Wednesday 17 October 2012

ပြည်သူသဘောထား




အကျင့်ဟောင်းမပျောက်သေးတာလား၊ မြန်မာလူထုဖက်က ဒီလိုတုန့်ပြန်မယ်ဆိုတာ ကြိုတွက်မထားတာလား၊ ကြိုတွက်ထားပြီး ဒီလို ဆန္ဒမပြပြအောင် OIC နဲ့ သဘောတူစာချုပ် လက်မှတ်ထိုးခဲ့တာလားဆိုတာကတော့ ဦးသိန်းစိန်အသာ အသိဆုံးဖြစ်မယ်။

လူထုဖက်ကဒီလိုတုန့်ပြန်မှာကို ကြိုတွက်မထားခဲ့ဘဲ စာချုပ်မှာလက်မှတ်ရေးထိုးခဲ့တာဆိုရင်တော့ အစိုးရအဖွဲ့ရဲ့ ရှေ့လျှောက်တွေးခေါ်မြော်မြင်တတ်တဲ့ Capacity က စိုးရိမ်စရာကောင်းလောက်အောင် နည်းလွန်းနေပြီလို့ကောက်ချက်ချရမှာဖြစ်ပါတယ်။ ဟိုကွေ့ရောက် ဟိုတက်နဲ့လှော်၊ ဒီကွေ့ရောက် ဒီတက်နဲ့လှော် အဆင့်ပဲရှိပြီး Plan A, Plan B တွေနဲ့ နိုင်ငံတော်အဆင့််နဲ့လျော်ညီတဲ့ စီမံခန့်ခွဲမှုတွေ မလုပ်နိုင်သေးဘူးဆိုတဲ့ အနေအထားကို သတ်မှတ်ရပါလိမ့်မယ်။ (Probability-->20%)

ဆန္ဒပြမှာကို ကြိုသိရက်နဲ့ လက်မှတ်ထိုးရတယ်ဆိုရင်တော့ ဒီဟာက တစ်မျိုးစဉ်းစားစရာဖြစ်လာပြန်ပါတယ်။


++ဒီကိစ္စတွေမှာ သမ္မတအကြံပေးလက်ချက်တွေပါနေသလား (ဗဟုက အဖွဲ့ဝင်တွေနဲ့ ဆော်ဒီက လူတွေလက်မှတ်ထိုးနေတဲ့ ဓါတ်ပုံတွေက ယနေ့အထိ တိတ်ဆိတ်နေဆဲ)
ဆိုလိုတာက သမ္မတအကြံပေးတွေကတစ်ဆင့် ဒီလို လက်မှတ်မထိုးရင် အစ္စလာမ်မစ် နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ဖိအားနဲ့တွေ့ရမယ်လို့များ သမ္မတကို အကြံပေးလေသလားပေါ့။ (Probability-->20%)

++ဒါမှမဟုတ် ဆန္ဒပြပွဲတွေဖြစ်လာရင် ဒီကိစ္စနဲ့ အခြေအနေဆိုးဝါးနေတဲ့ ကချင်ဒေသ စစ်ပွဲကို လူထုအာရုံစိုက်မှု လျှော့ချဖို့ လုပ်လေသလား။ (Probability--> 60%)

စဉ်းစားစရာတွေဖြစ်လာတယ်။ ကချင်ဒေသ စစ်ပွဲအပေါ် လူထုအာရုံစိုက်မှုက ပိုမိုမြင့််မားကျယ်ပြန့်လာတာနဲ့အမျှ သမ္မတနဲ့ ကာလုံအဖွဲ့ အာဏာယှဉ်ပြိုင်မှု ပြင်းထန်လာနိုင်ပါတယ်။ အဲ့ဒီလိုအနေထားမှာ ကချင်စစ်ပွဲကို ခေတ္တမေ့လျော့အောင်လုပ်ခြင်းအားဖြင့် သမ္မတအနေနဲ့ သူ့အပေါ်မှာ ကျရောက်လာမယ့် လူထုရဲ့ ဖိအား၊ ကာလုံနဲ့ သဘောထားတင်းမာသူတွေရဲ့ ဖိအားကို လျှော့ချဖို့ကြိုးစားလာတာလဲ ဖြစ်နေနိုင်ပါလိမ့်မယ်။

စကားမစပ် အခုလို ဆန္ဒထွက်ပြရင် ၂ဝဝ၈ အခြေခံဥပဒေကိုပြောင်းပေးမှာလား ဆိုတဲ့ အဆိုကတော့ အနည်းငယ် ကလေးဆန်တယ်လို့မြင်မိတယ်။် ၂ဝဝ၈ အခြေခံဥပဒေဆိုတာကြီးက စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ ဂယ်ပေါက်။ သူ့တပည့်တွေရှိနေသမျှကာလပတ်လုံး ဝုန်းခနဲပြောင်းဖို့ ဘယ်တော့မှ မလွယ်ပါ။

အတိုက်အခံအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ ရင်ကြားစေ့နိုင်မှသာလျှင် တစ်ရစ်ချင်းနောက်ဆုတ်မယ့် ပုံစံသာရှိပါတယ်။ ဆိုလိုတာက တစ်ချိန်က စစ်ဗိုလ်ချုပ်တွေအားလုံးအတွက် လုံခြုံစိတ်ချရမှု ကို မရမချင်း ပြောင်းလဲဖို့ မဖြစ်နိုင်ပါ။ စစ်သားတွေဟာ အရပ်သားတွေထက် လုံခြုံရေးအမြင်ပိုကြီးတယ်။ ပိုစိုးရွံ့တတ်တယ်။

အခု သမ္မတကြီး၊ သမ္မတကြီးနဲ့ ဖြစ်လာပြီ။ မကြာခင် တိုင်းပြည်မှာအပြောင်းအလဲကို စတင်သူတွေဟာ ဒီလို စစ်ဗိုလ်ချုပ်တွေကြောင့်သာ ဖြစ်ပါတယ်ဆိုပြီး လူထုအမြင်ပြောင်းလဲမှု (Political Benefit) နဲ့ စိတ်ချလုံခြုံမှု (Grantee for Crimes) ရမှသာလျှင် တစ်ရစ်ချင်း ပြောင်းလဲနိုင်စရာရှိပါတယ်။

စာချုပ်ကို ပြန်ဖျက်မယ်လို့ နဂိုကတည်းက ရည်ရွယ်ထားခဲ့ပြီး တမင် ကတိပျက်မှုကို ခံယူသွားခဲ့တာဆိုရင်တော့ မြန်မာအစိုးရအဖွဲ့အနေနဲ့ အစ္စလာမ်မစ်နိုင်ငံတွေရဲ့ အမျက်ဒေါသကိုလဲ ရှောင်လွဲနိုင်လိမ့်မယ်။ ကတိပျက်တာက ခေါင်းမာပြီးထိပ်တိုက်ရင်ဆိုင်ပြတာထက် ပိုကောင်းတယ်လို့လဲ တွေးနိုင်ပါလိမ့််မယ်။ (Probability-->20%)

ဒါပေမယ့်လဲ ဒီကိစ္စမှာ မြန်မာကက်ဘိနက်ရဲ့ ဦးဆောင်မှုစွမ်းရည်မလုံလောက်မှု၊ သံတမန်ခင်းမနိုင်နင်းမှု ကို ပြနေတာတော့ ငြင်းလို့ရမယ်မထင်ပါဘူး။

Myo Set( Won Thar Nu)


No comments:

Post a Comment