Saturday 25 May 2013

ဒေါင်းမာန်ဟုန်








Posted: 23 May 2013 09:31 AM PDT

Photo ..Whitehouse blog
ပြီးခဲ့တဲ့စနေနေ့က မြန်မာ့တသွင်ဆန်း ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့သမတဦးသိန်းစိန်ရဲ့ နှစ် (၅၀)အတွင်း ပထမဆုံး အမေရိကန် ခရီးစဉ်မှာ (တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေနှာခေါင်းရှုံ့သွားစေနိုင်လောက်တဲ့ )သမိုင်းတွင်မဲ့ စကား တခွန်းပြောသွားပါတယ်။ ဒီစကားကြောင့်မြန်မာသမတကြီးဟာ မပြောသင့်တာကိုပြောတယ်၊ အင်မတန် ထုံထိုင်း န လွန်းတဲ့ သနားစရာသတ္တ၀ါလေးပါလားလို့လည်း သတင်းစာဖတ် ကမ္ဘာ့ပြည်သူကတထိုင်တည်း မှတ်ချက်ချကြပါတယ်။ ငါတို့ သမတကြီးကွလို့မြှောက်ထိုးပင့်ကော် သာကူးတွေရော၊ နိုင်ငံရေးသိက္ခာကို ရသမျှအောက်ထစ်ဈေးနဲ့ အသနားခံပြည်တော်ဝင်ပြီးစစ်ရာထူးပြုတ် ခေါင်းပေါင်းတွေဆီံ ပါးယက် နားယက် လုပ်နေတဲ့ ဒီမိုကရေစီ ကပ်းပါးပိုးတွေလည်းကိုယ့်မျက်နှာကိုယ့် ပေါင်ကြားထဲဝှက်ထားရမလိုလို ဖြစ်သွားကြတယ်။

သမတကြီး ဘာပြောသွားလဲစာဖတ်သူတွေ သိထားပြီးဖြစ်ပါတယ်။

"နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်။ တပ်မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၂၅ % ဆိုတာက လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်" ဆိုတဲ့ ဒီမိုကရေစီကိုဗြောင်စော်ကားတဲ့စကားလေး၊ ထပ်ပြီးစိန်ခေါ်တဲ့စကားပါ။ မင်းတို့ဖာသာ ဘာပြောပြော ငါတို့ကတော့မြန်မာ့နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားမှာပဲလို့ အာဏာရူးတွေရဲ့ ဇာတိရုပ်ကို ဆွဲခွါပြလိုက်တာဖြစ်တယ်။ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးနေပါပြီဆိုတဲ့ သမတ ကိုယ်တိုင်က စစ်အာဏာရှင် အနံ့အသက် မစင်သေးဖူးဆိုတာ ပြသတာဖြစ်တယ်။သမတ ကိုယ်တိုင်က ဇာတိစိတ်မဖျောက်နိုင်တော့ ကျန်ယူနီဖောင်းချွတ်တွေဆို ပိုဆိုးပေါ့..။နောက်တခွန်း ရှိသေးတယ်။ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ၊ ဒီမိုကရေစီကို ပျက်ရယ်ပြုလိုက်တဲ့စကား။ဗမာပြည်မှာ ဆန္ဒပြတာဟာ စီးပွားရေး လုပ်ငန်းလိုဖြစ်လာတဲ့အကြောင်းပါ လှောင်ပြောင်လိုက်တာပါ။

"ကဲ.. ဆန္ဒပြကြမယ်။ ၃၀၀၀ ပေးမယ်ဆိုတော့ အကုန်ပါသွားတာဘဲ။ဈေးဆစ်လိုက်သေးတယ်..ကလေးကတော့ ၃၀၀၀၊ လူကြီးကတော့ ခုနကလို ၅၀၀၀၊ ဆန္ဒပြတာလည်းအလုပ်အကိုင်ဖြစ်နေတယ်"..အော်..ဒီမိုကရေစီ ရဲ့ အခြေခံ လုပ်ဆောင်ချက်ကိုတောင် အသိအမှတ်မပြုနိုင်၊ပျက်ရယ်ပြုစော်ကားနေသူက သမတကြီးကိုယ်တိုင်ဖြစ်နေတော့ ဗမာပြည်သူတွေက နိုင်ငံတကာအဆင့်မှီအောင် ဘယ်ကို ဦးတည်ပြီး ဘယ်လို လျှောက်ကြမှာလဲ။

ဦးသိန်းစိန်ကို ဆန္ဒပြတဲ့အချိန်သမတအဖွဲ့ထဲက ယူနီဖောင်းချွတ်တယောက်က " ခင်ဗျားတို့ဗျာ..သမတကြီးက တိုင်းပြည်နဲ့ ပြည်သူတွေအတွက်ဒီလောက်ကောင်းအောင်လုပ်ပေးနေတာ ဆန္ဒမပြသင့်ပါဖူးကွာ" လို့ပြောသတဲ့။ အော်..ဖြစ်မှ ဖြစ်ရလေ၊မမြင်ဘူးလို့ မူးကို မြစ်ထင်နေသူတွေလို့သာ အော်ငြီးချင်တော့တယ်။ သမတရဲ့ ရပ်တည်ချက်ဟာသာမန် ပြည်သူတွေထက် တပ်မတော်ခေါင်းဆောင်ဟောင်းတွေနဲ့ သူတို့အသိုင်းအ၀ိုင်းတွေ အကျိုးစီးပွားကိုပိုပြီးအကာအကွယ်ပေးနေတယ်ဆိုတာ သိတ်သိသာပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူအများထောက်ခံ အတည်ပြုထားတာ ဖြစ်တယ်။ သော့ခတ်ထားတဲ့ သံမဏိမျိုးဟုတ်ပါဘူး။ သူ့မှာ ပြင်ဆင်နိုင်တဲ့ amendment ပါပြီး လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော်တို့ ပြင်ဆင်လို့ရပါတယ်"လို့ သမတက မြန်မာတွေနဲ့တွေ့ဆုံပွဲမှာပြောသွားတယ်။

ခက်ပါ့။ ဒီအစိုးရဟာ လိမ်ရင်းလိမ်ရင်း မိမိလိမ်စင်ကြီးကိုမိမိဖာသာ အဟုတ်ထင်သွားကြပြီ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၂) မှာ ပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီးရေးထားတာ သိတ်မရှုတ်ထွေးပါဘူး၊ ရှင်းရှင်းလေး အဓိပ္ပါယ်ပေါက်နိုင်ပါတယ်။ တကယ်တမ်းပြင်မယ်ဆိုပြင်ဖို့ မလွယ်အောင်လုပ်ထားတာ အားလုံးသဘောပေါက်တယ်။ အမြီးသဘောပဲ ရှင်းပြပရစေ။

