Thursday 29 November 2012

ကျနော်တို့ က ဒီပစ္စည်းကိုမီးခိုးဗုံး အဖြစ်သုံးလိုက်တာပါတဲ့ ။။။။။။



ကျနော်တို့က ဒီပစ္စည်းကို မီးခိုးဗုံးအဖြစ်သုံးလိုက်တာပါတဲ့... အော်... ဟုတ်ကဲ့... စစ်တပ်မှာ မီးခိုးဗုံးဘယ်နားလေးသုံးလဲ ပြန်မေးရမယ်... သေနတ်ကိုမိုးပေါ်ထောင်မပစ်ဘူးဆိုတဲ့ နေဝင်းတောင်
 ဒါမျိုးတော့မသုံးတတ်ဘူး...

White phosphorus ဆိုတာက လေထဲမှာ သူ့ဘာသာသူမီးလောင်နိုင်တယ်... ရိုးရိုးလောင်ကျွမ်းရုံတင်မဟုတ်ပဲ ကိုယ်တိုင်မီးလောင်တဲ့အချိန်မှာသူ့ဘာသာသူအရည်ပျော်ပြီး အောက်ကိုဆင်းတယ်... ကိုယ်ခန္ဓာကရေရှိတော့ ရေနဲ့ပါထပ်ပြီးဓာတ်ပြုတဲ့အခါ မီးလောင်လို့ဝင်ရောက်ဓာတ်ပြုတဲ့အောက်ဆီဂျင်ရယ် ရေရယ် ဖော့စရပ်ရယ်ထပ်ပြီးဓာတ်ပြုပြီး ဖော့စဖော့ရစ်အက်ဆစ်အပြင်းစားထပ်ထွက်ပြီး အက်ဆစ်စားတာပါထပ်ဖြစ်တယ်... ဒါဟာ white phosphorus အသုံးပြုရင် ဖြစ်တဲ့ဒါဏ်ရာပါပဲ...

စစ်သုံးမှာ မီးခိုးဗုံးအနေနဲ့သုံးတာမှန်တယ်... ဒါပေမဲ့ မီးခိုးဗုံးဆိုတာ မျက်ရည်ယိုဗုံးမဟုတ်ဘူး... သူက smoke တွေအများကြီးထွက်ပြီး ရန်သူကိုအနီးကပ်တိုက်ခိုက်တဲ့အခါ ရန်သူ့ပစ်အားကျအောင်သုံးရတာ...
 ဒါ့အပြင် ပုံမှန်မီးခိုးဗုံးမှာထည့်သုံးတဲ့ white phosphorus အချိုးအစားကအင်မတန်မှနည်းလွန်းတယ်... ဖော့စရပ်နည်းနည်းလေးနဲ့ အခြားမီးခိုးအများကြီးထွက်နိုင်တဲ့ Agent တွေထည့်သုံးရတာပါ...
 ကျနော်စဉ်းစားတာက လူစုခွဲဖို့သက်သက်ဆိုရင် မျက်ရေယိုဗုံးသုံးပေါ့... ဒါကကျနော်သူတို့ဘက်
လိုက်ပြီးတွေးပေးထားတာပဲရှိသေးတယ်... ဆန္ဒပြတဲ့လူ့အစုအဝေးကိုခွဲချင်ရင် မီးခိုးဗုံးဘာ့ကြောင့်သုံးသလဲ..
. ဘာလဲ မီးခိုးဗုံးသုံးပြီး ဝင်ရိုက်မလို့လား... ကဲအခုတော့သုံးပြီးပြီ... အဲ့ဒီအတွက် ဘယ်သူတာဝန်
ယူဖြေရှင်းပေးမှာလဲ...






--
http://www.burmaburo.blogspot.com

No comments:

Post a Comment