Saturday, 17 August 2013

အောင်ဆန်းသူရိယ၊ သူရ၊ ဘီဂျီအမ် ဗိုလ်ကြီးတိုက်ချွန်း (အငြိမ်းစား)


အမိမြေအား ရရာလက်နက်ကို ဆွဲကိုင်၍ ကာကွယ်လိုစိတ် ကျူးကျော်သူမှန်သမျှအား တော်လှန် တွန်းလှန် တိုက်ခိုက်လိုစိတ် သည်ကား မြန်မာတို့၏ အသွေးထဲ အသားထဲ အရိုးထဲ ဗီဇထဲတွင် စွဲနေသော မွေးရာပါ သတ္တိပင်တည်း။ ထို သတ္တိအား လွဲမှားစွာ လျစ်လျူ မရှူစကောင်း၊ မှားယွင်းစွာ အသုံးမချစကောင်းပေ ...
-----------------------------||---------------------------------
"ယခုအခါတွင် ကျွန်တော်သည် မတူပီမြို့နယ်၊ ဗွေရင်းရွာတွင် နေထိုင်လျက် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်ယင်း အသက်မွေး ဝမ်းကျောင်း နေပါသည်။ နိစ္စဓူဝ ပေါက်တူး ပေါက်ပြား ကိုင်၍ လှုပ်ရှားနေရ သော်လည်း စစ်တိုက်လိုသည့် စိတ်က မကုန်ခန်းသေးပါ။ နိုင်ငံအတွက် အရေးကြုံလာပြီဆိုလျှင် သေနတ်ကို ဆွဲ၍ စစ်မြေပြင်သို့ သွားရန် အသင့် ရှိနေပါသည်။ တကယ်ဆိုတော့ နိုင်ငံသားတိုင်းသည် အမိနိုင်ငံက ပေးအပ်သော မည်သည့် တာဝန်ကိုမဆို၊ မည်သည့် အချိန်တွင် မဆို ကျရာနေရာမှ မလွဲမသွေ ထမ်းဆောင်ရမည် မဟုတ်ပါလား။
ဤအမှာစာကို ရေးရာ၌ ကျွန်တော့်တွင် ဆန္ဒရှိသမျှကို ထည့်သွင်းမှာကြား ရေးသားပါဟု တက္ကသိုလ်စိန်တင်က ကျွန်တော့်ကို တိုက်တွန်းပါသည်။ စာဖတ်သူ မြန်မာ လူငယ်များထံ ကျွန်တော် တိုတိုပဲ မှာကြားလိုပါသည်။
'ယနေ့ မြန်မာ လူငယ်များသည် အမိနိုင်ငံကို ကာကွယ်ရန် အတွက် တာဝန် အရှိဆုံး အပိုင်းတွင် ရပ်တည်နေကြသည်ကို မမေ့ကြပါနှင့်' "
အောင်ဆန်းသူရိယ၊ သူရ၊ ဘီဂျီအမ်
ဗိုလ်ကြီးတိုက်ချွန်း (အငြိမ်းစား)
ခေတ္တ ရန်ကုန်မြို့
၁၉၇၅ ခု၊ မတ်လ ၁၉ ရက်

No comments:

Post a Comment