ပုဒ်မ၄၃၃ အပိုဒ်(က) မှာရေးထားတာက အခြေခံဥပဒေပြင်မယ်ဆိုရင် တင်သွင်းမဲ့အဆိုကို မူကြမ်းအနေနဲ့ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရမှာဖြစ်တယ်။ အဲဒီပြည်ထောင်စုလွှတ်တော် က ကိုယ်စားလှယ်၂၀ရာခိုင်နှုံး သဘောတူတင်ပြလာမှ၊ လက်ခံဆွေးနွေးမဲ့ အဆင့်ရောက်မှာ။ ၂၀ရာနှုံးမပြည့်ရင် လှည့်ကြည့်မှာမဟုတ်ဖူး။ ကြံ့ဖွတ်နဲ့ ကြံ့ဖွတ်မဟာမိတ်တိုင်းရင်းသားတွေရယ်၊ ကြံ့ဖွတ် နို့သက်ခံရယ်၊ ယူနီဖောင်းဝတ် မိုးကျရွှေကိုယ်တော်တွေရယ်မပါပဲ အတိုက်အခံ ဒီမိုကရေစီအင်အားက ၁၂ရာခိုင်နှုံးတောင်မပြည့်ဖူး။ ဒါတောင် အခြေခံဥပဒေရဲ့အားလုံးကို ပြင်လို့မရသေးဖူး။ အဲဒီပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (က)မှာ ဥပဒေရဲ့ အခန်းပေါင်း(၉၅) ခုလောက်သီးခြားသတ်မှတ်ထားတာရှိသေးတယ်။ အဲဒါတွေပြင်မယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ရဲ့၇၅ရာခိုင်နှုံးက သဘောတူလက်ခံမှတဲ့..။ ၂၀ရာနှုံးတောင် မဟုတ်တော့ဖူး။ လက်ခံရုံနဲ့လည်း မပြီးသေးဘူး၊ ပြင်ဖို့အတွက်ဆို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲက ကျင်းပရအုံးမှာ..၊ ပြီးတော့မဲပေးခွင့်ရှိသူ အာလုံးရဲ့ တ၀က်ကျော် နဲ့မဲရမှ ပြင်ဆင်ရမှာ။ သမတ ဦးသိန်းစိန် နိုင်ငံတကာခရီးစဉ်တိုင်းဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေ လုပ်ထုံးနည်းအတိုင်း ပြင်ဆင်နိုင်ပါတယ်လို့ပြောလေ့ရှိပါတယ်။ လွယ်လွယ်တော့ မထင်လိုက်ပါနဲ့။ သမတက သူတို့ ရပ်တည်ချက်နဲ့ပတ်သက်ရင်တချက်ကလေးမှ အလျှော့မပေးဘူးပါဖူး။ ကိုယ့်ဒီမိုကရေစီအင်အားစုတွေကသာ ရက်ရက်ရောရော ဖြစ်နေကြတာ။

တကယ်တော့ သမတ ဦးသိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးရဟာ ပြည်သူရဲ့ ယုံကြည်မှုနဲ့ မဟုတ်ပဲ မဲခိုးတက်လာတဲ့အစိုးရပီပီ တိုင်းပြည်နဲ့ပြည်သူအပေါ် လေးနက်ယုံကြည်မှုမရှိပါဘူး။ ဒီမိုကရေစီခေတ်မို့ ဒီမိုကရေစီ သံယောင်လိုက်နေပြီးကိုယ့်စကားနဲ့ အလုပ်ပေါ်မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ခိုင်ခိုင်နဲ့ ယုံကြည်မှုရှိသူတွေမဟုတ်ပါဘူး။နှစ် ၆၀ လုံးလုံး ဒီလို လူညစ်တွေနဲ့ပဲ ကြုံခဲ့ရတာတော့ မြန်မာပြည်သူတွေ နိုင်ငံရေးကံဆိုးမိုးမှောင်ပဲ။ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်တာနဲ့ ဗိုလ်ပြုတ်တွေ သိက္ခာပြောင်လက်လာပြီလို့အထင်ရောက်နေတယ်။ စင်ပေါ်တက်ပြီး က မှ ချိုမိုင်မိုင်တွေ ထွက်လာပါတယ်။ မနှစ်က ပြည်သူ့လွှတ်တော်နာယကကြီးသူရရွှေမန်းနဲ့အဖွဲ့ အိန္ဒိယလွှတ်တော်ထဲ သွားလေ့လာတယ်။ အိန္ဒိယမှာ လွှတ်တော်အမတ်တွေကို မိမိတို့ဒေသဖွှံ့ဖြိုးရေးလုပ်ဖို့ ဆိုပြီးရူပီး၂ကုဋေ မတည်ပေးပါတယ်။ သူရရွှေမန်းက အဲလိုအရာတွေတော့နှစ်ခြိုက်တယ်။ အတုယူတယ်။ ဒီလို ကိုယ့်စည်းရုံးရေး တည်ဆောက်တဲ့ အရာတွေပဲ အတုယူသင့်တာမဟုတ်ပါဖူး၊ ဒီမိုကရက်တစ်ကျင့်စဉ်နဲ့ အတွေးအကြံ တွေပါ ယူသင့်ပါတယ်။ ရှိနေတဲ့ အာဏာရှင်စရိုက်လက္ခဏာတွေကို တိုက်ချွတ်ဆေးကြောနိုင်တဲ့ဒီမိုကရက်တစ်စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေပါ အိန္ဒိယကနေယူလာသင့်တယ်။ အိန္ဒိယမှာ မိမိတို့ပြည်သူတွေ နစ်နာချက်တွေကို အစိုးရ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကအစဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုတယ်။ လူထုရှေ့က ရပ်တယ်။ ဗမာပြည်မှာတော့ နိုင်ငံရေးသမားတွေဆန္ဒပြတာ မတွေရဖူး။ ပြည်သူတွေက မိမိအခွင့်အရေးအတွက် မိမိတို့ဖာသာ တောင်းဆို တိုက်ပွဲဝင်နေရတယ်။အမတ်တွေ၊ နိုင်ငံရေးသမားတွေက ဆန္ဒပြသူတွေနဲ့ မပတ်သက်ရဲဘူး။ ဆန္ဒမပြဖို့တောင် သွားတားကြတယ်။အတော်ဟုတ်တဲ့ နိုင်ငံရေးသမားတွေ။

သမတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ကျင့်စဉ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အစီအစဉ်ထက်ဆန်ရှင် ပိတ်ဆို့မှု အလုံးးစုံ ရုတ်သိမ်းရေး၊ စီးပွားအထောက်အပံ့နဲ့ ရင်းနှီးမြှုပ်နှံရေးကိစ္စတွေက ပိုမိုအဓိကကျတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ပြောခဲ့သလို စိန်ခေါ်ချက်တွေကကိုတော့ဆက်ရင်ဆိုင်ရအုံးမယ်။ ရိုးသားစွာ အပြောင်းအလဲ မလုပ်ချင်လို့ကတော့ စိန်ခေါ်ချက်က ဒုနဲ့ဒေးပါ။ သမတ အိုဘားမားက အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာအခုလိုသတိပေးခဲ့တယ်။ "တခြားနိုင်ငံတွေမှာ ဖြစ်သလိုပဲပေါ့ ဒါက အားလုံးလေးလေးစားစားနဲ့ လုပ်မယ်ကိုင်မယ်ဆိုလို့ရှိရင်စီးပွားရေးအရရော၊ နိုင်ငံရေးအရာရော အားလုံး အဆင်ပြေပြေနဲ့ တခါတည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့ရှိရင် အောင်မြင်မှာပါ" တဲ့။အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီက ဘာမှမလုပ်သေးတာထက်စာရင် နည်းနည်းလုပ်တာကိုတော့ အားပေးရမယ်ဆိုတဲ့သဘောထားရှိပါတယ်။ ဒါပေမဲ့ အတိုက်အခံရစ်ပါဗလစ်ကင် ပါတီအမတ်တချို့ကတော့ ဦးသိန်းစိန်ကိုခေါ်တာ သိတ်စောလွန်းတယ်လို့ ဝေဖန်နေပါတယ်။ ရော်ကဖဲလား စင်တာက အမေရိကန် ပြည်ပ ဆက်သွယ်မှုနိုင်ငံရေးစီးပွားရေးပညာရှင် Joshua Kurlantzick က မြန်မာပြည်မှာ အသားအရောင် လူမျိုးခွဲခြားမှု Apartheid ဖြစ်နေပြီလားလို. မေလ၁၆ရက်နေ့က စာတမ်းတစောင်မှာဖော်ပြခဲ့တယ်။

အမေရိကန်ကို အလည်ရောက်နေတဲ. ၄ ရက် ခရီးအတွင်းမှာလည်း ယခင်ကရင်းနှီးမြှပ်နှံမှု လုံးဝ မရှိတဲ. အနေအထားကနေ-ဆန်ရှင် ကို တစိတ်တပိုင်းရုတ်သိမ်းခဲ.မယ်ဆိုလျှင်တောင်စစ်ဆေးခံနိုင်တဲ. ကဏ္ဍတွေမှာ သုညအဆင့်ကနေ ၃၃% လောက်ထိ တက်သွားနိုင်မှာ ဖြစ်ပြီး၊ ဒီမို ကရက် တစ် မကျ တဲ. လုပ်ပုံ ကိုင်ပုံတွေကို သိသာ စွာ ဖယ်ရှားပေးနိုင်မှ သာ၊ အမေရိက နဲ့ အပြည်အ၀ ဆက်ဆံနိုင်မှာ ဖြစ်တယ်လို ဆိုပါတယ်။ ခြုံပြော ရရင် လက်ရှိ ဦးသိန်းစိန်ပြောတဲ.ရီဖေါင်းဟာ မလုံလောက်သေးဘူး။ နောက် ၆ လ အတွင်း လက်တွေ. ပြနိုင်မှ- အမေရိကန်ကို အယုံသွင်းနိုင်မှာ လို. သုံးသပ်ထားပါတယ်။

့အမေရိကန်ကတော့ မြန်မာအစိုးရက ဒီထက်ပိုပြီးလုပ်ပေးလို့ရတာတွေအများကြီးကျန်သေးတယ်လို့ ထင်မြင်နေတယ်။ တကယ်လည်း သမတ ဦးသိန်းစိန်မှာ ၀ှက်ဖဲတွေ ရှိနေတယ်။ အခုလို အပြောင်းအလဲဆိုတာကလည်း နိုင်ငံတကာဖိအားတို့၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ တွန်းအားတို့ ဆိုတာကို ဦးသိန်းစိန်ကBBC နဲ့ အင်တာဗျူးတခုမှာ ငြင်းပယ်ခဲ့ဖူးတယ်။ " ဒါဟာ အရင်အစိုးရ ရဲ့ လမ်းညွှန်မြေပုံအရ သူ့အချိန် ရောက်လာလို့ ဖော်ဆောင်ရတဲ့ အပြောင်းအလဲတခုပါ" လို့ ၀န်ခံခဲ့ဖူးတယ်။ သမတဦးသိန်းစိန်ဟာ သူ့အတွေးအခေါ်နဲ့သူ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာ့သမိုင်းတွင်မဲ့ အပြောင်းအလဲသစ်ကို ဖော်ဆောင်နေတာမဟုတ်ပါဘူး။ စစ်အာဏာရှင် ခေတ်ကတည်းက တဆင့်စီ လုပ်ဆောင်ရမဲ့ စီမံကိန်းအတိုင်း သူ့ကဏ္ဍအလိုက် တဖြေးဖြေးချင်း အာဏာရှင် ရုပ်ပြောင်နာမ်ခွါ ဒီမိုကရေစီ အသွင်ပြောင်းရေးလုပ်ဆောင်နေတာဖြစ်တယ်။ အတုမှ အတုစစ်စစ်ပါ။ အတုမှန်းသိအောင်သက်တမ်း၂နှစ်ကျော်အတွင်း စကားထဲကရော၊ လက်တွေလုပ်ဆောင်မှုတွေကပါ ဇာတိပြခဲ့ပြီးဖြစ်တယ်။

ဦးသိန်းစိန် အစိုးရဟာ ယခင် စစ်အစိုးရအမွေခံပီပီ လက်ဝါးရိုက်ပေါ်လစီတွေရှိနေတာကြောင့် အနှစ်၂၀ကျော် ဖျက်ဆီးမှုရဲ့ တရားခံတွေကို ကာကွယ်နေရတယ်။ အနာဂတ်တိုင်းပြည်ရဲ့ဓနဥစ္စာနဲ့ အာဏာကို စနစ်တကျထိမ်းသိမ်းထားဖို့ သေသေသပ်သပ်လုပ်ဆောင်နေပါတယ်။

