိုးတွေ လက်က အမြန်ဆုံး လွတ်ကင်းဖို့......(Aung pan)

    AF Ijournal
    "တရုတ်လုပ် Chery ကား မော်ဒယ်နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်ခြင်း ရှိ မရှိ စစ်ဆေးနေ"

    တရုတ်လုပ် Chery ကားမော်ဒယ်နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်မှု ရှိ မရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။အဆိုပါ Chery ကား မော် ဒယ်နှစ်ခုမှာJ3 ဆီဒင်ကာ နဲ့
    T11ပြိုင်ကားမော်ဒယ်များဖြစ်ကြပြီး၊ ယင်းကားများကိုတင်သွင်းသည့် ဗား တက်စ်ကုမ္ပဏီက ကျောက်ဂွမ်းပါ ဝင်သည်ဆိုသောအင်ဂျင်နှင့်အိပ်ဇော စနစ်မှ ဂတ်စကက်နမူနာခြောက်ခု ကို ဆက်စကို ဓာတ်ခွဲခန်းသို့ပို့ပြီး စစ်ဆေးလျက်ရှိသည်။ ဓာတ်ခွဲခန်းမှ အဖြေကိုလာမည့် ရက်သတ္တပတ် တွင်သိရမည်ဆို၏။

    ကျောက်ဂွမ်း(Asbestos) ဆို သည်မှာ မီးမလောင်နိုင်သည့်ပစ္စည်း တစ်မျိုးဖြစ်ပြီး၊ မီးသတ်သမားများ ဝတ်ဆင်လေ့ရှိသည့် မီးခံဝတ်စုံတွင် ထည့်သွင်းအသုံးပြုသော်လည်း လူ သားတို့အတွက် အန္တရာယ်ရှိသဖြင့် ကမ္ဘာ့နိုင်ငံငါးဆယ်တို့တွင် ကျောက်ဂွမ်းသုံးခြင်းကို တားမြစ်ပိတ်ပင်ထား ကြသည်။ ယင်းသို့ တားမြစ်ပိတ်ပင် သည့် နိုင်ငံများထဲတွင် သြစတြေး လျနိုင်ငံသည်လည်း အပါအဝင်ဖြစ် လေရာ ယင်းChery ကား မော်ဒယ် နှစ်ခုတို့တွင် ကျောက်ဂွမ်းများ ပါဝင် နေကြောင်းသေချာပါက ကားအစီး ရေ ၂၃ဝဝဝ ကိုယင်းတို့လာရာဌာန သို့ ပြန်ပို့မည်ဖြစ်ကြောင်းသိရသည်။

    ကျောက်ဂွမ်းမှထွက်သည့်အနံ့ကိုကြာရှည်စွာရှူရှိုက်ပါကအသက်ရှူလမ်းကြောင်းတွင် ရောဂါ ဖြစ်နိုင်ကြောင်း ဆေးပညာရှင်
    များက ဆိုသည်။ မောင့်အဲလိဇဘက် ဆေး ရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပါရဂူ ဒေါက်တာချန်တောင်အင်က ''ကျောက်ဂွမ်းအမျှင်တွေဟာ အ ဆုတ်ထဲဝင်တာများရင် အန္တရာယ် ဖြစ်စေနိုင်တယ်။ အဆုတ်ထဲကို ကျောက်ဂွမ်း အမျှင်တွေရောက်နေ တာကို နှစ် ၂ဝ ကနေ ၃ဝ လောက် ကြာမှသိရတတ်တယ်။ ဒါကြောင့် ရောဂါဖြစ်နေတာကို လူတွေမသိကြ တာများတယ်''ဟု ပြောသည်။

    ကျောက်ဂွမ်းအမျှင် စလေးများ သည် အသက်ရှူသည့်အခါ နည်း နည်းချင်းပါသွားပြီးနောက် ယင်း အမျှင်များ ထောင်နှင့်ချီ၍ အဆုတ် ထဲသို့ရောက်နေပါက ဖယ်ရှားပစ်ရန် ခက်ခဲသည်ဟု ၄င်းက ဆိုသည်။
    စင်ကာပူနိုင်ငံတွင်မူ Chery ကားပေါင်း ၁၈ဝဝ ကျော်မျှ မောင်း နှင်သွားလာနေကြသော်လည်း ယခု သံသယဖြစ်နေကြသည့် မော်ဒယ် များမှာမူ ၄၁၄ စီးသာရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင်လည်း ကျောက်ဂွမ်းကို ၁၉၈၉ မှစတင်၍ တားမြစ်ခဲ့ပြီး၊ ကားများတွင် အသုံး မပြုရန် ကိုမူ ၁၉၉၅ ခုနှစ်တွင် တား မြစ်ခဲ့ကြောင်း သိရသည်။

