Wednesday 7 November 2012


ရခိုင်ပြည်နယ်မှ ဖြစ်ရပ်မှန် သတင်းအချက်အလက်များ

 

ယခုလောလောဆယ်မှာ ဖြစ်ပျက်နေသော ရခိုင်ပြည်နယ်က သတင်းအချက်အလက်များကို ဖေ့စ်ဘုတ် ၊ ၀ပ်ဆိုက် ၊ အင်တာနတ်များမှ သိရှိကြရပါသည် ။ သို့ သော် ပြည့်စုံစွာ မသိရခြင်းကိုမူ ချွင်းချက်အနေဖြင့် လက်ခံပြီး ပြောချင်ပါသည် ။ အထူးသဖြင့် ကျွန်တော်တို့ လို ရခိုင်ပြည်နယ်မှ အလှမ်းဝေးကွာသော သူများအဖို့  အမှန်ပင် သတင်းအခြေအမြစ်များနှင့် ဓါတ်ပုံအကိုးအကားများကို ရရှိရန် ခက်ခဲလွန်းလှပါသည် ။ ယခုနေ့ စဉ်ထုတ်သတင်းစာများအဆိုအရ အစိုးရက ထုတ်ပြန်သော ရခိုင်ပြည်ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ သေဆုံးသူ ( ၈၉ ) ဒဏ်ရာရသူ- ( ၁၃၆ ) ဦး-လူနေအိမ်-၅၃၁၁- နှင့် လူဦးရေ-၃၂၂၃၁-တို့  ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ သည်ဟု သိရှိရပါသည် ။ ထမ်းဆီးထိမ်းသိမ်းထားသူ တထောင်ကျော်လောက် ရှိသည်ဟုလည်း ကြားသိရပါသည် ။ ၄င်းဖြစ်စဉ်များနှင့် ပတ်သက်၍ နောက်ကွယ်က ကြိုးကိုင်သူများ-သွေးထိုးလှုံ့ ဆော်သူများကို ဖေါ်ထုတ်ဖမ်းဆီးမည်ဟုလည်း အစိုးရမှ ကြေညာထားပါသေးသည် ။

     ထို့ ကြောင့် ယခုအရေးအခင်း၌ ကျွန်တော်တို့ ၏ ရခိုင်လူမျိုးများမှာ မည်သည့်နေ့  -မည်သည့်နေရာဒေသ-မည်သည့်အချိန်-မည်သို့ သေနတ်နှင့်ပစ်သတ်၍ သေဆုံးခြင်း၊ မည်သို့  ဒါးဖြင့် ခုတ်သတ်၍ သေဆုံးခြင်း - မည်သို့  ဒဏ်ရာရရှိခြင်းတို့ ကို ဓါတ်ပုံအကိုးအကားဖြင့် ဖြစ်ရန်မှန် အချက်အလက်ကို အတိုချုံးဖေါ်ပြကာ မှတ်တမ်းစာအုပ် ထုတ်ဝေဖြန့် ချီရန်လိုပါသည် ။  တချိန်တည်းမှာပင် ဒုက္ခသည်စခမ်းများ၌ ရောက်ရှိနေသော သူများ ၊ နေထိုင်စားသောက်ပုံများ နှင့် ဒုက္ခဆင်းရဲကြီးစွာ ကျန်ရစ်သူမိသားစုများ၏ သောကပူဆွေးနေခြင်းများကို ဓါတ်ပုံအကိုးအကားများနှင့်  ဖေါ်ပြပေးစေလိုပါသည် ။

     ယခုအချိန်တွင် ကမ္ဘာ့ကုလသမ္မဂအပါအ၀င် အစိုးရတိုင်းမှာ ဓါတ်ပုံအကိုးအကားများနှင့် ထုတ်ဝေသော အချက်အလက် စာအုပ်များကိုသာ အဓိကထားပြီး လေ့လာဆုံးဖြတ်ချက် ချမှတ်ကြပါသည် ။ ဘင်္ဂလီကုလားတို့ မှာ မယုံနိုင်လောက်အောင် လိမ်ညာပြီး သတင်းများကို ထုတ်ပြန်တတ်သောကြောင့် လိမ်မှန်း သိရှိကြရသော်လည်း နောက်ကျသော အသိမှာ လွန်စွာမှ အခြေအနေများကို ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့ ပြီးဖြစ်ပါသည် ။ ယခုဖြစ်ပျက်နေသော အရေးအခင်း၌  ရခိုင်လူမျိုးများ၏ သေဆုံး ဒဏရာရရှိသူများမှာ အလွန်တရာများပြားနေခြင်းကြောင့် အမြန်ဆုံး ကမ္ဘာကို ချပြနိုင်မှသာ ဖြစ်ရပ်မှန်များကို နိုင်ငံတကာမှ သိရှိနားလည် သဘောပေါက်ကြလိမ့်မည်ဖြစ်ပါသည် ။ သို့ ဖြစ်ပါ၍ ကျွန်တော်၏ အကြံပြုချက်အား ဆန်းစစ်ဝေဖန်ပြီး ရခိုင်လူမျိုးများ၏ သမိုင်းဖြစ်ရပ်မှန် ပြသနာကို အမြန်ဆုံး အကောင်အထည်ဖေါ် ဆောင်ရွက်ပေးကြပါရန် လေးစားစွာဖြင့် ရခိုင်ကွန်ယက် အဖွဲ့ အစည်းဝင် တာဝန်ရှိသူများအား တင်ပြလိုက်ရပါသည် ။။

 

ခိုင်အောင်ကျော် ( နယူးယောက် )




No comments:

Post a Comment