တိုင်းပြည်ရဲ့ အဓိကကျတဲ့ စီးပွားအရင်းအမြစ်၊ အဆက်အသွယ်လုပ်ငန်းရပ်တွေကို ယခင် အာဏာသိမ်း စစ်ဗျူရိုကရက်တွေကသာ လက်ဝါးရိုက် ကိုင်တွယ်ထားဆဲဖြစ်တယ်။

မကြာသေးခင်ကထွက်လာတဲ့ ၀ီကီလစ်ခ် သတင်းမှာ ကမ္ဘာ့ကြွယ်ဝမှုရဲ့ ၂၅ရာခိုင်နှုံးလောက် ရင်းနှီးမြှုပ်နှံထားတဲ့အင်္ဂလန်က ကေမန်ကျွန်းနဲ့ ဗာဂျင်ကျွန်းတို့က ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီးပွားလုပ်ငန်းရဲ့ဘဏ်စာရင်းနာမည်တချို့မှာ မြန်မာနိုင်ငံက ဦးအေးဇော်ဝင်း နာမည် တွေ့ရပါတယ်။ သူ့ရဲ့ လက်ပွားနာမည်တွေအများကြီးနဲ့စာရင်းတွေတွေ့ရတယ်။ အလားတူ မြန်မာကုမ္မဏီသေးသေးတွေအယောင်ပြပြီး ဘန်ကောက်၊မလေးရှား၊ စင်္ကာပူ၊ဟောင်ကောင်၊ အင်္ဂလန်မှာလည်း ကြားခံအဆင့်သုံး လေးဆင့်ခံပြီး ငွေစုထားတာကို သိရတယ်။ သတင်းတခုအရG8 လို့ခေါ်တဲ့ စက်မှုထိတ်သီး နိုင်ငံတွေထဲက ဂျာမဏီနဲ့ ပြင်သစ် ဦးဆောင်ပြီး လျှိ့ဝှက်ဘဏ်စာရင်းတွေနဲ့ပတ်သက်လို့ ဥပဒေထုတ်သွားမဲ့ အကြောင်းလည်းသိရတယ်။

သမတ ဦးသိန်းစိန်ရဲ့ အမေရိကားခရီးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ဝိဥာဉ် ကို ပြန်လည်အသက်သွင်းဖို့ ခြေလှမ်းသာဖြစ်တယ်။ ဒါပေမဲ့ သမတရဲ့ အထင်နဲ့ လက်တွေ့စပ်ဟတ်ချင်မှ ဟတ်မိမှာပါ။ သူ တောင်းဆိုတာ ရနိုင်ဖို့ သူလုပ်ပေးရမဲ့တာဝန်တွေ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ သမတ ဦးသိန်းစိန်အစိုးရအဖို့ ဒီမိုကရက်တစ်လမ်းကြောင်းပေါ်ပီပီပြင်ပြင် လျှောက်ဖို့ တွန်းပို့တာကို ခံလိုက်ရတယ်လို့မြင်ပါတယ်။ အမေရိကားရဲ့ တွန်းထိုး ခံဖို့လာတဲ့ခရီးစဉ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရက်တစ်စံနှုံးနဲ့အညီ မောင်းနှင်ရမဲ့လမ်းကိုဦးသိန်းစိန် အစိုးရ မလွဲမသွေ လျှောက်ရတော့မယ်။ ရှောင်လို့မရပါ။ ၀ါရှင်တန်ကVOA စီစဉ်တဲ့ တွေ့ဆုံပွဲမှာ ပွင့်လင်း ရဲတင်းတဲ့မေးခွန်းတွေထိတ်တိုက်တွေ့ရလို့ သမတ ဦးသိန်းစိန် ရင်ဘတ်က မိုက်ကရိုဖုံးတောင်ဖြုတ်ဖို့မေ့ပြီးပွဲမပြီးခင် ထွက်ပြေးသွားရပါတယ်။ အလားတူပွဲလည်း သမတကြီး ထွက်ပြေးဖူးတယ်။ အော်စလိုမှာဆန္ဒပြမှုနဲ့ ထိတ်တိုက်တွေ့လို့ ထိတ်လန့်သွားတဲ့ သမတဟာ နောက်တနေ့ မြန်မာမိသားစုတွေနဲ့အမေးအဖြေလုပ်မဲ့အစီအစဉ်တောင် မလုပ်ရဲပဲ ထွက်ပြေးဖူးတယ်။ သမတ ဒီတခါတော့ ထွက်ပြေးမနေပါနဲ့။နှုတ်လည်းကျွံ၊ ဘ၀လည်းကျွံ တိုင်းပြည်လည်းကျွန်တပိုင်းဖြစ်နေပြီမို့ ဒီမိုကရေစီ ယဉ်ကျေးမှု စည်းအပြင်ကို ထွက်ပြေးဖို့တော့ မကျိုးစားပါနဲ့ လို့ပဲ သတိပေးချင်ပါတယ်။