    ''ဝူဟူး အခြေစိုက် Chery ကားစက်ရုံကလည်း စင်ကာပူကို ပို့တဲ့ကားတွေမှာ ကျောက်ဂွမ်းတွေ ပါမပါဆိုတာကို စစ်ဆေးနေပါ တယ်''ဟု ယင်းကားများကို တင် သွင်းသော ဗားတက်စ်ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဆင်ခိုင်ဘီက
    စထရိတ်တိုင်းမ်စ်သတင်းစာသို့ ပြော ကြားခဲ့သည်။

    Posted: 30 Aug 2012 08:39 AM PDT

    Rfa

    Posted: 30 Aug 2012 08:26 AM PDT
    (Channel News Asia မှ 30n August 2012 ရက်စွဲပါ "US paves way for Myanmar President visit" သတင်းကို ဘာသာပြန်ဆိုသည်)

    အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံကြောင်းပြသသည့် အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာ ခံသို့ မြန်မာခေါင်းဆောင်ဦးသိန်းစိန် တက်ရောက်နိုင်ရန်အတွက် ဗီဇာအတားအဆီးများကို ဗုဒ္ဓဟူးနေ့က ဖယ်ရှားပေးလိုက်သည်။

    အိုဘားမား၏ ဗီဇာခွင့်ပြုမိန့်ကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပချိန်တွင် ဦးသိန်းစိန် လွတ်လပ်စွာ သွားလာနိုင်မည်ဟု သိရှိရသည်။ သို့မဟုတ်ပါက ညီလာခံကျင်းပသော နယူယောက် ကုလသမဂ္ဂ ဌာနချုပ်အနီး တစ်ဝိုက်တွင်သာ သွားရောက်နိုင်သည်ဟု ဆိုသည်။

    အိမ်ဖြူတော် အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တော်မီတာက "သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက်ဟာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်နေတဲ့ မြန်မာသမ္မတနဲ့ သူ့အစိုးရ အဖွဲ့ကို ပိုပြီးနီးနီးကပ်ကပ် တွေ့ထိဆက်ဆံသွားဖို့ ကျွန်တော်တို့ စိတ်ဝင်စားနေတယ်လို့ အချက်ပြလိုက် တာပါ"ဟု ပြောကြား သည်။

    တော်ဗီမီလာက ဆက်လက်၍ "မြန်မာအစိုးရထဲက အဓိက ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ ကျွန်တော်တို့ ပိုမိုထိတွေ့ ဆက်ဆံခြင်းအားဖြင့် မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေး၊ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး ချောချောမွေမွေ့ တိုးတက်လာမှာ ဖြစ်ပါတယ်။ အခုအဆုံးအဖြတ်ကြောင့် သမ္မတဦးသိန်းစိန်နဲ့ သူရဲ့ ပြုပြင် ပြောင်းလဲရေး ဝန်ကြီးတွေဟာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်ပြီး ဒီမိုကရေစီနှင့် အမေရိကန်မူဝါဒကို ပိုမိုနားလည် သဘောပေါက် လာမှာ ဖြစ်ပါတယ် "ဟုပြောဆိုခဲ့သည်။

    ဗိုလ်ချုပ်ကြီးဟောင်း တစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း ၊အင်တာနက်နှင့်မီဒီယာဆင်ဆာကို ဖြေလျှော့ပေးခြင်း၊ အတိုက်အခံ ဒီမိုကရေစီအုပ်စုများ၊ တိုင်းရင်းသားလက် နက်ကိုင် အုပ်စုမျးနှင့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆက်တိုက် ပြုလုပ်ကာ ကမ္ဘာကို အံ့အားသင့်စေခဲ့သူ ဖြစ်သည်။

    မြန်မာနိုင်ငံ ဆက်လက် ပြုပြင်ပြောင်းလဲအောင် အားပေးဖို့ မျှော်လင့်ထားသော အိုဘားမား အစိုးရကလည်း နှစ်ပေါင်း၂၀ကျော်အတွင်း ပထမဆုံး သံအမတ်ကြီးကို စေလွှတ်လိုက်သည့် အပြင် အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီဖြစ်သည်။

    မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း လာမည့်လတွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်၍ ကုလညီလာခံ သို့တက်ရောက်တော့မည်အပြင် အမေရိကန်ကွန်ဂရက် ရွှေတံဆိပ်ဆုကို လက်ခံရယူမည်ဖြစ်သည်။ ယခုလို ခရီးစဉ်မျိုးကို ယခင်စစ်အစိုးရဟောင်း လက်ထက်တွင် စိတ်ကူးထဲမှာပင် မဖြစ်နိုင်ခဲ့ပေ။

    အမေရိကန်ပြည်ထောင်စုသည် ၂၀၀၈ခုနှစ်ဥပဒေအရ လူအခွင်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ မြန်မာခေါင်းဆောင်များ(သို့မဟုတ်) စစ်ဖက် ခေါင်းဆောင်များကို ပြည်ဝင်ဗီဇာ ပိတ်ပင်ထားသည်။

    Yangon chronicle

    Posted: 30 Aug 2012 08:09 AM PDT
    မြန်မာပြည်နိုင်ငံရေးနှင်.ပတ်သတ်သော စာအုပ်စာတမ်းအများအပြားကိုရေးသားခဲ.သော နာမည်ကျော်သတင်းစာဆရာ Bertil Lintner သည်မကြာမီမြန်မာပြည်ကိုလာမည်ဖြစ်ကြောင်းသိရသည်။

    ယနေ.မြန်မာအစိုးရမှထုတ်ပြန်သော နာမည်ပျက်စာရင်းမှဖယ်ရှားခံရသူများစာရင်းတွင်၎င်း၏ နာမည်ကိုတွေ.ရှိပြီးနောက်ယခုကဲ.သို.ပြောကြားခြင်းဖြစ်သည်။

    "ခုလိုသိရတာ သိပ်ကိုဝမ်းသာပါတယ်၊ မြန်မာပြည်ကို အမြန်ဆုံးလာရောက်ဖို.ကြိုးစားသွားမှာပါ" ဟု အာရှလေဘာတီ သတင်းဂျာနယ် အားပြောကြားခဲ.သည်။

    သူသည် မြန်မာအစိုးရသစ်တက်လာပြီးနောက်အကြိမ်ကြိမ်မြန်မာပြည်ဝင်ခွင်.လျှောက်ထားခဲ.သော်လည်း
    ပြည်ဝင်ခွင်.ငြင်းပယ်ခံရသူတဦးဖြစ်သည်။

    မြန်မာအစိုးရက နာမည်ပျက်စာရင်းတွင်ရှိသော လူဦးရေ ၆၀၀၀ ကျော်မှ ၂၀၈၂ ယောက်အားပယ်ဖျက်ခဲ.ခြင်းဖြစ်ပြီး ယနေ.ထုတ်ပြန်သောစာရင်းမှာ ၁၁၄၇ ယောက်ဖြစ်သည်။

    ထိုစာရင်းထဲမှထင်ရှားသူအချို.မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းMadelineAlbright၊ ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးဖြစ်သူ Alexander Aris နှင်. KimAris၊ မြန်မာအတိုက်အခံများထဲမှမိုးသီးဇွန်၊အဆိုတော်ဒေါ်မာမာအေး၊ စွယ်စုံရအနုပညာရှင် ဦးဝင်းဖေ၊ မောင်အောင် (၀န်ကြီးချုပ်ဦးနု၏သား)၊ ပြည်ပြေးဝန်ကြီးဟောင်းဦးသွင်၏ သမီးဖြစ်သူ မော်ရင်းအောင်သွင် (George Soros ၏ Open Society Institute တွင်မြန်မာပြည်ဆိုင်ရာ အကြီးအကဲတာဝန် ယူထား သူ ) ၊ ဒေါက်တာ ခင်ဥမ္မာ၊ နှင်. ဒေါက် တာကြည်မေကောင်း တို.လည်းပါဝင်သည်။

    ယခုကြေငြာသည်.စာရင်းထဲပါသူအချို.မှာ ဦးသိန်းစိန်းအစိုးရသစ်တက် လာပြီးမြန်မာပြည်အား လာရောက်လည်ပတ်ခဲ.သူများဆိုသည်ကိုလည်းတွေ.ရသည်။

    ဥပမာဝန်ကြီးချုပ်ဟောင်းဦးကျော်ငြိမ်း၏သားဖြစ်သူဘိုဘိုကျော်ငြိမ်း၊ ကုလအတွင်းရေးမှုးချုပ်ဟောင်းဦးသန်.၏ သမီးဖြစ်သူ ဒေါ်အေးအေးသန်.အစရှိသူတို.ဖြစ်ကြသည်။

    (သတင်း-အာရှလေဘာပါတီ)

    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    No comments:

    Post a Comment