Thursday 20 December 2012





    Posted: 19 Dec 2012 10:57 PM PST
    "ဂြီ...သက္ကရာဇ်တစ်ထောင့်သုံးရာကိုးခုနှစ်ပြာသိုလဆုတ်၉ရက်တနင်္ဂနွေနေ့ ဤငါတို့ မြန်မာပြည်လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင်ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ်ကောင်းစွာရောက်သတည်း"၁၉၅၀ပြည့်နှစ်ဒီဇင်ဘာ၂၅ရက်နေ့ ကတည်း ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သောလွတ်လပ်ရေးကျောက်တိုင်ကြီးကိုငေးစိုက်ကြည့်ရင်းနှတ်မှရေရွတ်ဖတ်မိလိုက်ပြန်ပါပြီ။ သမီးနှင့်အတူနံနက်စောစောထလမ်းလျှောက်ဖြစ်လေတိုင်းဤစာကိုဖတ်ဖြစ်လေ့ရှိသည်မို့ စာသားကိုကြည့်ကာဖတ်ကာရေရွတ်မိခဲ့လေသည်လား၊

    ရင်ထဲစွဲငြိနေခဲ့ပြီးစာသားမို့ အလွတ်ရွတ်ဆိုနိုင်ခဲ့ခြင်းလားဆိုသည်ကိုတော့ယခုတစ်ကြိမ်မှာကြံကြံဖန်ဖန်တွေးမိ။တွေးလက်စနှင့်တွေးမိပြန်သည်က"ရွတ်ဆိုကျင့်ကြံဒီမိုကရေစီစံ"ဆိုသည့်၈၈မျိုးဆက်ကျောင်းသားကိုဂျင်မီ၏စာအုပ်ခေါင်းစဉ်။ထိုမှကျွန်တော်တို့ ရွတ်နေဆိုနေခဲ့သော်ငြားကျင့်သုံးရကောင်းမှန်းမသိခဲ့မူတွေဘယ်ရွေ့ ဘယ်မျှရှိခဲ့ကြသလဲဆိုသည်ကိုအတွေးရောက်ရပြန်၏။ဤတွင် ကျွန်တော်သတိလက်လွတ်မခံဘဲရေးထုတ်တင်ပြသင့်သည့်အကြောင်းအရာတစ်ခုကိုတွေးတောသတိရမိလိုက် ပါသည်။ဤသည်ကFacebookမှာတွေ့ ရသည့်ဂျင်းဖောမြေအကြောင်းနှင့်စပ်လျဉ်း၍ဗိုလ်ချုပ်မှဦးဘဆွေ နှင့်ဦးဖေခင်တို့  ထံပေးစာ။

    ************* "ကိုဘဆွေ - ကိုဖေခင်

    ကနေ့ ဂျင်းဖောများနှင့် အစည်းအဝေးကို ခင်ဗျားတို့ဘဲ ဆက်လက် ဆွေးနွေးကြပါ -ကျွန်တော် မလာတော့ဘူး -အရင်က လျှော့ထားဒါထက်တော့ လျှော့လို့ မဖြစ်တော့ဘူး -အခုလျှော့ထားတာတောင် တိုင်းပြည်က ဘာပြောအုံးမယ် မသိသေးဘူး ပီးတော့ ဒီလိုပေးတယ် ဆိုတာဟာလဲ တဦးနဲ့တဦး ပေါင်းတယ် ဆိုလို့သာ ပေးတာဘဲ သို့မဟုတ်ရင် ကျူပ်တို့ ပေးနိုင်မှာ မဟုတ်ဘူး -ကရင်ဘက်ကလဲ CID information
    အရဆိုရင် riot တောင်လုပ်ဖို့ တချို့ ကြံနေကြတယ်လို့ သတင်းရတယ် -ဟုတ်မဟုတ်တော့ မပြောနိုင်ဘူး -ဘာဘဲ ဖြစ်ဖြစ် သူတို့ကိုတော့ နယ်နဲ့ပတ်သက်လို့ ရှိရင်တော့ သည့်ထက် မပိုနိုင်တော့ဘူး -We have reached the limit of our concession ဆိုတာ ပြောလိုက်ပါ -ဂျင်းဖော state နဲ့ နီးစပ်ရာနယ်တွေကို North Eastern Frontier Province ဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ လုပ်နိုင်မလား မပြောတတ်ဘူး - ဒါပေမဲ့ ဒါကို အတိအကျ မပြောစေလို -