ကိုညို(အော်စလို)

၂၃ မေ ၂၀၁၃
Posted: 23 May 2013 09:23 AM PDT
Posted: 23 May 2013 09:10 AM PDT


ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြားခဲ့သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးက အမေရိကန် ခရီးစဉ်မှာ ဆန္ဒထုတ်ဖော်သူတွေက ၃၀၀၀ ၊ ၅၀၀၀ ရလို့ ဆန္ဒထုတ်ဖော် ကြတာလို့ ပြောခဲ့တယ် ၊ အဲ့ဒီအချက်ကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါဟု" ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်သူ နော်အုန်းလှ ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် လျှောက်ထားမှု မရှိဟု ၄င်းက ပြောသည်။ ဆန္ဒထုတ်ဖော်ပွဲကို တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်  မြို့နယ် ၊ ပုဇွန်တောင် မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်များသို့ စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်နိုင်
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )
Popular myanmar news journal
Posted: 23 May 2013 08:47 AM PDT
မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော် သာယာ လှပသန့်ရှင်းစင်ကြယ်ဖို့အတွက် အ မှိုက်တွေ ကောက်ကြမယ်ဆိုပြီး နာ ရေးကူညီမှုအသင်းဥက္ကဌဦးကျော်သူ ခေါင်းဆောင်ကာ စီစဉ်ခဲ့ပါတယ်။ အမှိုက်ကောက်မယ့် ကိစ္စကို မလုပ် ဖို့ပြောတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦး ကျော်သူက အခုကျွန်တော်တို့ကို ပြောထားတာ မနက်ကဖုန်းဆက် တာ။ ခင်ဗျားတို့ကို အသုဘတောင် ချပေးခွင့်ပြုထားတာပဲ။ သူတို့ဆီမှာ လည်း ဒီစည်ပင်ဝန်ထမ်းအင်အား ရှိပါတယ်တဲ့။

