|
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)မှ မြ၀တီမြို့တွင်း၌ လှည့်လည် ဆန္ဒထုတ်ဖော်...
Posted: 13 Dec 2012 11:42 PM PST လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)မှ ဒီဇင်ဘာလ ၁၄ ရက် (ယနေ့) နံနက်ပိုင်းတွင် မြ၀တီမြို့တွင်း၌ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယခင်(DKBA)၊ ယခု ကရင်အမျိုးသားတပ်မတော်မှ စစ်မှန်သည့် ငြိမ်းချမ်းရေးလိုလားသူ ဗိုလ်မှူးကြီးစန်းအောင် ဦးဆောင်သည့် အင်အားတစ်ထောင်ကျော်ခန့်ရှိ ကရင်တပ်မတော်များသည် ကားအစီး (၁၀)ကျော်ဖြင့် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် တောရကျောင်းလမ်းမှ စတင်ထွက်လာပြီး ဘုရင့်နောင်လမ်းမကြီးအတိုင်း ချစ်ကြည်ရေးတံတားဖက်သို့ လှည့်လည်သွားကာ ကြခတ်တောကျောင်းလမ်းအတိုင်း ချိုးဝင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။ ယင်းကဲသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်များကိုချက်ချင်းရပ်ပေးဖို့ ၊သံဃာတော်တွေနဲ့ ပြည်သူလူထု တောင်းဆိုချက်များကို လိုက်လျော့ပေးဖို့ ၊သံဃာတွေကို အကြမ်းဖက် နှိမ်နင်းမှုမှ တာဝန်ရှိသူတွေကို ချက်ချင်းအရေးယူပေးဖို့ ၊စုံးစမ်းစစ်ဆေးရေးကော်မတီ တရားမျှတစွာ ဆောင်ရွက်ဖို့  တောင်ဆိုခဲ့သည့် စာတမ်းများ ကိုင်ဆောင်ပြီး လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်မှုကို နံနက် ၇ နာရီ မိနစ် ၃၀ အချိန်မှ နံနက် ၈ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Eleven Media Group |
Posted: 13 Dec 2012 11:35 PM PST ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအား ရောဂါအခြေအနေ ဆိုးဝါးနေသော ဦးတိက္ခဥာဏ၏ သားအငယ်နှင့် သံဃာတော်များ ပြစ်တင်ဝေဖန် ![]() ရန်ကုန်၊ ဒီဇင်ဘာလ ၁၄။ လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင် မီးလောင် ဒဏ်ရာရရှိခဲ့သည့် ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေမှာ ဆိုးဝါးခြင်းမရှိဟု ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာမှ ရေးသားလိုက်ခြင်းအပေါ် ဦးတိက္ခဥာဏ၏ သားအငယ် ဆရာဝန်တစ်ဦးဖြစ်သူ ကိုနေသုခနှင့် သံဃာတော်များက ပြစ်တင်ဝေဖန်လိုက်သည်။ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေမှာ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ဆန္ဒအရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန်အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆင်းသွားခဲ့သော်လည်း ၄င်းတွင် ငွေကြေး အခက်အခဲရှိသည့်အတွက် နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေတစ်သန်း ကြိုတင် ပေးပို့ထားကြောင်းသိရသည် ဟု ဖော်ပြထားသည်။ "သတင်းစာက ဒီလိုရေးတာတော့ မဖြစ်သင့်ဘူးဗျ၊ ဆေးရုံလက်မှတ်က ကိုယ့်ဆန္ဒအလျောက်ဆင်းတယ်ဆိုပေမယ့်၊ သေချာသလောက်တော့ အသက်အန္တရာယ်ရှိတယ်၊ အမှန်အတိုင်းရေးသင့်တယ်" ဟု ကိုနေသုခ ကမြန်မာ့ခေတ်သို့ ပြောကြားသည်။ ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေနှင့်ပက်သက်၍ ၄င်းက " ၄၅ ရာခိုင်နှုန်း ခန္ဓာကိုယ်မီးလောင်တာ၊ မြန်မာနိုင်ငံမှာ များသောအားဖြင့် ဒီအခြေအနေဆို ထားလို့မရဘူး။ ၊သေတာပဲဗျ၊ ခန္ဓာကိုယ်မှာက အရည်ပြားမရှိတော့ဘူး၊ ရောဂါတွေဝင်မယ်။ ပြီးတော့ ဒီကဆေးရုံဆေးခန်းတွေက ရောဂါဒဏ်ရာကို မထိမ်းချုပ်နိုင်ဘူး၊ မီးလောင်ဒဏ်ရာတင်မကဘူး၊ အသားတွေပါ စားထားတော့ ဟို မှာပြန်ပြီး အသားအစားထိုး ကုသရတာတွေလုပ်ရမယ်"ဟု ပြောကြားခဲ့သည်။ ဦးတိက္ခဥာဏသည် မုံရွာမြို့၊ မင်းတိုင်ပင်မြို့နယ်၊ သန္တီရွာ တောရကျောင်းတိုက်မှ သက်တော်(၆၄) ရှိပြီဖြစ်သော သံဃာတော်ကြီးဖြစ်ပြီးလက်ပံတောင်းတောင် သပိတ်စခန်းတွင် ပါဝင်လှုပ်ရှားခဲ့သော သံဃာတော်တစ်ဦးဖြစ်သည်။ "အခုလက်ရှိတော့မန္တလေးပြည်သူ့ဆေးရုံကြီးမှာပဲလားတော့မသိဘူး၊ဒါပေမယ့် အရင်ကတော့ အဲဒီမှာပဲ၊ခြေထောက်ထိထားတဲ့ ကိုယ်ရင်တစ်ပါးဆိုရင် ခြေထောက်ဖြတ်ရမယ့် အခြေအနေဘဲ၊အားလုံးက တဖြည်းဖြည်း အခြေ အနေမကောင်းဘူး၊ မျက်နှာထိထားတဲ့ ဦးဇင်းဆိုရင် နားတွေမှာ တဖြည်းဖြည်း အရိုးနုပါပေါ်နေပြီ" ဟု ကိုနေသုခက ၄င်းကြုံတွေ့ခဲ့ရသော သံဃာတော်များ၏ အခြေအနေကို ဆက်လက်ပြောကြားသည်။ အဆိုပါကိစ္စနှင့်ပက်သက်၍ လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ ကြည့်ရှုစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင် သံဃာတော် ဦးသု(ခ)ဦးဝိမလက "အစိုးရက ဒီလိုဘဲလိမ်နေကြတာဆိုတော့ ဦးဇင်းတို့အနေနဲ့ မထူးဆန်းတော့ပါဘူး၊ သံဃာတွေ ဆေးရုံမှာကြာနေလို့ ကျောတွေအရိုး ဆွေးပြီး မှောက်နေရတယ်၊ အခုလို သတင်းစာကဖော်ပြလိုက်တာဟာ တရားဝင်ကြီးလိမ်လိုက်တာ နောက်တစ်ချက် ငွေကြေး ပြဿနာဆိုရင် ဦးဇင်းတို့မှာ ကူညီမဲ့သူတွေရှိတယ်၊ အလုံအလောက်ရှိတယ်၊ပြီးတော့ အစိုးရကလည်း ဘက်တစ်သန်း လှူရတယ်ဆိုပြီး မျက်နှာကောင်းရအောင် လုပ်တယ်၊ ဒါတွေအားလုံး တရားဝင်လိမ်နေတာပဲ" ဟု ပြောကြားသည်။ လက်ပံတောင်းတောင် အကြမ်းဖက်မှုကြောင့် မီးလောင် ဒဏ်ရာရ သံဃာတော် ၇၂ ပါး ရှိကြောင်းသိရပြီး မန္တလေးမြို့ရှိ ဆေးရုံအသီးသီးတွင် တက်ရောက်ကုသမှု ခံယူနေသော သံဃာတော် အများစုမှာ ရောဂါအခြေအနေ ဆိုးရွားလျက်ရှိကြောင်း ထပ်မံပြောကြားခဲ့သည်။ စူးရှ The Myanma Age |
စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်အခမ်းအနား.. Posted: 13 Dec 2012 06:39 AM PST စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်အခမ်းအနား.. 1.12.2012နေ့က စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်ပွဲနှင့် ညီလာခံ ကျင်းပခြင်း အခမ်းနား ပြုလုပ်ခဲပါသည်.။ ယင်းညီလာခံမှ ဥက္ကဌ - ဦးစိုးဦး ဒု - ဥက္ကဌ ဦးထွန်းထွန်းနိုင်နှင့် အတွင်ရေးမှုး ဦရန်ပိုင်စိုး၊ ဘဏ္ဍာရေးမှုး ဒေါ်သန်းသန်းဦး အပါဝင်အလုပ်မှု့ဆောင် (11) ဦးရွှေးချယ်တင်မြှောက်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်များကို ငါးဆိမ့်ချက်ဟင်းဖြင့် ဧည့်ခံကျွေးမွေးခဲပါသည်။ |
![]() |
ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခံနေရ.. Posted: 13 Dec 2012 06:11 AM PST ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခံနေရ.. မြန်မာပြည်အလယ်ပိုင်း မုံရွာဇာတိဖြစ်တဲ့ ဒေါက်တာလှိုင်မြင့်ဟာ ၈၈အရေးအခင်းကာလမှာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၉၆ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ထိုစဉ်က ကွန်ပျူတာ တစုံ(၀မ်းဆက်) လှုဒါန်းခဲ့မှုနဲ့ ပတ်သက်ပြီး ထိုစဉ်က စစ်ထောက်လှမ်းရေးများမှ အငြိုးတေးထားခဲ့ခြင်း ခံခဲ့ရကာ ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် လှုံ့ဆ်ာမှုဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။ အမှုတင်တဲ့ အခါမှာတော့ အော်ဇီ channel-9 ကထုတ်လွှင့်တဲ့ မြန်မာပြည်အကြောင်း documentaryရုပ်သံဖိုင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ထိုစဉ်ကကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်၊ စီးပွားရေးအကြံပေး ဦးဆက်မောင်တို့အား မေးမြန်းချက် အင်တာဗျူး ( ၁၂-မိနစ် ) ရုပ်သံဖိုင် ဖြန့်ချီမှုနဲ့ဖမ်းဆီးခံခဲ့ရပါတယ်..။ အဆိုပါရုပ်သံဖိုင်မှ ပြောဆိုချက်များအား ကျောင်းသားများအား ဘာသာပြန် ပြောဆိုခဲ့မှုအား နိုင်ငံတော် အကြည်ညိုပျက်အောင် ပြောဆိုမှုဟုဆိုကာ ( ၅/ည)ဖြင့်၇နှစ်။ ဗွီဒီယို ဖြန့်ချီမှုဟုဆို ဗွီဒီယိုအက်ဥပဒေ- ၃နှစ်။ ပေါင်း ၁၀-နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၉၆ခုနှစ် မေလ ၂၁ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၂ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့မှာ ပြန်လည်လွတ်မြောက် လာပါတယ်..။ ၂၀၀၆ခုနှစ်မှာတော့ သြစတြေးလျနိုင်ငံကို ရောက်ရှိခဲ့ပြီး လက်ရှိသြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အခြေချနေထိုင်နေပါတယ်....။ ယနေ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များရဲ့ အခြေခံ အဆောက်အဦးများအတွင်း အဓိက အရေးပါတဲ့ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ဆရာဒေါက်တာလှိုင်မြင့်ဟာ မိမိကိုယ်ပိုင် စမ်းသပ် တွေ့ရှိထားတဲ့ " ဒီရေစီးအား လျှပ်စစ်စွမ်းအင် "နည်းပညာအား သွားရောက် အကြံပြု ဆွေးနွေးလိုတဲ့ အတွက် ယခုကဲ့သို့ ဗီဇာလျှောက်ထား ရခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်..။ ဆရာဒေါက်တာလှိုင်မြင့်ရဲ့ ဒီရေစီးအား လျှပ်စစ်စွမ်းအင် အင်တာဗျူးအား ဆက်လက်ဖ်ာပြပေးပါမယ်..။ ၁၉၆၉ခုနှစ် ကြေးမုံသတင်းစာပါ လေးဘာသာဂုဏ်ထူးရှင် ဒေါက်တာလှိုင်မြင့် ယနေ့ လက်ပံတောင်းတောင် စီမံကိန်း ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး မုံရွာဇာတိ ဖြစ်တဲ့ ဆရာရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအကြောင်းနဲ့ ဦးပိုင်ကုမ္ပဏီအကြောင်း ဆောင်းပါးများ မကြာမှီ ဘလော့ဂ်မှာ ရေးသားဖော်ပြပေးမှာ ဖြစ်ပါတယ်..။ထို့အတူ ဆရာကဲ့သို့ Black List စာရင်းမှာ မပါဝင်ပဲ ဗီဇာပိတ်ပင်ခံရသူများ ရှိပါက.. ဆက်သွယ်ပေးပို့ နိုင်ပါသည်..။ ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ ပြန်ဖတ်လိုလျှင် (Click) |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
http://www.burmaburo.blogspot.com
No comments:
Post a Comment