    Don't commit yourselves in this matter နဲနဲပါးပါးလေးသာdiscuss လုပ်ပြီး (အတည်မဟုတ်သေး) လို့ ရှင်းအောင် ပြောပြပါ -

    အောင်ဆန်း ( ၂.၇.၁၉၄၇ ) General Aung San's letter to his chief negotiators"

    ဤစာမှာပြည်ထောင်စုစည်းလုံးညီညွတ်ရေးတနည်းဆိုရရင်ငြိမ်းချမ်းရေးအတွက်ညှိနှိုင်းအဖြေရှာနေခဲ့သူဗိုလ်ချုပ် ၏စာပါ။ကချင်တိုင်းရင်းသားတွေနှင့်ညှိနိုင်းဆွေးနွေးစည်းဝေးကြမည့်ဦးဘဆွေ နှင့်ဦးဖေခင်တို့ ထံပေးစာ၊မှာကြားစာဟုသိရ၏။ ယနေ့ ကာလကချင်ပြည်နယ်မှာယမ်းငွေ့ တွေပြယ်ဖို့ အထူးဆန္ဒရှိနေသူပြည်ထောင်စုတိုင်းရင်းသားပြည်သူတို့ အတွက် သိသင့်သိထိုက်သောသမိုင်းဝင်စာတစ်စောင်ဟုဆိုသော်မမှား။

    သြဂုတ်လ၊ ၁၃ရက်နေ့ က ကချင်ပြည်နယ် ၊ဖားကန့် ၊ဆွတ်ငိုင်ယန်ရွာ (Sut Ngai Yang)က (၉)တန်းကျောင်းသူ လေးမဂျာဆိုင်းအိန်တို့ ယခုဒီဇင်ဘာလ ၁၈ ရက်နေ့ ကကာမိုင်းရဲစခန်းတိုက်ပွဲဖြစ်စဉ်မှ ဒုရဲအုပ် အောင်တင်ဦး၏ မိခင် ဒေါ်မေမွှေးစိန်နှင့် ညီမမတင်မေအောင်တို့ လိုမြေဇာပင်တွေအရေအတွက်မည်မျှရှိခဲ့လေမည်နည်း။ လတ်တလောမှာပင်ကျွန်တော်အထူးစိတ်မရွှင်နိုင်အောင်ရှိနေသည်ပြဿနာကအစဉ်အလာကြီးလှသော ဂျင်းဖောမြေမှာကချင်တိုင်းရင်းသားတို့ ၏ရိုးရာမနောပွဲကြီးဆင်နွှဲဖို့ သင့်မသင့်လွန်ဆွဲနေသည့်သတင်းစကားအရဖြစ်၍ စစ်ပွဲသတင်းစကားတွေအရသူသူကိုယ်ကိုယ်ဟိုသူဤသူကိုအားမရသလိုလို၊မကျေနပ်သလိုလိုလက်ညှိးထိုးချင်သလိုလို ခံစားရစိတ်တွေဖြင့်စိတ်ထွေနေကြရခြင်း၊စစ်ပွဲအပြီးတိုင်ရပ်ဖို့ ဆန္ဒဖေါ်ထုတ်နေကြခြင်းဟာလွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်တို့  တတွေအစွမ်းကုန်ရေးခြယ်သခဲ့၍လှပရသည့်ပြည်ထောင်စုကြီးအလှမပျက်စေလိုသည့်လိုအင်ဆန္ဒတွေအရဟုကျွန်တော်တော့ခံယူပါသည်။

    ပြည်ထောင်စုကိုချစ်သူအားလုံးလည်းခံယူမိနိုင်ကြပါလိမ့်မည်။ ************* ကချင်တိုင်းရင်းသာေးတွနှင့်ညှိနိုင်းဆွေးနွေးစည်းဝေးကြမည့်ဦးဘဆွေနှင့်ဦးဖေခင်တို့ ထံပးစာမှာလွတ်လပ်ရေး ဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း၏ပေးစာပါ"တဦးနဲ့တဦး ပေါင်းတယ် ဆိုလို့သာ ပေးတာ"ဆိုသည့်ဗိုလ်ချုပ်၏အမြင်စကားက ရှုတ်ထွေးနေသည့်ကျွန်တော့်ရင်ကိုတရားပြလိုက်သလိုရှိစေလိုက်၏။ကျေးဇူးတင်ပါသည်။ယခုရက်ပိုင်းအတွင်းဤစာကို စတင်ရှာဖွေထုတ်ဖေါ်တင်ပြလာတာသူကကျွန်တော်အထူးသတိပြုနေမိခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ သတိပြုမိစရာကောင်းလောက်အောင်လည်းထိုသူဟာသူ့ facebookသက်တမ်းတစ်နှစ်တာအတွင်းအရေထူ၊အရေးထူးခဲ့(ထူးထူးခြားခြားရေးသားတင်ပြလို့ အရေးထူးသလိုသူ့ ကိုပြန်ရေးလည်းအရေထူခဲ့)သူမို့ ပါ။ဒါကအင်တာနက်လူမူကွန်ရက်facebookသုံးသူတိုင်းရှိ သင့်သည့်ကြန်အင်လက္ခဏာ။မည်သို့ ဆိုစေထိုသူနှင့်အမြင်မတူသယောင်ရှိသူတွေကပါသူဖွေရှာတင်ပြလာသောဗိုလ်ချုပ်၏ဤစာကိုအထူးတလည်သဘောကျကာပို့ စ်တင်လာကြသည်ကိုလည်းတွေ့ ရပြီမို့ ယနေ့ လူ့ ဘောင်လောကတွင်ဓမ္မဓိဋ္ဌာန်ကျခြင်းအားခုံ မင်မြတ်နိုးနေသေးသည့်အတွက်အားတက်ဝမ်းမြောက်ဖွယ်ဟုကျွန်တော်ဆိုချင်လာမိ၏။

    ထိုနည်းလည်းကောင်းအထက်ပါဗိုလ်ချုပ်၏စာပါအကြောင်းအချင်းအရာတွေအနက်ဤကာလဤအခါသမယမှာပါ နိုင်ငံရေးငြိမ်းချမ်းရေးလူမျိုးရေးတို့ မှာညှိနိုင်းရေးမှူးအသွင်ဆောင်ရွက်ချင်နေသူတွေ၊တာဝန်အရဆောင်ရွက်နေကြရသူတွေ အထူးအတုယူလောက်သည့်အမြင်အတွေးလည်းယူသော်ရ၏ဆိုသလိုတို့ ခေါင်းဆောင်ဗိုလ်ချုပ်ပြောသမျှဟောသမျှရေးသမျှ စာတွေစကားတွေတရားတွေဟာယူ၍မကုန်နိုင်သောနိုင်ငံရေးတရားငြိမ်းချမ်းရေးတရားဘဏ္ဍာသိုက်ကြီးဟုပင်ခံယူချင်၏။ ခံယူချက်မတူကြသည့်တိုင်ဗိုလ်ချုပ်၏စာတွေစကားတွေကအချိန်သင့်အခါသင့်တိုင်းရေးပြည်ရေးအတွက်ပြဋ္ဌာန်းစာအုပ်တစ်အုပ်ပမာ ကျေးဇူးတရားကြီးမာနေလေသည်ကိုလက်ခံမူမှာတူကြသည်ကိုလည်းယခုဗိုလ်ချုပ်၏ဤစာကသက်သေပြခဲ့ပြီဟုလည်းဆိုနိုင်၏။ ဆိုခဲ့သလိုအမြင်မတူတွေကြားထဲဝိ၀ါဒမကွဲဘဲလက်ခံသဘောကျစရာကောင်းနေလွန်းသည့်ဤစာပါ"တဦးနဲ့တဦး ပေါင်းတယ်ဆိုလို့သာ ပေးတာ"ဆိုသည့်စကားအနက်အဓိပ္ပါယ်ဟာဓမ္မဓိဋ္ဌာန်ကျသည့်စကားဆိုတော့ကာအများနည်းတူကျွန်တော်လည်းလွတ်သဘော ကျခြင်းဖြစ်ကြောင်းထပ်မံညွှန်းဆိုပြီးကျွန်တော့်စာညွှန်းကိုအဆုံးသတ်ပါမည်။

    အစွန်းမလွတ်၍နှစ်ဘက်သဘောကျကြခြင်းပုံသေနည်းအရမူလအစရှာဖွေတင်ပြလာသည့်ပုဂ္ဂိုလ်၏စေတနာကိုရော ယခုအခါfacebookတွင် တွင်တွင်ကျယ်ကျယ်အထပ်ထပ်ရှယ်နေလေကြကုန်သောမိတ်ဆွေအပေါင်း၏စိတ်စေတနာကိုပါအထူး လေးစားကျေးဇူးတင်မိပါကြောင်းနှင့်ဤစာကိုFacebookမိတ်ဆွေတို့ ကွန်ရက်နယ်ပယ်တွင်းဘယ်သူ ဘယ်ဝါစတင်သည်ဆိုခြင်းကိုအဓိကနှင့်သာမညခွဲကာဓမ္မဓိဋ္ဌာန်ကျသောစကားတွေမှာအရေးအရာတိုင်းမှာ မတူကွဲပြားသော်ငြားရူ့ ထောင့်အသီးသီးမှစိတ်စေတနာထားတင်ပြဆွေးနွေးညှိနှိုင်းနိုင်ကြခြင်းကဘုံရည်မှန်းချက် ပြည်ထောင်စုကြီးညီညွတ်ရေးငြိမ်းချမ်းရေးအတွက်ဟုကျွန်တော်ယုံယုံကြည်ကြည်ခံယူတင်ပြရင်း....

    အမေစုရပ်တည်ဆောင်ရွက်နေမူကိုစာနာစွာဖြင့်

    ကိုမျိုး(မြန်မာစာ)
    Posted: 19 Dec 2012 03:47 PM PST

















    ဒီမိုကရေစီ စနစ် ရဲ့ ချစ်စရာအကောင်းဆုံးအချက်က ဘယ်လိုလူမဆို ပြည်သူ့ထောက်ခံမှုနဲ့ တိုင်းပြည်ရဲ့ အကြီးအကဲ ဖြစ်နိုင်တာပါပဲ။
    တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ အာဏာရှင် သမ္မတဖြစ်တဲ့ (ပတ်ချုံဟီး Park Chung Hee 1963 to 1979) ရဲ့ သမီးဖြစ်သူ (ပတ်ခ်ဂွမ်းဟေး)ကို ကိုရီးယားပြည်သူတွေက သမ္မတအဖြစ် မနေ့က မဲပေးရွေးချယ်လိုက်ပါတယ်။

    ထူးခြားတာက အသက်(၆၀)ရှိပြီဖြစ်တဲ့ (ပတ်ဂွမ်းဟေး)ဟာ အိမ်ထောင် မရှိတဲ့ အပျိုကြီးတဦး ဖြစ်ပါတယ်။

    (ပတ်ဂွမ်းဟေး)ဟာ Saenuri ပါတီဥက္ကဌဖြစ်ပြီး သူ့ရဲ့ Saenuri Party ကို ၂၀၁၁ခုနှစ် မတိုင်ခင်က Grand National Party (GNP)ပါတီလို့ အမည်ပေး ခဲ့ပါတယ်။ ရှေးရိုးစွဲပါတီလို့ လူသိများတယ်။

    တောင်ကိုရီးယား လက်ဝဲနိုင်ငံရေးသမားတွေက ပတ်ခ်-ကို "Notebook Princess" (수첩공주)လို့ ခေါ်ကြတယ်။ သဘောက သူဟာ ရွှေလင်ပန်း နဲ့ မွေးလာသူ ၊ သမ္မတသမီးအဖြစ် ရာဇ၀င်မှာ မှတ်တမ်းတင်ခံရသူ နိုင်ငံရေး အရ အခွင့်ထူးခံလူသားလို့ ပြောနေတာပါ။ မြောက်ကိုရီးယား နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ သူ့ကို Ice Princess (얼음공주)လို့ ခေါ်ကြ ပါတယ်။ ဒါက သူ့ရဲ့အသက်မပါတဲ့ အေးစက်စက် လှုပ်ရှားတုန့်ပြန်မှုတွေပေါ် အခြေခံပြီး ဝေဖန်ကြတာပါ။

    (ပတ်ဂွမ်းဟေး)ကို သမ္မတ(ပတ်ချုံဟီး)ရဲ့ သမီးဦးအဖြစ် ၁၉၅၂ခု ဖေဖေါ်ဝါရီ (၂)ရက်နေ့ ဒေးဂူးဆိုတဲ့ဒေသမှာ မွေးဖွါးခဲ့ပါတယ်။ ညီမတယောက် မောင် တယောက် ရှိပါတယ်။ အဖေသမ္မတ ပတ်ချုံဟီးလဲ အလုပ်ကြံခံ သေဆုံးခဲ့ရ သလို အမေဖြစ်သူ Yuk Young-soo ယုံးဆိုးဟာလဲ မြောက်ကိုရီးယားရဲ့ ခိုင်းစေမှုအရ ဂျပန်နိုင်ငံဖွါး ကိုရီးယားလူသတ်သမား Mun Se-gwang
    ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသူပါ။ သူ့ဖခင်ကိုတော့ KIA Korean Intelligent Agency ကိုရီးယားထောက်လှမ်းရေး တွေကပဲ ပစ်သတ်ခဲ့တာပါ။

    ဆိုးလ်မြို့ Seongsim ကျောင်းကနေ ၁၉၇၀မှာ အထက်တန်းအောင်တယ်။ ၁၉၇၄မှာ ဆိုးဂမ်း Sogang တက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရခဲ့တယ်။ အဲဒီနောက် Grenoble တက္ကသိုလ်မှာ ပညာဆက်သင်နေတုန်း မိခင်ဖြစ်သူ အလုပ်ကြံခံရလို့ ပြင်သစ်နိုင်ငံကို ထွက်ခွါဖို့ အကြောင်းဖန်လာ တာနဲ့ပဲ သူ့ပညာရေးကို ခေတ္တရပ်နားခဲ့တယ်။ ဒါပေမယ့် သူ့ကို ထိုင်ဝမ်နိုင်ငံ တရုတ်ယဉ်ကျေးမှုတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်ခဲ့သလို ၊ တောင်ကိုရီးယားက ဖူချောင်းအမျိုးသားတက္ကသိုလ်၊ KAIST တက္ကသိုလ်နဲ့ Sogang တက္ကသိုလ်တွေကလည်း ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေ ပေးခဲ့တယ်။

    (ပတ်ဂွမ်းဟေး)ရဲ့ နိုင်ငံရေးဖြတ်သန်းမှု ပြောပါဆိုရင် GNPပါတီမှာ ဒေသ ဆိုင်ရာ ပါတီခေါင်းဆောင်အဆင့်ကနေ ပါတီရဲ့ဥက္ကဌနေရာအထိ ၁၉၉၈ ကနေ ၂၀၀၆ခုနှစ်ကြား အဆင့်ဆင့် အရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့်လဲ သူ့ကို ရွေးကောက်ပွဲများရဲ့ ဘုရင်မလို့တောင် ကျီစယ် ခေါ်ဝေါ် လာကြတယ်။

    ၂၀၀၆ မေလ မဲဆွယ်ပွဲတခုမှာ ကိုရီးယားရာဇ၀တ်ကောင်တဦးက ပတ်ခ်ရဲ့ မျက်နှာကို ဓါးနဲ့ဝင်ခုတ်လို့ ၁၁ စင်တီမီတာရှိတဲ့ ဒဏ်ရာ မျက်နှာမှာရခဲ့ပြီး ခွဲစိတ်ကုသခံရပါတယ်။ ၂၀၀၈ခုနှစ်တုန်းက သမ္မတရွေးကောက်ပွဲ ၀င်ခဲ့ပြီး သမ္မတဖြစ်သွားတဲ့ အီမြောင်ဘတ်ကို ရှုံးခဲ့ရတယ်။ ၂၀၁၁မှာတော့ New Frontier လို့ အဓိပါယ်ရတဲ့ Saenuri ပါတီဥက္ကဌ ဖြစ်လာပါတယ်။

    သူရဲ့ ရွေးကောက်ပွဲ မဲဆွယ် ကြွေးကြော်သံကတော့ ဈေးကွက်စိးပွါးရေး ဗဟိုပြုတဲ့ နိုင်ငံရေး ရပ်တည်ချက်ဖြစ်ပြီး ၂၀၀၈ရွေးကောက်ပွဲမှာ သူပြော ခဲ့တဲ့ အခွန်လျှော့ချ ဖြတ်တောက်ရေး၊ အားကောင်းတဲ့ တရားဥပဒေစိုးမိုးရေး ထူထောင်ဖို့ အစိုးရယန္တယားလည်ပတ်မှုတွေမှာ အချိန်တိုတောင်း မြန်ဆန်ဖို့ စတဲ့အချက်တွေနဲ့ အဓိက မဲဆွယ်ခဲ့ပါတယ်။ သမ္မတလောင်း(၁၂)ဦး ထဲမှာ အလားအလာကောင်းခဲ့သူပါ။ တောင်ကိုရီးယားရဲ့ စီးပွါးရေးနှေးကွေးမှုနဲ့ လူမှုပြဿနာတွေကို ကုစားမယ်လို့ သူက ဆိုပါတယ်။ တောင်မြောက်နှစ် နိုင်ငံ ပေါင်းစည်းရေးအတွက် မြောက်ကိုရီးယားနဲ့ လက်တွဲ ဆောင်ရွက် မယ်လို့ သူက ပြောပါတယ်။

    မနေ့က ရွေးကောက်ပွဲမှာ (ပတ်ဂွမ်းဟေး)ရဲ့အဓိက ပြိုင်ဖက်ကတော့ လူ့အခွင့်အရေး ရှေ့နေ မွန်းဂျဲးအင်း Moon Jae-in ဖြစ်ပါတယ်။ ပတ်ခ်က မဲအားလုံးရဲ့ ၅၁.၆ %ကျော်ရပြီး မွန်းကတော့ ၄၈%ပဲ ရပါတယ်။

    ပထဝီနိုင်ငံရေးအရ အရှေ့အာရှမှာ ခေါင်းအခဲရဆုံးနိုင်ငံဖြစ်တဲ့ မြောက် ကိုရီးယားနိုင်ငံကို (ပတ်ဂွမ်းဟေး)ဘယ်လိုဆက်ဆံမလဲ ဆိုတာ စောင့်ကြည့် ရမှာပါ။ သမ္မတအိုဘားမားကတော့ (ပတ်ဂွမ်းဟေး)အရွေးခံရတာကို ၀မ်းမြောက်ကြောင်း ဂုဏ်ပြုစကားဆိုလိုက်ပြီး အာရှပိစိဖိတ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် လက်တွဲဆောင်ရွက်သွားမယ်လို့ ကမ်းလှမ်း လိုက်ပါတယ်။ a

    ကိုးကား - http://en.wikipedia.org/wiki/Park_Geun-hye

    Burma-Newselite



    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610



    --
    http://www.burmaburo.blogspot.com

    No comments:

    Post a Comment