Saturday 25 May 2013

ဒေါင်းမာန်ဟုန်








Posted: 25 May 2013 12:23 AM PDT
စစ်အုပ်စုတွေ စစ်တပ်ကို အသုံးချဖို့ အာဏာပြန်သိမ်းတာမဟုတ်တောင် ဒေါ်စု ၈၈ နဲ့ ဒီမိုကရေစီသမားတွေအားလုံး နိုင်ငံမှာ အာဏာမထွားလာအောင်၊ လက်ရှိပွင့်လင်းစ အခြေအနေတွေရှုတ်ထွေးအောင်၊ လက်နှက်ကိုင်တပ်ကို လူထုအားလုံး ရိုသေလာအောင်၊ အောက်လမ်းနည်းနဲ့ ၉၆၉ ဖွဲ့ပြီး နိုင်ငံရေးကို ဘာသာရေးဘက်လှည့်တိုက်တဲ့ လှုပ်ရှားမှုအဖြစ် လူတစ်စုဟာ (နောက်ကွယ်က အာဏာရှိလူတစ်စု က ကျောထောက်နောက်ခံပြီးတော့) ပြည်တွင်းနေ မူဆလင်တွေကိုတိုက်ခိုက်နေတာကိုလည်း ကျနော် အပြင်းအထန်ဆန့်ကျင်ပါတယ်။

ဗုဒ္ဓဘာသာတွေဟာ ငြိမ်းချမ်းစွာ ကျင့်တဲ့ ဘာသာဖြစ်ပါတယ်။ ရန်ပြု ရန်မှု မှုကို ဗုဒ္ဓဘာသာက အားမပေးပါ။ အုပ်စုဖွဲ့ပြီး ရှုတ်ထွေးမှုလုပ်သူတိုင်း သမိုင်းမှာ ရှင်းလင်းရမှာဖြစ်ပါတယ်။ အုပ်စုတစ်စုက ဦးဆောင်ပြီးတော့ စုထားတဲ့ ဖုန်းကြီးအတုတွေ လူအုပ်စုတွေ နဲ့ မြန်မာမူဆလင်တွေကို စနစ်တကျ တိုက်ခိုက်တာဟာ အထိကရုန်းဖြစ်ပွါးရာ ဒေသခံတွေမဟုတ်ကြဘဲ ဘယ်ကလာမှန်းမသိသူတွေဖြစ်နေတဲ့ သတင်းတွေ လက်နှက်ကိုင် ရဲတွေဟာ အကြမ်းဖက်သူတွေကို ဗြောင်ရပ်ကြည့်နေတဲ့ သတင်းတွေဟာ သတင်းနားထောင် ဖတ်ရယုံတင်မက လူကိုယ်တိုင်ရှင်းပြတာတွေကိုပါ ကျနော်နားထောင်ရပါတယ်။

အနောက်ကမ္ဘာကလည်း သူတို့အကျိုးစီးပွါးအဖြစ် သူတို့နဲ့အမြဲစစ်ဖြစ်နေကြရတဲ့ ကုလားနိုင်ငံတွေကို အလှည့်အပြောင်းအဖြစ် မြန်မာနိုင်ငံကို ကုလားနိုင်ငံအားလုံးရဲ့ ရန်သူဖြစ်အောင် မီဒီယာတွေနဲ့ ထိုးကြွေးနေပါတယ်။ တကယ်က ဘာသာချင်း လူချင်းမတူသူတွေခြား ဖြစ်ပွါးတဲ့ ရာဇဝတ်မှုတွေကို အစိုးရအာဏာပိုင်တွေက ကြပ်မတ်ကိုင်တွယ်ရမှာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ တနပ်စားဉာဏ်နဲ့ ရေတို အောက်လမ်းနည်း လှုပ်ရှားမှုတွေတိုင်းဟာ မအောင်မြင်နိုင်ပါ။ မအောင်မြင်တပ်ပါ။

စစ်အုပ်စုက ပြည်တွင်း ပြည်ပလှုပ်ရှားသူတွေအားလုံးကိုလည်း ဗုဒ္ဓဘာသာအများစုရှိရာ နိုင်ငံပြည်သူတွေအထင်အမြင်လွဲအောင် ရိုဟင်ဂျာလှုပ်ရှားမှုကို ဒီမိုကရေစီလှုပ်ရှားမှု နဲ့ ရှုတ်ထွေးအောင် ပေးစားတဲ့ လှုပ်ရှားမှူကိုလည်း အခုရက်အတွင်း တစိုက်မတ်မတ် လုပ်လာပြန်ပါတယ်။ အရင်က လူ့အခွင့်အရေး ဒီမိုကရေစီလှုပ်ရှားမှု နဲ့ ကွန်မြူနစ် ကို ပေးစားပုံ နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကျနော်တို့ နိုင်ငံရေးလှုပ်ရှားမှုဟာ ရှင်းလင်းအောင် ဝါရှင်တန် အိမ်ဖြူတော် ရှေ့လှုပ်ရှားမှုမှာ ရိုဟင်ဂျာတွေ တောင်းဆိုမှု လှုပ်ရှားမှုတွေနဲ့ ခွဲပြီး ကန့်သတ်ခါ ကျနော်တို့ နိုင်ငံရေးတောင်းဆိုမှုတွေကို သီးခြားစီခွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဓိက က ရိုဟင်ဂျာ ကို မြန်မာနိုင်ငံသားအဖြစ် လူမျိုးသစ်တစ်မျိုးအဖြစ် တောင်းဆိုမှုကို ကျနော်တို့ ဒီမိုကရေစီ နိုင်ငံရေးတောင်းဆိုမှုနဲ့ ခွဲခြားပြထားတာဖြစ်ပါတယ်။

ဘာသာရေး နိုင်ငံရေး အရှုတ်မခံနိုင်လို့ဖြစ်ပါတယ်။ စီအန်အန်လို မီဒီယာတွေ ရောက်ရှိအလာ ရိုဟင်ဂျာတွေ ကျနော်တို့ဆန္ဒပြနေရာကို အတင်းလာပေါင်းတဲ့အခါ ကျနော်တို့ ချက်ချင်း သပိတ်ရပ်ပြီး နောက်ဆုတ်လိုက်ရပါတယ်။ မြန်မာပြည် ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုမှာ လူသားတိုင်း ဘာသာမတူသူတိုင်းပါဝင်နိုင်ပေမယ့် ကျနော်တို့ ဘာသာရေး နဲ့ နိုင်ငံရေး ကို ကန့်ထားလိုက်တာသာဖြစ်ပါတယ်။ ကျနော်ဟာ ဘယ်ဘာသာ ဘယ်လူမျိုးကိုမှ မဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သားတစ်ဦးသာဖြစ်ပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေ မတရားမှုတွေကို ရှောင်လွှဲနိုင်ရန်အလို့ငှါ ဒီလို အထင်လွဲမှားစရာတွေပေါင်းမြောက်များစွာတွေနဲ့ ကျနော်တို့ရဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုကို အရောင်ဆိုး ရောချလိုက်တာ မခံကြရအောင် လူတိုင်းလူတိုင်း သတိရှိကြပါရန် တိုက်တွန်းလိုက်ပါတယ်။

ZAW WIN Facebook
Posted: 24 May 2013 11:41 PM PDT

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့အား နယူးယောက် မြန်မာကွန်မြူနီတီမှ လှိုက်လှဲစွာ ကြိုဆို (မေလ ၂၄ရက် ၂၀၁၃)
ဓါတ်ပုံ- ကိုအောင်ချစ်
Photo..Zaw win


Posted: 24 May 2013 07:14 PM PDT
မြန်မာနိုင်ငံနှင့်စီးပွားရေး လုပ်ငန်းတွေ ပိုမိုပုးပေါင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုင်ငန်းစဉ်မှာ ကူညီဖို့ အတွက်၈ျပန်နိုင်ငံဝန်ကြီးချူပ်ရှင်ဇိုအာဘေးသည် မနေ့က မြန်မာနိုင်ငံကိုလာရောက်ခဲ့ ပါသညိ။

ထိုကဲ့ သို့ လာရောက်ခြင်းမှာ နှစ်ပေါင်း ၃၆နှစ်အတွင်းဂျပန်ဝန်ကြီးချုပ်တဦး၏ ပထမဆုံးခရီးစဉ်လည်းဖြစ်၏
လွတ်လပ်ရေးရပြီးစအချိန်မှာ မြန်မာနှင့်ဂျပန်ဆကိဆံရေးက အထိုက်အလျောက်နွေးထွေးခဲ့ ပြီး မြန်မာနိုင်ငံ၏ အရင်းနှီးဆုံးနိုင်ငံများတွင် ပါဝင်ခဲ့ သည်။စစ်အတွင်းက မြန်မာနိုင်ငံကိုချွေးတပ်ဆွဲမှအပြင် တခြားဖိနှိပ်မှူများစသည့် အတိတ်ဖြစ်ရပ်များကြောင့် ဂျပန်ကမြန်မာကိုအမြဲတမ်း နွေးထွေးစွာဆက်ဆံခဲ့ သည်။

ဂျပန်နိုင်ငံ ၀န်ကြီးချူပ်ဖြစ်သူ Shinzo Abe အနေနဲ့  မြန်မာနိုင်ငံကို ၃ ရက်တာ ခရီးစဉ်အဖြစ်ရောက်ရှိနေချိန်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ပစ်သတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် Kenji Nagai ကိစ္စအတွက် ဦးစားပေးဆောင်ရွက်သင့်တယ်။
သို့ သော်လည်းစစ်အစိုးရလက်ထက် လူ့ အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံကို အနောက်နိုင်ငံများကရှောင်ခွာချိန်မှာ ၈ျပန်နိုင်ငံကလည်း ဆက်ဆံရေးအေးစက်လာခဲ့ သည်။ ၂၀၀၇ခုနှစ်သံဃာအရေးအခင်းမှာ ဂျပန်သတင်းထောက် Kenji Nagai သေဆုံးခဲ့ သည့်နောက်တွင်တော့ ၈ျပန်နိုင်ငံက မြန်မာအပေါ်ဆက်ဆံရေးကား ပိုအေးစက်သွားတော့၏

အနောက်နိုင်ငံတွေလို စီးပွားရေးပိတ်ဆို့ မှများမလုပ်ခဲ့သော်လည်း ယခင်လိုအကူအညီတွေအမြောက်အများပေးတာကို ဂျပနိနိုင်ငံက ရပ်ဆိုင်းခဲ့သည်။ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ ကတဆင့်ပေးသောအကူအညီများနှင့်တခြားလူသားချင်းစာနာထောက်ထားသည့် အကူအညီများမှအပ ကျန်သောအကူအညီတွေ ရပ်ဆိုင်းပြီး စီးပွားရေးမှာလည်း တရင်းတနှီးပူးပေါင်းဆောင်ရွှက်မှုတွေမရှိတော့ချေ။ ယခင်ရှိပြီးသားလုပ်ငန်းအသေးစားများကိုသာ မိတ်မပျက်အောင် လုပ်ကိုင်နေတာသာရှိတော့သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ မြန်မာနိုင်ငံ၏ ငယ်ချစ်ဟုခေါ်ဆိုနိုင်မညိ့  ဂျပန်နိုင်ငံကား ခြင်္သေ့ လည်ပြန် တခါပြန်ဝင်ရောက်လာခဲ့ ပါပြီ။

