Posted: 14 Dec 2012 09:17 AM PST
ဦးပိုင်ကုမ္မဏီတွေနဲ့ ပက်သက်ပြီးတော့ သူတို့  ၁၉၉၀ ခုနှစ်လောက်ကစပြီးတော့မှ
အမှန်တကယ် ရည်ရွယ်ချက်ကတော့ တပ်မတော်ရဲ့ မိသားစုတွေသက်သာချောင်ချိရေးနဲ့ 
တပ်မတော်သားဟောင်းတွေရဲ့ မိသားစုတွေသက်သာချောင်ချိရေးဆိ
ဒါပေမယ့် နောက်ပိုင်းမှာ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေကို ပျောက်ပြီးတော့မှနိုင်ငံတစ်နို ဦးပိုင်ကုမ္မဏီက ခွဲဝေမျှပေးတဲ့ ပိုက်ဆံကိုသာနိုင်ငံတော်က ပြည်သူလူထုက ခံစားရတဲ့အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒီပိုက်ဆံတွေကိုလည်း တစ်ချိန်က နေပြည်တော်ဆောက်တယ်၊ MIG 29၀ယ်တယ်၊ နောက် လှိုဏ်ခေါင်းတွေ တူးတယ်၊ နျူကလိယားစီမံကိန်းတွေလုပ်တယ်၊ မစ်ဇိုင်းတွေလုပ်တယ်။ ဒီလို စစ်တပ်နဲ့ ပက်သက်ပြီးတော့ပိုက်ဆံတွေ သုံးတယ်။ ၀ယ်လို့ ရတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့  ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို တိုက်တယ်။ အဲတော့ အကျိုးမရှိတဲ့လုပ်ငန်းတွေကို ဦးပိုင်အနေနဲ့  အထောက်အကူပြုတဲ့ အနေအထားတွေဖြစ်ပါတယ်။ ခုလက်ရှိအချိန်အခါမှာတော့ အနေအထားတွေ ပြောင်းလဲလာချင်တဲ့သူတွေရှိလြာ ဘာဖြစ်လို့ လည်းဆိုတော့ရဲဘော်ပိုင်း စစ်သည်ပိုင်းက ဦးပိုင်ရဲ့ ခံစားမှုတွေကို မရပါဘူး။ အပေါ်ပိုင်း လူကြီးပိုင်းတွေပေါ့လေ၊ တပ်ရင်းမှူးအဆင့်လောက်ကနေဗိုလ် ရဲဘော်က ရာဂဏန်း ထောင်ဂဏန်းလောက်ဘဲ ထည့်နိုင်ပါတယ်။အရာရှိကြီးတွေက အနည်းဆုံး သိန်း ၂၀ ကနေပြီး အထက်ကို ထည့်တဲ့အခါတစ်နှစ် တစ်နှစ်ကို အရာရှိကြီးတွေအနေနဲ့  အမြတ်က သုံးဆယ် ရာခိုင်နှုန်း၊သုံးဆယ် ရာခိုင်နှုန်းနဲ့  စဉ်းစားကြည့်ရင် သိန်းတစ်ရာထည့်တဲ့သူကနှစ်စဉ် သိန်းသုံးဆယ် အမြတ်ရနေတဲ့ အနေအထား ရှိပါတယ်။ ရဲဘော်မိသားစုတွေအနေနဲ့ ကတော့ ဘာမှ သိပ် ဟုတ်တိပတ်တိနဲ့ ခံစားခွင့်ရတဲ့ အနေအထားမျိုး မရှိပါဘူး။ ရဲဘော်ပိုင်းတွေ စစ်သည်ပိုင်းတွေအနေနဲ့ ကတော့ ဦးပိုင် အခု အခြေအနေပြောင်းရင် ထောက်ခံမယ်၊ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေပိုင်းကတော့ ဆန့် ကျင်ကောင်းဆန့် ကျင်ပါလိမ့်မယ်။ အဲဒါတွေကို ဖော်ထုတ်မယ်ဆိုရင်တော့ ဒီ ခရိုနီတွေနဲ့ ပက်သက်ပြီးတော့ဟိုအရင် ခေါင်းဆောင်ကြီးက စပြီးတော့၊ အခု လက်ပံတောင်းတောင်မှာဘဲကြည့်ပါ။ တရုတ်သံအမတ်က ရှင်းတဲ့အခါမှာ ရတဲ့အကျိုးအမြတ်တွေထဲမှာ၁၃ ရာနှုန်း ၅၀ ရာနှုန်းတို့ ရှိပါတယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းကပျောက်နေတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒါတွေက ဘယ်ကိုသွားသလဲဆိုတာ မေးစရာအနေအထားမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် ဖားကန့် တို့ မိုးကုတ်တို့ မှာ နာမည်ကြီး ခရိုနီတွေကို ပေးပြီးတော့မှ နောက်ကွယ်ကနေ၃၀ ရာနှုန်း ၄၀ ရာနှုန်း ပေးရမယ်ဆိုပြီး ပါးစပ် ပါဆင်းနိတ် ယူထားတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါတွေကို ပြန်ပြီးတော့ ဖော်ထုတ်မယ်ဆိုရင်တော့အဲဒီလူတွေ (ဦးအောင်လင်းထွဋ်) ယနေ့ ည ထုတ်လွှင့်သွားသော ဘီဘီစီ မြန်မာပိုင်း “မြန်မာ့အရေး ကမ္ဘာ့ အရေး” အစီအစဉ်မှ ထုတ်နုတ်ဖော်ပြပါတယ်။ Aungmyo Tun |
Posted: 14 Dec 2012 08:06 AM PST
(အတွဲ ၁၊ အမှတ် ၄၇ ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် ထုတ် ဒီလှိုင်း ဂျာနယ်တွင် (ဒေါ်) အောင်ဆန်းစုကြည် ရေးသားသော “ဒီစကား” ကို သဘောကျ နှစ်ခြိုက်လွန်းမိတာလည်း အပါအ၀င် ၊ အကြောင်း မညီညွတ်သောကြောင့် မဖတ်ရှုခဲ့ရသေးသောသူများ ဖတ်ရှုနိုင်ရန် စာရိုက်ပြီး တင်ပေးလိုက်ပါတယ်။ မည်သူမဆို လွတ်လပ်စွာ ကူးယူ ဖော်ပြနိုင်ပါတယ်။ မိမိ ဘယ်နေရာက ကူးယူဖော်ပြတယ်ဆိုတာ Credit ပေးစရာလည်း မလိုအပ်ပါ။ ယဉ်ကျေးမှုနားလည်သောသူ၊ သူတစ်ပါးကို အသိအမှတ်ပြုတတ်သူများကတော့ တန်ဖိုးထား အသိအမှတ်ပြုကြပေလိမ့်ပါမယ်။ မည်သို့ပင်ဆိုစေ ဖတ်ရှုကြတယ်ဆိုရင် ကျေးဇူးတင်ရှိမိပါတယ်။ စာအကျအပေါက်များ သတ်ပုံ မှားယွင်းမှုများပါရှိပါက ကျွန်တော့်ရဲ့ တာဝန်သာဖြစ်ပါတယ်။)အချိန်တွေ ဘယ်လိုကုန်သွားသလဲဆိုတာ စဉ်းစားလို့မရဖြစ်နေပါတယ်။ မုံရွာက နောက်ကျပြန်ရောက်ပြီး မအိပ်မီ “ဒီစကား” ရေးတာ မနေ့တနေ့ကပဲလို့ ထင်နေတာ အခုတော့ တစ်ပတ်တောင်ကြာခဲ့ပြီပဲ။ ဒီကြားထဲမှာ အလုပ်တွေကများတော့ တစ်နေ့တစ်နေ့ ကူးသွားတာတောင် သတိမထားမိပါဘူး။ အချိန်ရဲ့ သဘောတရားနဲ့ အနိစ္စဆိုတဲ့ မတည်မြဲခြင်းသဘောတရားတွေကို တွဲပြီးဆင်ခြင်ကြည့်လိုက်မိပါ ဘာမှ မပြောင်းမလဲရှိနေမယ်ဆိုရင် အချိန်ဆိုတာကို သတ်မှတ်လို့ရပါ့မလား။ ဒါကတော့ သိပ္ပံ ဒသနိကမေးခွန်းဆိုပါတော့။ တရားသဘောကို အခြေခံမယ်ဆိုရင် အနိစ္စဆိုတာ မရှိလို့က အချိန်ဆိုတာ အဓိပ္ပာယ်ရှိပါ့မလား။ မတည်မြဲ အစဉ်ပြောင်းလဲမှုတွေကြောင့်သာ အချိန်တွေရဲ့ ရွေ့လျောခြင်းကို သိနိုင်တာပဲ မဟုတ်လား။ ဒါကြောင့်လည်း အနိစ္စလောကကြီးမှာ နေရတဲ့ လူသားတွေ အချိန်ကို တန်ဖိုးထားဖို့လိုအပ်တာပါပဲ။ အချိန်ကို တန်ဖိုးထားပုံနှစ်မျိုးကို လေ့လာကြည့်ချင်ပါတယ်။ တစ်မျိုးကတော့ အချိန်ကို လေးစားခြင်း၊ အချိန်နဲ့ ပတ်သက်ရင် တိကျခြင်းပါ။ ကျွန်မတို့ကို ငယ်စဉ်ကတည်းက အချိန်လေးစားဖို့၊ အိမ်မှာကော၊ ကျောင်းမှာပါ သင်ပေးပါတယ်။ အလုပ်တစ်ခုကို လုပ်ရင် ဘယ်ာလောက်ကြာမလဲဆိုတာကို တွက်တတ်လာပါတယ်။ အခြား ပုဂ္ဂိုလ်များပါဝင်နေတဲ့ အစီအစဉ်တွေမှာဆိုရင် အချိန်တိကျရမယ်ဆိုတာ အရိုးစွဲနေတဲ့ ခံယူချက်ဖြစ်လာပါတယ်။ တစ်ပါးသူကို လေးစားသောအားဖြင့် အတူချိန်းထားတဲ့အတိုင်း အချိန်တိတိကျကျမလုပ်တာဟာ၊ ထိုသူကို မထီမဲ့မြင်လုပ်တယ်လို့ ခံယူပါတယ်။ ချိန်းထားတာထက် စောသွားပြန်ရင်လည်း တစ်ဖက်က အဆင်သင့်မဖြစ်သေးတာကြောင့် စိတ်အနှောက်အယှက်ပေးသလိုဖြစ်နို အချိန်ကိုတန်ဖိုးထားခြင်း နောက်တစ်မျိုးကတော့ အချိန်ကို တန်ဖိုးရှိအောင် သုံးခြင်းပါပဲ။ ပျောက်ပျက်သွားတဲ့ စက္ကန့်၊ မိနစ်တွေဟာ ဗလာနတ္ထိ၊ ပြစရာမရှိမဖြစ်ရအောင်က အရေးကြီးပါတယ်။ ဒီထက်ပိုအရေးကြီးတာကတော့ ပျောက်ကွယ်မြန်တဲ့အချိန်တွေကို အနှုတ်လက္ခဏာဆောင်တဲ့ အပြုအမူတွေနဲ့ မဖြုန်းလိုက်ဖို့ပါပဲ။ ကျွန်မတို့ရဲ့ အနိစ္စလောကကြီးမှာ ဖြစ်ပြီးကိစ္စတွေ မဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးနေ ဆွေးနေမယ်ဆိုရင် ကုက္ကုစ အကုသိုလ်မြောက်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရှေးရှုပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကြရမှာပါ။ အခုအချိန်ဟာ ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးရှိအောင် သုံးရမယ့် အချိန်ဖြစ်ပါတယ်။ အတိတ်ကရခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေပျောက်ကင်းအောင် လုပ်ကြရင်းနဲ့ အနာဂတ်အတွက် အာမခံချက်ပေးနိုင်မယ့် ပစ္စုပ္ပန်ကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ကျွန်မ ခဏ ခဏပြောနေတဲ့ အခက်ခဲဆုံးကာလလို့ဆိုရမယ့် အဝေးကမြင်နေရတဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်သွားရမယ့် ခရီးနောက်ဆုံးပိုင်းကို မှန်မှန်ကန်ကန်ကျော်ဖြတ်ဖို့ အထူးအရေးကြီးပါတယ်။ ဒီအချိန်ဟာ ကျွန်မတို့ ဘယ်လောက် ရင့်ကျက်နေပြီလဲဆိုတာကို အစမ်းသပ်ခံရမယ့် အချိန်ပါ။ ရင့်ကျက်သောသူများသည် စောင့်အပ်သောအရာများကို ဆောင်နိုင်စွမ်းရှိတယ်လို့ စိတ္တပညာရှင်များက မြင်ပါတယ်။ ရင့်ကျက်တဲ့ သူများဟာ သာမညနဲ့ အဓိက၊ ရေတိုအကျိုးနဲ့ ရေရှည်အကျိုး၊ လုပ်ချင်တာ၊ လုပ်သင့်တာ၊ လုပ်နိုင်တာ စသည်တို့ကို ခွဲခြားသိတတ်မှုလည်းရှိတတ်ပါတယ်။ ဒါ့အပြင် ရင့်ကျက်သူများဟာ စေတနာကို စေတနာနဲ့ တုန့်ပြန်ခြင်း၊ အခွင့်အရေးကို တာဝန်သိစိတ်နဲ့ သုံးခြင်းဆိုတဲ့ အရည်အချင်းတွေနဲ့လည်း ပြည့်စုံပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် ရင့်ကျက်ခြင်းဆိုတာဟာ အခြေအနေတွေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး၊ ဒီသုံးသပ်မှုအရ လုပ်ကိုင်ဆောင်ရွက်ခြင်းလို့ ပြောနိုင်ပါတယ်။ ယခု ကျွန်မတို့နိုင်ငံရဲ့ အရေးကြီးဆုံးအချက်က ဘာလဲဆိုရင် အမျိုးသားရင်ကြားစေ့ရေးလို့ ပြောရမှာပါပဲ။ ကျွန်မတို့တွေ အချင်းချင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား၊ အဖွဲ့အစည်းများအကြား၊ အဖွဲ့အစည်းများနဲ့ ပြည်သူများအကြား၊ ပြည်သူအချင်းချင်းအကြား၊ မုန်းငြိုးအာဃာတတွေ ကင်းစင်သွားပြီး အပြန်အလှန် လေးစားယုံကြည်မှုတည်ဆောက်ခြင်းနဲ ဒီတစ်ပတ်တော့ ဒီမျှသာ။ ။ အောင်ဆန်းစုကြည် |
Posted: 14 Dec 2012 07:57 AM PST
(The Daily Star News မှ 13 Dec 2012 ရက်စွဲပါ “Sweden asks India to clarify arms presence in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)
ဆွီဒင်နိုင်ငံသည် M-3 ကားလ်ဂတ်စတက် တင့်ကားဖျက်လက်နက်များကို အိန္ဒိယစစ်တပ်က ဝယ်ယူခဲ့ကြောင်းဖော်ထုတ်အပြီးတွ မြန်မာနိုင်ငံသို့ ဆွီဒင်လုပ်လက်နက်များ ရောက်ရှိနေမှုကို စုံစမ်းစစ်ဆေးနေသည်ဟု ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးေ ၎င်းလက်နက်များ အိန္ဒိယနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်ဟု ဆွီဒင်နိုင်ငံ လက်နက်မပြန့်ပွားရေးနှင့် ပို့ကုန်ထိန်းချုပ်ရေး အေဂျင်စီ ISP က သတင်းပေးကြောင်း သူမက ပါလီမန်သို့ ပြောကြားလိုက်ပါသည်။ ဒါကြောင့် အိန္ဒိယအာဏာပိုင်တွေဆီကနေ ရှင်းလင်း ထုချေလွှာတောင်းဖို့ ISP ကို ကျွန်မတောင်းဆို ထားပါတယ်ဟု သူမက ဆက်လက်ပြောကြားသည်။ ယခုသီတင်းပတ် ဆွီဒင်သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သော သတင်းထောက် ဘာတစ်လင့်တနာ၏ သတင်းဆောင်းပါးတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ မြန်မာအစိုးရတပ်ဖွဲ့များ ကျန်ရစ်ခဲ့သော ဆွီဒင်လုပ် M-3 ဘားလ်ဂတ်စတက်တင့်ဖျက်လက်နက်ကို ဓါတ်ပုံအထောက်အထားများနှင့် တကွ ဖော်ပြထားပါသည်။ ၎င်းဓါတ်ပုံများထဲမှ တစ်ပုံတွင် လက်နက်ထုတ်လုပ်သော နံပါတ်စဉ်အမှတ်အသားကို ထင်ရှားစွာ တွေ့မြင်ရသည်။ ၁၉၈၈ တွင်မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီး ဖိနှိပ်အုပ်ချုပ်ခဲ့သောကြောင့် ဥရောပသမဂ္ဂ EU က ၁၉၉၆ ခုနှစ်မှစ၍ လက်နက်မရောင်းရန် ပိတ်ပင်ထားခဲ့သည်။ ယခုကဲ့သို့ ဆွီဒင်လုပ်လက်နက်များ တတိယလူ လက်ထဲရောက်သွားခြင်းမှာ ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း ISP ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဗုဒ္ဓဟူးနေ့တွင် မှတ်ချက်ပေးပြောဆိုသွားသည်။ Yangon chronicle |
Saturday, 15 December 2012
ဖတ်သင့်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment