Thursday 29 November 2012

Jason Maraz Show Tickets


zt: ဂျေဆင်မရက်ဇ်ပွဲ အခမဲ့လက်မှတ်များ ဒီဇင်ဘာ ၆ ရက်တွင် စတင်ထုတ်ယူနိုင် Thursday, 29 November 2012 လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့အစည်း MTV EXIT ၏ စီစဉ်မှုဖြင့် ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ ပြုလုပ်မည့် ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုတော် ဂျေဆင်မရက်ဇ်၏ ဂီတဖျော်ဖြေပွဲ အခမဲ့ လက်မှတ်များကို ဒီဇင်ဘာ ပထမပတ်အတွင်း စတင်ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲ အခမဲ့လက်မှတ်များကို ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အတွင်း နေ့လည် ၃ နာရီမှ ည ၈ နာရီအထိ Junction Square၊ မြေနီကုန်းနှင့် တရုတ်တန်းတို့တွင်ရှိသော CITY MART စတိုးဆိုင်များ၌ ထုတ်ယူနိုင်ကြောင်း MTV EXIT Live in Myanmar ၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။ ဂီတဖျော်ဖြေပွဲ အခမဲ့လက်မှတ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက My Asia Ticket၊ ဖုန်းနံပါတ် ၁၈၇၂ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက် ဖျော်ဖြေပွဲနေ့တွင် ဂျေဆင်မရက်(ဇ်) အပြင် MTV EXIT ၏ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များဖြစ်သော Rဇာနည်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီးတို့လည်း ပါဝင်မည်ဖြစ်သည်။ လူကုန်ကူးမှုများအကြောင်းကို တေးရေးမြင့်မိုးအောင် ရေးစပ်ထားသော "ဘဝရဲ့ ထောင်ချောက်များ" သီချင်းကို Rဇာနည်က အဆိုပါပွဲနေ့တွင် သီဆိုမည်ဖြစ်သည်။ ဂျေဆင်မရက်(ဇ်) သည် ဂရမ်မီဆု နှစ်ဆုရရှိထားပြီး We Sing, We Dance, We Stealthings ၂၀၀၈ ခုနှစ်တွင် ထွက်ရှိခဲ့သော အယ်လ်ဘမ်ဖြင့် သူ၏ I'm Yours သီချင်းသည် ကမ္ဘာကျော် သီချင်းတစ်ပုဒ်ဖြစ်ပြီး Lucky, I Won't Give up သီချင်းများမှာလည်း လူကြိုက်များပြီး ကမ္ဘာအနှံ့ အသိအမှတ် ပြုခံရသည့် အနုပညာရှင်ဖြစ်သည်။ ၎င်းသည် ကယ်လီဖိုးနီးယားတွင် နေထိုင်ကာအဆိုတော်တစ်ဦးဖြစ်သည့်အပြင် တေးရေးဆရာတစ်ဦး လည်းဖြစ်သည်။ Planet Myanmar Network






--
http://www.burmaburo.blogspot.com

No comments:

Post a Comment