အင်အားက ငါး ထောင်ကျော်ပဲရှိတယ်။ ရန်ကုန်မြို့ မှာ လူဦးရေက အများကြီးရှိတယ်။ ဘယ်လိုမှ မမျှဘူး။ မမျှဘူးဆိုတာ ကျွန်တော်တို့က ဒါစည်ပင်လုပ်ရ မယ်ဆိုပြီး ဘေးထိုင်နေလို့ မရဘူး လေ။ ပြည်သူလူထုစိတ်ဝင်စား အောင် ကျွန်တော်တို့လို အသင်း အဖွဲ့တွေ ဂီတပညာရှင်တွေ စာပေ ပညာရှင်တွေက ပါလာတယ်ဆိုရင် ပြည်သူလူထုကလည်း ဒါတွေက ငါ တို့လုပ်ရမယ့် အလုပ်ပါလားဆိုတာ ကို ခေါင်းထဲရောက်သွားမယ်။ အ ရင်တုန်းကလို ဆေးလိပ်သောက်ပြီး လမ်းဘေး ပစ်တာမျိုး၊ အချဉ်ထုပ် စားပြီး လမ်းဘေးပစ်တာမျိုးတွေ မဖြစ်တော့ဘူး။ ပြန်သုံးလို့ ရမယ့် သံဘူးတွေ၊ ရေ့သန့်ဘူးတွေဆိုရင် တစ်မျိုး၊ မြေဆွေးဖြစ်မယ့်ဟာတွေ တစ်မျိုး၊ ဒါမျိုး အမှိုက်ပုံးတွေက သီးသန့်ထားသင့်တယ်။ ဈေးဆိုင် တွေကို မေးကြည့်တော့လည်း ဈေး ဆိုင်ဘေးက အမှိုက်ခြင်းတွေကို ပိုက်ဆံ ၂၀၀ ပေးမှ လာသိမ်း တယ်တဲ့။ အမှန်တော့ ကိုယ်လုပ်ရ မယ့် အလုပ်ကို တာဝန်ကျေအောင် လုပ်ရမယ်။

ဒီနေ့ကတော့ အမှိုက် ကောက်ခွင့်မှမရတာ၊ ခုနကပြောသ လို ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ထဲကပဲ လုပ် သွားမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ ဆိုရင် နာရေးကူညီမှုအသင်းမြောက် ဒဂုံရုံးချုပ်ဆိုရင် အမှိုက်တစ်စမှ မရှိအောင်လောလောဆယ်လုပ်ရ မယ်။ သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်း စိုပြည်နေရမယ်။ လာတဲ့အလှူရှင် တွေအားလုံး တအံ့တသြဖြစ်အောင် လုပ်ပြရမှာပဲ။

ကျွန်တော်တို့အခု အစီအစဉ်လုပ်တယ်ဆိုတာပြည်သူ ပါတယ်။ အရင်တစ်ခါ နိုင်ငံတော် အကြီးအကဲတစ်ယောက်ပြောဖူး တယ်မဟုတ်လား။ ကျွန်တော်တို့ လုပ်တဲ့ဟာကိုသာ ခွင့်ပြုလိုက်မယ် ဆိုရင် လေးလအတွင်း စင်္ကာပူနိုင်ငံ ကိုမီကိုမီစေရမယ်။ သန့်ရှင်းမှုကို ပြောတာ။ ကျန်တဲ့အပိုင်း ကျွန်တော် မပြောဘူး။

အမှိုက်ကောက်ဖို့ စာကို ရန်ကုန်တိုင်းဒေသကြီးကိုလည်း တင် ပြီးပြီ။ ဟိုအပတ်ကတည်းက ကြို တင်ထားတယ်။ ဘယ်မြို့နယ်မှာ အမှိုက်ကောက်ချင်တယ်။ ဗိုလ်တ ထောင်၊ မြောက်ဥက္ကလာမြို့နယ်ရုံး တွေလည်းတင်ထားပြီ။ အခုအပတ် လည်း တင်ထားတာကို မနက်ကမှ ဒါကို မလုပ်ပါနဲ့ဆိုပြီးပြောတာ။ သူ တို့ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောတဲ့အတွက် ဒီဟာကို မလုပ်ပါ နဲ့ဆို ပြီးပြောတာ။ ပြည်ပမှာတောင် စည် ပင်နယ်နိမိတ်ကတော့ ကျွန် တော်တို့လုပ်ဖို့က မရဘူးလေ။ ဒါပေ မဲ့ ကျွန်တော်တို့က တရားဝင်စာ ထုတ်ပေးပါလို့ပြော ထားတယ်။ တရားဝင်စာထွက်လာ ပြီဆိုရင် တော့ ကျွန်တော်တို့စဉ်းစားမယ်။

8 DAYS A WEEK ENTERTAINMENT
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment