Posted: 06 Jul 2013 07:16 PM PDT

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက်၊ တရားဥပဒေစိုးမိုးရေး လိုအပ်ပါတယ်။ ရိုးရိုးလေးပြောရမယ်ဆိုရင်၊ ပြည်သူ-ပြည်သားများဟာ မိမိတို့ အသက်အိုးအိမ်အတွက် အခြေခံလုံခြုံမှုမရှိဘူးဆိုရင်၊ ညီညွတ်ရေးအတွက် အဓိကဖြစ်တဲ့၊ မတူကွဲပြားမှုများကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို အကြမ်းမဖက်တဲ့ နိုင်ငံရေးကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတဲ့ အဖွဲ့တစ်ခုအတွက် တရာဥပဒေစိုးမိုးရေးဟာ အထူးအရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေးရဲ့ သဘောသဘာဝအရ၊ မည်သူမျှ ဥပဒေအထက်မှာ မရှိရပါဘူး။ နိုင်ငံခေါင်းဆောင်အပါအ၀င် အစိုးရအဖွဲ့တစ်ခုလုံးမှစပြီး သာမန်ပြည်သူများအားလုံးဟာ ဥပဒေရဲ့ ကာကွယ်မှုကို ရရှိပိုင်ခွင့်ရှိသလို၊ ဥပဒေရဲ့ ကန့်သတ်မှုတွေကိုလည်း လက်ခံရမှာဖြစ်ပါတယ်။
အာဏာရှိသူတွေက အာဏာစက်သုံးပြီး အနိုင်ကျင့်တာကို ခွင့်မပြုသလို၊ ပြည်သူတွေထဲကလည်း လူအင်အားသုံးပြီး အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ပိုင်ခွင့်မပေးထားပါဘူး။ အကြမ်းမဖက်လမ်းစဉ်ကို နှစ်သက်ကြတဲ့၊ ငြိမ်းချမ်းရေးကို မြတ်နိုးကြတဲ့၊ ပြည်သူပြည်သားတွေ အတွက် ဘ၀ အာမခံချက်ပေးတာကတော့ တရားဥပဒေစိုးမိုးရေးပါပဲ။
နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိဖို့ဆို
အောင်ဆန်းစုကြည်
ဒီလှိုင်းဂျာနယ်Ref. Volume 2 No. 14
No comments:
Post a Comment