Monday, 26 November 2012

ရွှေတွံတေးဆရာတော်နှင့်မဟာချိုင် ၀ါကျွတ်ပွဲ ကထိန်ပွဲများ ဂျပန်လေ့လာ






                         ရွှေတွံတေးဆရာတော်နှင့် နိုင်ငံသားတိုင်းရင်းသား အလုပ်သမားများစုပေါင်းကျင်းပသောမဟာချိုင် ၀ါကျွတ်ပွဲ
ကထိန်ပွဲ
ထိုင်း - မြန်မာ အလှူပွဲများကို ဂျပန်နိုင်ငံမှ CS Japan အဖွဲ့ က သီတင်း
၂ပတ်ကြာလာရောက်လေ့လာခဲ့သည်။
                          ဂျပန် ဓလေ့မှာအခုလို ဘုန်းကြီးထံက တရားကို
လူရာပေါင်းများစွာနာကြားတာမျိုး အခုလို အလှူပွဲ စုလုပ်တာမျိုး
မရှိတဲ့အတွက်
အံ့သြမိတယ် မြန်မာ့ယဉ်ကျေးမူ ဓလေ့ကိုလေ့လာခွင့် ရလို့ လည်း
ဝမ်းသာကျေနပ်မိပါတယ်လို့  YUKI က ပြောပါတယ်။
                         ရွှေတွံတေးဆရာတော်က..............
အခုလိုလာရောက်လေ့လာကြတာကိုကြိုဆိုပါတယ်။ ဘုန်းကြီးတို့ နိုင်ငံသား
တိုင်;ရင်းသားတွေဟာ ကုသိုလ်ပွဲတွေလုပ်ဖို့ အသားထဲ အသွေးထဲ အရိုးထဲမှာ
စွဲနေကြတာပါ ဘယ်နိုင်ငံ ဘယ်ဒေသရောက်ရောက်
ကုသိုလ်လုပ်ဖြစ်နေကြတာပါဘဲ ကုသိုလ်ဆိုတာကောင်းတာပဲ ကောင်းတာတွေကို
အခုလိုစုပေါင်းလုပ်ကြသလို မကောင်းတာတွေကိုလည်း
စုပေါင်းတားဆီးကြပါ ကောင်းတဲ့လူကိုဝိုင်းကူပြီး
မကောင်းတဲ့သူကိုဝိုင်းတားနိုင်ကြရင်တော့ အားလုံးကောင်းသွားမှာပါ
စသဖြင့်........ပြောကြားခဲ့သည်။






--
http://www.burmaburo.blogspot.com

No comments:

Post a Comment