၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံ ရေကြီးစဉ်က ဒုက္ခရောက်ကြသော
နိုင်ငံသား တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားကို
ကယ်ဆယ်ရေးစခန်းဖွင့်ပြီး
ရွှေတွံတေးဆရာတော်က ကူညီစောင့်ရှောက်ပေးခဲ့သည့် ၁ နှစ်ပြည့်
ဓါတ်ပုံပြပွဲကို မဟာချိုင် နှင်းတိကောရုံ တွင် ၄. ၁၁. ၂၀၁၂ နေ့ လည်က
ကျင်းပခဲ့သည်။
ထိုင်းအစိုးရကပ်ဆယ်ရေးစခန်းနှင့် ရွှေတွံတေး ဆရာတော်
ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခဲ့ရာ ဆရာတော်စခန်းတွင်
ဒုက္ခသည်တထောင်ကျော်ကို ၂လ ကယ်ဆယ်ပေးခဲ့သည်။
ရေဘေး ဒုက္ခသည် ၅၀၀ ကိုရွာအရောက်အခမဲ့ပြန်ပို့ ပေးပြီး
၁ဦးလျှင် ဘတ် ၂၀၀ စီနှင့် ကျပ် ၅၀၀၀ စီကူညီခဲ့သည်။
၄၀၀ ခန့် ကိုအလုပ်ရှာပေးခဲ့သည်။ မြန်မာနိုင်ငံသားများသာမက ထိုင်း -
လာအို - ကမ္ဘောဒီယား များကိုပါ ရေနစ်ဒေသအရောက်
လူ ၅၀၀၀ ခန့် အတွက်ရိက္ခာများပေးပို့ ခဲ့သည်။
ရွှေတွံတေးဆရာတော်က "အခုလို ကယ်ဆယ်ရေးကို ဘတ် ၃ သန်းလောက်
ကူညီပေးနိုင်ခဲ့တာဟာ မြန်မာဝန်ကြီးအဖွဲ့ 
သံအမတ်ကြီးအဖွဲ့ နဲ့ နိုင်ငံသား တိုင်းရင်းသားများသာမက
ထိုင်းအာဏာပိုင်များ- DIVERSETHICS - FED - BAT စတဲ့အဖွဲ့ တွေ
ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြလို့ ဖြစ်ပါတယ် " လို့ မိန့် ကြားပါသည်။
No comments:
Post a Comment