ဒို့ ဗမာ
ငါသာလျင်တော်...သူမတော်ဟု
လူတော်ထင်မှာ ...ဒို့ ဗမာကို
ဘယ်ခါဆယ်၍....ရမည်လဲ။
ကြွားရင်းနှင့်နစ်...ဝါးပြီးနစ်သည့် 
နစ်လျက်နေပါ....ဒို့ ဗမာကို
ဘယ်ခါဆယ်၍....ရမည်နည်း။
အကောင်းဆိုးထင်....ဆိုးကောင်းထင်နဲ့ 
အထင်လွဲပါ ....ဒို့ ဗမာကို
ဘယ်ခါဆယ်၍....ရမည်လဲ။
သူ့ ကိုငါညိုး.....ငါသူညိုးနဲ့ 
အညိုးကြီးပါ....ဒို့ ဗမာကို
ဘယ်ခါဆယ်၍...ရမည်နည်း။
ညှည်း၍မပြီး......ငြူမပြီးဟု
အပြီးတကာ..လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် ...နောင်အဖို့ 
နိုးကြထကြမြန်မာတို့ ....သားမြေးတို့ တွက် ကြိုးပမ်းစို့ ။
ဆရာမင်းသုဝဏ်
No comments:
Post a Comment