Posted: 06 Jul 2013 09:09 AM PDT
နိုင်ငံရေးသုတေသီ။
။ (၃-၇-၂၀၁၃) ဗုဒ္ဓဟူးနေ့က နေပြည်တော်၊ ပြည်သူ့ လွှတ်တော်မှာ အာဇာနည်
ခေါင်းဆောင် ကြီးများကျဆုံးတဲ့ (၁၉-၇-၂၀၁၃) ၆၆ နှစ်မြောက်နှစ်ပတ်လည်နေ့၊
အာဇာနည် ကြီးတွေကျဆုံးချိန် နံနက် (၁၀)နာရီ (၃၇)မိနစ်၊ မြန်မာ့အသံက ဥသြဆွဲ
အချက်ပေးဖို့ မေးမြန်းခဲ့တယ်။ တက္ကသိုလ် စိန်တင် ကြားမိရဲ့လား။
တက္ကသိုလ်စိန်တင်။ ။ ကြားလိုက် ပါတယ်ဗျာ။ သင်္ဃန်းကျွန်းမဲဆန်္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နေပြည်တော်ပြည်သူ့ လွှတ်တော်မှာ ဇူလိုင်(၃)ရက်က မေးခွန်း ထုတ်ခဲ့တာပဲ။
နိုင်ငံရေးသုတေသီ။ ။ ““ဟုတ်ပါ တယ်ဗျ။ နေပြည်တော်မှာကျင်းပပြုလုပ် တဲ့ (၃-၇-၂၀၁၃) လွှတ်တော်အစည်း အဝေးမှာ ဦးသိန်းညွန့်က ဒီလိုမေးခဲ့ပါ တယ်။””
၆၆ ကြိမ်မြောက် အာဇာနည်နေ့ ၁၉-၇-၂၀၁၃ တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမှတ်တရသတိရပြီး အစဉ်အလာအတိုင်း ဂုဏ်ပြုနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရက မြန်မာ့ အသံမှ ဥသြဆွဲသံကို ပြန်လည်ထုတ် လွှင့်ပေးရန် အစီအစဉ်ရှိပါသလား။
တက္ကသိုလ်စိန်တင်။ ။ ““ဦးသိန်းညွန့် မေးခွန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ဒီလိုပြည့် ပြည့်စုံစုံ ပြန်ဖြေခဲ့ပါတယ်””
““ကမ္ဘာပေါ်တွင် နိုင်ငံတော်အဆင့် အာဇာနည်နေ့ကျင်းပသည့်နိုင်ငံများကို
လက်လှမ်းမီသရွေ့ကြည့်ပါက (၁၆)နိုင်ငံ ရှိပါကြောင်း၊ ယင်းနိုင်ငံများတွင်
အာဇာ နည်နေ့အထိမ်းအမှတ်အဖြစ် ဥသြဆွဲ ခြင်း၊ ယာဉ်၊ လူများအနေဖြင့် ဥသြသံကို
ကြားပါက ရပ်တန့်အလေးပြုခြင်းတို့ကို ဆောင်ရွက်ကြောင်းမရှိဟုသိရှိ ရပြီးထို
နေ့ကို နိုင်ငံတော်၏ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်း၊ အာဇာနည်ဗိမာန်သို့
သွားရောက်၍ လွမ်းသူ့ပန်းခွေချအလေး ပြုခြင်းတို့ကိုသာ ဆောင်ရွက်သည်ကို
လေ့လာသိရှိရပါကြောင်း၊ ယင်းမေးခွန်း နှင့်ပတ်သက်၍ လောလောဆယ် အစီ
အစဉ်မရှိသေးပါကြောင်း””
နိုင်ငံရေးသုတေသီ။ ။ ““ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးရဲ့အဖြေ ကို တက္ကသိုလ်စိန်တင် ဘယ်လိုမြင်သလဲ””
တက္ကသိုလ်စိန်တင်။ ။ ““ပြန်ကြား ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးရဲ့ ဖြေ ကြားချက်ကို သဘောမတူချင်ဘူးဗျာ။ ဒုတိယ၀န်ကြီးဟာ တက္ကသိုလ်စိန်တင်တို့ ထက်ငယ်ရွယ်သူဖြစ်ပါလိမ့်မယ်။ တုနှိုင်း မမီတဲ့ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း ကို အခြား၊ အခြား(၁၆)နိုင်ငံက အာဇာ နည်ဆိုတာတွေနဲ့ ဘယ်လိုနည်းနှင့်မျှ ယှဉ်မရတာ ပြောပြခွင့်ပြုပါခင်ဗျား””
ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ မဖြစ်ပေါ်သေးမီက ကျောက်ခေတ်လူ သားဝါဒအတိုင်း ကျင့်သုံးနေသော အင်အားကြီးသူက၊ အင်အားနည်းသူ အပေါ် အနိုင်ကျင့်နေသူ ဗြိတိသျှနယ် ချဲ့အစိုးရနှင့် မြန်မာတို့သည် စစ်ပွဲကြီး လေးပွဲနွှဲခဲ့သည်။ ခရစ် ၁၈၂၄ ခုနှစ်က စတင်ခဲ့သော အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲ၊ နောက် ဒုတိယစစ်ပွဲ၊ နောက် တတိယစစ်ပွဲ၊ သီပေါဘုရင်ခေတ် ၁၈၈၅ ခုနှစ် မြန်မာတစ်မျိုးသားလုံး သူတစ်ပါး ကျွန်ဖြစ်ခဲ့ပြီ။ နှစ်ပေါင်းများစွာ ဗိုလ်ကျ စိုးမိုးဂုတ်သွေးစုပ်၊ အဆီကိုစား၊ အသား ကိုမြိုနေသူ၊ ဗြိတိသျှအစိုးရနှင့် ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ စတုတ္တစစ်ပွဲ ကို ရဲရဲကြီးဝင်နွှဲသူ ဘယ်သူပါလဲ။ မေးပါရစေ။ ဘယ်သူပါလဲ။ ထပ်မေးပါ ရစေ။ အင်္ဂလိပ်မြန်မာ ပ-ဒု-တ စစ်ပွဲ တွေမှာ ဒူးထောက်လက်မြှောက်ခဲ့ရသော ဗမာတွေ ဓားလှံဖွေးဖွေးနီစွေးသော သတိ္တနှင့် တိုက်ခဲ့သော်လည်း အရှုံးပွဲ ဆင်ခဲ့သူတွေ၊ ယခုတော့ လာနေပြီဟေ့။ အောင်ဆန်းလာပြီဟေ့။ နတ်မောက်သား အောင်ဆန်းလာပြီဟေ့၊ ဗိုလ်မင်းရောင် မြေးအောင်ဆန်းလာပြီဟေ့။ တကသ ဥက္ကဋ္ဌအောင်ဆန်းလာပြီဟေ့။ တို့ဗမာ အစည်းအရုံးအတွင်းရေးမှူးအောင် ဆန်း လာပြီဟေ့။ ရဲဘော်သုံးကျိပ်ခေါင်းဆောင် စစ်သေနာပတိအောင်ဆန်းလာပြီဟေ့။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးနှင့် 
အင်္ဂလိပ်-မြန်မာ စတုတ္တစစ်ပွဲကို ၁၉၄၂ ခုနှစ်မှာ ရဲရဲကြီးတိုက်၊
ရဲရဲကြီးအောင်ပွဲ ခံ၊ ဗိုလ်ကျစိုးမိုးနေဆဲ နယ်ချဲ့ဗြိတိသျှ တွေကို
အောင်ပွဲခံခဲ့တာ ဘယ်သူလဲ အောင်ဆန်း။ ဘယ်သူလဲ ဗိုလ်တေဇ၊ အောင်ဆန်း။
ချီတက်ကြစို့ တို့ဗမာ့တပ်မတော်။ စစ်ဆိုရင် ရဲစိတ်တွေဝင် ဗမာတိုင်း ပျော်ရာဇ၀င်၊ အမှန်ပင်တင်လောက် သနော်။ အဖနိုင်ငံဂုဏ်ကို ကယ်တင်ခဲ့ သူအောင်ဆန်းနော်၊ တေဇနော်၊ အောင် ဆန်းနော်၊ ရဲစစ်သည်သွေးနဲ့၊ မြန်ပြည် ဘောင်အသက်နဲ့လဲလို့ အဖက်မတန် ပေါင်နော်။ ဘုန်းတန်ခိုးအာနုဘော် တိုးတက်လို့ ကမ္ဘာလုံးကျော် ပြိုင်ဘက် ကင်းတဲ့ ကောလိအတွင်းဝယ် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ၊ သက်ရာကျော်”” အောင်ဆန်းဆိုတဲ့ကောင်ကလေး အသက် (၃၀)ပင်မပြည့်သေး၊ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို ဦးဆောင်ပြီး တိုက် ထုတ်လိုက်လို့ တို့နေမ၀င်ဗြိတိသျှအင်ပါ ယာကြီး မျက်နှာအိုးမည်းသုတ်ခံရပြီ။ နောက်ကျတဲ့ဖနှောင့် သစ္စာဖောက်ဟေ့ ဆိုပြီး ထွက်ပြေးလာသော ခေါဘဏီ တပ်ကြီးတွေ၏ ခေါင်းဆောင် ဗြိတိသျှ ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်၊ ဗြိတိသျှ ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်းတို့က အောင်ဆန်းကို လန့်သွားကြပြီ။ ဒီကောင် ကလေးကို စည်းရုံးမှဖြစ်မည်။
ဤသို့ဖြင့် ဖက်ဆစ်ဂျပန်တွေကို ၁၉၄၅ မတ်လ (၂၇)မှာ ဗိုလ်ချုပ်အောင် ဆန်းတော်လှန်ရေးဆင်နွှဲသောအခါ ဗြိတိသျှမဟာမိတ်တပ်ဗိုလ်ချုပ် ကြီး ဆာဝီလျံစလင်းက ဗိုလ်ချုပ်အောင်ဆန်း ထံ တောတွင်းတစ်နေရာ လေယာဉ်ပျံ လွှတ်၍ ဖိတ်ခေါ်သည်။
ဗိုလ်ချုပ်ကြီးဆာဝီလျံစလင်း။ ။ ““အောင်ဆန်း မင်းဟာ တစ်ချိန်က ငါတို့ ကိုတော်လှန်ခဲ့တဲ့ သူပုန်စစ်သားတစ်ဦး ပဲ။ ခု ငါ့တပ်ထဲရောက်လာပြီ။ မင်းကို ငါတို့ဖမ်းထားလိုက်ရင်ရပြီ။ မင်းမကြောက် ဘူးလား။””
ဗိုလ်ချုပ်အောင်ဆန်း။ ။ ““မကြောက် ဘူး။ ဘာကြောင့်ဆို ခင်ဗျားတို့က ဗြိတိ သျှတွေဖြစ်လို့ ကိုယ့်ကတိကိုယ် တည် မယ်ဆိုတာသိတယ်””
ဗိုလ်ချုပ်ကြီးဆာဝီလျံစလင်း။ ။ ““အောင်ဆန်း၊ မင်းတို့ဘာကောင်းသလဲ။ ငါတို့စစ်နိုင်ပြီး မင်းတို့နိုင်ငံထဲဝင်လာမှ မင်းငါတို့ဆီပြေးကပ်လာတယ်မဟုတ် လား””
ဗိုလ်ချုပ်အောင်ဆန်း။ ။ ““ဟုတ် တယ်လေ။ ခင်ဗျားတို့ရှုံးနေတုန်း ကျုပ် လာရင် ကျုပ်ဘာရမှာလဲ။ ဒါကြောင့် ခင်ဗျားတို့စစ်နိုင်မှလာခဲ့တာေ ပါ့””
ဗိုလ်ချုပ်ကြီးဆာဝီလျံစလင်း တဟားဟားရယ်သည်။ သိပ်တော်တဲ့ ကောင်ကလေး၊ ကျွန်ုပ်သည် အောင် ဆန်းကိုလေးစားသည်။ သူနှင့်အလုပ်လုပ် ရင်ဖြစ်မည်ဟု အရှုံးမှအနိုင်သို့ Defeat into Victory စာအုပ်တွင် ဆာဝီလျံ စလင်းက ၀န်ခံရေးသားလေသည်။
တိုတိုပြောကြစို့။ ဗြိတိသျှအစိုးရ သည် ဗိုလ်ချုပ်အောင်ဆန်းကို လန့်နေ သည်။ ဒီတစ်ခါ ဒီကောင်လေး ဂျပန် သွားခေါ်ဖို့မလို။ သူ့လက်ထဲမှာ စစ်ပညာ ရည်ဝ၊ တိုက်ရည်ကောင်း၊ ပြည်သူ့ရဲ ဘော်တွေ ထောင်သောင်းသိန်း၊ မြေထဲ မှာမြှုပ်ထားသော လက်နက်တွေရှိနေဆဲ။ သည်တော့ နောက်တစ်ခါ အိနိ္ဒယပြန် မပြေးရအောင် ဒီကောင်ကလေးကို ညှိယူရမည်။ အောင်မြင်စွာဆုတ်ခွာမှု ဖြစ်ဖို့ အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုပြီး လွတ်လပ်ရေးပေးမှဖြစ်တော့ မည်။ ဤသို့ဖြင့် ဤသို့ဖြင့် ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်၍ ၁၂-၂-၁၉၄၇ ပြည်ထောင်စုသွေးစည်းညီညွတ်ရေး စာချုပ်ကြီးချုပ်၊ တိုင်းပြုပြည်ပြုလွှတ် တော်ကြီးကို ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင် ခေါ်ယူကျင်းပ၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေရေးဆွဲပေးကာ စိတ်ချ ပြီးမှ ငါတို့ဗိုလ်ချုပ်တိုင်းပြည်အတွ က် (၁၉-၇-၁၉၄၇)မှာ အသက်ပေးခဲ့ပါပြီ။ ကဲ
မေးပါရစေဗျို့။ အဲဒီအောင်ဆန်း၊ ကိုအောင်ဆန်း၊ ကျုပ်တို့၊ ခင်ဗျားတို့ကို
ကျွန်ဘ၀က သခင်လုပ်ပေးခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်း တခြား ၁၆ နိုင်ငံက အာဇာ
နည်တွေနဲ့တူပါသလား။ အဆင့်အတန်း တူပါသလားဗျာ။ ဒီမှာပြောပါရစေဆရာ သမားတို့ရေ။
ဆရာတို့အနေနဲ့ ၁၉-၇-၂၀၁၃ (၆၆)ကြိမ်မြောက် အာဇာနည် နေ့မှာလေ
ဥသြမဆွဲချင်နေပါ။ ယာဉ် တွေအလေးမပြုရရင်နေပါ။ ဘယ်သို့မှ
အထိမ်းအမှတ်မပြုချင်လည်းနေပါ။ ရပါ တယ်။ မြန်မာပြည်သူလူထုသန်း(၆၀)ကို
သခင်မြန်မာဖြစ်အောင် ကျွန်ဘ၀က ဆွဲ တင်ခဲ့သော မြန်မာ့လွတ်လပ်ရေးဗိသု ကာ
ဗိုလ်ချုပ်အောင်ဆန်းသည် မည်သည့် အာဇာနည်(၁၆)ဦးနှင့်မျှ ရည်စူးရုံကလေး ပင်
မတူချင်ပါ။ မတူချင်ပါ။
နိုင်ငံရေးသုတေသီ။ ။ ““တက္ကသိုလ် စိန်တင်ရင်ထဲက ဆန္ဒပြင်းပြလှချည့် လား””
တက္ကသိုလ်စိန်တင်။ ။ ““အေးဗျာ။ ဒါ လျှော့ပြောထားတာ။ ၁၉-၇-၂၀၁၃ ကျရင် ကိုစိန်တင်၊ ကိုယ့်ဘာသာကား မောင်းပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗိုလ်ချုပ်များကို ရင်ထဲက ဥသြဆွဲ ရဲရဲ ကြီးအလေးပြုမယ်ဗျို့””
တက္ကသိုလ်စိန်တင်
The hot news weekly
တက္ကသိုလ်စိန်တင်။ ။ ကြားလိုက် ပါတယ်ဗျာ။ သင်္ဃန်းကျွန်းမဲဆန်္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နေပြည်တော်ပြည်သူ့ လွှတ်တော်မှာ ဇူလိုင်(၃)ရက်က မေးခွန်း ထုတ်ခဲ့တာပဲ။
နိုင်ငံရေးသုတေသီ။ ။ ““ဟုတ်ပါ တယ်ဗျ။ နေပြည်တော်မှာကျင်းပပြုလုပ် တဲ့ (၃-၇-၂၀၁၃) လွှတ်တော်အစည်း အဝေးမှာ ဦးသိန်းညွန့်က ဒီလိုမေးခဲ့ပါ တယ်။””
၆၆ ကြိမ်မြောက် အာဇာနည်နေ့ ၁၉-၇-၂၀၁၃ တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမှတ်တရသတိရပြီး အစဉ်အလာအတိုင်း ဂုဏ်ပြုနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရက မြန်မာ့ အသံမှ ဥသြဆွဲသံကို ပြန်လည်ထုတ် လွှင့်ပေးရန် အစီအစဉ်ရှိပါသလား။
တက္ကသိုလ်စိန်တင်။ ။ ““ဦးသိန်းညွန့် မေးခွန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ဒီလိုပြည့် ပြည့်စုံစုံ ပြန်ဖြေခဲ့ပါတယ်””
““ကမ္ဘာပေါ်တွင် နိုင်ငံတော်အဆင့် အာဇာနည်နေ့ကျင်းပသည့်နိုင်ငံမျာ
နိုင်ငံရေးသုတေသီ။ ။ ““ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးရဲ့အဖြေ ကို တက္ကသိုလ်စိန်တင် ဘယ်လိုမြင်သလဲ””
တက္ကသိုလ်စိန်တင်။ ။ ““ပြန်ကြား ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးရဲ့ ဖြေ ကြားချက်ကို သဘောမတူချင်ဘူးဗျာ။ ဒုတိယ၀န်ကြီးဟာ တက္ကသိုလ်စိန်တင်တို့ ထက်ငယ်ရွယ်သူဖြစ်ပါလိမ့်မယ်။ တုနှိုင်း မမီတဲ့ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း ကို အခြား၊ အခြား(၁၆)နိုင်ငံက အာဇာ နည်ဆိုတာတွေနဲ့ ဘယ်လိုနည်းနှင့်မျှ ယှဉ်မရတာ ပြောပြခွင့်ပြုပါခင်ဗျား””
ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ မဖြစ်ပေါ်သေးမီက ကျောက်ခေတ်လူ သားဝါဒအတိုင်း ကျင့်သုံးနေသော အင်အားကြီးသူက၊ အင်အားနည်းသူ အပေါ် အနိုင်ကျင့်နေသူ ဗြိတိသျှနယ် ချဲ့အစိုးရနှင့် မြန်မာတို့သည် စစ်ပွဲကြီး လေးပွဲနွှဲခဲ့သည်။ ခရစ် ၁၈၂၄ ခုနှစ်က စတင်ခဲ့သော အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲ၊ နောက် ဒုတိယစစ်ပွဲ၊ နောက် တတိယစစ်ပွဲ၊ သီပေါဘုရင်ခေတ် ၁၈၈၅ ခုနှစ် မြန်မာတစ်မျိုးသားလုံး သူတစ်ပါး ကျွန်ဖြစ်ခဲ့ပြီ။ နှစ်ပေါင်းများစွာ ဗိုလ်ကျ စိုးမိုးဂုတ်သွေးစုပ်၊ အဆီကိုစား၊ အသား ကိုမြိုနေသူ၊ ဗြိတိသျှအစိုးရနှင့် ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ စတုတ္တစစ်ပွဲ ကို ရဲရဲကြီးဝင်နွှဲသူ ဘယ်သူပါလဲ။ မေးပါရစေ။ ဘယ်သူပါလဲ။ ထပ်မေးပါ ရစေ။ အင်္ဂလိပ်မြန်မာ ပ-ဒု-တ စစ်ပွဲ တွေမှာ ဒူးထောက်လက်မြှောက်ခဲ့ရသော ဗမာတွေ ဓားလှံဖွေးဖွေးနီစွေးသော သတိ္တနှင့် တိုက်ခဲ့သော်လည်း အရှုံးပွဲ ဆင်ခဲ့သူတွေ၊ ယခုတော့ လာနေပြီဟေ့။ အောင်ဆန်းလာပြီဟေ့။ နတ်မောက်သား အောင်ဆန်းလာပြီဟေ့၊ ဗိုလ်မင်းရောင် မြေးအောင်ဆန်းလာပြီဟေ့။ တကသ ဥက္ကဋ္ဌအောင်ဆန်းလာပြီဟေ့။ တို့ဗမာ အစည်းအရုံးအတွင်းရေးမှူးအောင်
ချီတက်ကြစို့ တို့ဗမာ့တပ်မတော်။ စစ်ဆိုရင် ရဲစိတ်တွေဝင် ဗမာတိုင်း ပျော်ရာဇ၀င်၊ အမှန်ပင်တင်လောက် သနော်။ အဖနိုင်ငံဂုဏ်ကို ကယ်တင်ခဲ့ သူအောင်ဆန်းနော်၊ တေဇနော်၊ အောင် ဆန်းနော်၊ ရဲစစ်သည်သွေးနဲ့၊ မြန်ပြည် ဘောင်အသက်နဲ့လဲလို့ အဖက်မတန် ပေါင်နော်။ ဘုန်းတန်ခိုးအာနုဘော် တိုးတက်လို့ ကမ္ဘာလုံးကျော် ပြိုင်ဘက် ကင်းတဲ့ ကောလိအတွင်းဝယ် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ၊ သက်ရာကျော်”” အောင်ဆန်းဆိုတဲ့ကောင်ကလေး အသက် (၃၀)ပင်မပြည့်သေး၊ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို ဦးဆောင်ပြီး တိုက် ထုတ်လိုက်လို့ တို့နေမ၀င်ဗြိတိသျှအင်ပါ ယာကြီး မျက်နှာအိုးမည်းသုတ်ခံရပြီ။ နောက်ကျတဲ့ဖနှောင့် သစ္စာဖောက်ဟေ့ ဆိုပြီး ထွက်ပြေးလာသော ခေါဘဏီ တပ်ကြီးတွေ၏ ခေါင်းဆောင် ဗြိတိသျှ ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်၊ ဗြိတိသျှ ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်းတို့က အောင်ဆန်းကို လန့်သွားကြပြီ။ ဒီကောင် ကလေးကို စည်းရုံးမှဖြစ်မည်။
ဤသို့ဖြင့် ဖက်ဆစ်ဂျပန်တွေကို ၁၉၄၅ မတ်လ (၂၇)မှာ ဗိုလ်ချုပ်အောင် ဆန်းတော်လှန်ရေးဆင်နွှဲသောအခါ ဗြိတိသျှမဟာမိတ်တပ်ဗိုလ်ချုပ်
ဗိုလ်ချုပ်ကြီးဆာဝီလျံစလင်း။ ။ ““အောင်ဆန်း မင်းဟာ တစ်ချိန်က ငါတို့ ကိုတော်လှန်ခဲ့တဲ့ သူပုန်စစ်သားတစ်ဦး ပဲ။ ခု ငါ့တပ်ထဲရောက်လာပြီ။ မင်းကို ငါတို့ဖမ်းထားလိုက်ရင်ရပြီ။ မင်းမကြောက် ဘူးလား။””
ဗိုလ်ချုပ်အောင်ဆန်း။ ။ ““မကြောက် ဘူး။ ဘာကြောင့်ဆို ခင်ဗျားတို့က ဗြိတိ သျှတွေဖြစ်လို့ ကိုယ့်ကတိကိုယ် တည် မယ်ဆိုတာသိတယ်””
ဗိုလ်ချုပ်ကြီးဆာဝီလျံစလင်း။ ။ ““အောင်ဆန်း၊ မင်းတို့ဘာကောင်းသလဲ။ ငါတို့စစ်နိုင်ပြီး မင်းတို့နိုင်ငံထဲဝင်လာမှ မင်းငါတို့ဆီပြေးကပ်လာတယ်မဟုတ် လား””
ဗိုလ်ချုပ်အောင်ဆန်း။ ။ ““ဟုတ် တယ်လေ။ ခင်ဗျားတို့ရှုံးနေတုန်း ကျုပ် လာရင် ကျုပ်ဘာရမှာလဲ။ ဒါကြောင့် ခင်ဗျားတို့စစ်နိုင်မှလာခဲ့တာေ
ဗိုလ်ချုပ်ကြီးဆာဝီလျံစလင်း တဟားဟားရယ်သည်။ သိပ်တော်တဲ့ ကောင်ကလေး၊ ကျွန်ုပ်သည် အောင် ဆန်းကိုလေးစားသည်။ သူနှင့်အလုပ်လုပ် ရင်ဖြစ်မည်ဟု အရှုံးမှအနိုင်သို့ Defeat into Victory စာအုပ်တွင် ဆာဝီလျံ စလင်းက ၀န်ခံရေးသားလေသည်။
တိုတိုပြောကြစို့။ ဗြိတိသျှအစိုးရ သည် ဗိုလ်ချုပ်အောင်ဆန်းကို လန့်နေ သည်။ ဒီတစ်ခါ ဒီကောင်လေး ဂျပန် သွားခေါ်ဖို့မလို။ သူ့လက်ထဲမှာ စစ်ပညာ ရည်ဝ၊ တိုက်ရည်ကောင်း၊ ပြည်သူ့ရဲ ဘော်တွေ ထောင်သောင်းသိန်း၊ မြေထဲ မှာမြှုပ်ထားသော လက်နက်တွေရှိနေဆဲ။ သည်တော့ နောက်တစ်ခါ အိနိ္ဒယပြန် မပြေးရအောင် ဒီကောင်ကလေးကို ညှိယူရမည်။ အောင်မြင်စွာဆုတ်ခွာမှု ဖြစ်ဖို့ အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုပြီး လွတ်လပ်ရေးပေးမှဖြစ်တော့ မည်။ ဤသို့ဖြင့် ဤသို့ဖြင့် ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်၍ ၁၂-၂-၁၉၄၇ ပြည်ထောင်စုသွေးစည်းညီညွတ်ရေး စာချုပ်ကြီးချုပ်၊ တိုင်းပြုပြည်ပြုလွှတ် တော်ကြီးကို ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင် ခေါ်ယူကျင်းပ၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေရေးဆွဲပေးကာ စိတ်ချ ပြီးမှ ငါတို့ဗိုလ်ချုပ်တိုင်းပြည်အတွ
နိုင်ငံရေးသုတေသီ။ ။ ““တက္ကသိုလ် စိန်တင်ရင်ထဲက ဆန္ဒပြင်းပြလှချည့် လား””
တက္ကသိုလ်စိန်တင်။ ။ ““အေးဗျာ။ ဒါ လျှော့ပြောထားတာ။ ၁၉-၇-၂၀၁၃ ကျရင် ကိုစိန်တင်၊ ကိုယ့်ဘာသာကား မောင်းပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗိုလ်ချုပ်များကို ရင်ထဲက ဥသြဆွဲ ရဲရဲ ကြီးအလေးပြုမယ်ဗျို့””
တက္ကသိုလ်စိန်တင်
The hot news weekly
No comments:
Post a Comment