ယခုမှပြန်လည်နွေးထွေးလာသည်ဆိုသော် လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက်ပြောစမှတ်ြ့ပုလောက်သော တုံပြန်မှုကြီးကို ဂျပန်အစိုးရက ရက်ရက်ရောရော ပေးအပ်ခဲ့ ၏မြန်မာနိုင် ငံက ဂျပန်နိုင်ငံအပေါ် တင်ရှိနေသောကြွေးမြီဒေါ်လာသန်း ၃.၆ သန်းကို လျှော်ပေးခဲ့ ပြီး အာရှဖွံဖြိုးရေးဘဏ်နှင့် ကမ္ဘာဘဏ်တို့ မြန်မာကို ကြွေးသစ်ထုတ်ချေးရန်ဒေါ်လာတစ်ဘီလီယံကိုလည်း ကူညီ။ ပေးခြင်းပင်ဖြစ်သည်။ နောက်ထပ်လည်း အမေရိကန် ဒေါ်လာ သန်း၂၀၀ခန့် အကူအညီပေးဖို့ လည်း ကမ်းလှမ်းထားသေးသည်။

ထိုကဲ့ သို့ ၈ျပန်နိုင်ငံက ကူညီမှုကြောင့် အာရှဖွံဖြိုးရေးဘဏ်နှင့်ကမ္ဘာဘဏ်တို့ ကား မြန်မာနိုင်ငံအပေါ် နောက်ထပ်ချေးငွေများ ဆက်ထုတ်ပေးသွားနိုင်သညိ။

တချိန်တည်းမှာပင် ကမ္ဘာအလယ်မှာ မျက်နှာပွင့်လာသော ငယ်ချစ်မြန်မာနိုင်ငံမှာ တခြားနိုင်ငံများနည်းတူစီးပွားရေးလုပ်ဖို့ 
၈ျပန်နိုင်ငံက အားသွန်ခွန်စိုက်ကြိုးပမ်းလာရသည်။

မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ရန်အလျင်လိုနေသောဂျပန်ကုမ္ပဏီများက၈ျပန်အစိုးရကို မြန်မာနိုင်ငံနှင့်စီးပွားရေးပူးပေါင်းမှုတွှေအရှိန်အဟုန်မြင့်ဖို့ တိုက်တွန်းနေသကဲ့ သို့ ဂျပန်စီးပွားရေးအဖွဲ့ ချုပ် (Keidanren) ကိုယ်စားလှယ်များလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှများ တိုးမြှင့်ဖို့  မကြာခင်ကလာရောက်လေ့လာခဲ့ကြသေးသည်။
မေလမှာမြန်မာကိုလာရောက်မည့် ဂျပန်အစိုးရ ၀န်ကြီးချူပ်အသစ်ရှင်ဆိုအာဘေး စိတ်ဝင်စားမှုအရှိဆုံးမှာ ရန်ကုန်မြို့က တနာရီခန့် ကားမောင်းသွားရသည့် အကွာအဝေးတွင်တည်ရှိသည့် အသက်မ၀င်ဖြစ်နေသော သီလ၀ါဆိပ်ကမ်းစီမံကိန်းဖြစ်သည်။

အဆိုပါစီမံကိန်းမှာ ဂျပန်ကုမ္ပဏီများအတွက်ဆောင်ရွက်ထားသောစီမံကိန်းဖြစ် ပြီး ဆိပ်ကမ်းတခုအဖြစ်သာမက ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ အတွက်အထူးစီးပွားရေးဇုန်လည်း ပါဝင်၏

ထီုစီမံကိန်းကို ဂျပန်နိုင်ငံက မည်သို့ ရရှိခဲ့သလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းသည်။
အနောက်နိုင်ငံမီဒီယာသတင်းများအရ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင်တိုကျိုမြို့မှာ မြန်မာဂျပန်အသင်း ဥက္ကဋ္ဌ၀န်ကြီးချုပ်ဟောင်း ၀ါတာနာဘေး နှင့်အတူ ညစာစားနေစဉ် မြန်မာသမ္မတဦးသိန်းစိန်ကမြေပုံတခုကို ဆွဲထုတ်ခဲ့ပြီး ၂၄၀၀ ဧကအကျယိရှိ့ သီလ၀ါဝန်းကျင် ဧရိယာကို ပြသခဲ့ ကာ ဂျပန်ကုမ္ပဏီများကို ထိုစံင်္မကိန်းမှာ လာလုပ်စေချင်ကြောင်းဝါတာနာဘေးကို ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

၂၀၁၂ စက်တင်ဘာလတွင်မှု အစိုးရအေဂျင်စီများနှင့်အတူ မီဆုဘု၇ှီ။ ဆူမစ်တိုမို၊ မာရူဘန်နီအပါအ၀င် ဂျပန်စီးပွားရေးလုပ်ငန်များက အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိသီလ၀ါဆိပ်ကမ်း စီမံကိန်းကိုကျေညာခဲ့ သည်။ထို့ အပြင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံတွင် အဓိကဆောင်ရွက်နေသော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင်လည်း ဂျပန်နိုင်ငံက ဒေါ်လာ၃ ဘီလီယံ ရင်းနှီးမြုပ်နံရန်လည်းပါဝင်သည်။

ဒိုင်ဝါ အုပ်စုနှင့်တိုကျိုစတော့ဈေးကွက်များကလည်း မြန်မာနိုင်ငံမှာ ၂၀၁၅ခုနှစ်မှာစတော့ဈေးကွက်တည်ဆောက်ဖို့ ပြင်ဆင်နေကြသည်။
ထို့ အတူ တောင်တရုတ်ပင်လယ်က ရေပြင်ပိုင်နက်ပြသာနာနှင့်ပတ်သတ်ပြီး ၈ျပနိနိုင်ငံက တရုတ်နိုင်ငံအပေါ်မကျေနပ်မှုများကြီးထွားလာနေသည်၈ျပန်နိုင်ငံအတွကိ အာရှဒေသမှာ တရုတ်နိုင်ငံသြဇာကြီးထွားလာမှုကို ကာကွယ်ဖို့ လည်းလိုအပ်နေပါသည်။

၈ျပန်နှင့်မြန်မာ ခပ်စိမ်းစိမ်းဖြစ်နေကြသောကာလများတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပိုကောင်းလာခဲ့ ပြီး စီးပွားရေးစီမံကိန်းအတော်များများမှာထဲထဲဝင်ဝင် ဆောင်ရွက်ခွင့်ရထားသည်။ လက်ရှိအခြေအနေတွင်လည်း မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်နေသည်။

ဂျပန်နိုင်ငံကား မြန်မာနိုင်ငံ၏ (၁၁ )ဦးမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဆင့်သာရှိနေသေး၏ တရုတ်နှင့်ယှဉ်လျှင်နောက်ကျပြီလို့ ပြောလို့ ရသည်။

သို့ သော်လည်း
ဂျပန်နိုင်ငံကားသိပ်မစိုးရိမ်ပါချေ ။
ယခင်နွေးထွေးပြီးသားနှစ်နိုင်ငံသံယောဇဉ် ။စီးပွားရေးနှင့် ပတ်သတ်လာလျှင် အရည်အချင်းနှင့် နာမည်ပျက်ပါမရှိသား ဂျပန်နိုင်ငံ၏ အရှိန်အ၀ါကို သုံးပြီး နှစ်ပေါင်းများစွာ အေးစက်ခဲ့သော ငယ်ချစ် မြန်မာနိုင်ငံဆီသို့  ခြင်္သေ့လည်ပြန် ပြန်လှည့်လာခဲ့ ပြီဖြစ်လေသည်။

ထားထားမြင့်(7 day news journal)

Japan Times သတင်းစာပါ ဆောင်းပါးများနှင့်အေပီသတင်းများမှကိန်းဂဏန်းအချက်အလက်များကို အခြေခံရေးသားထားပါသည်။
Posted: 24 May 2013 09:40 AM PDT

တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကရေသောက်မြစ်မှာ ပညာရေးစနစ်သာလျှင် ဖြစ်ပါသည်။ ပညာရေးစနစ် အဆင့်အတန်း မြင့်မားလျှင် တိုင်းပြည်အဆင့်အတန်းမြင့်မားပြီး၊ ပညာစနစ်နိမ့်ကျလျှင် တိုင်းပြည်အဆင့်အတန်းလည်း နိမ့်ကျလေသည်။ ကျွန်တော်တို့နိုင်ငံ ဘာကြောင့်နိမ့်ကျနေရပါသလဲ။ အဖြေကတော့ ရှင်းပါသည်။ တိုင်းပြည် ပညာရေးစနစ်မှာ လွန်စွာ နိမ့်ကျနေသောကြောင့် ဖြစ်ပါသည်။ တကယ်တော့ မြန်မာ့ပညာရေးစနစ်သည် တချိန်က လွန်စွာ အဆင့်မြင့်သော ပညာရေးစနစ် ဖြစ်ပြီး ကမ္ဘာကျော်၊ နိုင်ငံကျော် ခေါင်းဆောင်များ၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးနိုင်ခဲ့ပေသည်။ ဒီမိုကရေစီ အလေ့အထများ စတင်ရာနေရာလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ အစဉ်အလာကြီးသော မြန်မာ့ပညာရေး စနစ်သည် ၁၉၆၂ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ ကွယ်လွန်အနိစ္စရောက်ခဲ့ရရှာလေသည်။

၁၉၆၂ အာဏာသိမ်းချိန်ပြီးချိန်မှ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် ပြည်သူလူထုကြားထဲတွင် အာဏာရှင်စိတ်ဓာတ်ဝင်စေရန်၊ လူမျိုးကြီးဝါဒ ၀င်စေရန် ပညာရေးစနစ်ကို ဖျက်စီးခဲ့ပါသည်။ ပထမဆုံးအနေဖြင့် စတင်လုပ်ဆောင်မှုကတော့ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်ပါတော့တယ်။

ဘာကြောင့်လည်းဆိုတော့ ကျောင်းသားသမဂ္ဂအဆောက်အဦဆိုတာ ကျောင်းသားလူငယ်များအားဒီမိုကရေစီအလေ့အထများရှင်သန်စေရာနေရာ၊ တိုင်းပြည်ခေါင်းဆောင်များမွေးထုတ်ပေးရာ နေရာ ဖြစ်နေလို့ပါပဲ။ ကျောင်းသားများကိုလည်း ငယ်စဉ်ကတည်းက အာဏာရှင်အယူအဆ သွတ်သွင်းပါတယ်။ ဥပမာပြောရမယ်ဆိုရင် ဆရာမ မ၀င်ခင်မှာ နာမည်မှတ်တာကို ကြုံဖူးကြမှာပါ။ နာမည်စာရင်းမှာ ပါတဲ့ကျောင်းသားက ဆရာမ၀င်လာရင် အရိုက်ခံရပါတယ်။ သူ့အလှည့်တုန်းက ကိုယ့်နာမည်ကို မှတ်ထားခဲ့ရင် ကိုယ့်အလှည့်ကျ သူ့ကိုသေချာ ကြည့်နေပြီး ပါးစပ်ဟလိုက်တာနဲ့ သူ့နာမည်ကိုမှတ်လိုက်တာမျိုးနဲ့ ပြန်လက်စားချေတတ်ပါတယ်။ ဒါကြောင့်ကျောင်းသားတိုင်း နာမည်မှတ်သူဖြစ်ချင်ပါတယ်။ နေရာတစ်ခုကို ရနေရင် ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ စိတ်ဓာတ် ငယ်စဉ် ကလေးဘ၀ထဲက ရိုက်သွင်းခံလိုက်ရတာပါပဲ။

သင်ရိုးညွှန်းတမ်းများကိုလည်း အာဏာရှင်စနစ် တည်တံ့ရေးအတွက် ၀ါဒဖြန့်ရာ လက်နက်သဖွယ် ပြုလုပ်ပစ်ခဲ့ပါတယ်။ ငယ်စဉ်က သင်ရတဲ့စာတွေဆိုတာ တပ်မတော်ကဘယ်လို ကယ်တင်ရှင်လုပ်ခဲ့တယ်။ တိုင်းပြည်ကို ဘယ်လို တိုးတက်အောင် ဆောင်ရွက်ပေးခဲ့တယ်။ တိုင်းရင်းသားတွေ တောင်းတဲ့ ဖယ်ဒရယ်ဆိုတာ ခွဲထွက်မှာကို ပြောတာ စသဖြင့် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံတဲ့စာမျိုးတွေပါ။

ပညာရေးကို ခုတုံးလုပ်ပြီး လူမျိုးကြီးဝါဒကိုလည်း ငယ်စဉ်ကတည်းက ပျိုးထောင်ပေးပါတယ်။ ကျောင်းသားတွေထဲမှာ လူမျိုးစုံ၊ ဘာသာစုံ ပါဝင်ပါတယ်။ ဒါပေမဲ့ သင်ရတဲ့ စာတွေကတော့ လူမျိုးတမျိုးတည်းကိုသာ လူစွမ်းကောင်းလုပ်ထားတဲ့ စာတွေပါ။ သမိုင်းဘာသာရပ်မှာဆို သိပ်သိသာပါတယ်။ မြန်မာဘုရင်တွေကို သူရဲကောင်းတွေ အဖြစ် ပုံဖော်ထားပြီး တိုင်းရင်းသားတွေကို လူဆိုးလိုလို၊ သူပုန်လိုလို၊ မြန်မာတွေရဲ့လက်အောက်ခံတွေလိုလို ရေးသားထားပါတယ်။

တိုင်းရင်းသားတွေနဲ့ အစ္စလာမ်၊ ခရစ်ယာန်ကိုးကွယ်သူတွေ၊ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေအတွက်လည်း အဆင့်မြင့်ပညာသင်ယူရေး သိပ်ခက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တော်တော်များများမှာ နိုင်ငံသားမှတ်ပုံတင်မရှိလို့ပါ။ ဘိုးစဉ်ဘောင်ဆက်နေလာသူတွေ ဖြစ်သော်လည်း နိုင်ငံသားကဒ်ထုတ်မပေးပါ။ ဆေးတက္ကသိုလ်အပါအ၀င်၊ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေမှာ နိုင်ငံသားကဒ်ရှိမှ တက်ခွင့်ရတဲ့အတွက် သူတို့မှာ ဆယ်တန်းအမှတ်ဘယ်လောက်ကောင်းနေပါစေ တတ်ခွင့်မရကြပါဘူး။ အစိုးရအလုပ်ရဖို့ ခက်လာပါတယ်။ တဖြည်းဖြည်းနဲ့ အုပ်ချုပ်ရေးပိုင်းမှာ လူမျိုးတစ်မျိုးတည်းက အုပ်စီးမိအောင်ကို ဖန်တီးထားတာပါ။ တကယ်တော်ပြီး ထိုက်တန်တဲ့ တက္ကသိုလ်ကို တက်ခွင့်မရတဲ့ ကျောင်းသားတွေတင် နစ်နာတာမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ Human resource တွေပါ ပြုန်းတီးပြီး တိုင်းပြည်ပါ နစ်နာပါတယ်။

တက္ကသိုလ်ဆိုတာကလည်း မြို့အပြင်တွေမှာပါ။ ကျောင်းနားတင် တည်းခိုခန်း၊ အရက်ဆိုင် အစုံရှိပါတယ်။ မိဘကဝေးလို့ လိုက်မကြည့်နိုင်တဲ့အတွက် ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ ကျောင်းသားတွေကို တနေရာစီခွဲထားပြီး ပျက်စီးသွားအောင် လုပ်ထားတာပါ။ တချိန်ကအာရှရဲ့အကောင်းဆုံးစာရင်းဝင်ရန်ကုန်တက္ကသိုလ်ကတော့ ကျောင်းသားအနည်းငယ်သာထားရှိတော့ပြီး ပြတိုက်သဖွယ် ဖြစ်နေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တက္ကသိုလ်တွေထောင်လိုက်ပြီး တိုင်းရင်းသားကျောင်းသားတွေနဲ့ ပြည်မက ကျောင်းသားတွေကို အဆက်အဆံမရှိတော့အောင်လည်း လုပ်ထားလိုက်ပါသေးတယ်။

ဒီပုံအတိုင်းဆက်သွားမယ်ဆိုရင်တော့ ပညာရေးစနစ်ကကောင်းလာဖို့ မရှိပဲ ပိုဆိုးသွားနိုင်ပါတယ်။ ခြစားပျက်စီးနေတဲ့ ပညာရေးစနစ်ကို အမြန်ဆုံး ပြန်ပြင်ရပါမယ်။ မကြာခင်တင်မဲ့ ပညာရေးအက်ဥပဒေဟာ အာဏာရှင်ပညာရေးကို ဖြိုချနိုင်မဲ့ အကောင်းဆုံးလက်နက်ဖြစ်လာနိုင်ပါတယ်။ နောင်လာမဲ့ မျိုးဆက်ကျောင်းသားတွေ ဒီမိုကရေစီ ပညာရေးနဲ့ ကြုံတွေ့နိုင်ကြပါစေ။

ဖြိုးတင်ဦးFB မှ ကူးယူဖော်ပြပါသည်။
၂၃.၅.၂၀၁၃
Posted: 24 May 2013 09:18 AM PDT


ကျွန်တော့်မှာ လေးနှစ်အ ရွယ်မြေးငယ်တစ်ဦးရှိသည်။ ဒီ မြေးငယ်အတွက် နောင်ကြီးပြင်း လာမည့်အချိန်ကာလနှင့် အသက် အရွယ်တွင် ကြုံတွေ့ရမည့်ခေတ် ကြီး၏အနေအထားကို တွေး၍ ရင်လေးရပါသည်။ အိုင်တီနည်း ပညာများ၊ တိုးတက်မှုခေတ်ရေ စီးကြောင်း၌ မျောပါသွားမည်ကို လည်း စိုးရိမ်မိသည်။

အရွယ်မရောက်သေးသော မိန်းကလေးများကို တစ်ဖက်လိင် မတူသောယောက်ျားများက ကာမ ဆန္ဒတစ်ခုတည်းကိုသာကွက်၍ ကြည့်ပြီး ကာမဆန္ဒကို အဓမ္မ အနိုင်ရယူမှုများသာဖြစ်သည်။
ကြားသိနေရသောယခုမျက် မှောက်သတင်းဖြစ်ရပ်တွေကလည်း စုံလှသည်။ မကြားချင်အဆုံး၊ မဖတ်ချင်အဆုံး။
ကျွန်တော်စာအုပ်စာနယ် ဇင်းဆိုင်တွင် စာဖတ်ပရိသတ် ဖောက်သည်တစ်ဦးရှိသည်။ သူက မှုခင်းသတင်းဂျာနယ်ကို ထွက်သမျှအပတ်စဉ်ဝယ်သည်။

""မှုခင်းဖတ်လျှင်၊ အနိဋ္ဌာရုံ၊ ကျက်သရေမရှိ""ဟူသော အတွေး အခေါ်ဟောင်းက တစ်ကမ္ဘာမှာ ချန်ထားခဲ့ပါပြီ။
မကောင်းမှုလွန်ကျူးမည့် သူများကိုကြိုတင်ဟန့်တားကာ ကွယ်သော ပညာပေးမှု၊ ဆောင် ရန်၊ ရှောင်ရန် နည်းပညာကိုမသိ ၍ မှုခင်းများကို ကန့်လန့်ကာချ ထားခဲ့သောသူများ၊ ယခုတော့ နဖူးတွေ့၊ ဒူးတွေ့ကြုံကြရပါပြီ။
အရွယ်နှင့်မမျှအောင် ကာမ ဂုဏ်ဆိုင်ရာ လွန်ကျူးခံရသူတွေ၊ သွေးဆောင်ဖြားယောင်းခံရသူ တွေ များပြားလာသော ယနေ့ ခေတ်ကြီးကို သမီးရှင်၊ မြေးရှင် ဖြစ်ရသော ကျွန်တော့်အဖို့ ရင် တမမဖြစ်ရပါပြီ။

အရွယ်မရောက်သေးသော မူ-လယ်-ကျောင်းသူကလေးများ ကို၊ ချစ်သူသမီးရည်းစားဘ၀ အဖြစ် ကာမရယူအနိုင်ကျင့်ခြင်း၊ အခြားနည်းပုံစံဖြင့် ဖြားယောင်း သွေးဆောင်ဘ၀ဖျက်ဆီးခြင်း၊ လူ့ ဘ၀တွင် ဥမမယ်-ဇာမမြောက် မဖြစ်ခင်ကပင်၊ ဘ၀ကိုအရှုံးပေး သည့်အသွင်ဖြင့် နစ်မွန်းခံရသော ဘ၀ဖြစ်ရပ်များကိုကြားသိရ၍၊ စိတ်မကောင်းပါ။ မိဘချင်း၊ မြေး အဖိုးချင်း၊ စာနာစိတ်ဖြစ်မိပါ သည်။
ချစ်သူရည်းစားဘ၀ဖြင့်၊ အချစ်နယ်ကျွန်သွားပါက ကုစား ရန်ပဋိသန္ဓေတားဆေးများက အလွယ်တကူဝယ်ယူနိုင်သည်။ လမ်းဘေးကွမ်းယာဆိုင်မှ၊ မှန် ကောင်တာကြီးဖြင့် ရှိုးကျကျ ရောင်းချသောစတိုးဆိုင်၊ ဆေး ဆိုင်များအထိ၊ ကုစားရနိုင်သော ဆေးများက လိုသလောက်ရနေ သောအချိန်ကာလ။

ကိုယ်ဝန်ရလျှင် ဖျက်ချပေး ရန် အရပ်လက်သည်ကလည်း ကိုယ်ဝန်သန္ဓေအနုအရင့်ပေါ် မူတည်၍ ကျပ်ငွေ(၂၀၀၀၀-၅၀၀၀၀)ထိပေးနိုင်လျှင် အမှုကိစ္စ က နာရီပိုင်းအတွင်း ပြီးစီးနိုင် သော ""လူသတ်ကုန်း""များလည်း နေရာအတော်များများ၌ ကြီးစိုး လုပ်စားနေသောအချိန်ကာလ။

တည်ဆဲဥပဒေ၊ နည်းဥပဒေ တိုင်အောင်၊ မကျရောက်၊ မရင် ဆိုင်ရဘဲ ပလပ်၊ ပျက်ပြယ်သွား သော မုဒိမ်းမှုအနိုင်ကျင့်၊ ဗိုလ်ကျ စိုးမိုးမှု၊ သွေးသားသောင်းကျန်း မှုကလည်း ဒုနှင့်ဒေး။

မိဘအုပ်ထိန်းသူ၊ အတန်း ပိုင်ဆရာ၊ ဆရာမများက၊ ဖာသိ ဖာသာနေလိုက်ပါက ""ကာမ မုဆိုး""အနိုင်ကျင့်သူများ၏လက် ၀ယ် ပညာရေးတစ်ပိုင်းတစ်စဖြင့် ရေတိမ်နစ်နေကြရသော သမီး ငယ်၊ မြေးငယ်များအတွက် ကျွန် တော်အချိန်ပေး၍ စာနာမိလိုက် ပါသည်။
တည်းခိုခန်းမှ အရွယ်မ ရောက်သော မိန်းကလေးကို ခေါ်လာပြီး နာရီပိုင်း၊ အချိန်ပိုင်း၊ တည်းခိုသည်ကို သားသမီးချင်း စာနာစိတ်ဖြင့် တည်းခိုခန်းမန်နေ ဂျာများ၊ အုပ်ချုပ်စီမံသူများက ဘာကြောင့် လျစ်လျူရှုနိုင်ကြ တာလဲ။

လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ် ၀န်းကျင်က ကျွန်တော်တို့မြို့မှာ ပင် ရင်းနှီးသောပုဂိ္ဂုလ်ဆယ်ကျော် သက်ရွယ်ယောက်ျားလေးအား မူလတန်းကျောင်းသူကလေးကို ကျူရှင်ပို့ခိုင်းရာမှဖြစ်ပေါ်သွား သော မုဒိန်းမှု၊ ဖြားယောင်းသွေး ဆောင်မှု။
စည်ပင်ဈေးသို့မုန့်ဝယ်ခိုင်းရာမှ ပြန်လာသောမူလတန်း ကျောင်းသူကလေးကိုဘုန်းတော်ကြီးကျောင်းဝင်း ချောင်ကျရာ နေရာသို့ ခေါ်ဆောင်၍ အဓမ္မ ကြံစည်မှု။စသည့် စသည့် တရားခွင် ရောက်ပြစ်မှုများနှင့် ရပ်သိရွာသိ အနေအထားမျှဖြင့် ဥပဒေက အရေးမယူလိုက်ရသော တရားခွင် သို့ မရောက်သောပြစ်မှုများက လည်း စုံမှစုံ၊ များမှများ။

အိုင်တီနည်းပညာပိုင်းဆိုင် ရာတိုးတက်မှုနောက်ဝယ် ချစ်သူ ရည်းစားချင်း၊ ကိလေသာကာမ ဂုဏ်တိုးပွားအောင် လမ်းပြဖော် ဆောင်နိုင်သော သိပံ္ပနည်းပညာ ပစ္စည်း၊ အင်တာနက်များလည်း တစ်မျိုးပြီးတစ်မျိုးပေါ်နေပြီ။
ညစ်ညမ်းခွေများတွင်လည်း ဖြစ်ရပ်စုံ၊ မြင်ကွင်းစုံများကို ဇာတ် ကွက်ဇာတ်လမ်းဆင်၍တစ်ဖုံ၊ တည်းခိုခန်းဖြစ်ရပ်အသွင်ဖြင့်တစ် မျိုး မြင်ကွင်းကျယ်များဖြင့် ထုတ် ခဲ့ကြသော စီဒီခွေများကိုလည်း၊ နိုင်ငံတော်က မူးယစ်ဆေးဝါး အသွင် လမ်းကြိတ်စက်များဖြင့် မဟာဗျူဟာဖွင့်၍ ဖျက်ဆီးနေ ကြပါပြီ။ လမ်းဘေးအရောင်းဆိုင် များကိုလည်း ဥပဒေ၊ နည်းဥပဒေ အရ ဟန့်တားနေကြပါပြီ။ သက် ဆိုင်ရာအစည်းအရုံး၊ အဖွဲ့အစည်း များကလည်း ချေမှုန်းနေကြပါ ပြီ။

သို့သော်- သို့သော်
နှစ်ပေါင်းသုံးလေးဆယ်ကာ လအတွင်း လွှမ်းမိုးအနိုင်ယူခဲ့ သော ယဉ်ကျေးမှုတော်လှန်ရေး ကြီး၏ ရေစီးကြောင်းဝယ် အမှိုက် သရိုက်များက ပေါလောမျောနေ ကြပါဦးမည်။
အနောက်နိုင်ငံ ဒီမိုကရေစီ နိုင်ငံကြီးများက စာသင်ကျောင်း များမှာ လိင်ပညာပေးကို ကျောင်း ချိန်အတွင်း ဘာသာရပ်တစ်ခု အနေဖြင့် သင်ကြားပို့ချနေသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း လိင် ပညာပေးဟောပြောမှုများလောက် တော့ သက်ဆိုင်ရာမှ အချိန်ပေး ဆောင်ရွက်သင့်ပါပြီ။

လိင်ကိစ္စပြောရ၊ ဆိုရမည်ကို သာရှက်နေကြတာပါ။ အသွင် မတူယောက်ျားလေးနှင့် ပန်းခြံ၊ တည်းခိုးခန်း၊ ဆိတ်ကွယ်ရာနေ ရာနှင့် သန္ဓေသားဖျက်ချရာနေ ရာသို့ ၀င်ထွက်သွားရမည်ကို တော့ သူတို့မရှက်တတ်ကြပါ။ ""လူသတ်ကုန်း""မှာ လူ့ဘ၀သို့ မရောက်သေးသော ရင်သွေးငယ် တို့ကို အရှင်လတ်လတ် သတ်နေ တာကိုတော့ သူတို့မရှက်တတ် ကြပါ။

တက္ကသိုလ်ရပ်ဝန်းဒေသတွင် မိဝေး၊ ဖဝေးဖြင့် ပညာသင်ယူနေ ကြသော ကျောင်းသူကလေးများ ဘ၀မေ့ပြီး၊ ခေတ်နှင့်အပြိုင် အသွင်မတူသောလိင်၊ ယောက်ျား များကို ဆက်ဆံပေါင်းသင်းပြီး၊ ပညာရေးလမ်းကြောင်းပေါ်မှ သွေဖီကာ၊ ငွေကိုရေလိုသုံးရာမှ အကျင့်ပျက်အဖြစ် ကိုယ်ဝန်ရ လာကြသောသတင်းများကလည်း ရိုးအီနေပါပြီ။

လင်ယူသားမွေးလုပ်ခြင်းကို ထမင်းစား၊ ရေသောက်၊ စားပြီး သားထမင်းပန်းကန်ရေဆေးသကဲ့ သို့ အလွယ်ဆုံးကျင့်သုံးပြီး၊ ဂုဏ် သိက္ခာ၊ မျိုးရိုးဗီဇများကို ကြမ်း ပြင်ထက်၊ မြေကြီးထက်ဝယ် နင်း ချေခဲ့ကြပါပြီကော။

ဆယ်ကျော်သက်အရွယ် ကျောင်းနေအရွယ် ရင်သွေးငယ် များကို လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့်စော်ကားမှုကို ကာကွယ် တားဆီးဖို့ ဥပဒေဆိုင်ရာကူညီရေး အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့ နှင့် အခြားလူမှုရေးအဖွဲ့တို့က တစ်နိုင်ငံလုံးအတိုင်းအတာ စာ သင်ကျောင်းများမှ ပညာပေး ဟောပြောပွဲများပြုလုပ်မည်ဟု သိရသည်။

အသက် ၁၃ နှစ်-၁၆နှစ် ကြား မိန်းမပျိုကလေးများကို လိင်မတူသောယောက်ျားများက ""အရှက်နှင့်အသက်""ယှဉ်တွဲပြီး ကုစားနိုင်ဖို့ ပညာပေးရန်လိုသည်။ တစ်ဖက်က မုဒိမ်းမှုကျူးလွန်လို သူ ယောက်ျားအမျိုးသားများ၏ လှည့်ကွက်လိမ်ကွက်၊ နွံထံမှာ မနစ်မွမ်းကြရအောင် တရား လွှတ်တော်ရှေ့နေဥပဒေပညာရှင် များက မိမိတို့တာဝန်ကျရာဒေသ ခံနေရာဒေသတိုင်း စာသင် ကျောင်းတိုင်းမှာ ပညာပေးသင့် ပါသည်။ တရားခွင်ထဲသို့ ရောက် လာသော တရားခံကို စီရင်ပေးမှု ထက်၊ တရားရုံးသို့ မချဉ်းကပ် လာအောင် ကြိုတင်ကာကွယ် ပညာပေးသင့်ပါပြီ။

ထက်-လယ်-မူ-တက္ကသိုလ် ကျောင်းဝင်းများနှင့် နီးစပ်ရာ ဒေသများတွင် တည်းခိုခန်း၊ အနှိပ်ခန်း၊ ကာရာအိုကေ၊ ကိုယ် ၀န်ဖျက်ချရာ သားဖွားခန်းများ၊ လူသတ်ကုန်းများထားရှိနေခြင်းက ပြစ်မှုကျူးလွန်မည့်သူများကို အားပေးစေ့ဆော်နေသလိုဖြစ်နေ ပါသည်။
သားသမီးချင်း၊ မြေးမြစ်ချင်း စာနာမှု၊ မြန်မာတို့၏ ပင်ကိုယ် ဗီဇစိတ်ပြည့်ဝစွာဖြင့် မျိုးရိုးနွယ် မပျောက်ရေးကို အမျိုးသားရေး အနိမ့်ဆုံးဝန်တာတစ်ရပ်အနေဖြင့် ယနေ့ပင် ၀ိုင်းဝန်းစတင်ဆောင် ရွက်ကြပါစို့။

ကိုကိုညိမ်း-ကောလင်း
The hot new weekly
Posted: 24 May 2013 08:39 AM PDT

လွန်ခဲ့တဲ့နှစ်၂၀ ကျော်ကABSDF ကျောင်းသားတပ်မတော်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ကျောင်းသားအချင်းချင်းပြန်လည် ဖမ်းဆည်းသတ်ဖြတ်မှုကို ထိုစဉ်က ကျောင်းသားစခန်းသို့ ရောက်ရှိနေသာ ဂျပန်သတင်းထောက်တစ်ဦးရဲ့ မှတ်တမ်းဗီဒီယို ဖြစ်ပါသည်။

မှတ်တမ်းဘာသာပြန်အချို့
တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ အင်အားတောင့်တင်းတဲ့ မြန်မာစစ်တပ်နဲ့ ဆန့်ကျင်တိုက်ပွဲဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ဌာနေမြေထဲမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများ ၈၀၀ခန့် နေထိုင်ခဲ့ပါတယ် မနက်၅နာရီဆိုရင် အားလုံး အိပ်ယာထပြီး စစ်ရေးလေ့ကျင့်နေခဲ့ပါတယ်..အဲဒီအချိန်မှာဘဲ စစ်အစိုးရဘက်က သူလျှိုဆိုပြီး ဖမ်းထားတဲ့ သူတွေကို အပြင်ထုတ်လိုက်ပါတယ်..

သူတို့တွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများထဲမှာ ရောနှောပါဝင်နေတဲ့ စစ်အစိုးရရဲ့ သူလျှိုတွေ..ပါဂျောင်ဒေသမှာ ပြီးခဲ့တဲ့နှစ်က သူလျှိုအယောက် ၈၀လောက်လွှတ်ခဲ့ပါတယ်။။ အဲဒီအယောက် ၈၀ထဲမှ ၁၅ ယောက်ဟာ ဒီနေရာကို မလာခင်မှာ အဖမ်းခံခဲ့ရတာပါ..ကျနော်တို့လို သူလျှိုတွေ စစ်အစိုးရက အများကြီးလွှတ်ထားပါတယ်..တချို့ကတော့ စစ်အစိုးရက အတင်းအကြပ်ခိုင်းလို့၊တချို့ကတော့ငွေပေးလို့ သူလျှိုလုပ်ခဲ့ရပါတယ်..တခြားနေရာတွေမှာလည့်း  သူလျှိုတွေအများကြီးလွှတ်ထားပါတယ် (စမားညီညီရဲ့ ပြောကြားချက်)

အဲဒီအချိန်အခါတုန်း ရော်နယ်အောင်နိုင်ပြောသွားတာကတော့ မြန်မာအစိုးရက ဂျပန်အစိုးရထံမှ ကူညီငွေအထောက်အပံအများကြီးရနေပါတယ်..အဲဒီငွေတွေဟာ ဂျပန်နိုင်ငံသားတွေရဲ့ အခွန်ပေးဆောင်ထားတဲ့ငွေတွေပါ..အဲဒီငွေတွေနဲ့ စစ်အစိုးရက မြန်မာပြည်သူတွေကို သတ်နေပါတယ်.ဒီဟာက ဂျပန်ပြည်သူတွေက မြန်မာနိုင်ငံသားတွေအပေါ် နှိပ်စက်နေတာနဲ့ တူတူပါဘဲ..ကျနော်တို့ဟာ ဂျပန်ပြည်သူပြည်သားတွေကို တောင်းဆိုချင်တာကတော့ မြန်မာစစ်အစိုးရ ကိုထောက်ပံနေတာတွေ လုံးဝရပ်တန့်သွားအောင် ဂျပန်အစိုးရထံ ဖိအားပေးတောင်းဆိုဖို့ပြောချင်ပါတယ် (ရော်နယ်အောင်နိုင်)
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment