Wednesday, 7 November 2012
အမေရိကန်သမ္မတအဖြစ် ထပ်မံအရွေးခံရသော Barack Obam၏ မိန့်ခွန်း (ရုပ်/သံ)
Posted: 06 Nov 2012 11:27 PM PST
Posted: 06 Nov 2012 03:57 PM PST
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့၌ .ရန်ကုန်မြို့တွင်းငြိမ်းချမ်းရေးအတွက်စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့မှုအတွက်မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေကြရသူများအား သွားရောက်အားပေးခဲ့သော
 မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အဓိက အကျဆုံး တာဝန်ဟာ .. တိုင်းပြည်မှာ ပြည်သူလူထု အကျိုးထိခိုက်မှုတွေကို
ကာကွယ်တဲ့ ဥပဒေများ ပြဌာန်းရေးနဲ့ ပြည်သူလူထုကို အကျိုးမဖြစ်စေတဲ့ ဥပဒေများကို ဖျက်သိမ်း ပြင်ဆင်ရေး ဖြစ်တယ်ဆိုတာ
... ထင်ထင်ရှားရှား လုပ်ရမယ့် တာဝန် တစ်ရပ်ဖြစ်ပါတယ်။
မြန်မာပြည်က လွှတ်တော်သက်တမ်းလည်း ရသင့်သလောက် ရလာပြီဆိုတော့ အထက်ပါ တာဝန်တွေကို ဘယ်လောက်
 ကျေပွန်သလဲဆိုတာ တိုင်းတာစရာတွေ ရှိလာနေပါပြီ။
အရင်ရှိပြီးသား ဥပဒေတွေထဲက ပြည်သူလူထုကို အကျိုးမရှိစေတဲ့ ၅ (ည) လို ဥပဒေမျိုးကို ပယ်ဖျက်/ပြင်ဆင်ဖို့ ပယ်ချခံရတာ
 အကြိမ်ကြိမ် ဖြစ်လာနေတာက လွှတ်တော် ကိုယ်စားလှယ်တွေကို အမှတ်ပေးဖို့ရာ အခြေအနေ သိပ်မကောင်းလှပါဘူး။
အရင်ရှိပြီးသားတွေဟာ အသားသေပြီးသား ဖြစ်တာကြောင့် ချက်ခြင်း မပြင်နိုင်သေးဘူးဆိုတာကို ထည့်စဉ်းစားပေးလိုက်မယ်
 ဆိုရင်တောင် ... အခုလက်ရှိမှ ပြဌာန်းလိုက်တဲ့ ဥပဒေအတွက် ... ပြန်လည်သုံးသပ် ဖြည့်စွက် ပြင်ဆင်မှု ရှိဖို့ လိုအပ်နေသေးပါ
တယ်။
အထင်အရှား ကိစ္စကို ပြပါဆိုရင် ... "စီတန်းလှည့်လည် ဆန္ဒပြခွင့် ဥပဒေ" ဟာ အကောင်းဆုံး ဥပမာ ဖြစ်ပါတယ်။
တရားစွဲခွင့် ရှိနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စ အကျိုးမရှိဘဲ ... အကျိုးမဲ့စေတာကြောင့် သေချာ ပြန်ပြီး သုံးသပ်သင့်နေပါပြီ။
ဥပဒေဟာ ပြည်သူလူထု အကျိုးအတွက် အလို့ငှာ ပြဌာန်းတာ ဖြစ်တာကြောင့် .. လက်တလောက အများအကျိုးအတွက်
 ငြိမ်းချမ်းရေးကိစ္စ ဆန္ဒပြလိုသူတွေဟာ ခွင့်ပြုချက် မရပေမယ့် .. တိုင်းပြည်ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒ
 ထုတ်ဖေါ်ခဲ့ကြပါတယ်။ ဒါကို ခွင့်ပြုချက် မယူဘဲ ဆန္ဒပြမှုနဲ့ တရားရင်ဆိုင်ဖို့ ရှိလာနေပါတယ်။
ဒီတော့ ဆန္ဒပြဖို့ ခွင့်ပြုမိန့် ယူရမယ်ဆိုတဲ့ ဥပဒေဟာ ပြည်သူလူထုကို အကျိုးရှိစေသလား၊ အကျိုးမဲ့စေသလားဆိုတာ တိုင်းတာ
ဖို့
 လိုလာပါပြီ။ တကယ်လို့ အကျိုးရှိစေမယ်ဆိုရင် ဆက်လက် ကျင့်သုံးဖို့ ထားရှိသင့်ပြီး၊ အကျိုးမဲ့စေတယ် (သို့) အကျိုးမရှိဘူးဆို
ရင် အခြားနည်းလမ်းနဲ့ ပြင်ဆင်ချင်း ... ပယ်ဖျက်ခြင်းတွေကို လုပ်ဖို့အတွက် ဆွေးနွေး အဖြေရှာသင့်နေပါပြီ။
ဆန္ဒပြခွင့် ယူပြီးမှ ပြရတဲ့ ဆန္ဒပြပွဲတွေနဲ့ ခွင့်ပြုချက် မယူဘဲ ဆန္ဒပြပွဲတွေအတွက် တစ်ခုခြင်းဆီမှာ ရလဒ်တွေကို တိုင်းတာ
 စစ်တမ်းယူဖို့ အကြံပြုလိုပါတယ်။ ကျွန်တော်မြင်တဲ့ ရလဒ်တွေကို ပြောရမယ်ဆိုရင်တော့ ... ဆန္ဒပြခွင့် ယူပြီး ဆန္ဒပြသူတွေအ
တွက် အကျိုးရလဒ်ဟာ ... ဘယ်နေရာမှာ၊ ဘယ်သူတွေက၊ ဘယ်လို အကြောင်းအရာနဲ့ လူဘယ်လောက်များများ ဆန္ဒပြကြမယ်
ဆိုတာ ကြိုသိတာကြောင့် ရဲဌာနက လုံခြုံရေး တာဝန်ယူပေးလို့ ရတယ်။ ဒါကြောင့် ပြည်သူအတွက် အကျိုးရှိတယ်လို့ ပြောချင်
သူတွေ ရှိမှာ မလွဲပါဘူး။
ဒါပေမယ့် ဒီလို ခွင့်ပြုချက် ယူရမယ်ဆိုတဲ့ စကားလုံးနေရာမှာ .. ဥပမာ ... လူ ၅၀၀ ထက် များလျှင် ၂ ပတ်ကြိုတင်
 အကြောင်းကြားရမှာ ဖြစ်ပြီး ... လူ ၁၀၀ ထက်များလျှင် ၁ ပတ် ကြိုတင် အကြောင်းကြားသင့်ပြီး၊ လူ ၁၀၀ အောက်ဆိုလျှင်
 ၃ ရက် ကြိုတင်ပြီး သက်ဆိုင်ရာ ရဲဌာနကို အကြောင်းကြားရမယ် ဆိုတာမျိုးနဲ့ အစားထိုး သင့်ပါတယ်။ ကြိုတင် အကြောင်း
မကြားဘဲ ပျက်ကွက်လျှင် ... ဆန္ဒပြပွဲကို ရဲဌာနမှ ရပ်ဆိုင်းခွင့်ရှိသည် ဆိုတာမျိုးဆိုလျှင်လည်း ... ရဲဌာနကကြိုတင်သိရှိပြီး
 ပြည်သူတွေနဲ့ ဆန္ဒပြသူတွေအတွက် လုံခြုံရေးအရ တာဝန်ကို ယူပေးလို့ ရမှာပဲဖြစ်ပါတယ်။ဒီလို လုပ်ခြင်းကြောင့် လက်ရှိ
 ဖြစ်နေတဲ့ အကျိုးမဲ့စေမှု တချို့ကို ပယ်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ပယ်ဖျက်နိုင်မယ့် အကျိုးမဲ့စေမှုများ ဆိုတာကတော့ ..
၁။ ရဲဌာနများမှ ခွင့်ပြုမိန့် ချပေးသင့်၊ မချပေးသင့် ဆုံးဖြတ်ရမှု မရှိတော့တာကြောင့် မလိုလားအပ်တဲ့ စာရွက်စာတမ်း ကိစ္စနည်း
သွားခြင်းနှင့် ပြည်သူ့ရဲများ အခြားတာဝန်များအပေါ် အာရုံစိုက် ဆောင်ရွက်နိုင်ခြင်း
၂။ ခွင့်ပြုမိန့် ယူစရာ မလိုအပ်တာကြောင့် တရားမဝင် ဆန္ဒပြမှုဆိုတာတွေ လျော့နည်းသွားပြီး .. တရားစွဲဆိုမှုများ ကျဆင်း
လာနိုင်ခြင်း .. ထို့အတွက် .. တရားရေး စရိတ်များ သက်သာခြင်း၊ ရဲများ အလုပ်ရှုပ် သက်သာခြင်း၊ ပြည်သူများလည်း ဖမ်းဆီး
တရားစွဲဆိုခံရမှု နည်းသွားခြင်း၊ တိုင်းပြည်ဘဏ္ဍာ ကုန်ကျစရိတ် သက်သာခြင်း
.. အစရှိတဲ့ ကောင်းကျိုးများ ရလာစေမှာ ဖြစ်ပါတယ်။
အခုလို ပြန်လည် သုံးသပ်ခြင်း၊ လေ့လာပြင်ဆင်ချင်း မရှိဘဲ လက်ရှိ ဆန္ဒပြခွင့် ဥပဒေအတိုင်း ဆက်လက်ထားရှိမည် ဆိုပါက .. ဥပဒေဟာ ပြည်သူလူထုအကျိုးကို ဖြစ်စေတာ မဟုတ်ဘဲ ... ဥပဒေကြောင့် ပြည်သူလူထုများ အကျိုးမဲ့ခြင်း၊ .. အစိုးရဘဏ္ဍာငွေ
များ ပိုမို ကုန်ကျခြင်း၊ အစိုးရဝန်ထမ်းများသည်လည်း မလိုအပ်သည့် အလုပ်ပိုများကို လုပ်ဆောင်နေရခြင်း စတဲ့ ဝန်အပိုများကို
 ဖြစ်စေပြီး .. ဥပဒေကြောင့် အကျိုးမဲ့မှုများ ဖြစ်စေတာ ဖြစ်ပါတယ်။ ထိုသို့ တိုင်းပြည်နှင့် ပြည်သူအတွက် အကျိုးမဲ့မှုများသည်
အသစ် ပြဌာန်းလိုက်သော ဥပဒေများကြောင့် ဖြစ်ရသည်ကို တိုင်းတာ သုံးသပ်မှု မလုပ်ခြင်း၊ တိုင်းတာပါသော်လည်း သိလျက်နှင့်
 မပြင်ဘဲ ဆက်လက်ထားရှိခြင်းများ ရှိနေမည်ဆိုပါက ... လွှတ်တော်ထဲမှာ ထိုင်နေကြသော်လည်း ... ပြည်သူ့ကိုယ်စားလှယ်များ
ဟု မယူဆထိုက်ပါကြောင်း ....
လေးစားစွာဖြင့်
ကိုထိုက်
 ထောင်ဒဏ်များချမှတ် (ရုပ်/သံ)-ဓာတ်ပုံ
Posted: 06 Nov 2012 08:47 AM PST
Photo..xinhuanet
၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က မဲခေါင်မြစ်ပေါ်ရှိ တရုတ် ကုန်သင်္ဘော နှစ်စီးပေါ်မှ တရုတ်သင်္ဘောသား ၁၃ ဦးအား
 သတ်ဖြတ်ခဲ့မှုဖြင့် ရှမ်း မူးယစ်ရာဇာ နော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်တရားရုံးတခုမှ အင်္ဂါနေ့က သေဒဏ်ချမှတ်
လိုက်ကြောင်း တရုတ်နိုင်ငံ ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြ ပါရှိသည်။
နော်ခမ်းဂိုဏ်းမှ အခြား အဖွဲ့ဝင် နှစ်ဦးကိုမူ ဆိုင်းငံ့သေဒဏ် နှင့် ထောင် ၈ နှစ် ချမှတ်လိုက်သည်။
မသင်္ကာသူ ၆ ဦးစလုံးကို တမင် လူသေစေမှု၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ သင်္ဘော
အပိုင်စီးခြင်း စွဲချက်များဖြင့် စက်တင်ဘာလ အတွင်းက ရုံးတင်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။
တရားခံ ၆ ဦးစလုံးက အင်္ဂါနေ့စီရင်ချက်ကို အယူခံဝင်ရောက်မည် ဖြစ်ကြောင်း ပြောဆိုထားကြသည်။
ဤမူးယစ်ဆေးဝါး လုပ်ငန်းကို နော်ခမ်းသည် ယခင်မူးယစ်ရာဇာ ခွန်ဆာ၏ မုန်ထိုင်းတပ်မတော် MTA တွင်
ဗိုလ်ကြီး အဖြစ်နှင့် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် သင်ယူလေ့လာခဲ့ပြီး ခွန်ဆာ က မြန်မာစစ်အစိုးရထံ ၁၉၉၆
 ခုနှစ်တွင် လက်နက်မချမီအထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ရှမ်းသံတော်ဆင့် သတင်း၏အဆိုအရ နော်ခမ်းသည် ၁၉၉၆ ခုနှစ်က စစ်အစိုးရထံ လက်နက်ချပြီးကတဲက နယ်စပ် မြို့ ဖြစ်သော
တာချီလိတ် မြို့တွင်နေထိုင်ခဲ့ပြီး အဖွဲ့ ဝင် ၁ဝဝ ရှိ ဟောင်လောက် ပြည်သူ့စစ်အဖွဲ့ကို ခေါင်းဆောင် ခဲ့သည်။
တာချီလိတ်မြို့ရှိ သူ့နေအိမ်ကို ၂ဝဝ၆ ခုနှစ်က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာ လက်နက်မျိုးစုံ ၁၅ဝ၊ လေမှုတ်စက် နှစ်လုံး၊
မက်တာအင်ဖက်တမင်း ဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့သည် ဟု အရာရှိများက ပြောသည်။
တာချီလိတ်၊ ကျိုင်းတုံနယ်မှ မြန်မာစစ်တပ်နှင့် ရွာသားများက အကာအကွယ်ပေး စောင့်ရှောက်ပေးထားခြင်းကြောင့် နော်ခမ်း
သည် ဒေသတွင် ဥပဒေဘက်တော်သားများ၏ ဖမ်းဆီးခံရခြင်းမှ ၁ဝ နှစ်နီးပါး ရှောင်တိမ်း နေနိုင်ခဲ့သည် ဟု အဆိုပါအရာရှိများ
က ပြောသည်။
နော်ခမ်း၏ မိသားစုဝင် တဦးက မကြာခင်က ဘန်ကောက်ပို့စ် သတင်းစာ၏ စပက်ထရမ် မဂ္ဂဇင်းသို့ တယ်လီဖုံးဖြင့် ဖြေဆိုရာ၌
 နော်ခမ်းသည် စစ်အစိုးရအာဏာပိုင် အများအပြားနှင့် အလွန်နီးစပ်ခဲ့ကြောင်း သို့သော် သူ့ကို ဖမ်းမိ ကတည်းက "မည်သူကမျှ
သူ့ကို မသိချင်ကြတော့ကြောင်း၊ ယခုအခါ မိမိဘာသာ သာ ရပ်တည်နေရတော့ကြောင်း" ပြောဆိုသွားခဲ့သည်။
Mizzima
Posted: 06 Nov 2012 08:07 AM PST
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ကျီးတောကျေးရွာ ဖောင် တော်ဦးစေတီတော်မြတ်ကြီး
 အား၃-၄-၁၉၉၉နေ့၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး
 ခေါင်းဆောင် ပြီး မွေးရပ်ဇာတိမြေဖြစ်သော လက်ပံတန်းမြို့နယ်အတွင်း၌ရှိသော ကျီးတောဖောင်တော်ဦး စေတီတော်မြတ်ကြီး
 (ခ) ပေါ်တော်မူဘုရားစေတီကြီးအား ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးကိုယ်တိုင် ပဲခူးတိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်အေး၊ နယ်စပ်ရေး
ရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းညွန့်၊ ဗိုလ်မှူးချုပ်သိန်းအောင်၊ ဗိုလ်မှူးချုပ်လွန်းမောင်နှင့် ၀န်ကြီးအဖွဲ့ဝင်များနှင့် ကုမ္ပဏီမိသားစု
 ၅ ခုတို့မှအလှူငွေများနှင့် ကျီးတောဖောင်တော်ဦးစေတီတော်မြတ် ကြီးအား မင်္ဂလာအချိန်အခါ နံနက် ၈း၁၀ နာရီ၌
 ရွှေထီးတော်ကြီးအား တင်လှူပူဇော်ခဲ့ပါသည်။
ထီးတော်တင်ပွဲအပြီး၌ လက်ပံတန်းမြို့၏ ကျက်သရေဆောင် လောကမာန်အောင်ရွှေဘုန်းရောင် စေတီတော်မြတ်ကြီး၏
ဘက်စုံပြုပြင်ရန်အတွက် အထက်မှဖော်ပြ ထားသော ကုမ္ပဏီ ၅ ခုမှ အလှူ ငွေများထည့်ဝင်လှူဒါန်းမှု ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍
 အနည်းငယ် တင်ပြရာတွင် ဒုတိယဗိုလ်ချုပ်ကြီး နှင့် အစိုးရ၀န်ကြီးများရှေ့၌ ရွှေသံ လွင်ကုမ္ပဏီမှ အလှူငွေတစ်သိန်း နှင့်
 သိန်းဆွေဝင်းကုမ္ပဏီ (ဦးခင် မြင့်)မှ အလှူငွေ တစ်သိန်း၊ မြန်နိုင်မြင့်ကုမ္ပဏီမှ အလှူငွေတစ် သိန်း၊ စူပါဝမ်းကုမ္ပဏီမှ အလှူငွေ
 တစ်သိန်းနှင့် တော်ဝင်မိသားစု ကုမ္ပဏီမှ အလှူငွေတစ်သိန်းစီကို အသီးသီး လှူဒါန်းမှုပြုလုပ်ခဲ့ပါ သည်။ ၎င်းလှူဒါန်းမှုမှာ ""ဖော် ရှိုး""သဘောမျိုး ငွေတစ်သိန်းကပ်ထားသော ပုံးခွံများအား လူကြီးများရှေ့၌ လှူဒါန်းမှုပြုလုပ်ခဲ့ပြီး ငွေသားမပါ ပုံးခွံများသာဖြစ်ပါ
သည်။ ယခုအချိန်အထိ အချိန် ကာလ
၁၃ နှစ်ကျော်ကြာခဲ့ပါပြီ။ ၎င်းတို့ထံမှ အလှူငွေများ မရရှိသေးကြောင်းကို ဘုရားကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ
ယခုလည်း ကျီးတောဖောင်တော်ဦးစေတီတော်မြတ်ကြီးအားလည်း ဟောင်းအိုယိုယွင်းလာပြီး ၎င်းစေတီတော်မြတ်ကြီးအား
 သွားရာလမ်းများမှာလည်း ပျက်စီးယို ယွင်းနေပါပြီ။ ကျွန်တော်စာရေးသူ ကိုယ်တိုင် ၎င်းလမ်းကိုဆိုင်ကယ် ဖြင့် သွားရောက်သော
အခါ လ ကမ္ဘာပေါ်ဆိုင်ကယ်စီးရသလို ချိုင့်ခွက်များနှင့်လမ်းမှာ အလွန်ပင်ဆိုးဝါးစွာ သွားရပါသည်။ ရွာအ၀င်ဘုရားသို့ လမ်းတစ်
ခုသာ ယခု ကျီးတောကျောင်းတိုက်ဆရာတော်၏ ထိမ်းသိမ်းထားမှုကြောင့်သာ ဖြောင့်ဖြူးစွာ ကျန်ရှိနေပါတော့သည်။
(စေတီလည်းပျောက် လမ်းလည်းပျောက်မှာစိုးပါသည်။)
ယခုကျီးတောဖောင်တော်ဦး စေတီတော်မြတ်ကြီး၌ ကျောင်းထိုင်ဆရာတော် ဦးသောဘိတနှင့် ဦးခိုက်တွေ့ဆုံပြီး မိမိသိလိုသော
အချက်များကို မေးမြန်းမိပါသည်။
ကျောင်းထိုင်ဆရာတော် ဦးသောဘိတ၏ ကျီးတောဖောင် တော်ဦးစေတီတော်ကြီး၏ သာ သနာအဓွန့်ရှည်ရန်အတွက် ရှေ
့ လုပ်ငန်းစဉ်များနှင့် ယခုပြုပြင် ပြောင်းလဲလုပ်ဆောင်ချက်များကို အနည်းငယ်တင်ပြရလျှင် ယခုပွင့် လင်းရာသီ ရောက်ပြီးဖြစ်
သည့် အတွက် ရွှေသင်္ကန်းကပ်လှူရန် အတွက် ငြမ်းများပြုလုပ်ထားမှုကို တွေ့ရှိရပါသည်။ နောက်စေတီ တော်ကြီး၏ အနောက်ဘက်၌ရှိ သော ဗောဓိပင်ကြီး၏ အောက်၌ ပဉ်္စ၀ဂ်ဂီရဟန်း ၅ ဦးပါနှင့် ဘုရား ပုံတော် တရားဦးဟောနေသော ဗုဒ္ဓရုပ်
ပွားတော်ပုံကို ထုဆစ်ပြီး ၎င်းင်းရှေ့၌ ""သစ္စာတရားဓမ္မာရုံ အကျယ် (၄၅)ပေနှင့်၊ အမြင့် (၁၂) ပေ၊ အခန်း (၅) ခန်းဆောက်
လုပ်ရန်အတွက် ရည်ရွယ်ထား ကြောင်း ပြောပြပါသည်။
ယခုလည်း ၁၈ ကြိမ်မြောက် မဟာပဌာန်းပူဇော်ပွဲကိုလည်း ပြာသိုလဆန်း (၁၄၊ ၁၅) နှင့်လပြည့် ကျော် ၁ ရက်နေ့ထိပြုလုပ်မည်
 ဖြစ်ကြောင်းသိရပါသည်။
ယခုကျွန်တော်လက်ပံတန်းသားကလောင်အမည်ဖြင့် စာရေးသားသူသည် တစ်ချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်
 ရေးအဖွဲ့မှ အတွင်းရေးမှူး(၂) လက်ပံတန်းသား ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး၏ကောင်းမှု ကျီးတောစေတီတော်မြတ်ကြီးအား
ယခုလို ဘက်စုံပြုပြင်မှုတွင် ကုသိုလ်ပြုနိုင်ပါရန် ကျွန်တော်လက်ပံတန်းသား မှရေးသားဖော်ပြလိုက်ရပါသည်။
မြန်မာသံတော်ဆင့်
Posted: 06 Nov 2012 07:50 AM PST
ပြီးခဲ့သည့်လ အောက်တိုဘာ ၂၃ ရက်နေ့ညသန်းခေါင်ယံအချိန် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ဟာမစ်တစ်ကားမှတ်တိုင်တွင် ဖြစ်ပွားခဲ့သော ပြိုင်ကားမောင်းလူငယ်တစ်စုနှင့် ဘိုးဘွားရိပ်သာ သန့်ရှင်းရေးဝန်ထမ်းလူငယ်များ
ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်သွားသော အမှုမှ အဓိကတရားခံမှာ အပြစ်ခံဝန်ချက်မပေးသေးကြောင်းသိရှိရသည်။
ဖြစ်စဉ်အကျဉ်းမှာ ပြိုင်ကားမောင်းလူငယ်အုပ်စုမှသန့်ရှင်းရေးဝန်ထမ်းလူငယ်တစ်ဦးအားဝိုင်းဝန်းကန်ကျောက်ပြီး ရေအိုးစင်မှ
 ရေအိုးဖြင့် ခေါင်းရိုက်ခွဲခဲ့ပြီး အကြမ်းဖက်ခံရသောကြောင့် နောက်စေ့ကွဲသွေးထွက်ဒဏ်ရာ၊ ကျောက်ကပ်နှစ်လုံးစလုံးပျက်
စီးစိမ့်ထွက်၊ အတွင်းဝမ်းခေါင်းအတွင်းသွေးသွန်မှုများဖြစ်ပေါ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားစဉ် ပြိုင်ကားလူငယ်အုပ်စုမှ လူငယ်များမှာ အမူးလွန်နေပြီး သန့်ရှင်းရေးဝန်ထမ်းလူငယ် ၃ ဦးမှာလည်း ဘီယာအနည်းငယ်သောက်သုံးထားကြောင်းကို သက်သေများမှထွက်ဆိုထားသည်။ ၂၄ ရက်နေ့ ညပိုင်းအချိန်တွင် အမှုဖြစ်စဉ်
တွင်ပါဝင်ခဲ့သော လူငယ် ၉ ဦးစလုံးကို ဖမ်းဆီးခဲ့ပြီး အဓိကတရားခံဖြစ်သူ Nissan FairLady ကားပိုင်ရှင်ဖြစ်သူ အောင်ကောင်း
ခန့် (ခ) အောင်ကောင်း အသက် (၁၉)နှစ် (ဘ) ဗိုလ်မှူးကြီးဌေးအောင်(ငြိမ်း) ဦးဆောင်ညွှန်ကြားရေးမှူး အမှတ်(၃)သတ္တုတွင်း
လုပ်ငန်း မှာ အပြစ်ရှိကြောင်း ၀န်မခံသေးဘဲ သန့်ရှင်းရေးဝန်ထမ်းလူငယ် ၃ ဦးမှ ၄င်းတို့အဖွဲ့ လူငယ် (၉) ယောက်အား ဂီတာဖြင့်
စတင်ရိုက်နှက်ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းကြောင်း အမှုဖွင့်လှစ်ပေးပါရန် ဗဟန်းရဲစခန်းတွင် တရားလိုပြုလုပ်တိုင်ကြား
ထားကြောင်းသိရှိရသည်။
ဖြစ်စဉ်တွင်ပါဝင်သည့် တစ်ဦးတည်းသော မိန်းကလေးဖြစ်သူ တရားခံ အောင်ကောင်းခန့်၏ သမီးရည်းစားဖြစ်သူ အေးနန္ဒာကို
 (ခ) နန္ဒာ အသက်(၂၄)နှစ်အားလည်း ပထမရမန် ယူပြီး အချုပ်ထားရှိကြောင်း သတင်းရရှိပါသည်။
News by: People Development for Knowledge
-Bertil Lintner
Posted: 06 Nov 2012 07:39 AM PST
(1 nov 2012 ရက်စွဲပါ Asia Times Online မှ Bertil Lintner ရေးသားသော Myanmar: Old atrocity, new
 implications ကိုဘာသာပြန်ပါသည်။)
လွန်ခဲ့သောအနှစ်နှစ်ဆယ်က လက်နက်ကိုင်အစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများ ကျူးလွန်ခဲ့သောရက်စက်လှသည့် သွေးထွက်သံယို ဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင်တဖန်ပြဿနာဖြစ်လျက်ရှိရာ မြန်မာနိုင်ငံ
 ဒီမိုကရေစီလှုပ်ရှားမှု ၏အချို့အစိတ်အပိုင်းများ၊ နိုင်ငံခြားမှထောက်ပံ့ပေးသူများ နှင့် အမည်ခံအရပ်သား အစိုးရအသစ်တို့အပေါ်
 အကျိုးဆက်များစွာသက်ရောက်မှုရှိလာပေမည်။
အသက်ရှင်ကျန်ရစ်သူများ၊ ခံခဲ့ရသူများ၏မိသားစုများသည် ၎င်း၏နာကျင်မှု၊စိတ်ဆိုးမှုများကို နှစ်ပေါင်းနှစ်ဆယ်ကျော် သိုဝှက်
ထားခဲ့ပြီးနောက် ယခုအခါ တာဝန်ရှိသူများအပေါ်တရားစီရင်နိုင်ရေး တောင်းဆိုလျက်ရှိပါသည်။ စွပ်စွဲခံရသောသတ်ဖြတ်ရာတွင်
တာဝန်ရှိသူအချို့မှာ ထိုင်းနိုင်ငံတွင် နေထိုင် လျက်ရှိပြီး နိုင်ငံတကာ NGO များကထောက်ပံ့ထား ပါသည်။ သို့သော် အကယ်
၍နောက်ဆုံးတွင်တရားဥပဒေအတိုင်း စီရင်ခဲ့ပြီထားဦး၊ ဤမျှနှင့်ပင် ရပ်သွားမည်လော။ စစ်တပ်ကရောအတိတ်က ကျူးလွန်ခဲ့မှုများအပေါ် နောက်ကြောင်းပြန်စစ်ဆေးမှုများကို မည်မျှအထိခွင့်ပြုမည်နည်း။
မြန်မာအာဏာပိုင်များသည် ထိုကိစ္စကိုကောင်းမွန်စွာသိရှိသော်လည်းနှုတ်ပိတ်နေသည်မှာ ထင်ရှားလှပါသည်။ မြန်မာနိုင်ငံ
အတွင်းမှ သတင်း အရင်းအမြစ်တစ်ခုက နှစ်ပေါင်းနှစ်ဆယ်ကြာသည့်တိုင် ကျောင်းသားများသည် အဆိုပါမိမိ ရဲဘော်အချင်းချင်း သတ်ဖြတ်ခြင်းကို မမေ့နိုင်၊ ခွင့်မလွှတ်နိုင်ဟု ဆိုပါက ၁၉၈၈ တွင် စစ်တပ်ကထောင်ပေါင်းများစွာသောသူများကို သတ်ဖြတ် ၍ ထောင်ချခြင်းအပေါ်တရားစီရင်ရေးက မည်သို့နည်းဟု မေးခွန်းထုတ် ထားပါသည်။
၁၉၂၂ အစောပိုင်းက မြောက်ပိုင်းကချင်ပြည်နယ် တရုတ်နယ်စပ်တွင်ရှိသော ABSDF တပ်တွင် ကျောင်းသားတပ်သား
 ၃၅၀-၄၀၀ ခန့် ရှိသည့်အနက် သုံးပုံတစ်ပုံ (သို့မဟုတ်) ၁၀၇ ဦးအား စစ်တပ်အစိုးရ၏ သူလျှို သို့မဟုတ် ထောက်လှမ်းရေးများ
ဟု စွပ်စွဲခဲ့ပါသည်။
အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်အရ(၃၆)ဦးမှာသတ်ဖြတ်ခံရခြင်းသို့မဟုတ်စစ်ဆေးမေးမြန်းနှိပ်စက်ခြင်းကြောင့်
 သေဆုံးခြင်း ဖြစ်ခဲ့သည်ဟုသိရပါသည်။
တောထဲတွင်ဒီမိုကရေစီအတွက်နှစ်အတန်ကြာတိုက်ပွဲဝင်ခဲ့သူအချို့လည်း နှိပ်စက်ခံရမှုကြောင့်သေဆုံးကြကြောင်း
 ပြောပြချက်အရ သိရပါသည်။
မန္တလေးမှ နာမည်ကြီး ကျောင်းသားလှုပ်ရှားသူဟောင်းဖြစ်သူ ABSDF မြောက်ပိုင်းဥက္ကဌ ထွန်းအောင်ကျော်မှာ သံပူနှင့်နှိပ်စက်ခံရပြီးနောက် ခေါင်းဖြတ်ခံရသည်ဟု ပြောပြကြပါသည်။ ၎င်းအားခေါင်းမဖြတ်မီ ခေါင်းဖြတ်ခံရသူတစ်ဦးထံမှကျသောသွေးများကို သောက်ခိုင်းခဲ့သည်ဟုဆိုပါသည်။ နောက်ထပ်စွပ်စွဲမှု
များပြုလုပ်ပြီး အဖမ်းခံရသူတစ်ဦးမှာအောင်ဖုန်းဆိုသူဖြစ်ပြီး ၎င်း၏ခြေထောက်ကိုမြေမြှုပ်မိုင်းတွင်တွဲချီ၍ဗုံးခွဲခဲ့ရာ
 ခြေထောက်ပြတ် သွားခဲ့ပါသည်။ ထိုနေ့တွင်ပင် ၎င်းအားခေါင်းဖြတ်သတ်ခဲ့ပါသည်။
ထိုသို့စွပ်စွဲပြီး သတ်ဖြတ်မှုများမှာ ၁၉၉၁ ခုနှစ်နှောင်းပိုင်းတွင်ဖြစ်ပြီး ABSDF စခန်းနှင့် မျက်နှာချင်းဆိုင်ရှိ တရုတ် Yingjiang
နယ်ရဲများက မြန်မာလူငယ် ၁၀ ဦးအား လက်နက်များနှင့်အတူဖမ်းဆီးခဲ့ရာမှစတင်ခဲ့ပါသည်။ နောက်ပိုင်း ၎င်းတို့အားစခန်း
သို့ပြန်လည်ပို့ပေးခဲ့အပြီးတွင် လူငယ်များကြား ဆိုးရွားသော ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါသည်။
နောက်ပိုင်းထွက်လာသော ABSDF ၏ ဗီဒီယိုတိတ်ခွေတွင် စွပ်စွဲမှုမှသည်တရားစီရင်ပုံများကိုပါပြသခဲ့ပါသည်။ ဗီဒီယိုတိတ်မှ
 အဖြစ်အပျက်များ သည် ၎င်းတို့ကျူးလွန်သော ရာဇဝတ်မှုကိုဝန်ခံသည့် သက်သေများပင်ဖြစ်ပါသည်။ ၎င်းတို့၏ ထွက်ဆိုချက်
များမှာ ကမ္ဘောဒီးယားရှိ Khmer Rouge ၏ Tuol Sleng ထောင်ထဲတွင် နှိပ်စက်၍ ဝန်ခံထားသည်များ၏ ပုံစံအတိုင်းအသေး
စိတ်ရှိလှပါသည်။ အကျဉ်းကျခံရသူများမှာ ညဖက်တွင်တဲအတွင်း၌ မြေကြီးပေါ်တွင်ခြုံစရာမရှိပဲ အိပ်ကြရပါသည်။
"ကျွန်တော်တို့ရဲ့အသက်တွေက သူတို့ရဲ့လက်ထဲမှာဆိုတော့ သူတို့ပြောစေချင်တဲ့အတိုင်းပြောရတာပေါ့" ဟု အသက်ရှင်ရစ်သူ
ရန်ကုန်မှ နာမည်ကြီးပန်းချီဆရာထိန်လင်းကပြောပါသည်။ နောက်ထပ် အသက်ရှင်ကျန်ရစ်ခဲ့သူ နန်းအောင်ထွေးကြည်က
 ပြောရာတွင် သူ၏ခေါင်းအားသေနတ်ဖြင့် ချိန်၍ သူနားမလည်သော မေးခွန်းများဖြစ်သည့် "မင်း ကိုဘာတွေလုပ်ဖို့ အမိန့်ပေး
ထားလဲ" ဟု မေးမြန်းသည်ဟု ဆိုပါသည်။
သူသည် ထိုစဉ်က အတွေးအခေါ်ကောင်းသော အသက် ၂၀ အရွယ်ကျောင်းသူတစ်ဦးဖြစ်ပြီး အစိုးရထောက်လှမ်းရေးမှ
 ဒုဗိုလ်အဆင့်ရှိသူဟု စွပ်စွဲခံခဲ့ရပါသည်။ ယခုအခါ သူသည် ဆစ်ဒနီ မြို့တွင်နေထိုင်ပြီး မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားမှုများကို
 ထောက်ခံ့ပံ့ပိုးလျက်ရှိပါသည်။
စွပ်စွဲခံရသူများ၏မိသားစုများ စခန်းသို့လိုက်သွားကြပါသည်။ နန်းအောင်ထွေးကြည်အပါအဝင်အချို့ကိုလွှတ်ပေးခဲ့ပါသည်။
 ထိန်လင်း ကဲ့သို့သော အခြားလူများမှာ ထွက်ပြေးရန် ကြိုးစားရင်း အစိုးရတပ်၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲတွင် နှစ်ပေါင်း
များစွာနေခဲ့ရပါသည်။
ထိုစဉ်က အဆိုပါသတ်ဖြတ်မှုများကို ပြင်ပကမ္ဘာက အာရုံစိုက်မှုနည်းခဲ့ပါသည်။ ထိုင်းနိုင်ငံမှ နေ့စဉ်သတင်းစာ The Nation
မှ သတင်းထောက် Yindee Lertcharoenchok သည်မြောက်ပိုင်းစခန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုအကြောင်းကိုရေး
သားခဲ့ပါသည်။ အဆိုပါ သတင်းသည် ၁၉၉၂ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့က လူသတ်မှုများကိုဖော်ပြထားရာ ယခုမ
ထုတ်ဝေတော့သော ဟောင်ကောင်အခြေစိုက် ထိုစဉ်က အပတ်စဉ်ထုတ် Far Eastern Economic Review ကလည်း
မီးမောင်းထိုးဖော်ပြခဲ့ပါသည်။
ထိုစဉ်က အဆိုပါအစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထောက်ပံ့ နေသော နိုင်ငံတကာအဖွဲ့အစည်းများသည် ထိုကိစ္စကိုရေငုံနှုတ်ပိတ်နေခဲ့ကြပါသည်
။ ထိုသို့ဖြစ်ရခြင်းမှာ ထိုင်းနယ်စပ်ရှိ ABSDF ဗဟိုက ၁၉၉၂ ခုနှစ် မတ်လ ၁ ရက်နေ့က ထိုသို့ဖမ်းဆီးသတ်ဖြတ်ရခြင်းမှာအစိုးရသူ
လျှိုများက ABSDF ခေါင်းဆောင်များကိုလုပ်ကြံရန် ကြိုးစားခြင်းကြောင့်ဟု အကြောင်းပြ စာ ထုတ်ပြန်ခဲ့ခြင်းကြောင့်လည်း
 ဖြစ်နိုင်ပါသည်။
ထိုစဉ်က ABSDF တစ်ခုလုံး၏ ဥက္ကဋ္ဌအောင်နိုင်သည် မြောက်ပိုင်းစခန်းသို့သွားရောက်ခဲ့ပြီး ဖမ်းဆီးထားမှုများကို သတ်ဖြတ်ရေး
အတွက် ကန့်ကွက်မှုမရှိခဲ့ပေ။ ထိုစဉ်က ၎င်းထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖမ်းဆီးခံရသူများကို သူလျှိုအဖြစ် ညွှန်းဆိုခဲ့ပါ
သည်။ ယခုနှစ် သြဂုတ်လ ၃၁ ရက် နေ့ နိုင်အောင်မြန်မာနိုင်ငံသို့လာရောက်စဉ်တွင် စိတ်ဆိုးလျက် ရှိသော အသက်ရှင်ကျန်ရစ်သူများက လေဆိပ်တွင်လူသတ်သမားဟူသော ဆိုင်းဘုတ် ကိုင်၍ ကြိုဆိုခဲ့ကြပါသည်။
ထိုလူသတ်မှုများ ဖြစ်ပွားစဉ် ABSDF မြောက်ပိုင်းဗျူရို အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင်က ထိုင်းအခြေစိုက်စာရေး
ဆရာ phil Thornton ၏ Restless Soul စာအုပ်၏ Rehels, Medics and Misfits on the Thai-burma border အခန်း
တွင် လူသတ်ရာ၌ ကဏ္ဍတစ်ခု ပါဝင်ခဲ့ပုံကို ဝန်ခံထားပါသည်။
ယနေ့တွင်မူ ရော်နယ်အော်နိုင်သည် ထိုင်းနယ်စပ်အခြေစိုက် Frum For Democracy in Burma အကြီးအကဲဖြစ်ပြီး
 ချင်းမိုင်တွင် မီဒီယာများကို လေ့ကျင့်သင်ကြားပေးသူဖြစ်နေပါသည်။ သတ်ဖြတ်မှုများတွင်တာဝန်ရှိသည်ဟု စွပ်စွဲခံရသူအချို့
သည် ယခုအခါနိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုများရယူလျက်ရှိပါသည်။ ယခုအခြေအနေမှာ မြန်မာနိုင်ငံနှင့်နိုင်ငံခြားတွင်နေထိုင်လျက်ရှိသည့် အဆိုပါသတ်ဖြတ်မှုမှ လွတ်မြောက် လာသူများက ထို
ကိစ္စကို အစဖော် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
နိုင်အောင်က Asia Times Online မှ မေးခွန်းကို စာဖြင့်ပြန်လည်ဖြေဆိုရာတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရခြင်း အတွက်
 နောင်တရကြောင်း၊ ထိုအဖြစ်အပျက်များမှာ ABSDF ဌာနချုပ်မှ သိရှိခြင်းနှင့် ဆုံးဖြတ်ခြင်း မရှိပဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု
၎င်းကဆိုပါသည်။ The Nation သတင်းစားမှသတင်းကို မတွေ့မချင်း၎င်းကိစ္စကိုမသိကြောင်း၊ အမှန်တကယ်ဖြစ်ပျက်ခဲ့မှုများနှ
င့် ပတ်သက်၍၎င်း၏ဌာနချုပ်သည် ကာယကံ အားဖြင့်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းအားဏာဖြင့်လည်းကောင်း စုံစမ်းခြင်း၊
 လိုက်လံလုပ်ဆောင်ခြင်းများမရှိခဲ့ကြောင်း ၎င်းကဆိုပါသည်။
နိုင်အောင်သည် ဟားဗက်တက္ကသိုလ်၏ Kennedy School of Government တွင် စကောလားရှစ် ရရှခဲ့သော်လည်း
 အထက်ပါ လူသတ်ပဲါမှအသက်ရှင်ကျန်သူများကန့်ကွက်မှုကြောင့်၂၀၀၂ခုနှစ်တွင် ပြန်လည်ရုတ်သိမ်းခံခဲ့ရပါသည်။
 ရော်နယ်အောင်နိုင်မှာလည်း BBC မြန်မာပိုင်းအစီအစဉ်တွင် သတင်းထောက်အဖြစ်ငှားရမ်းခံရသော်လည်း ထိုအကြောင်းပြ
ချက်ကြောင့်ပင်နေရာအတွက် ဆုံးရှုံးခဲ့ရပါသည်။
စာရေးသူနှင့် ယခုလရန်ကုန်တွင်တွေ့ဆုံခဲ့သော အသက်ရှင်ကျန်ရစ်သူများနှင့်သေဆုံးသွားကြသူများ၏ မိသားစုဝင်များသည်
အဆိုပါအမှုကိစ္စ များကို ပြောပြရန်စိတ်အားထက်သန်နေကြသည်။ အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး နောက်ကြောင်းပြန်ရေး
သားမှုများ မကြာသေးမီက မြန်မာမီဒီယာ များတွင် ဖော်ပြခဲ့ကြပါသည်။
အသက်ရှင်ကျန်ရစ်သူ ဆမားညီညီ၏အစ်ကိုဖြစ်သူ ဥိးမောင်မောင်ရွှေကရဝိတ်ရေးသားသော ခေတ်သစ်ဟသာင်္ကိုးသောင်း
ဇာတ်မှ အတွေ့ အကြုံများ စာအုပ်သည်အဆိုပါ လူသတ်ပွဲများကို စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။ အသက်ရှင်ကျန်ရစ်သူ
 တစ်ဦးကပြောကြားရာတွင် ၎င်းတို့သည် ယနေ့အထိလူကြားထဲသို့မထွက်လိုကြောင်း စစ်တပ်သည် ဒီမိုကရေစီလှုပ်ရှားမှုများကို
ဆန့်ကျင်ရေးအတွက် ၎င်းတို့ကိုအသုံးချ၍ဝါဒဖြန့်မည်ကို စိုးရိမ် သောကြောင့်ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း အသက်ရှင်ကျန်ရစ်သူများမှာ အတိုက်အခံထံမှ စာနာသနားမှုသော်လည်းကောင်း ထောက်ခံမှုသော်
လည်းကောင်း အနည်း ငယ်သာရရှိပါသည်။ ထိုကိစ္စအသံကျယ်လာပါက ဒီမိုကရေစီလှုပ်ရှားမှုများကို ထိခိုက်မည်စိုးသောကြောင့်
 ငြိမ်နေကြခြင်း ဖြစ်ပုံရပါသည်။ အစိုးရအနေဖြင့် ၎င်းတို့၏ တရားမျှတမှုမရှိပဲ နှိပ်စက်ခံရသည်များကို နားထောင်ရန်ဝန်လေးနြေ
ခင်းမှာ ထိုကိစ္စနှင့်နွယ်၍ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စွပ်စွဲမှုများဆက်တိုက်ဖြစ်လာပါက ကိုင်တွယ်
ရန်ခဲယဉ်းသောကြောင့် ဖြစ်ပါသည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Human Rights Watch နှင့်အခြား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာစစ်
တပ်၏ တရား ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ ဖမ်းဆီးခြင်းများ၊ နှိပ်စက်ခြင်းများနှင့်အဓမ္မပြုကျင့်ခြင်းများနှင့်ပတ်သက်၍ အသေး
စိတ်အထောက်အထားများ ရှိနေပါသည်။
"ABSDF ရဲ့ အဖြစ်အပျက်မှာ စစ်တပ်က တိုင်းရင်းသားအုပ်စုများကို ကျူးလွန်သောဖြစ်ရပ်များအတွက် ဥပမာဖြစ်သင့်ပါတယ်"
ဟု Human Rights Watch မှ မြန်မာနိုင်ငံအတွက်သုတေသနပြုသူ Daoid Mathieson ကပြောကြားခဲ့ပါသည်။ "ဒီကိစ္စဟာ
 အတိတ်ကျူးလွန်ခဲ့မှုတွေအပေါ် အရေးယူပေးဖို့ပြည်သူကြားမှာတောင်းဆိုမှုတွေဖြစ်ဖို့ မီးပွားဖြစ်လာနိုင်ပါတယ်။ ကျူးလွန်မှုတွေ
ကိုအရေးယူမှုမရှိ တရားဝင်သဖွယ်လုပ်ဆောင်လာတဲ့ ဆယ်စုနှစ်များစွာ အတွက် ချုပ်ငြိမ်းဖို့ အကောင်းဆုံးလမ်းစဉ်ကို အခြေအ
တင် ငြင်းခုန်လာကြပါလိမ့်မည်" ဟု ၎င်းကဆိုပါသည်။
မတရားမှုများ ချူပ်ငြိမ်းရေးအတွက် ပထမဆုံးလုပ်ဆောင်ပြရမည့်သူများမှာ ABSDF သတ်ဖြတ်မှုမှ လွတ်မြောက်လာကြသူများ
 ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏အမှုကိစ္စများကို မြန်မာနိုင်ငံမှတရား စီရင်ရေးအဖွဲ့များ သို့မဟုတ် အခြားအဖွဲ့များက ကိုင်တွယ်ရန်ဆန္ဒရှိမရှိ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။ "အတိတ်ကကျူးလွန်မှုတွေကိုလျစ်လျူရှုထားတာဟာ ကျူးလွန်သူတွေ
အပြစ်မရှိဘူးးလို့ဆိုလိုတာနဲ့ အတူတူပါပဲ။ အပြစ်မဲ့သားကောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် အမှန်တရားကိုငြင်းပယ်တာပဲ။ သေနတ်ကိုင်ထားတဲ့မျိုးဆက်သစ်တွေကို အရပ်သားတွေအပေါ်ရက်စက်မှုတွေ တရားဝင်
 လုပ်လို့ရတယ်လို့ အလေးအနက်ပြောနေသလိုပါပဲ" ဟု Mathieson ကပြောပါသည်။ "မြန်မာ့တပ်မတော်ရော တိုင်းရင်းသား
လက်နက်ကိုင်တွေရော တရားဥပဒေရဲ့ ပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှုတွေကို ကြုံတွေ့ရဖို့ခဲယဉ်းပါတယ်" ဟု ၎င်း ကပြောပါသည်။
Yangon chronicle
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
No comments:
Post a Comment